Friday, July 17, 2009

Living in Singapore XXXVIII (Living Style VII)

၁၂၊ ၁၀။ အထွေထွေ

စင်ကာပူသည်ကား အလုပ်လုပ်နိုင်သူမှန်သမျှ အလုပ်လုပ်နေကြသည် ဖြစ်ရာ ကလေးငယ်များ ကိုသော်လည်း ကောင်း၊ သက်ကြီးရွယ်အို များကိုသော် လည်းကောင်း နေ့ကလေးထိန်း ကျောင်းများ သို့ ဖြစ်စေ၊ Nursing Home များသို့ ဖြစ်စေ ပို့ထားတတ်ကြပါသည်။ ဤတွင် နေ့ကလေးထိန်းကျောင်းမှာ မြန်မာပြည်မှ မူကြိုနှင့် အလားသဏ္ဍာန် တူသော်လည်း Nursing Home များမှာမူ မြန်မာပြည်မှ ဘိုးဘွားရိပ်သာများနှင့် ကွာဟမှု ရှိပါသည်။
နေ့ကလေးထိန်း ကျောင်းများ အကြောင်းကို အခန်း ၂၊ ၁ တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
မြန်မာပြည်မှ ဘိုးဘွားရိပ်သာများမှာ အလှူရှင်များ၏ ထောက်ပံ့ငွေ၊ ရိပ်သာ၏ ရံပုံငွေဖြင့် ရပ်တည်နေပြီး ဘိုးဘွားများ ထံမှ အခကြေးငွေ တစုံတရာ မကောက်ခံဘဲ ကြည့်ရှု၊ စောင့်ရှောက် ထားသော ကုသိုလ်ဖြစ် ရိပ်သာများ ဖြစ်ပါသည်။ သို့သော် စင်ကာပူမှ Nursing Home များတွင် မိမိတို့ သက်ကြီးရွယ်အို မိဘများကို သွားထားလျှင်မူ လခပေးရပါသည်။ သို့သော်လည်း အစိုးရ၏ ထောက်ပံ့ကြေးများ ရသည် ဖြစ်ရာ ဈေးသက်သာ လှပါသည်။
ထို့ပြင် စနစ်တကျ သင်တန်းပေးထားသော အတွေ့အကြုံရင့် သူနာပြု ဆရာမကြီးများ၏ အုပ်ထိန်းမှု အောက်တွင် ပြုစု ကုသမှုကို ခံယူကြရသည် ဖြစ်ရာ စနစ်ကျပြီး စိတ်ချရပါသည်။ ထို Nursing Home များတွင် နာတာရှည် ဝေဒနာသည်များ အား ပြုစုစောင့်ရှောက်ခြင်း အပြင် ဘိုးဘွားများအား ရေချိုးပေးခြင်း၊ ၀တ်ကြီးဝတ်ငယ် ပြုစုပေးခြင်း၊ လူကြီးများနှင့် သင့်တော် မည့် အစားအသောက်ကို ဂရု တစိုက်ကျွေးမွေးခြင်း စသည့် ၀န် ဆောင်မှုများ ပေးပါသည်။

၁၂၊ ၁၀၊ ၁။ Salvation Army

နောက် စင်ကာပူတွင် ကမ္ဘာ့အခြားနိုင်ငံများကဲ့သို့ ပရဟိတဆောင်ရွက်ပေးနေသော Salvation Army များ ရှိပါသည်။ (မြန်မာပြည်တွင်လည်း တာမွေ၊ ဗျိုင်းရေအိုးစင်လမ်းတွင် Salvation Army ရှိပါသည်။) ခရစ်ယာန် ဘာသာဝင်များ က သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ ကလေးများအတွက် အထူးအစီအစဉ်များဖြင့် စောင့်ရှောက်ပေးနေသော မေတ္တာရှင် အသင်းဖြစ်ပါသည်။ ထို အသင်းသို့ မိမိတို့အတွက် အသုံးမလိုတော့သော ပစ္စည်းဟောင်းများကို သွားရောက် လှူဒါန်းနိုင် ပါသည်။ ဤကဲ့သို့ လှူဒါန်းထားသော ပစ္စည်းများကိုလည်း အသင်း ရံပုံငွေအတွက် သင့်လျော်သော ဈေးနှုံးဖြင့် ပြန်လည် ရောင်းချ ပေးပါသည်။ သို့အတွက် ပစ္စည်းခပ်လပ်လပ် များကို ဈေးချိုချိုနှင့် ၀ယ်လိုသူများ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝ စေရန် ထိုအသင်းများတွင် သွားရောက် ၀ယ်ယူနိုင်ပါသည်။
ပစ္စည်းဟောင်း ၀ယ်ယူလိုသူများ အောက်ပါ ပစ္စည်းဟောင်း ရောင်းချသော ဆိုင်များသို့ သွားရောက်နိုင်ပါသည်။

Praisehaven Family Store
500 Upper Bukit Timah Road
Singapore 678106
Operating hrs: 10.00am - 6.00pm, Mon - Thu
10.00am - 9.00pm, Fri - Sat

Upper Serangoon Family Store
309 Upper Serangoon Road
Singapore 347693
Operating hrs: 10.00am - 6.00pm, Mon - Sat

IMH Pick & Choose Thrift Store
10 Buangkok View
Singapore 539747
Operating hours: 9.00am - 5.00pm, Mon - Fri

Hope Centre FTS
7 Upper Changi Road North
Singapore 507705
Operating hrs: 9.00am to 6.00pm, Mon - Sat

Bukit Merah FTS
Blk 133 Jln Bukit Merah
#01-1530
Singapore 160133
Operating hours: 9.00am - 6.00pm, Mon - Sat

ပစ္စည်းဟောင်း လှူဒါန်းလိုသူများ အသင်းတိုက် တည်နေရာနှင့် ပစ္စည်းဟောင်း လက်ခံသော အလှူခံပုံးများရှိရာ သွားရောက်နိုင်ပါသည်။ ပစ္စည်းဟောင်းများကို အသင်းရှေ့ရှိ ပစ္စည်းဟောင်း လက်ခံသော ပုံးကြီးထဲသို့ ပစ်ထည့်ခဲ့ရုံသာ ဖြစ်ပါသည်။
The Salvation Army Headquarters
20 Bishan Street 22
Singapore 579768

Hope Centre FTS
7 Upper Changi Road North
Singapore 507705

The Haven
350 Pasir Panjang Road
Singapore 118692

Praisehaven
500 Upper Bukit Timah Road
Singapore 678106

Red Shield Industries
309 Upper Serangoon Road
Singapore 347693

၁၂၊ ၁၀၊ ၂။ 4D (4-Digit) (လေးလုံးတိုက် ထီ)(တစ်ပါတ်လျှင် သုံးကြိမ်ဖွင့်)

ကစားဝါသနာပါသူများအတွက် တရားဝင် ဖွင့်လှစ်ထားသော ၄ လုံးတိုက်ထီ၊ တိုတို၊ စင်ကာပူဆွိ၊ မြင်းပွဲများ ရှိပါသည်။ ထိုအထဲမှ 4D (လေးလုံးတိုက် ထီ ဟူသည်မှာ နံပါတ် ၀၀၀၀ မှ ၉၉၉၉ အတွင်း မိမိကြိုက်ရာ နံပါတ်ကို ထိုးနိုင်ပါသည်။ အနည်းဆုံး ဂဏန်း ၂ လုံးတူ၊ ၃ လုံးတူ၊ ၄ လုံးတူလျှင် ပေါက်ပါသည်။
တစ်ပါတ်လျှင် သုံးကြိမ် (ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ) ဖွင့်ပါသည်။ ထိုအပတ်အတွင်းတွင် ဖွင့်မည့်နေ့ ညနေ ၆ နာရီ မတိုင်မီထိ ထိုးနိုင်ပါသည်။ Single Draw, Two Consecutive Draw နှင့် Three Consecutive Draw ဟု သုံးမျိုးရွေးပြီး ထိုး နိုင်ပါသည်။
4D ထိုးပုံထိုးနည်း ငါးမျိုးရှိပါ၏။
၁။ Ordinary Entry (ရိုးရိုးထိုးခြင်း) – မိမိကြိုက်ရာ ဂဏန်းလေးလုံးပါသော နံပါတ် တစ်ခုကို ကြိုက်သလောက် ထိုးခြင်း ဖြစ်ပါသည်။ ဥပမာ - ၇၈၆၅ - ၁၀ ဘိုး

၂။ System Entry (အတွဲလိုက် ထိုးခြင်း) - သင်္ချာအခေါ်အားဖြင့် permutation ဟု ခေါ်ပါသည်။ မြန်မာပြည် တွင်မတော့ ပတ်လည် ရိုက်သည် ဟု ခေါ်ကြပါသည်။ ဥပမာ - မိမိသည် ၁၂၃၄ နံပါတ် ကို ကြိုက်သည် ဆိုပါစို့။ ၁၂၃၄၊ ၁၂၄၃၊ ၄၃၂၁၊ ၄၃၁၂၊ ၁၃၂၄ ထိုးခြင်း ကို ဆိုလိုပါသည်။ ဂဏန်း လေးလုံးပါသည့် အတွက် အတွဲတစ်တွဲတွင် ၂၄ ကွက် ရှိပါသည်။

၃။ iBet – အထက်ပါ System Entry ကို မည့်သည့် ဂဏန်းများပါသည် ဖြစ်စေ တစ်ကျပ်ဖိုးမှ စထိုးခြင်း ဖြစ်ပါသည်။ ဥပမာ - 4 different digits (ဥပမာ - ၁၂၃၄) ဆိုလျှင် ၂၄ ကွက်ပါမည် ဖြစ်ပြီး တစ်ကွက်လျှင် ၁ ကျပ်နှုံးဖြင့် ၂၄ ကျပ် ကျသင့်ပါမည်။ 3 different digits (ဥပမာ - ၁၁၃၄) ဆိုလျှင် ၁၂ ကွက်ပါမည် ဖြစ်ပြီး တစ်ကွက်လျှင် ၁ ကျပ်နှုံးဖြင့် ၁၂ ကျပ် ကျသင့်ပါမည်။ 2 pairs (ဥပမာ - ၁၁၂၂) ဆိုလျှင် ၆ ကွက်ပါမည် ဖြစ်ပြီး တစ်ကွက်လျှင် ၁ ကျပ်နှုံးဖြင့် ၆ ကျပ် ကျသင့်ပါမည်။ 3 same digit (ဥပမာ - ၁၁၁၂) ဆိုလျှင် ၄ ကွက်ပါမည် ဖြစ်ပြီး တစ်ကွက်လျှင် ၁ ကျပ်နှုံးဖြင့် ၄ ကျပ် ကျသင့်ပါမည်။

၎။ 4D Roll – 4D ဂဏန်း လေးလုံးအနက် မည်သည့် ဂဏန်းကိုမဆို R ဖြင့် အစားထိုး၍ ထိုးခြင်း ဖြစ်ပါသည်။ ဥပမာ - R123, 1R23, 12R3, 123R စသဖြင့် ဖြစ်ပါသည်။ ဤတွင် R သည် ၁ မှ ၉ ထိ ဂဏန်းများကို ကိုယ်စားပြုပါသည်။ ဥပမာ - သင်သည် R123 ဟု ထိုးလိုက်သည် ဆိုပါစို့။ ထိုအခါ သင်ထိုးလိုက်သော နံပါတ်များမှာ ၀၁၂၃၊ ၁၁၂၃၊ ၂၁၂၃၊ ၃၁၂၃၊ ၄၁၂၃ စသဖြင့် ၉၁၂၃ ထိ ၁၀ ကွက် ထိုးပြီးသား ဖြစ်သွား ပါလိမ့်မည်။

၅။ Quick Pick – ကျလိုရာ ကျစေ ဟု ကွန်ပြူတာမှ ထိုးပေးသော ကျပမ်း အကွက်များကို ထိုးခြင်း ဖြစ်ပါသည်။ ဘာမှ လုပ်စရာ မလိုပါ။ မိမိက အရောင်းစာရေးသို့ Quick Pick ဟု ပြောလိုက်ရုံသာ ဖြစ်ပါသည်။
လောင်းကြေးမှာ နှစ်မျိုးရှိပါသည်။
Big – ဤလောင်းကြေးဖြင့် ထိုးလျှင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများ အပြင် နှစ်သိမ့်ဆုများ (Starter ၁၀ ဆု၊ Consolation ၁၀ ဆု) ကိုပါ တိုက်၍ ရပါသည်။
Small – ဤလောင်းကြေးဖြင့် ထိုးလျှင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကိုသာ တိုက်၍ ရပါသည်။
ဆုကြေးများကို နှစ်ပိုင်းခွဲထားပါသည်။
Ordinary, System, 4D Roll များအတွက် -
ဆု အမျိုးအစား ဆုပေါင်း Big $1 (S$) Small $1 (S$)
ပထမ ဆု ၁ ၂၀၀၀ ၃၀၀၀
ဒုတိယ ဆု ၁ ၁၀၀၀ ၂၀၀၀
တတိယ ဆု ၁ ၄၉၀ ၈၀၀
Starter ၁၀ ၂၅၀ စီ ဆုမဲ မရှိပါ။
Consolation ၁၀ ၆၀ စီ ဆုမဲ မရှိပါ။

iBet အတွက် ဆုအမျိုးအစားမှာ များပြားလှသဖြင့် မဖော်ပြတော့ပါ။
4D ထီဖွင့်ချိန်မှာ ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ညနေ ၆ နာရီခွဲ မှ ၇ နာရီထိ ဖြစ်ပါသည်။
ဆုကြေးကို ပေါက်ပြီး နောက်နေ့နံနက် ၈ နာရီမှ စတင်ထုတ်ယူနိုင်ပါသည်။
၁၂၊ ၁၀၊ ၃။ TOTO (၆ လုံးတွဲထီ)(တစ်ပါတ်လျှင် ၂ ကြိမ်ဖွင့်)


ကစားနည်းမှာ လွယ်ပါသည်။ ၁ မှ ၄၅ အတွင်း မိမိကြိုက်ရာ နံပါတ် ၆ လုံး ကို တွဲပေး လိုက်ရုံသာ ဖြစ်ပါသည်။ ကိုယ် ကိုယ်တိုင် မတွဲ လိုပါက ကွန်ပြူတာကို တွဲခိုင်းလို့လည်း ရပါသည်။ ထီရောင်းသူကို Quick Pick ဟု ပြောလိုက်ရုံသာ ဖြစ်ပါ သည်။ ထိုအပတ် ထီဖွင့်မည့်နေ့ ညနေ ၆ နာရီထိ ထိုး၍ ရပါသည်။

ထီဖွင့်သောအခါ နံပါတ် ၆ လုံးအပြင် အပို တစ်လုံးဆောင်းကာ ဖွင့်လိုက်ပါသည်။ မိမိထိုးထားသော နံပါတ်များမှ အနည်းဆုံး ၃ လုံး နှင့် အပိုဖွင့်သော တစ်လုံးတူလျှင် ပေါက်ပါသည်။
အနည်းဆုံး တစ်ကျပ်ဖိုးထိ ထိုး၍ ရပါ သည်။ အနည်းဆုံး ဆုကြေးငွေ ၅ သိန်းထိ ဖောက် ပေးပါသည်။ ဆုကြေးများမှာ -
Ø ၆ လုံးစလုံးတူလျှင် - စုစုပေါင်း ဆုကြေး၏ ၃၃ ရာခိုင်နှုံး
Ø ၅ လုံးနှင့် အပိုဆောင်းဖွင့်သော တစ်လုံးတူလျှင် - စုစုပေါင်း ဆုကြေး၏ ၁၃ ရာခိုင်နှုံး
Ø ၅ လုံးတူလျှင် - စုစုပေါင်း ဆုကြေး၏ ၁၃ ရာခိုင်နှုံး
Ø ၄ လုံးနှင့် အပိုဆောင်းဖွင့်သော တစ်လုံးတူလျှင် - စုစုပေါင်း ဆုကြေး၏ ၁၃ ရာခိုင်နှုံး
Ø ၄ လုံးတူလျှင် - ဒေါ်လာ ၃၀
Ø ၃ လုံးနှင့် အပိုဆောင်းဖွင့်သော တစ်လုံးတူလျှင် - ဒေါ်လာ ၂၀
TOTO ထီဖွင့်ချိန်မှာ တနင်္လာ၊ ကြာသပတေး နေ့များတွင် ညနေ ၆ နာရီခွဲ မှ ၆ နာရီ ၄၅ မိနစ်ထိ ဖြစ်ပါသည်။
ပေါက်ဂဏန်းများကို ထီလက်မှတ် ရောင်းသော ဆိုင်များတွင် ကြေငြာထားပါသည်။ ထို့ပြင် ပေါက်စဉ်များကိုလည်း ဆိုင်ရှေ့တွင် ချထားပေးပါသည်။
၁၂၊ ၁၀၊ ၄။ Singapore Sweep

စိတ်ဝင်စားစရာကောင်းသော နောက်ထီတစ်မျိုးမှာ စင်ကာပူ အောင်ဘာလေ သိန်းထီ ဖြစ်ပါသည်။ ပထမဆုမှာ စင်ကာပူဒေါ်လာ ၂၂ သိန်း ဖြစ်သဖြင့် တစ်ချီထည်းနှင့် သူဌေးဖြစ်နိုင်သဖြင့် စိတ်ဝင်စားစရာ ကောင်းသည်ဟု ဆိုရခြင်း ဖြစ်ပါသည်။ ဒုတိယ ဆုမှာ ၅ သိန်း၊ တတိယ ဆုမှာ ၂ သိန်းခွဲ ဖြစ်သဖြင့် တတိယဆုလောက် ချိတ်လျှင်ပင် မနည်းလှပါ။ Singapore Sweet ထီဖွင့်ချိန်မှာ လတစ်လ၏ ပထမဦးဆုံး ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ မှ ၇ နာရီခွဲထိ ဖြစ်ပါသည်။
ထီလက်မှတ်တွင် ဂဏန်း ၇ လုံးပါပြီး လက်မှတ် တစ်စောင်လျှင် ၃ ကျပ် ဖြစ်ပါသည်။ တစ်လတစ်ကြိမ် ဖွင့်သော ထီ ဖြစ်ပါသည်။ ဆုကြီး၊ ဆုလေး စုစုပေါင်း ၄၈၁၃၄ ဆု ဖွင့်ပေးပါသည်။ တစ်ကြိမ်လျှင် ထီလက်မှတ်ပေါင်း ၃၂ သိန်း ထုတ်ဝေပါ သည်။ စုစုပေါင်း ဆုတန်ဘိုး ၅၇ သိန်း ၉ သောင်းဘိုး ဖောက်ပေးပါသည်။ ဆုများမှာ -

ဆုများ ဆုအရေအတွက် ဆုကြေး(S$)
ပထမဆု ၁ ၂၂၀၀၀၀၀
ဒုတိယဆု ၁ ၅၀၀၀၀၀
တတိယဆု ၁ ၂၅၀၀၀၀
Jackpot Prizes ၁၀ ၁၀၀၀၀
Lucky Prizes ၁၀ ၅၀၀၀
Gift Prizes ၃၀ ၃၀၀၀
Consolation Prizes ၃၀ ၂၀၀၀
Participation Prizes ၅၀ ၁၀၀၀
3D Award Prizes ၄၈၀၀၀ ၃၀
Super Sweep Prize ၁ ၃၀၀၀၀၀

၁၂၊ ၁၀၊ ၅။ မြင်းပြိုင်ပွဲများ

စင်ကာပူ မြင်းပြိုင်ပွဲများမှာလည်း စိတ်ဝင်စားစရာ ကောင်းပါသည်။ မြင်းပြိုင်ကွင်းမှာ Kranji MRT အနီးတွင် ရှိပါ သည်။ ဘတ်စ်ကားဖြင့် သွားလိုပါက နံပါတ် ၁၆၀၊ ၁၇၀၊ ၁၇၈၊ ၉၂၅၊ ၉၆၀၊ ၉၆၁ တို့ကို စီးပြီး Kranji MRT မှတ်တိုင်တွင် ဆင်း ပါ။
ပြိုင်ပွဲလ၏ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် မြင်းပြိုင်ပွဲကို ကျင်းပပါသည်။
လောင်းကစားခြင်းအား အသက် ၁၈ နှစ် ပြည့်ပြီးသူများကိုသာ ခွင့်ပြုပါသည်။ မြင်းပြိုင်ပွဲဝင်ကြေးမှာ ရိုးရိုးတန်း (လေအေးစက်မပါ) အတွက် ၃ ကျပ်ဖြစ်ပြီး၊ လေအေးစက်တပ်ဆင်ထားသော အထက်တန်းအတွက် ၇ ကျပ်ဖြစ်ပါသည်။
၁၂၊ ၁၀၊ ၆။ သတင်းစာ၊ မဂ္ဂဇင်း နှင့် စာအုပ်ဆိုင်ကြီးများ
မနက် အလုပ်သွားချိန်များတွင် သော်လည်းကောင်း၊ ညနေ အလုပ်မှ ပြန်ချိန်များတွင် သော်လည်းကောင်း ရထား ပေါ်တွင် ဖြစ်စေ၊ ဘတ်စ်ကားပေါ်တွင် ဖြစ်စေ။ လမ်းဘေးတစ်နေရာတွင် ဖြစ်စေ၊ ကော်ဖီဆိုင်များ၊ စားသောက် ဆိုင်များတွင် ဖြစ်စေ သတင်းစာဖတ်နေသော လူကြီး၊ လူလတ်၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးများကို တွေ့နိုင်ပါသည်။
သတင်းစာတွင် သိသင့် သိထိုက်သည့် သတင်းအချက်အလက်များကို နေ့စဉ်နှင့် အမျှဖော်ပြပေးနေသည် ဖြစ်ရာ သတင်းစာနှင့် ကင်းကွာခြင်း သည် လောကကြီးနှင့် ကင်းကွာသွားခြင်း မည်၏။ မိမိနေထိုင်သော နိုင်ငံတွင်သော် လည်း ကောင်း၊ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများတွင် သော်လည်းကောင်း ဘာတွေဖြစ်နေသည်၊ ဘာတွေ လုပ်နေကြသည် ကို မသိနိုင်။ သို့မသိသည့်အတွက် ရသင့်ရထိုက်သော အခွင့်အလမ်းများ လက်လွတ်သွားတတ်သလို ဖြစ်လာမည့် အန္တရာယ်ကို တင်ကြို မကာကွယ်နိုင်သဖြင့် မဖြစ်သင့်သည်များ ဖြစ်တတ်သည်။ သို့အတွက် သတင်းစာသည် နေ့စဉ် လူနေမှု ဘ၀တွင် မရှိမဖြစ် အရေးကြီးသော အရာတစ်ခု ဖြစ်ပေသည်။
စင်ကာပူတွင် ထုတ်ဝေသော နေ့စဉ် သတင်းစာများအနက် အချို့မှာ -
v Berita Harian
v Business Times
v Lianhe Zaobao
v New Paper
v Straits Times
v Tamil Murasu
v Travel Trade Gazette Todays - စသည်တို့ ဖြစ်ပါသည်။
သတင်းများ ရေးသားပုံမှာ သတင်းဆောင်းပါးအဖြစ် ရေးသား ထားသဖြင့် ဖတ်ချင့်စဖွယ် ဖြစ်ပါသည်။ ထို့ပြင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ မိသားစု အရေး စသည့်ဆောင်းပါးများကိုပါ ထည့်သွင်းထား သဖြင့် ဂျာနယ် တစ်စောင်ကဲ့သို့ ဝေေ၀ ဆာဆာ ရှိပါသည်။ အပြည်ပြည် ဆိုင်ရာ သတင်း၊ စင်ကာပူသတင်း၊ အာရှ၊ ပစိဖိတ် သတင်း၊ Special Report, Review and Forum, ငွေကြေး (Money)၊ အားကစား၊ သိပ္ပံ နှင့် နည်းပညာ၊ လူနေမှုပုံစံ (Life Style)၊ သူတို့အမြင်၊ အလုပ်ကြော်ငြာ၊ ကားကြော်ငြာ၊ အိမ်ခန်းကြော်ငြာ၊ စူပါမားကက်ကြီးများ ၏ ကြော်ငြာများ စသဖြင့် ကဏ္ဍစုံပါသည်။
အချို့သော အရောင်းမြှင့်တင်ရေး ဈေးရောင်းပွဲတော်များတွင် သတင်းစာပါ ကြော်ငြာဖြတ်ပိုင်းနှင့် ၀ယ်ရပါသည်။ Clearance Sale, New Year Sale စသော ဈေးပွဲတော်များ မကြာခဏ ကျင်းပလေ့ ရှိပါသည်။ သို့သော် ဤဈေးပွဲတော်များ ကို သတင်းစာ ဖတ်မှသာလျှင် သိနိုင်ပါသည်။ ထိုဈေးပွဲတော်များတွင် ပစ္စည်းများကို သာမန်ရောင်းဈေးထက် လျှော့ရောင်း လေ့ ရှိရာ မိမိတွင် လိုအပ်နေသော ပစ္စည်းများရှိပါက သွားရောက်ဝယ်ယူလျှင် ဈေးချိုချိုနှင့် ၀ယ်ယူရရှိနိုင်ပါသည်။
ထို့ပြင် ထိုသတင်းစာများကို သက်ဆိုင်ရာ အင်တာနက် စာမျက်နှာများတွင်လည်း ဖတ်၍ ရပါသည်။ ထိုမျှသာမက တီဗီမှ လာသော သတင်းကြေငြာချက် (ဥပမာ - Channel News Asia) ဗီဒီယို ကလစ်များကိုလည်း အင်တာနက်မှ ဖွင့်ကာ နားထောင် နိုင်ပါသေးသည်။
စင်ကာပူတွင် လူအများဆုံးဖတ်သော သတင်းစာကြီးမှာ The Straits Times သတင်းစာကြီးဖြစ်ပြီး သတင်းစာ ဖတ်သူ တစ်သန်းကျော် (၁.၂ သန်းကျော်) ရှိပါသည်။ ဒုတိယ အများဆုံးဖတ်သော သတင်းစာမှာ အခမဲ့ဝေသော Today သတင်းစာ ဖြစ်ပြီး သတင်းစာ ဖတ်သူ ၆ သိန်းခွဲကျော် ရှိပါသည်။
The Straits Times သတင်းစာကြီးတွင် အလုပ်ရှာခြင်းအတွက် Classified Jobs ဟူ၍ အခန်းကဏ္ဍတစ်ခု သီးသန့် ဖွင့်ကာ အလုပ်ကြော်ငြာများ အများအပြား ကြော်ငြာလေ့ ရှိသဖြင့် အလုပ်ရှာသူများအတွက် အလွန် အဆင်ပြေလှပါသည်။ စင်ကာပူထုတ် မဂ္ဂဇင်းများမှာ အလွန်များပြားစုံလင် လှပါသည်။ တရုပ်ဘာသာ၊ မလေးဘာသာ ဖြင့်ထုတ်သော မဂ္ဂဇင်းများ ရှိသော်လည်း အများစုမှာ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ပါသည်။ ထိုအထဲမှ အချို့ကို နမူနာအဖြစ် ဖော်ပြရလျှင် -

8 Days
APPETITE magazine
Arena Singapore
AsiaSpa
Asian Banking & Finance
Asian Diver
AUGUST Man
Bikers Inc
Babycare Book
Cake magazine
CLEO Singapore C-Arts Magazine
Young Parents - တို့ ဖြစ်ပါသည်။ မိမိစိတ်ဝင်စားသော အကြောင်းအရာပါ မဂ္ဂဇင်းကို ရွေးချယ် ဖတ်ရှုနိုင်ပါသည်။
စင်ကာပူတွင် အလွန်ကြီးမားသော စာအုပ်ဆိုင်ကြီးများ ရှိပါသည်။ ထိုဆိုင်ကြီးများအနက် Orchard Takashimaya ရှိ Kinokunia, Border, MPH Bookstore စသော စာအုပ်ဆိုင်ကြီးများ မှာ ကြီးလည်းကြီး၍ စာအုပ်အမျိုးအစားလည်း အလွန် စုံပါသည်။
ဘာသာရပ်ဆိုင်ရာ စာအုပ်မျိုးစုံ၊ ၀တ္တု မျိုးစုံ၊ ကာတွန်း၊ သိပံ္ပ ဆိုင်ရာ စာအုပ်၊ အင်ဂျင်နီယာဆိုင်ရာ စာအုပ်၊ ဆေးဘက်ဆိုင်ရာ စာအုပ်၊ နက္ခတ္တဗေဒ ဆိုင်ရာ စာအုပ်၊ ပန်းချီစာအုပ် အလွန် အမျိုးစုံ လင်ပါသည်။ ထို့ပြင် အကယ်၍ မိမိလိုချင်သော စာအုပ်သည် ထိုဆိုင် တွင် မရှိပါက ၎င်းတို့ကို မှာခဲ့လို့ ရပါသေးသည်။
စင်ကာပူနိုင်ငံအနှံ့ တွေ့ရသော အခြား နာမည်ကြီး စာအုပ်ဆိုင် တစ်ဆိုင်မှာ Popular စာအုပ်ဆိုင် ဖြစ်ပါသည်။ ထိုစာအုပ်ဆိုင်တွင်မူ ကျောင်းသင် ပြဌာန်းစာအုပ် အစုံ Kindergarden မှ စကာ Primary အတန်းစုံ၊ GCE – O, GCE – A level စာအုပ် မျိုးစုံ၊ လေ့ကျင့်ခန်း စာအုပ်မျိုးစုံ စသည်တို့ကို ရနိုင်ပါသည်။ ထို့ပြင် စက္ကူနှင့် စာရေးကိရိယာ၊ ရုံးသုံးပစ္စည်း အစုံအလင်ကိုပါ တစ်နေရာထည်းတွင် ၀ယ်ယူရရှိ နိုင်သဖြင့် အလွန် အဆင်ပြေလှပါသည်။
၁၂၊ ၁၀၊ ၇။ အထွေထွေ

နေ့လည်နေ့ခင်း အိမ်တွင် ရှိနေစဉ် တစ်ခါတစ်ရံများတွင် တဗျီးဗျီး အသံကြီးကို ကြားရပြီးနောက် မီးခိုးများ အလုံး လိုက် တက်လာသည်ကို စင်ကာပူတွင် နေဖူးသူတိုင်း ကြုံကြရ ပါလိမ့်မည်။ ဤသည်မှာ ရေမြောင်းများ၊ ခြုံများအတွင်း ခြင်ကြားများ ခိုအောင်းမနေနိုင်စေရန် မီးခိုးမှိုင်းတိုက်ခြင်း ဖြစ်ပါသည်။
ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ခြင်ယင်များ နှိမ်နှင်းရေး တို့အတွက် NEA (National Environment Agency) မှ မကြာခဏ လိုက်လံ စစ်ဆေးလေ့ ရှိပါသည်။ မိမိအိမ်တွင် နေသည် ဆိုပေမင့် ဓါတ်စက်ကြီးနှင့် အရမ်းကာရော ဖွင့်ချင်တိုင်း အသားကုန် ဖွင့်လို့မရ။ လူနေတိုက်တာများတွင် ဆူညံသံ မည်မျှသာ ရှိရမည်၊ နေ့ပိုင်းတွင် မည်မျှ၊ ညပိုင်းတွင် မည်မျှ စသည် ကို ကန့်သတ်ထားပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းများသည်လည်း ဆူချင်တိုင်း ဆူလို့မရပါ။
သန့်ရှင်းရေးသည် စင်ကာပူနိုင်ငံအတွက် အလွန်အရေးကြီးပေရာ အမှိုက်ကို ပစ်ချင်တိုင်း ပစ်လို့မရပါ။ မြို့လယ်ခေါင် တွင် အမှိုက်ကလေး တစ်စ၊ တစ်ရှုးကလေး တစ်ခု ပစ်မိလျှင်ပင် ဒါဏ်ငွေ စင်ကာပူ ဒေါ်လာ ၂၀၀ ထိ တပ်ရိုက်၍ ရပါသည်။ တံတွေးကိုလည်း ဟိုထွေး၊ သည်ထွေး ထွေး၍ မရပါ။ ဆေးလိပ်ကိုလည်း နေရာတိုင်း သောက်၍ မရပါ။ ယခုနှစ်ဆန်းပိုင်းမှ စကာ ဆေးလိပ်မသောက်ရသည့် နေရာများကို တိုးချဲ့ကန့်သတ် လိုက်ပါသည်။
မြန်မာပြည်မှာ ကဲ့သို့ပင် စင်ကာပူတွင်လည်း ပစ္စည်းဟောင်းများ ရောင်း၊ ၀ယ်၍ ရပါသည်။ သိပ်လိုက်ရှာနေစရာ မလိုပါ။ ရာဘာဖြင့် လုပ်ထားသော ဟွန်းဖြင့် တစ်ပွမ်ပွမ် မှုတ်ကာ “ကာရန်ဂိုနီ” ဟု လျှောက်အော်လာသံကို နေ့ခင်းပိုင်းများ တွင် ကြားကြရပါလိမ့်မည်။ ရေဒီယို၊ ကက်ဆက်၊ တီဗီ၊ ဒီဗီဒီပလေယာ၊ မော်နီတာ၊ ဟန်းဖုံး စသော ပစ္စည်း အဟောင်းများကို လိုက်ဝယ်နေခြင်း ဖြစ်ပါသည်။
ညနေပိုင်း လမ်းလျှောက်ထွက်ရင်း တိုက်အောက်ဖက်များသို့ မယောင်မလည်နှင့် လျှောက်ကြည့်ပါလေ။ တိုက်ခန်း များ အောက်ဖက်တွင် အမှိုက်များသွန်ချရာ ပုံးကြီး အနီးတွင် ကြီးမားသော ပစ္စည်းဟောင်းများ စွန့်ပစ်ရာ နေရာ ရှိပါသည်။ ထိုနေရာများတွင် တစ်ခါတစ်ရံ အိမ်ပြောင်းလျှင် ဖြစ်စေ၊ ပစ္စည်း အသစ်ဝယ်လာ၍ ဖြစ်စေ ကုတင်၊ စားပွဲ၊ ထိုင်ခုံ၊ ဘီရို၊ ဆက်တီ၊ တီဗီအဟောင်း၊ ကွန်ပြူတာ မော်နီတာ အဟောင်း စသော ပစ္စည်းများ ပစ်ထားသည်ကို မကြာခဏ တွေ့ကြရ ပါလိမ့်မည်။ အဟောင်းဆိုသော်လည်း သုံးမရတော့ လောက်အောင်မဟုတ်။ အချို့ပစ္စည်းများမှာ အတော်လတ် ပါသေးသည်။ နွမ်းနေသဖြင့်၊ အရောင်များ မှိန်နေသဖြင့် စသဖြင့် မလိုချင်တော့၍ ပစ်လိုက်ခြင်းဖြစ်သဖြင့် သုံးမည်ဆိုလျှင် သုံးပျော်ပါသေး သည်။
မည်သို့ပင်ဆိုစေကာမူ စင်ကာပူတွင် နေရထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိပါသည်။

No comments: