Saturday, March 26, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၅)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) - အပိုင်း (၄)


(၁၅) လူမျိုးစုံသဖြင့် အပေါက်လည်း မျိုးစုံလှခြင်း

Tellus သို့ ကျွန်တော်တို့ လူ ၂၀၊ ပထမအသုတ်ရောက်ပြီး နှစ်လနီးပါးကြာတော့ နောက်ထပ် ၂၀ တစ်သုတ် ထပ်ရောက်လာသည်။ ဤအသုတ်တွင် ခုထိ ကျွန်တော်နှင့် စနေဓမ္မမိတ်ဆွေများအဖွဲ့တွင် စိတ်တူကိုယ်တူ လက်တွဲလုပ် နေသည့် ကိုသောင်းတန် ပါလာသည်။ သမိန်ပေါသွပ်၏ ဆယ်ပြားစေ့မျက်နှာမျိုးနှင့်။ စကားကို အားပါးတရ၊ လက်ဟန် ခြေဟန်နှင့် ပွာလောင်၊ ပွာအောင် ပြောတတ်သူဖြစ်သည်။ နေတာက ကဖြဲကရုံး။ ကွမ်းကိုလည်း အသေအလဲ စားလိုက်သေး သည်။ ဘီယာလား၊ လာခဲ့ဆိုသည့် အစားထဲက။ သို့သော် ကျွန်တော် စိတ်တိုတိုနှင့် ပြောသမျှဆိုသမျှ မနာတတ်ဘဲ ပြုံးဖြီးဖြီး လုပ်နေနိုင်သည့် နှလုံးသားဓါတ်ခံ ရှိ၏။ ကျွန်တော်သာ ကိုသောင်းတန်လို အပြောခံရလျှင် ဇာတ်လမ်းပြတ်တာ ကြာပြီ။ ကျွန်တော်က ကောင်းသည့်သူမဟုတ်။ အတေးအမှတ်ကြီးတတ်သည်။

ဒုတိယအသုတ် ရောက်လာပြီး များမကြာမီပင် ကျွန်တော်တို့လူသိုက် Yishun မှ Jurong သို့ပြောင်းခဲ့ရသည်။ ထိုအခါ လူစုကွဲသွားသည်။ ကျွန်တော်တို့ လေးငါးခြောက်ဦးမှာ ဒုတိယအသုတ် ရောက်လာသူများနှင့် အတူနေရ၏။ အတော်များများကတော့ တစ်ခန်းထည်း အတူပြန်နေရသည်။ သို့သော် ဝေးဝေးလံလံတော့မဟုတ်။ မျက်နှာချင်းဆိုင် အခန်းတွင် ဖြစ်သည်။

ယခုနေရသောနေရာမှာ စင်ကာပူရှိ လည်ပတ်စရာနေရာများအနက် တစ်ခုဖြစ်သော Singapore Discovery Centre ရှေ့မှ တိုက်ခန်းများ ဖြစ်ပါသည်။ ထိုနေရာတွင် တိုက်သုံးလုံးထည်း သီးသန့်ဖြစ်နေ၏။ ထိုတိုက်သုံးလုံးမှာလည်း အခြားသူများ မရှိ။ သင်္ဘောကျင်းအလုပ်သမားများချည်း ထားသည်။ ၎င်းကို Jurong View Apartment ဟု ခေါ်၏။ Upper Jurong Road ပေါ်တွင်ရှိသည်။ ကျွန်တော်တို့အခန်း မှာ ၉ ထပ်တွင်ဖြစ်၏။ Blk No. 521 ဖြစ်ပြီး အခန်းနံပါတ်မှာ #09-523 ဖြစ်သည်။

အခန်းမှာ စင်ကာပူအခေါ် 4 Room ဖြစ်သည်။ အိပ်ခန်း သုံးခန်း၊ ဧည့်ခန်းတစ်ခန်း ပါသည်။ အိမ်သာနားတွင် စတိုခန်း တစ်ခန်းပါသေးသည်။ ထုံးစံအတိုင်း တစ်ခန်းကို နှစ်ထပ်ကုတင်သုံးလုံးနှင့် ၆ ယောက်ထားသည်။ သုံးခန်းဆိုတော့ ၁၈ ယောက်၊ အိမ်သာနားမှ စတိုခန်းတွင်နှစ်ယောက်။ ပေါင်း အယောက် ၂၀ ဖြစ်၏။ ဤအခန်းမှာ Yishun မှ အခန်းထက် အများကြီးပိုကျယ်သည်။ သို့အတွက် နေရထိုင်ရတာ ချောင်ချောင်ချိချိရှိသည်။ ဧည့်ခန်းရှိသဖြင့် နားနေစရာ နေရာတစ်ခု တိုးလာသည်။ ဧည့်ခန်းမှာ အကျယ်ကြီးဖြစ်သဖြင့် တခါတလေ ကိုယ့်အခန်းထဲ၌ မအိပ်လိုလျှင် ဧည့်ခန်းထဲ လာအိပ်လို့ ရသည်။ ဧည့်သည်လာလျှင်လည်း ဧည့်ခန်းတွင် သိပ်လို့ရသေးသည်။ ထိုစဉ်က ကျွန်တော်တို့အခန်းများ၏ လုံခြုံရေးမှာ ဒါလောက် မတင်းကျပ်သေးပါ။ လုံခြုံရေးကင်းပင် မရှိ။ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်။

ထို့ပြင် ကျွန်တော်တို့အလုပ်ဆင်းရသော Keppel သင်္ဘောကျင်းနှင့်လည်း အလွန်နီးသွားသည်။ မောင်းမည်ဆို ၁၅ မိနစ်မျှပင်မကြာ။ သည်တော့ အလုပ်သွား၊ အလုပ်ပြန် အချိန်ကုန်သက်သာသည်။ နားချိန်ပိုရလာသည်။ ထို့ပြင် နောက်ရောက် လာသူများကိုပါ ဤတိုက်ခန်းများတွင် နေရာချထားပေးသဖြင့် မိမိတို့သူငယ်ချင်း အချင်းချင်း တွေ့လို့ရ၊ စကားစနေပြောလို့ရ။ ပျင်းလျှင် တစ်ခန်းနှင့်တစ်ခန်း လည်လို့ရ။ စုပြီးချက်ပြုတ်စားသောက်လို့ရ။ ဂစ်တာတီး သီချင်းဆိုလို့ရ။ အပြင်သွားစရာရှိလျှင် အတူသွားလို့ရ။ အလွန် အဆင်ပြေသွားသည်။

ကျွန်တော်က နှစ်ထပ်ကုတင် အပေါ်တွင် နေရာယူသည်။ Luggage ကို ကုတင်ပေါ်တွင်ပင် ထားသည်။ တစ်ယောက်အိပ်ကုတင်ပေါ် သေတ္တာပါတင်ထားသေးသည်ဆိုတော့ ထိုစဉ်က ဘယ်လိုအိပ်ခဲ့သည်ကို ယခု ပြန်မစဉ်းစား တတ်အောင် ဖြစ်ရပါသည်။ နှစ်ထပ်ကုတင်ဆိုတော့ မျက်နှာကျက်နှင့် အတော်လေး ကပ်နေသည်။ မတ်တပ်ရပ်လို့မရ။ ရပ်လို့လည်းမဖြစ်။ မျက်နှာကျက်ပန်ကာကြီးမှာ တ၀ီးဝီးနှင့်လည်နေသည်ဖြစ်ရာ အနည်းငယ် ထရပ်လိုက်လျှင်ပင် ခေါင်းကို ခုတ်သွားမှာ ဖြစ်ပါသည်။ ထို့အတွက် အလွန်သတိထားရသည်။ ယခုတော့ ထိုပန်ကာအန္တရာယ်ကြောင့် JTC (Jurong Town Council) က နှစ်ထပ်ကုတင်များထားခြင်းကို လက်မခံတော့ဟု သိရ၏။ (ထိုတိုက်များမှာ JTC ပိုင် အဆောက်အဦများ ဖြစ်ပါသည်။)

ထုံးစံအတိုင်း လူများတော့ အပေါက်များသည်ပေါ့။

ကျွန်တော်တို့လူသိုက်တွင် ကိုမျိုးကျင်ဆိုသူ ပါ၏။ သူ့ညီ ကိုတိုးကျင်က ကျွန်တော်တို့နှင့် တစ်သုတ်ထည်း။ ကိုမျိုးကျင်က နောက်အသုတ်။ သို့သော် ကိုတိုးကျင်က ရှေ့ဘက်အခန်းမှာ။ ကိုမျိုးကျင်သာ ကျွန်တော်တို့နှင့်အတူ နေရသည်။ အခန်းတွင် ရေခဲသေတ္တာတစ်လုံးရှိရာ ချက်စရာပြုတ်စရာများကို အားလုံးစုပြီး ထည့်ကြရ၏။ သူဝယ်ထားတာနှင့် ကိုယ်ဝယ်ထားတာ အရောရော၊ အနှောနှောဖြစ်။ သူ့ဟာကို ကိုယ့်ဟာမှတ်ပြီး ယူချက်။ ပိုင်ရှင်သိတော့ စကားများ။

အိမ်ရောက်စတွင် ကိုမျိုးကျင်က ရေခဲသေတ္တာကို လှန်လှောကြည့်သည်။ နောက် ပွစိ ပွစိ လုပ်၏။ အတော်တုံးတဲ့ကောင်တွေ။ ဘယ်လိုတောက လာတဲ့ကောင်တွေမှန်းမသိဘူး။ ကြည့်အုံး၊ ထည့်ထားတာ။ အပေါ်ထပ်မှာ ဟင်းသီးဟင်းရွက်ထည့်ရမှာ အောက် သွားထည့်ထားတယ်  ဟု ဆိုကာ အပေါ်ထပ် Freezer အတွင်းသို့ အသီးအရွက်များ ထိုးသိပ်ထည့်ကာ အအေးဗူးများနှင့် အသားငါးများကို အောက်ထပ်တွင် ပြောင်းထည့်သည်။ အလုပ်သွားနေချိန်ဖြစ်၍ ကျွန်တော်တို့က မသိ။ နောက်ရေခဲသေတ္တာထဲက ပုပ်စော်နံပါတယ် ဟု လှန်လှောရှာတော့မှ အောက်ဆုံး ဇလားထဲတွင် ထည့်ထားသော ကြက်သားများမှာ ပုပ်နေတာ တွေ့ရပါသည်။ ထိုကြက်သားများကို လွှင့်ပစ်ပြီး အနံ့ပျောက်အောင် မနည်းလုပ်ယူရသည်။ ကိုမျိုးကျင်ကို ၀ိုင်းပြီး မေတ္တာပို့လိုက်ကြ၏။

နောက်ပြီး သူဝယ်လာတာကြည့်ဦး။ မိတ်ဆွေတို့တွေ့ဖူးပါလိမ့်မည်။ အိမ်တော်တော်များများတွင် ချိတ်ထားသော “ဤအိမ်သည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် ရှိသဖြင့် ရောက်လာသူအားလုံး ချမ်းသာကြပါစေ” ဟူသည့် စာတမ်း ဖြစ်သည်။ ကိုမျိုးကျင်လည်း သည်ဟာမျိုး တစ်ခုဝယ်ခဲ့၏။ သို့သော် သူဝယ်ခဲ့သည်က “ဤအိမ်သည် - - - “ မဟုတ်။ “ဤဆိုင်သည် - - - “ ဟု ဖြစ်ပါသည်။ ကိုမျိုးကျင်တစ်ယောက်ရှိသည့်အတွက် ကျွန်တော်တို့မှာ မပျင်းရတော့ပါ။ တစ်နည်း မဟုတ် တစ်နည်းဖြင့် ရယ်စရာရတတ်၏။

သို့သော် သူက တခါတလေ “ငါတို့အမေက သူ့သားတွေ အစားကောင်းစားရအောင်ဆိုပြီး ချက်နည်းပြုတ်နည်း သင်ပေးထားတာကွ” ဆိုကာ ခေါက်ဆွဲကြော်၊ ကြာဇံကြော်များ ကြော်ကျွေးတတ်ပါသည်။ ကျွန်တော်တို့က ကိုမျိုးကျင်ကို မြှောက်ပင့်ပေးကာ သူ့ခေါက်ဆွဲကြောက်ကို သွားဖြဲနဖြဲတီးကြ၏။

ဂွကျသည်မှာ အလိုက်မသိတတ်သူများ ဖြစ်ပါသည်။ မိမိကိစ္စ မိမိရှင်းမသွား။ တစ်ခါက အိမ်သာတက်ပြီး ရေဆွဲ မချခဲ့သဖြင့် ကျွန်တော်မျက်နှာတည်တည်ထားကာ ကိုယ့်ပစ္စည်းကိုယ် ရှင်းဘို့ တာဝန်ယူရမည်ဖြစ်ကြောင်း ပြောရပါသည်။ သူ့နာမည်ကို ကောင်းကောင်းမှတ်မိပါသည်။ သို့သော် ထားပါတော့။ မပြောတော့ပါ။

နောက်ပြီး ချက်ပြုတ်ပြီးလျှင် မီးဖိုကို သန့်ရှင်းရေး မလုပ်သည့်ကိစ္စ။ အိုးခွက်ပန်းကန်များ ဆေးကြောပြီးလျှင် လက်ဆေးကန်ကို မသန့်ရှင်းခဲ့သည့် ကိစ္စ။ မကြာခဏ ပြဿနာတက်သည်။ ရေချိုးခန်းအတွင်း ရှူးရှူးပန်းခဲ့သည့် ကိစ္စလည်း ရှိသေးသည်။ သေးစော်နံနေသော ရေချိုးခန်းကို ကျွန်တော်အလွန်မုန်းပါသည်။ သို့အတွက် မည်သူ့ကိုမှ ပြဿနာမရှာဘဲ ကိုယ့်ဟာကိုယ် သန့်ရှင်းရေးလုပ်ပါသည်။ သူတို့ကိုတော့ ရှူးရှူးပန်းအပြီး ရေလောင်းချခဲ့ဘို့ မေတ္တာရပ်ခံရသည်။ သာမန် အချိန်များတွင် မဆိုးပါ။ ပိတ်ရက် အရက်သောက်ပြီး ပြန်လာသည့်အချိန်များတွင် နောက်နေ့နံနက်၌ အခန်းမှာ နံစော်နေတတ် ပါသည်။

ကျွန်တော်က သူတို့ကို ဦးဆောင်ကာ သန့်ရှင်းရေးလုပ်ဖို့ ပြောရသည်။ လူ ၂၀ ကို နှစ်ယောက်ကျစီတွဲပေးကာ သန့်ရှင်းရေးလုပ်ရမည့် ရက်များကို ဇယားဆွဲပေးထားပါသည်။ ထိုဇယားကို မီးဖိုဆောင်တံခါးတွင် ကပ်ထား၏။ အမှိုက်အိတ်၊ တံမြက်စည်း စသော သန့်ရှင်းရေးပစ္စည်းများကို ကျွန်တော်စိုက်ဝယ်ပြီး ပြေစာပြကာ အားလုံးအချိုးကျ ကျခံစေပါသည်။ မည်သူကမျှ မငြင်းပါ။ အားလုံး သဘောတူပါသည်။ ကျွန်တော် စီမံခန့်ခွဲသည်ကို လိုက်နာခဲ့ကြသည့် ကျွန်တော်နှင့် အတူနေခဲ့သူ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါကြောင်း ဤနေရာမှနေ၍ ပြောလိုပါသည်။

သို့သော် မ,ပေါင်းတစ်ထောင်သားများ ဖြစ်သဖြင့် တစ်ယောက်တလေ စုံးပြူးပါတာ မဆန်းပါ။ သည်လောက်တော့ သည်းခံရမည်ပေါ့။ သူတို့သန့်ရှင်းရေး မလုပ်သောနေ့များတွင် ကျွန်တော် ကိုယ့်ဟာကိုယ် လုပ်ပါသည်။ ဤသည်ကို အချို့က မကြိုက်ပါ။ အလှည့်ကျသည့် သူ့ကိုလုပ်ခိုင်းဘို့ ကျွန်တော့်ကို ပြောပါသည်။ သို့သော် ကျွန်တော်မပြောချင်ပါ။ ကိုယ့်အသိနှင့် ကိုယ်သာ လုပ်စေချင်ပါသည်။ အများလုပ်နေတာ မြင်လျက်နှင့် ခပ်တည်တည် မလုပ်ပဲနေသည်မှာ မလုပ်ချင်လို့ မလုပ်တာသာ ဖြစ်ပါသည်။ သိလျှက်သားနှင့် မသိယောင်ဆောင်နေသူအား ဘယ့်အတွက် အမုန်းခံကာ သွားပြောရမည်နည်း။

တစ်ဖက်ခန်းမှ ကျွန်တော့်မိတ်ဆွေကမူ နံရံတွင် ပြက္ခဒိန်အသေးကလေးကိုချိတ်ကာ တစ်ရက်ကုန်တိုင်း တစ်ခါ ခြစ်၏။ နေ့တိုင်းပြန်မည့်ရက်ကို တွက်သည်။ သူ့သမီးကလေးမှာ တီတီတာတာ စကားပြောတတ်ခါစ ဖြစ်၍ သမီးလေးကို လွမ်းလှသည်။ သူ့ကိုကြည့်ပြီး ကျွန်တော်ကိုယ်ချင်းစာမိပါသည်။

ကျွန်တော်က လူပျိုလူလွတ်ပေမင့် နှမကမွေးထားသော သမီးကလေးကို ခေါ်ယူမွေးထားသည်။ သည်သမီး ကလေးကို ကျွန်တော်တို့မောင်နှမများက သမီးအရင်းကလေးကဲ့သို့ ချစ်ပါသည်။ သမီးကလည်း သူ့အမေထံတွင် မနေ။ ကျွန်တော်တို့နှင့်ပင် အတူနေပါသည်။ ကျွန်တော်တို့ ရန်ကုန်ပြောင်းလာတော့ သူနို့ဖြတ်ကာစ ရှိသေး၏။ သို့သော် ကျွန်တော်တို့နှင့်အတူ လိုက်နေပါသည်။ အမေကို လွမ်းလှသည်ဟု မရှိပါ။ ကျွန်တော်တို့ပင် သူ့မိဘများသဖွယ် ဖြစ်နေ ပါသည်။ သူ့အမေက ရေဆင်းတွင် ကျန်ခဲ့သည်။

စင်ကာပူရောက်စရက်များက သမီးကို ကျွန်တော်အလွန်လွမ်းလှပါသည်။ သို့မို့ကြောင့်လည်း တစ်ဖက်ခန်းမှ သူငယ်ချင်းဖြစ်သူ ကိုမိုးအောင်ကို အလွန်ကိုယ်ချင်းစာမိပါသည်။ သူသာမက အခြားသူများမှာလည်း မထူးပါ။ အိမ်လွမ်းကြသူချည်း ဖြစ်ပါသည်။

(၁၆) ပျော်စရာ ရွှင်စရာ ကျွန်တော်တို့ဘဝ

တစ်ခန်းထဲတွင် လူ ၂၀ နေရတာဆိုတော့ privacy မရှိ။ သို့သော် ဤကဲ့သို့လူအများနှင့် စုနေရခြင်းကား စိတ်ညစ် စရာ ကောင်းသလို ပျော်စရာလည်းကောင်းကြောင်း ယခု ကျွန်တော် တစ်ယောက်ထည်း ကိုယ့်ဟာကိုယ် ကိုယ့်အခန်းနှင့် ကိုယ် နေရတော့မှ သိလာသည်။ တစ်ယောက်ထည်းနေရတာ အလွန်အထီးကျန်လှသည်။ အလုပ်မရှိသည့် အချိန်များဆိုလျှင် အိမ်ကိုလွမ်းလှသည်။ မြန်မာပြည်ကြီး ဘယ်လောက်ပဲ ဆင်းရဲစုတ်ပြတ်ပါသည် ဆိုစေ။ အင်တာနက် ကော်နက်ရှင်များ မည်မျှ နှေးသည်ဆိုစေ။ ရုံးသို့သွားလျှင် ၀န်ထမ်းများကို ကိုယ့်သခင်ကဲ့သို့ ကြည့်နေရသည်ဖြစ်စေ၊ ရုံးပြင် ကနားများနှင့်ဆက်ဆံရာ တွင် အင်မတန် စိတ်ဆင်းရဲစရာ ကောင်းလှပါသည် ဆိုစေ။ မြန်မာပြည်ကြီးကို လွမ်းပါသည်။

မြန်မာစကားပုံရှိပါသည်။ “ချေးထဲကလောက် ချေးထဲမှာပဲ ပျော်သည်” ဟူ၏။ ကျွန်တော်သည်လည်း ချေးထဲက လောက်တစ်ကောင်သာ ဖြစ်ပါသည်။ မိသားတစ်စုလုံး စင်ကာပူရောက်နေသူများ အဖို့တော့ မြန်မာပြည်ကို လွမ်းလောက်စရာ ရှိမည် မထင်ပါ။

ကျွန်တော်နှင့် ကုတင်ချင်းကပ်လျှက်က ကိုဂျီးသာ ဖြစ်၏။ သူက ဗမာမဟုတ်။ ပအိုဝ့်လား၊ ဂေါ်ရခါးလားဖြစ်သည်။ ကျွန်တော့်ကို လေးလေးစားစားဆက်ဆံပြီး ခင်လည်း အလွန်ခင်ပါသည်။ အခြားသူများနှင့် သိပ်မရော။ တစ်ယောက်တည်း ဘာသိဘာသာ နေသည်။ သို့သော် ထိုးချင်ကြိတ်ချင်စိတ် ကလေးတော့ ရှိ၏။ တစ်ယောက်ယောက်နှင့် စကားပြော အဆင်မပြေဖြစ်ပြီဆိုလျှင် လက်ပါချင်သည်။ “ဟေ့လူ၊ စင်ကာပူမှာ ရန်ဖြစ်ရင် မလွယ်ဘူးနော်။ ပြန်လွှတ်မှာ။ ခင်ဗျား၊ ခုလာတာ ဘာလုပ်ဖို့လာတာလဲ။ ပိုက်ဆံရှာဘို့မဟုတ်လား။ ဘာမဟုတ်တာလေးနဲ့ ကိုယ့်ဘ၀တစ်ခုလုံး ယိမ်းယိုင် မသွားပါစေနဲ့ဗျာ” - စသဖြင့် ကျွန်တော်က ဖြောင်းဖြပြောရသည်။ ကျွန်တော်ပြောတာကိုတော့ သူနားထောင်ပါသည်။

သူက တိုလီမုတ်စ ပစ္စည်းပစ္စယများကို ကြွပ်ကြွပ်အိတ်များနှင့် ထည့်ထားသည်။ နံနက်အိပ်ယာထချိန်၌ ထို ပစ္စည်းများ မှ လိုသည်များကို ရွေးထုတ်သည်။ သိကြသည့်အတိုင်း ကြွပ်ကြွပ်အိတ် ဆိုသည်မှာ မည်ကဲ့သို့ပင် အသာအယာ ကိုင်သည်ဖြစ်စေ အသံမြည်သည်ဖြစ်ရာ အောက်ထပ်မှ အိပ်နေသူအတွက် ပြဿနာဖြစ်လာ၏။ သို့သော် သည်လိုပဲ သည်းခံရသည်ပေါ့။

ကျွန်တော်တို့အထဲတွင် နာမည်တူ နှစ်ယောက်ပါသည်။ ကျွန်တော်တို့နှင့်အတူလာသူ ကိုခင်ဇော်နှင့် နောက် အသုတ်တွင်ပါလာသူ ကိုခင်ဇော် ဖြစ်၏။ ကျွန်တော်တို့အသုတ်မှ ကိုခင်ဇော်မှာ အမြဲပူပင်သောကရောက်နေသူ ဖြစ်သဖြင့် သူငယ်ချင်းများက သောကခင်ဇော် ဟု နာမည်ပေးထားသည်။ နောက်အသုတ်မှ ကိုခင်ဇော်မှာ အသားမည်းသဖြင့် ဘင်းဂလားခင်ဇော်ဟု ကင်မွန်းတပ်ထား၏။ ဘင်းဂလားခင်ဇော်မှာ ကျွန်တော်တို့နှင့် တစ်ခန်းထည်း အတူနေရသည်။ အလွန်ပျော်တတ်၊ စတတ်၊ နောက်တတ်၊ ဘလွတ်ရွှတ်တများကို ပါးစပ်ကြီးတစ်လုံးနှင့် ပြောတတ်သူ ဖြစ်ပါသည်။

ကျွန်တော်က ထမင်းကို နှစ်နပ်စာပေါင်းချက်ကာ နေ့လည်စာဘို့ တစ်ဝက်တိတိ ခူးခပ်ပြီး ညစာအတွက် သပ်သပ် ယပ်ယပ် ချန်ခဲ့ပါသည်။ ဟင်းကတော့ ခြေရာလက်ရာမပျက်။ သို့သော် ကျွန်တော်ချန်ခဲ့သော ထမင်းတစ်ဝက်မှာ တစ်ခြမ်း လျော့ လျော့နေပါသည်။ မည်သူ့လက်ချက်မှန်းမသိ။ ညစာအတွက် ကျွန်တော့မှာ ပြန်ချက်ရမှာကလည်း မဖြစ်စလောက်။ စားရမှာကလည်း မ၀ရေစာ ဆိုတော့ အတော်စိတ်ဆိုးပါသည်။ နောက်တော့ စာရေးကာ ထမင်းအိုးတွင်ကပ်ခဲ့၏။ “ဒီမှာကိုယ့်လူ၊ စားချင်ကိုယ့်ဟာကိုယ် ချက်စားပါ။ သူများချက်ပြီးသားကို အဆင်သင့်ခူးခပ် မစားပါနဲ့၊ အရမ်းစိတ်ဆိုးတယ်” ဟု ဖြစ်ပါသည်။ နောက်နေ့ကျတော့ ကျွန်တော့်စာအောက်၌ ပြန်စာကိုတွေ့ရ၏။ “ဒီမှာကိုယ့်လူ၊ မချက်ချင်လို့ သူများချက်ပြီးသား အဆင်သင့် ခူးခပ်စားတာ စိတ်မဆိုးပါနဲ့” ဟူသတည်း။ အစတော့ ကျွန်တော် ဘယ်သူရေးသွားမှန်းမသိ။ နောက်မှ ဘင်းဂလားခင်ဇော် လက်ချက်မှန်းသိရသည်။ အမှန်က သူစားတာမဟုတ်ပါ။ သူက နောက်ပြီး ရေးသွားတာ ဖြစ်ပါသည်။ ကျွန်တော့်မှာ စိတ်ဆိုးရအခက်၊ ရီရအခက်။ သည်လိုမျိုးလည်း ကြုံရလေသေးသည်။

တခါတလေ အခန်းတွင်း၌ပင် ဘီယာစုသောက်ကာ သီချင်းဆိုကြ၊ ကကြခုန်ကြ၏။ ပုဆိုးချွတ်ကာ ကသူပင် ရှိပါသည်။ တခါတလေ မကောင်းသော အမျိုးသမီးများခေါ်လာကာ အခန်းတွင်း၌ပင် အလုပ်ဖြစ်ကြ၏။ အခန်းမှာ အိမ်သာနားမှ နှစ်ယောက်နေသော ကိုမျိုးကျင်တို့အခန်းကို သုံးသည်။ တစ်ခါတရံတွင် ကျွန်တော်တို့နေသော အခန်းများသို့ ထိုအမျိုးသမီးများသည် သူရို့ အထိန်းနှင့်တကွလာကာ ဈေးရောင်းပါသည်။ ကျွန်တော် မကြိုက်သော်လည်း အများနှင့်မို့ သူတို့လည်း တခါတလေ လုပ်ချင်မှာပဲလေ။ လုပ်ပါစေ ဟု ခွင့်လွှတ်ထားရသည်။ ဒါကလည်း ကြုံတောင့်ကြုံခဲပါ။ တစ်နှစ်လုံးမှ တစ်ခါ နှစ်ခါမျှသာ ဖြစ်ပါသည်။ စကားစပ်မိ၍ ပြောရလျှင် အိမ်အရောက် ကိုယ်တိုင်ကိုယ်ကျ လာရောင်းသော ထိုဈေးသည် များမှာ ဈေးသက်သာပါ၏။ အသင်တို့ ဂေလမ်း (Geylang) သွားလျှင် တစ်ရှော့ကို ၄၀ ပေးရမည်။ သို့သော် သူတို့ကတော့ ၂၀ ပဲ ဖြစ်ပါသည်။

ထိုစဉ်က ကျွန်တော်တို့နေရာမှာ အလွန်ခေါင်လှသည်။ စားစရာသောက်စရာ ၀ယ်လိုလျှင် Boon Lay MRT (ဘူတာ) ရှိ Jurong Point တွင်သွားဝယ်ရသည်။ ဤအချိန်တုံးက Jurong Point မှာ သေးသေးကလေးဖြစ်၏။ ယခုလောက် မကြီးကျယ်၊ မခမ်းနား၊ မတောက်ပသေး။ ကျွန်တော်တို့ဘက်ရောက်သော ဘတ်စ်ကားနှစ်စီးရှိ၏။ 192 နှင့် 193 ဖြစ်သည်။ နှစ်စီးစလုံး Jurong Point သို့ရောက်သည်။ ထိုစဉ်က ဘတ်စ်ကားခမှာ ၄၅ ပြားထင်ပါသည်။ ယခုတော့ ဈေးတွေတက်ကုန်ပြီ။

Upper Jurong Road သည်လည်း ယခုကဲ့သို့ တဖြောင့်တည်းမဟုတ်သေး။ လမ်းသွယ်ကလေးမှ ခွဲသွားသည်။ ကျွန်တော်တို့ဂေဟာမှ Jurong Point သို့အသွား လမ်းတွင် တောင်ကုန်းကလေးတစ်ခု ရှိ၏။ ထိုတောင်ကုန်းကလေးကား အစ်ကိုကာလသားများနှင့် ၎င်းတို့၏နတ်သမီးများ စခန်းချရာနေရာတည်း။ ညဘက်သွားကြည့်လိုက်လျှင် မီးကလေး တလက်လက်နှင့် တိုးတိုးတိတ်တိတ် လူစည်ကားသည့် နေရာဖြစ်သည်။ ယခုမူ ထိုတောင်ကုန်းကလေး မရှိတော့ပြီ။ ထိုကုန်းကိုဖြိုကာ Upper Jurong Road လမ်းမကြီးကို ဖြောင့်အောင် ပြင်လိုက်သည်။ သို့အတွက် နတ်သမီးများလည်း ဘုံပျောက်သွားတော့၏။

ကျွန်တော်တို့တိုက်ရှေ့၊ Discovery Centre ဘေးတွင် စစ်တက္ကသိုလ်ရှိသည်။ စစ်တက္ကသိုလ်ဝန်းကျင်ကား သစ်တော များဖြစ်၏။ သစ်တောများကို သဘာဝအတိုင်း ထိန်းသိမ်းထားသောကြောင့် တောအတွင်း သရက်၊ ပိန္နဲ၊ ငှက်ပျော၊ ဒူးရင်း၊ ကွမ်းသီး၊ ကနစိုး စသဖြင့် အပင်မျိုးစုံရှိသည်။ ကျွန်တော်တို့လူများကား အလုပ်ပိတ်ရက်များတွင် သည်သစ်တောအတွင်း လှည့်လည်ကာ သစ်ဥသစ်ဖု ရှာဖွေ စုဆောင်းတတ်သည်။ တခါတရံ ပိန္နဲသီးများ၊ အုန်းသီးများ၊ တခါတရံ ကွမ်းသီးများ ရလာတတ်သည်။ တခါတလေတော့ ကုလားများက စိမ်းနေသေး၍ ၀ှက်ထားသော ပိန္နဲသီးများကို အလစ်သုတ် လာတတ်သည်။

အနီးအနားပဲဆိုတော့ သူတို့က ၀ပ်ပါမစ်ကဒ်များ ယူမသွား။ တချီတွင် သူတို့နှင့် စစ်တပ်မှအရာရှိများဆုံရာ ဟိုက မင်းတို့ဘယ်သူတွေလည်း မေး၏။ ဘယ်မှာလည်း ၀ပ်ပါမစ်ကဒ် ဆိုတော့ မပြနိုင်။ ရေလည်အောင်လည်း ရှင်းမပြတတ် ဆိုတော့ အချုပ်ထဲ ဖမ်းထည့်ထားလိုက်သည်။ နောက်တော့မှ ရုံးက အာမခံနှင့် လာထုတ်ရသည်။ ဟိုးလေးတကျော် ဖြစ်သွား၏။ သို့သော် အမှတ်မရှိ။ သွားမြဲသွားကြသည်။ တောလည်ထွက်ရတာဆိုတော့ ပျော်စရာလည်းကောင်းပါ၏။

ကျွန်တော်တို့ရောက်ပြီး များမကြာမီ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ဆန်ဆီဆား၊ ငြုပ်၊ ကြက်သွန် စသည် စားစရာ သောက်စရာအစုံတင်ထားသည့် လော်ရီကားကြီးနှင့်လာကာ ဈေးရောင်းပါသည်။ ဈေးလည်းသက်သာ၏။ ကျွန်တော်တို့ အဖို့တော့ အလွန်အဆင်ပြေသွားပါသည်။ နို့မဟုတ်လျှင် ဟင်းချက်စရာအတွက် Jurong Point ကိုတကူးတကသွားရတာ အချိန်ကုန်ပါသည်။ ကားခလည်းကုန်၏။

နောက်တော့ ဈေးသည်များနယ်ချဲ့လာသည်။ လော်ရီကားကြီးသာမက ခြေအိတ်၊ ဆပ်ပြာ၊ ဆပ်ပြာမှုံ့၊ သွားတိုက်ဆေး စသော လူသုံးကုန်များရောင်းသည့် ဗင်ကားကလေးလည်း ရောက်လာ၏။ စားကုန်သောက်ကုန်များကို လော်ရီပေါ်တွင်သာ မဟုတ်တော့ဘဲ လမ်းဘေးတွင်ခင်းကာ ဈေးတန်းကလေးအဖြစ် ရောင်းပါသည်။ ဘာပဲပြောပြော သူတို့ သည်လိုလာပြီး ဈေးရောင်းတာ ကျွန်တော်တို့အတွက်တော့ အဆင်ပြေပါသည်။

အလုပ်ပိတ်ရက် ညနေပိုင်းများတွင် သူငယ်ချင်းများနှင့် ကျွန်တော်တို့ Discovery Center ထဲရှိ ခုံတန်းလျားကလေး များပေါ် သွားထိုင်ကာ မြေပဲလှော်ကလေးများဝါးရင်း စကားစနေပြောကြပါသည်။ တချို့ကျတော့ မြက်ခင်းများပေါ်တွင် ၀ိုင်းဖွဲ့ကာ ဘီယာသောက်ကြသည်။ တချို့ကျတော့လည်း သည်အထိမလာ။ မိမိတို့အခန်းတွင်ပင် သောက်ကြ စားကြသည်။

တခါတရံ စနေ၊ တနင်္ဂနွေနေ့များတွင် ထို Discovery Centre ရှေ့၌ လူအများ စားစရာသောက်စရာများ၊ ထိုင်စရာများ၊ ထီးများနှင့် တန်းစီနေတာ တွေ့ရတတ်ပါသည်။ အစက သူတို့ဘာတွေတန်းစီနေတယ်ဆိုတာ မသိရ။ နောက်မှ တရုတ်နှစ်ကူး လို၊ ခရစ်စမတ်လို အခါကြီးရက်ကြီးများတွင် ဈေးချရောင်းသော ပစ္စည်းများကို ညအိပ်ညနေ လာတန်းစီခြင်း ဖြစ်ကြောင်း သိရပါသည်။ ပိုက်ဆံ တစ်ဆယ်၊ ဆယ့်ငါးကျပ်လောက် သက်သာမည့်အရေး၊ တစ်ညလုံး ဒုက္ခခံတန်းစီကြသည့် ထိုသူများအား အလွန်အံ့သြမိပါ၏။

တစ်ရက်တွင် ကျွန်တော်နှင့်တစ်ခန်းထည်းအတူနေသူ ကိုဇော်လေးက သူ Keppel Family Day မှ Singapore Discovery ၀င်ခွင့် လက်မှတ်နှစ်စောင်ရသည်။ ထိုနေ့တွင် ကျွန်တော်တို့လည်း အလုပ်ပိတ်သဖြင့် သွားကြည့်ရအောင်ဟု အဖော်လာစပ်ပါသည်။ ထိုအချိန်က Discovery Center ၀င်ကြေးမှာ ၁၅ ကျပ် ထင်ပါသည်။ ကျွန်တော်လည်း ၀မ်းသာအားရ လက်ခံလိုက်ပါ၏။ အထဲရောက်တော့ ကြည့်ဖူးအောင်ဆိုပြီး 3D ရုပ်ရှင်ပါ ၀င်ကြည့်ကြပါသည်။ သည်တုံးက 3D မှာ ပိတ်ကား သေးသေးလေးပေါ်တွင်ပြသော ကာတွန်းကားသာ ဖြစ်ပါသည်။ ၁၅ မိနစ်မျှသာ ကြာ၏။ 3D ရုပ်ရှင်အတွက် ၀င်ကြေးသပ်သပ် ထပ်ပေးရသည်။ ၅ ကျပ်ထင်ပါ၏။ ကျွန်တော် 3D ရုပ်ရှင်စကြည့်ဖူးတာ ၁၉၉၉ ခုနှစ်။

Discovery Centre ဆိုတာလည်း ယခုလောက် မကောင်းသေးပါ။ ယခု ပြထားသည့် လေယာဉ်များ၊ အမြောက်များ၊ သေနတ်ကြီးများ၊ တင့်ကားကြီးများမှာ ထိုစဉ်က Discovery Center ဘေးတွင် မရှိသေးပါ။ ဟိုး စစ်တက္ကသိုလ်ထဲမှာပင် ရှိပါသေးသည်။ ကိုသောင်းတန်နှင့် ကျွန်တော် ထို လေယာဉ်များ၊ တင့်ကားများရှိရာသွားပြီး ဓါတ်ပုံများရိုက်ကြပါသေး၏။ စစ်တက္ကသိုလ် ဆိုသော်လည်း အထဲထိဝင်ကြည့်လို့ရပါသည်။ ယခုလို စစ်တက္ကသိုလ်အတွင်း လှည့်လည်ပြမည့် ကားလည်း မရှိသေး။ ကြည့်ချင်သပဆို ကိုယ့်ဟာကိုယ် ခြေလျင်ရှောက်ကြည့်ရတာ ဖြစ်ပါသည်။ ကျွန်တော်ကတော့ စပ်စပ်စုစု စစ်တက္ကသိုလ် တစ်ပတ်လည် ၀င်းခတ်ထားသည့်နေရာများမှအပ အနှံ့လျှောက်ကြည့်ပါသည်။

(၁၇) စနေဓမ္မမိတ်ဆွေများအဖွဲ့၏ မျိုးစေ့

ကျွန်တော့်အကြောင်းပြောလျှင် စနေဓမ္မမိတ်ဆွေများအဖွဲ့အကြောင်း ချန်ခဲ့လို့မရ။ ကျွန်တော့်ဘ၀တစ်စိတ်တစ်ပိုင်း တွင် စနေဓမ္မမိတ်ဆွေများအဖွဲ့၌ ပါဝင်လှုပ်ရှားခဲ့သည်များမှာလည်း သမိုင်းမှတ်တိုင်တစ်ခုဖြစ်၍ ထိုအကြောင်းကိုလည်း အသေးစိတ် ချယ်မှုန်းပြရပေလိမ့်မည်။ ကျွန်တော်တို့လုပ်တာ ဖတ်မိပြီး အခြားသူများလည်း အားကျကာ လိုက်လုပ်လျှင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် အကျိုးများစွာဖြစ်ထွန်းမည် မဟုတ်ပါလော။

ကျွန်တော်၊ ကိုသောင်းတန်၊ ကိုမြင့်သိန်း၊ ကိုရေချမ်း၊ ကိုဉာဏ်ပိုတို့ အစတည်ကာ စနေဓမ္မမိတ်ဆွေများအဖွဲ့ကို ဖွဲ့စည်းလျှက် မြန်မာပြည်မှ အထောက်အပံ့လိုအပ်လျှက်ရှိသော နေရာများသို့ လှူခဲ့သည်မှာ ယခုဆိုလျှင် ဆယ်နှစ်ပြည့်ပါတော့ မည်။ စနေဓမ္မမိတ်ဆွေများအဖွဲ့ ဟူသည် မိမိနှင့်နီးစပ်ရာ အပေါင်းအသင်းမိတ်ဆွေ သူငယ်ချင်းများထံမှ ၅ ကျပ်၊ ၁၀ စသည် အလှူငွေများ စုဆောင်းကောက်ခံလျှက် ဆင်းရဲချို့တဲ့သည့် အစိုးရစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် နှင့် သီလရှင်သင် ပညာရေးကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ရေတွင်းရေကန်များ၊ လမ်းတံတားများ စသည့်နေရာများသို့ လစဉ်လှူဒါန်းနေသော လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်၏။

နာမည်တစ်ခုအနေနှင့်သာ အဖွဲ့ဟု ဆိုရသည်။ ကျွန်တော်တို့တွင် စနစ်တကျဖွဲ့စည်းပုံ မထားပါ။ အဘယ်ကြောင့် ဆိုသော် အလှူလုပ်သည်ဆိုခြင်းမှာ မိမိစေတနာအလျောက် စိတ်ပါဝင်စားသူများ စုစည်းလုပ်ခြင်းဖြစ်သဖြင့် ဥက္ကဌ၊ အတွင်းရေးမှုး စသဖြင့်မထားပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ၀ိုင်းလုပ်ကြမည်ဟု ခံယူထားသောကြောင့် ဖြစ်ပါသည်။ တစုံတရာဆုံးဖြတ်စရာရှိလျှင် အားလုံးဝိုင်းဝန်း ဆွေးနွေးကာ ဆုံးဖြတ်ကြသည်။ တစ်ဦးတစ်ယောက်ထဲက ခေါင်းခံထားမည့် အစား အားလုံးဝိုင်းကာ ခေါင်းခံကြသည်။ စနစ်တကျဖွဲ့စည်းပုံမရှိပေမင့် ကျွန်တော်တို့အဖွဲ့မှာ အင်မတန်ခိုင်မာသည်။ အလွန် တိကျပြတ်သားသော မူဝါဒကို ကိုင်စွဲထားသည်။ ယခုဆိုလျှင် ကျွန်တော်တို့လှူဒါန်းခဲ့သည်မှာ မြန်မာပြည်အတွင်းမှ နေရာ ပေါင်း ၁၃၅ နေရာသို့ အလှူငွေ မြန်မာကျပ် သိန်း ၇၅၀ ခန့်လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ဤအကြောင်း အလျဉ်းသင့်သလို ဖော်ပြ သွားပါမည်။

ယခုပြောလိုသည်မှာ ထိုအဖွဲ့မည်ကဲ့သို့ စတင် သန္ဓေတည်ခဲ့သည် ဆိုသည့်အကြောင်းဖြစ်ပါသည်။

ဘယ်လိုက ဘယ်လို သတင်းရသည်မသိ။ တစ်ရက်တွင် တရုတ်ဘာသာရေးမစ်ရှင် အဖွဲ့တစ်ဖွဲ့၊ ကျွန်တော်တို့အခန်း သို့ ရောက်ချလာ၏။ သူတို့က သူတို့ကိုယ်သူတို့ မိတ်ဆက်ပေးရင်း လာရခြင်းအကြောင်းရင်းကို ရှင်းပြပါသည်။ အခြားသူများ က ရေရေရာရာ မပြောတတ်သဖြင့် ကျွန်တော်ကပဲ ဦးဆောင်ကာ ဆွေးနွေးပါသည်။

သူတို့အဖွဲ့တွင် ငါးယောက်လောက်ပါသည်။ ကျွန်တော်မှတ်မိသူတို့မှာ အောင် (Aoh)၊ မင်း (Ming) နှင့် ရှယ်လီ (Shirley) တို့ ဖြစ်၏။ သူတို့က သူတို့ကိုယ်သူတို့ ဘယ်ဘာသာဟု မပြောပါ။ သူတို့က ခရစ်ယန်လည်းမဟုတ်၊ ဗုဒ္ဓဘာသာ လည်းမမည်၊ ဟိန္ဒူလို့လည်း ပြောလို့မရ။ နောက် သူတို့ တရားဆွေးနွေးပွဲတွေ လိုက်နားထောင်ရင်းမှ သူတို့မှာ တာအိုဝါဒ ကို လက်ခံကျင့်သုံးနေသူများမှန်း သိရသည်။ တာအိုဝါဒ ဆိုသော်လည်း တာအိုစစ်စစ်မဟုတ်။ ဟိုဘာသာ သည်ဘာသာများမှ ကောင်းနိုးရာရာများကို စုစည်းထားတာ ဖြစ်ပါသည်။

သူတို့က မြန်မာလိုလည်း အနည်းအပါးပြောတတ်သည်။ တွေ့စက “အောင်” က မင်္ဂလာပါအစ်ကို့၊ ကျွန်တော့်နာမယ် အောင် ပါ။ နေကောင်းလား  ဟု မြန်မာလိုနှုတ်ဆက်သဖြင့် ကျွန်တော်တို့မှာ အံ့အားသင့်နေကြပါသေးသည်။ မသိဘူး၊ သွားတော့မယ်၊ နောက်ကျနေပြီ၊ စားပြီးပြီလား၊ အားနာတယ် စသဖြင့် သူတို့ပြောတတ်သည်။ သူတို့တွင် မြန်မာမိတ်ဆွေများ ရှိသဖြင့် ထိုသူတို့ထံမှ သင်ယူထားသည် ဟု သိရသည်။

သူတို့က သူတို့ဘာသာအကြောင်း ဟောရင်းပြောရင်းမှ ကျွန်တော်တို့ကို သူတို့တရားပွဲများသို့ ဖိတ်ပါသည်။ သူတို့က သင်တန်း ဟု ခေါ်၏။ သူတို့တရားသင်တန်းတွင် အင်္ဂလိပ်၊ တမီ၊ ဘင်္ဂါလီ၊ မြန်မာ၊ ထိုင်း စသဖြင့် ဘာသာ သုံးလေး ငါးမျိုးလောက်ရှိပါသည်။ အင်္ဂလိပ်စာအားနည်းသူများ သေသေချာချာ နားလည်စေနိုင်ရန် အင်္ဂလိပ်ဘာသာမှ သက်ဆိုင်ရာ ဘာသာစကားများသို့ အင်္ဂလိပ်လိုတတ်သူများမှတစ်ဆင့် ဘာသာပြန်ပြီး ပြောခိုင်းခြင်း ဖြစ်ပါသည်။

ပထမတော့ ကျွန်တော်အပါအ၀င် လေးငါးဆယ်ဦး သူတို့တရားပွဲများသို့လိုက်ပါ နားထောင်ပါသည်။ သို့သော် ထုံးစံ အတိုင်း နောက်ပွဲများတွင် လူလျော့သွားကာ ဆယ်ယောက်မှသည် ခုနစ်ယောက်၊ ထိုမှ လေးယောက်၊ နောက်ဆုံး ကျွန်တော် နှင့် အခြား စိတ်ဝင်စားသူ တစ်ဦး၊ တစ်ခါတလေ နှစ်ဦးမျှသာ လိုက်ပါတော့၏။ သွားသည်ဆိုရာ၌ သိပ် ဒုက္ခမများပါ။ သူတို့က လာခေါ်သည်။ ပြန်ပို့သည်။ နောက်ပြီး တရားပွဲတွင် တစ်ခုခု (သက်သတ်လွတ်) ကျွေးသည်။

သို့သော် သွားရသည့်နေရာမှာ တစ်ခါတရံ Bedok, တခါတလေ Tampines တွင် ဖြစ်၏။ ကျွန်တော်တို့နေရာနှင့် ဆိုလျှင် စင်ကာပူ အရှေ့ဖျားနှင့် အနောက်ဖျား ဖြစ်သည်။ ကျွန်တော်တို့မှာ နေ့တိုင်း အလုပ်ဆင်းနေရသည်ဖြစ်ရာ ပိတ်ရက် ကလေးတွင် လွတ်လွတ်လပ်လပ် နားချင်သည်။ သည့်အတွက် မည်သူမှ သိပ်မလိုက်ချင်ကြပါ။ ထို့ပြင် စိတ်ဟူသည် မကောင်းမှုတွင်သာ မွေ့လျော်တတ်သည် ဖြစ်ရကား၊ အဆန်လမ်းဖြစ်သော ကောင်းမှုလုပ်မည့်နေရာသို့ မသွားချင်သည်မှာ သဘာဝပင်ဖြစ်၏။

သူတို့တရားသင်တန်းမှာ မဆိုးလှပါ။ စိတ်ဝင်စားစရာကောင်းသလို၊ ဗဟုသုတလည်း ရပါသည်။ များသောအားဖြင့် တော့ လူ့ဘ၀တွင် နေနည်းထိုင်နည်း၊ စိတ်ထားနည်း၊ လူများနှင့်ပေါင်းသင်းဆက်ဆံနည်း။ တစ်နည်းအားဖြင့် ဘ၀နေနည်း အနုပညာကို ဗုဒ္ဓဘာသာမှ ယူလိုက်၊ ခရစ်ယန်ဘာသာမှ ထုတ်ပြလိုက်၊ တာအိုဝါဒမှ ကောက်နှုတ်ပြလိုက်ဖြင့် ကောင်းနိုးရာရာ ကလေးများဖြင့် ဟောပြောပြသ ဆိုဆုံးမသွားတာ ဖြစ်ပါသည်။ ကျွန်တော်ကတော့ အတော်သဘောကျပါသည်။

သင်တန်းသို့ရောက်ပြီဆိုသည်နှင့် သူတို့ဂိုဏ်းခေါင်းဆောင် (ဘာသာတရားစတင်ထူထောင်သူ) သုံးဦးကို အရိုအသေ ပေးရပါသည်။ ထို့နောက် အလှည့်ကျသူတစ်ဦးက ပြောရမည့်ခေါင်းစဉ်အလိုက် ရှင်းလင်းပြောပြ၏။ နာရီဝက် မှ ၄၅ မိနစ်ခန့်ထိ ကြာသည်။ ထို့နောက် အကျွေးအမွေးဖြင့် ဧည့်ခံ၏။ သင်တန်းလာသူ ၃၅ ဦး ၄၀ ခန့် ရှိပါသည်။

ကျွန်တော်က အင်္ဂလိပ်လိုသင်တန်းရော၊ မြန်မာလို သင်တန်းကိုပါ လိုက်ပါနားထောင်သည်။ သို့အတွက် ရက်က နည်းနည်းစိတ်လာသည်။ ကြာတော့ တရားပွဲသွားရမှာ ပျင်းလာသည်။ သူတို့ခေါ်သည့်အခါ ဟိုအကြောင်းပြ၊ သည်အကြောင်းပြနှင့် ရှောင်တတ်လာသည်။ တစ်လလျှင် တစ်ခါ နှစ်ခါလောက်ပဲ သွားတော့သည်။

သည်သင်တန်းသွားရင်း မိတ်ဆွေသစ်များ တိုးလာသည်။ ဓမ္မမိတ်ဆွေလို့ပဲ ခေါ်ကြပါစို့။ သို့သော် ဓမ္မမိတ်ဆွေ စစ်စစ် တော့လည်း မဟုတ်ပါ။ ကျွန်တော်တို့မှာ ဓမ္မသီးသီးမဟုတ်ဘဲ အစုံသုတ်ဖြစ်၏။ ထိုအထဲမှ မိတ်ဆွေအရင်းအချာ ဖြစ်သွားသူ များမှာ ကိုရေချမ်း နှင့် ကိုမြင့်သိန်း ဖြစ်ပါသည်။ ကိုရေချမ်းမှာ (ထိုစဉ်က) ကျွန်တော်တို့နေရာနှင့် သိပ်မဝေးလှသော ဘနွိုင်း (Benoi) ထဲတွင် နေသည်။ “အောင်” တို့က ကျွန်တော်တို့ကို တရားပွဲလာခေါ်လျှင် ကိုရေချမ်းကိုပါ ၀င်ခေါ်သည်။ ထို့ကြောင့် ကျွန်တော်တို့နှင့် ကိုရေချမ်းမှာ ကားပေါ်တွင် စကားပြောရန် အခွင့်အရေးရသည်။ အပြန်တွင်လည်း လမ်းသင့်သဖြင့် အတူ ပြန်ပို့သည်။ သို့အတွက် အသွားရော၊ အပြန်တွင်ပါ ကားအတူစီးခွင့်ရသဖြင့် မကြာမီပင် မိတ်ဆွေများ ဖြစ်သွားကြသည်။

ကိုမြင့်သိန်းကတော့ သင်တန်းဆရာ ဖြစ်၏။ တရုတ်တွေ အင်္ဂလိပ်လိုပြောတာကို သူက မြန်မာလို ပြန်ပြောပြရသည်။ ကျွန်တော်တို့က နားထောင်။ နောက်တော့ ရင်းနှီးသောမိတ်ဆွေများဖြစ်သွားသည်။

စနေဓမ္မမိတ်ဆွေများအဖွဲ့ဖြစ်လာတာကတော့ ကျွန်တော် Tellus Marine ကုမ္ပဏီမှ ထွက်လာပြီးနောက်ပိုင်း ၂၀၀၁ ခုနှစ်ကျမှဖြစ်၏။ ဤတွင် အလျဉ်းသင့်တုံး အဖွဲ့ဖြစ်ပေါ်လာပုံလေး ပြောပြပါမည်။

ထိုစဉ် (၂၀၀၁ ခုနှစ်) က ကိုသောင်းတန်မှာ Tellus ၌ပင် ရှိသေးသည်။ သူက စနေနေ့ညနေပိုင်းများတွင် ကျွန်တော့်ကို ဖုံးဆက်ခေါ်ကာ Jurong Point ရှိ Kopitiam တွင်ထိုင်ကာ ထွေရာလေးပါး စကားစနေပြောကြဆိုကြသည်။ ဤသည်ကို ကိုရေချမ်း၊ ကိုဉာဏ်ပိုနှင့် ကိုမြင့်သိန်းတို့သိသော် သူတို့လည်း ကျွန်တော်တို့စကားဝိုင်းသို့ ပူးပေါင်းလာ၏။ နောက်ထပ် ပူးပေါင်းလာသူမှာ ကိုကျော်နိုင်စိုး ဖြစ်ပါသည်။

ကျွန်တော်တို့က ‘အောင်’ တို့နောက်လိုက်ကာ သူတို့ဟောတာပြောတာများ နားထောင်ရင်း ဤအကြောင်းများကို ကျွန်တော်တို့စကားဝိုင်း၌ ပြန်လည်ဆွေးနွေးကြပါသည်။ သူတို့ပြောတာများမှာ ကောင်းပင်ကောင်းသော်ငြားလည်း ဗုဒ္ဓဘာသာနှင့် ပတ်သက်လျှင်တော့ ကျွန်တော်တို့ သိပြီးသားတွေများသည်။ သို့အတွက် အချိန်ကုန်သလောက် အကျိုးမရှိဟု သုံးသပ်ကြပါသည်။ သည်တော့ သူတို့ထံမသွားတော့ဘဲ ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဗုဒ္ဓဘာသာကျမ်းစာအုပ်များကို ဖတ်ပြီး ကိုယ် ဖတ်မှတ်မိသရွေ့ ပြန်လည်ဆွေးနွေးတာက ပိုအကျိုးရှိမည် ဟု သဘောတူကြသည်။ တစ်ဦးနှင့်တစ်ဦး တရားပေစာများ လဲလှယ်ဖတ်ရှုကြသည်။ (သို့သော်လည်း အစပိုင်းတွင်သာ တရားဆွေးနွေးဖြစ်ပြီး နောက်ပိုင်းတွင် မဆွေးနွေးဖြစ်တော့ပါ။)

သို့နှင့် ကျွန်တော်၊ ကိုသောင်းတန်၊ ကိုရေချမ်း၊ ကိုဉာဏ်ပို၊ ကိုမြင့်သိန်း၊ ကိုကျော်နိုင်စိုး တို့ Jurong Point မှ Kopitiam တွင် စနေနေ့ တိုင်းဆုံကာ တရားဆွေးနွေးကြသတည်း။ စနေနေ့တိုင်းတွေ့ကာ ဓမ္မစကားပြောဆိုသူများဖြစ်သဖြင့် ကျွန်တော်တို့အဖွဲ့ကို စနေဓမ္မမိတ်ဆွေများအဖွဲ့ ဟု ကျွန်တော်ကပင် ကင်မွန်းတပ်လိုက်ပါသည်။

သို့သော် Kopitiam တွင်ထိုင်ရတာ အကန့်အသတ်ရှိသည်။ အခြားသူများကို အားနာရသည်။ သို့အတွက် Kopitiam အစား ရထားလမ်းအောက်မှ ကျောက်ခုံကလေးများသို့ ဘုံပြောင်းခဲ့ကြ၏။ ဤနေရာတွင်လည်း တစ်ခါတရံ အခြားသူများ နေရာဦးထားပြီးဖြစ်လျှင် ထိုအနားမှ PUB ရေကန်အဖုံးပေါ်တက်ထိုင်ကြသည်။ ဤနေရာတွင်တော့ ကြိုက်သလောက်ထိုင် ဘယ်သူ့မှအားနာစရာမလို။ ကျွန်တော်တို့အဖွဲ့မှာ ထိုနေရာတွင် စနေနေ့တိုင်း မပျက်မကွက်တွေ့ကာ အလှူကိစ္စ၊ သာရေး နာရေးကိစ္စ၊ ဘာကိစ္စ၊ ညာကိစ္စများကို နှစ်အတန်ကြာသည်ထိ ပြောကြဆိုကြသော ဟူ၏။

ကျွန်တော်က Jurong Island တွင်အလုပ်ဆင်းရသည်။ စနေနေ့များတွင် အလုပ်မှပြန်လာသောအခါ အိမ်မပြန် တော့ဘဲ Jurong Point သို့လာပြီး သူငယ်ချင်းများကို စောင့်၏။ ကျွန်တော်နေတာက Aljunied တွင် ဖြစ်သည်။ ပြန်လျှင် ရထားနှင့်ပြန်ရသည်။ ကျွန်တော်တို့ဘက်သို့ နောက်ဆုံးထွက်သော ရထားမှာ ည ၁၁ နာရီခွဲ ဖြစ်၏။ သို့အတွက် စကားဝိုင်းကို ည ၁၁ နာရီ မိနစ် ၂၀ လောက်တွင် သိမ်းရသည်။ ကျွန်တော်က နောက်ဆုံးရထားနှင့် ပြန်သည်။ အိမ်ရောက်ရန် တစ်နာရီနီးပါး သွားရသည်။ အိမ်ပြန်ရောက်တော့ ည ၁၂ နာရီခွဲနေပြီ။ အိပ်တော့ နာရီပြန် တစ်ချက်တီး။ နောက်နေ့တွင်လည်း အလုပ်ရှိလျှင် အလုပ်ဆင်းရသည်။

ကျွန်တော်တို့၏ စနေ ဓမ္မစကားဝိုင်းတွင် ဟိုအကြောင်း သည်အကြောင်း ပြောကြဆိုကြရင်း အလကားနေလဲ အချိန်ကုန်မည့်အတူတူ တစ်ခုခုလုပ်ရလျှင် ကောင်းမည် ဟုတိုင်ပင်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့သူငယ်ချင်းများ တစ်လလျှင် အစိတ်စုမည်။ မြန်မာငွေ တစ်သိန်းပြည့်လျှင် တစ်နေရာသို့ တစ်ခါလှူမည်ဟု သဘောတူကြပြီး သကာလ ၂၀၀၁ ခုနှစ် နိုဝင်ဘာလမှစကာ ပိုက်ဆံစတင် ထည့်ဝင်ကြပါသည်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် ကောက်ခံရရှိသော အလှူငွေများမှာ စင်ကာပူဒေါ်လာ ၅၀၀၊ မြန်မာငွေနှင့် ၂ သိန်း။ ထိုစဉ်က ပိုက်ဆံဈေးမှာ စင်ကာပူတစ်ဒေါ်လာလျှင် မြန်မာငွေ ၂၅၀ ကျပ် ဖြစ်၏။ ထိုအခါ ထိုအလှူငွေများကို တစ်နေရာသို့လှူမည်ဟု ဆုံးဖြတ်ကြသည်။

ကျွန်တော်က လတိုင်းလိုလို ရယ်စရာမဂ္ဂဇင်း ၀ယ်ဖတ်သည်။ ထိုမဂ္ဂဇင်းထဲတွင် မော်လမြိုင်အနာကြီးရောဂါ အထူးကု ဆေးရုံ၌ လူနာများအား မျက်စိရောဂါကုသရန် ရန်ပုံငွေ အရေးတကြီးလိုနေသဖြင့် အလှူခံထားသောကြော်ငြာ ပါလာသည်။ ဆက်သွယ်ရန်လိပ်စာမှာ ဆရာဝန်ကြီး ဒေါက်တာစောဝါးထူး ဖြစ်၏။ သို့နှင့် ကျွန်တော်တို့ ဆရာကြီးထံသို့ အလှူငွေမည်ကဲ့သို့

ပို့ရမည့်အကြောင်း ဖုံးဆက်ကာ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပင်နင်စူလာရှိ မော်လမြိုင်ဆိုင်မှတစ်ဆင့် ငွေလွှဲလိုက်သည်။

ကောက်ခံရရှိသော အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဆရာကြီးက ၀မ်းသာအားရ ကျွန်တော်တို့ဆီ စာပြန်လိုက်ပါသည်။ စာမှာ အောက်ပါအတိုင်းဖြစ်ပါ၏။
ရှေ့လတွင် ကျွန်တော်၏ စင်ကာပူ ပထမ ၂ နှစ် အတွေ့အကြုံ နောက်ဆုံးပိုင်းကို ဆက်လက်ရေးသားပါမည်။

Sunday, March 20, 2011

ယုန်သူငယ် ၊ပညာ၏တန်ဖိုး နှင့် ကာလာမသုတ်

ဆီနေရီယို (၁)


အခါတစ်ပါးတွင် ယုန်သူငယ်တစ်ကောင်သည် မြန်မာပြည်၊ နေပြည်တော်တိုင်းအတွင်းမှ တစ်ခုသော တောအုပ် အတွင်းရှိ ထန်းလက်ခြောက်တစ်ခုအောက်တွင် ၀ပ်လျှက် အင်း၊ ဂျပန်မှာ နျူကလီးယားစက်ရုံပေါက်ပတဲ့။ အက်စစ်မိုးဆိုလား ငါတို့ဆီမှာ ရွာမယ်လို့ ကောလဟလတွေထွက်နေတယ်။ အက်စစ်မိုးများရွာရင် ငါ ဘယ်သွားမိုးခိုရပါ့ ဟု အမျိုးမျိုးအဖုံဖုံ စဉ်းစားတွေးတောကာ စိုးရိမ်ပူပန်လျှက် ရှိ၏။ ထိုအခိုက် ရင့်မှည့်လျှက်ရှိပြီဖြစ်သော်လည်း မကြွေချင်သေးဟု အတင်းကုပ်ကပ်ကာ မိမိနေရာကို အတင်းဆုပ်တွယ်ထားသော ထန်းသီးအိုကြီးတစ်လုံးသည် သင်္ခါရသဘောကို မည်သို့မှ မလွန်ဆန်နိုင်တော့သောကြောင့် မကြွေချင်ဘဲ ကြွေကျလာလေ၏။ ထန်းသီးအိုကြီးသည် ပင်မြင့်ထက်မှ ခွေးကျဝက်ကျ ပြုတ်ကျလာလေရာ ယုန်သူငယ်ဝပ်နေသော ထန်းလက်ခြောက်ပေါ်သို့ ၀ုန်း ဟူသည့် ပြင်းစွာသောအသံကြီးကို ဖြစ်စေလျှက် ကျသတည်း။

ဂျပန်ငလျင်ကြောင့် အကြောက်ကြီးကြောက်လျှက်ရှိသော ယုန်သူငယ်မှာ မိမိအနီးတွင်ကပ်လျှက် ကြောက်မက် ဖွယ်ရာ အသံကြီးကို ကြားလေသော် ဟိုက်၊ ဂျပန်ငလျင် ငါတို့ဆီရောက်လာပဟ၊ ဧကန္တ ဒါ မြေပြိုတာဘဲ ဖြစ်မယ် ဟု ကြောက်လန့်တကြား အတင်းထွက်ပြေးလေ၏။

ယုန်သူငယ်ပြေးသည်ကို မြင်သော် ချေငယ်တို့က ဘာ့ကြောင့်ပြေးသနည်းဟု စူးစမ်း၏။ ယုန်ငယ်ထံမှ မြေပြိုကြောင်း သိရသော် သူတို့လည်း ရောယောင်ပြေးကြ၏။ ယုန်နှင့် ချေငယ်တို့ပြေးသည်ကို မြင်သော် သမင်တို့က ဘာ့ကြောင့်ပြေး သနည်း ဟု စူးစမ်း၏။ ထို့နောက် သမင်တို့လည်း ယောင်တောင်ပေါင်တောင်နှင့် ပြေးကြပြန်၏။ ထိုမှတဆင့် တောဝက် တို့သည်လည်းကောင်း၊ ခွေးအတို့သည်လည်းကောင်း၊ နောက် သားကောင်ကြီးများဖြစ်သော မြင်းကြား၊ ကျားသစ်၊ ကျား၊ ဆင် စသည်တို့လည်း ပြေးကြပြန်ရာ မြန်မာတစ်ပြည်လုံး (ဟုတ်ပေါင် ယောင်လို့) တောအုပ်တစ်ခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်ကြကုန်၏။

တောနေသားကောင်အပေါင်းတို့ ရုန်းရင်းဆန်ခတ် ပြေးလွှားနေသည်ကို တွေ့ရသည့် ခြင်္သေ့မင်းသည် တစ်ခုသော အကောင်ကို ဘာဖြစ်ကြတာတုံးကွယ်ရို့ ဟု မေးမြန်းစုံစမ်း၏။ ထိုအခါ ထိုအကောင်က မြေပြိုလို့ပါ အရှင်မင်းကြီး ဟု သံတော်ဦးတင်၏။ မြေပြိုတာကို မင်းမြင်ခဲ့သလားကွဲ့ ဟု ကေသရာဇာက မေး၏။ ဟင့်အင်း၊ ကိုသောင်းတန်ပြောတာပဲ ဟု (ဟုတ်ပေါင်) ဟိုက ခွေးအ ပြောတာပဲဟု ဖြေ၏။ ခွေးအကိုမေးပြန်သော် ကျားသစ်ကို လက်ညှိုးထိုး၏။ ကျားသစ်မှ ဆင်၊ ဆင်မှ - - - - - နောက်ဆုံး ယုန်သူငယ်ဆီရောက်သတည်း။

ခြင်္သေ့မင်းက မြေပြိုတယ်လို့ပြောတာ မောင်မင်းလားကွဲ့။ မြေပြိုတာကို မင်းမြင်ခဲ့လို့လား ဟု မေး၏။ မြေပြိုသံကြီးကို ကျွန်တော်မျိုးကြီး နားနဲ့ ဆတ်ဆတ် ကြားခဲ့ပါတယ်ဘုရား ဟု ယုန်သူငယ်လည်း တင်လျှောက်၏။ ကိုင်း၊ မောင်မင်း။ င့ါကို မြေပြိုတဲ့နေရာလိုက်ပြစမ်းကွယ် ဟု ပြောလေသော် ယုန်သူငယ်လည်း သူဝပ်ခဲ့ သော နေပြည်တော်အနီး တောအုပ်အတွင်းမှ ထန်းလက်ခြောက်ကို ပြသတည်း။

ထိုမှ အဖြစ်မှန်ကိုသိလေသော် အင်း၊ မင်း သေသေချာချာ မစဉ်းစား မတွေးခေါ်တတ်တာ မင်းအပြစ်မဟုတ်ဘူးကွဲ့၊ မင်းကိုသင်ပေးလိုက်တဲ့ ကျောင်း အဲလေ ပညာရေးစနစ်ကြီးရဲ့အပြစ်ပေဘဲ။ ဒီကိစ္စလွှတ်တော် အမြန်ခေါ်မှ ဖြစ်မယ်ဟု ခြင်္သေ့မင်းလည်း စဉ်းစားတွေးတောကာ နေလေသတည်း။

ဆီနေရီယို (၂)

ဂျပန်ပြည်တွင် ငလျင်လှုပ်သော် ပထမ အထိတ်တလန့်ဖြစ်ကြ၏။ မတုန်လှုပ်သေး။ ထို့နောက် ငလျင်ပြင်းအားမှာ 8.9 – 9.0 ထိတက်လာပြီးနောက် နျူကလီးယားဓါတ်ပေါင်းဖိုကြီး မီးလောင်လေသော် တစ်ကမ္ဘာလုံး ကြိမ်မီးအုံးသို့ဖြစ်သတည်း။ အခြားသူများကြိမ်မီးအုံးသည်ထက် ကျွန်တော်တို့ ကိုရွှေဗမာများကြိမ်မီးအုံးခြင်းက တမူထူးခြားလေသည်။ (သို့သော် အင်တာနက်တွင်ရှာကြည့်ရာ ဤကောလဟလမှာ မြန်မာများအကြားတွင်မဟုတ်၊ အာရှတလွှား (ဖိလစ်ပိုင်၊ မလေးရှား စသည်) မှာပါ ပျံ့နှံ့ခြင်းဖြစ်သည်။ ထိုကောလဟလကား အက်စစ်မိုးများ ရွာတော့မည်၊ သတိထားကြပါ ဟူ၏။ အောက်ပါ မက်ဆေ့ခ်ျကို ကြည့်ပါ။

The Fukushima Daiichi (Dai-ichi) Nuclear Power Plant blast in Japan is now causing worries to the people here in the Philippines.


Two hydrogen explosions happened at the Fukushima Dai-ichi Nuclear Power Plant. The first one was last Saturday, a day after the earthquake, then another one just today, Monday.


AssociatedPress posted on Youtube a video of the recent explosion. Watch!


Now, the Filipinos are feeling worried after 2 warning messages circulate thru text or SMS.


One text message says that the nuclear power plant blast or the radiation leak in Japan might bring radioactive clouds to the Philippines and pour acid rain.


The text message warns the people not to go out when it's raining because of the dangerous acid rain. "WARNING: 4:30 in the afternoon, sumabog ang isang nuclear power plant in Fukushima, Japan. Kapag umulan daw mamaya at bukas, wala daw lalabas. Kapag lalabas ka, siguraduhing hindi mabasa ng ulan dahil delikado ito at posibleng masunog balat nyo, makalbo o magka-cancer. HAVE MERCY. Pls pass!"

Then the other text message is allegedly a news flash from BBC News in the UK. It says, "BBC Newsflash! Japan gov't confirms explosion, radiation leak at Fukushima Daiichi nuclear power plants. Asian countries should take necessary precautions. Remain indoors first 24 hrs. Close doors or windows. Swab neck skin with betadine were thyroid area is, radiation hits thyroid first. Take extra precautions. Radiation may hit Phil. starting 4PM today. Pls send to your love ones. Prevention is better than cure. So no more harm to be more cautious esp. for our health. God bless us all."

ထိုနေ့က ကျွန်တော့်ထံ telephone message များ တတွမ်တွမ်နှင့် ရောက်လာပါသည်။ မိတ်ဆွေများရသော sms အတိုင်းဖြစ်ပါ၏။ မြန်မာပြည်သား လူအပေါင်းတို့လည်း အထိတ်တလန့်ဖြစ်ကုန်၏။ ကျွန်တော့်ကို စိုးရိမ်တကြီး သတင်းပေးပို့ ကြသော မိတ်ဆွေအပေါင်းကို ကျေးဇူးတင်ပါသည်။ သို့သော် --

ခင်ဗျားတို့ ကျွန်တော်တို့သည် နလဗိန်းဒုံးများ မဟုတ်ကြပါ။ အားလုံး ထိုက်သင့်အားလျော်သော ပညာကို တတ်မြောက်ထားသူများ ဖြစ်ကြပါသည်။ ၀င်လာသော ဖုံးမက်ဆေ့ခ်ျများ မည်မျှမှန်ကန်သနည်း ဆိုသည်ကို မိမိဘာသာ ဆန်းစစ်ကြည့်နိုင်ပါသည်။

ပထမ မက်ဆေ့ခ်ျထဲတွင် ရည်ညွှန်းထားသော BBC Flash News တွင် ၀င်ကြည့်လိုက်ပါ။ ခင်ဗျားတို့ ကျွန်တော်တို့ လက်ညှိုးထိပ်တွင် တစ်ကမ္ဘာလုံး၏သတင်းကို အချိန်မရွေး ကြည့်နိုင်သော အခွင့်အရေး ရှိနေပါသည်။ ထို BBC Flash News တွင် ဘာပါသနည်း။ ဘာမှ မပါပါ။

ဒါဆို ဒုတိယ - နျူကလီးယား ရေဒီရေးရှင်းကြောင့် အက်စစ်မိုးရွာနိုင်သလား ဆိုတာ ပြန်ဆန်းစစ်ပါ။

ပထမ Nuclear Radiation ဆိုတာဘာလဲ ကြည့်ရအောင်။

Nuclear radiation


McGraw-Hill Science & Technology Encyclopedia:
(nuclear physics)


All particles and radiations emanating from an atomic nucleus due to radioactive decay and nuclear reactions. Thus the criterion for nuclear radiations is that a nuclear process is involved in their production. The term was originally used to denote the ionizing radiations observed from naturally occurring radioactive materials. These radiations were alpha rays (energetic helium nuclei), beta rays (negative electrons), and gamma rays (electromagnetic radiation with wavelength much shorter than visible light). See also Alpha particles; Beta particles; Gamma rays.


Nuclear radiations have traditionally been considered to be of three types based on the manner in which they interact with matter as they pass through it. These are the charged heavy particles with masses comparable to that of the nuclear mass (for example, protons, alpha particles, and heavier nuclei), electrons (both negatively and positively charged), and electromagnetic radiation. For all of these, the interactions with matter are considered to be primarily electromagnetic. The behavior of mesons and other particles is intermediate between that of the electron and heavy charged particles.


A striking difference in the absorption of the three types of radiations is that only heavy charged particles have a range. That is, a monoenergetic beam of heavy charged particles, in passing through a certain amount of matter, will lose energy without changing the number of particles in the beam. Ultimately, they will be stopped after crossing practically the same thickness of absorber. For electromagnetic radiation (gamma rays) and neutrons, on the other hand, the absorption is exponential. The difference in behavior reflects the fact that charged particles are not removed from the beam by individual interactions, whereas gamma radiation photons (and neutrons) are removed. Electrons exhibit a more complex behavior. See also Electron; Nuclear reaction.


Nuclear radiation (biology)


Nuclear radiations are used in biology because of their common property of ionizing matter. This makes their detection relatively simple, or makes possible the production of biological effects in any living cell.


Ionizing radiation is any electromagnetic or particulate radiation capable of producing ions, directly or indirectly, in its passage through matter.


All ionizing radiations produce biological changes, directly by ionization or excitation of the atoms in the molecules of biological entities, such as in chromosomes, or indirectly by the formation of active radicals or deleterious agents, through ionization and excitation, in the medium surrounding the biological entities. Ionizing radiation, having high penetrating power, can reach the most vulnerable part of a cell, an organ, or a whole organism, and is thus very effective. In terms of the energy absorbed per unit mass of a biological entity in which an effect is produced, some ionizing radiations are more effective than others. The relative biological effectiveness (RBE) depends in fact on the density of ionization (also termed the specific ionization or linear energy transfer, LET) along the path of the ionizing particle rather than on the nature of the particle itself. Relative biological effectiveness depends also on many other factors. See also Radiation biology.


The medical uses of nuclear radiations may be divided into three distinct classes:


1. The radiations, which are principally x-rays, are used to study the anatomical configuration of body organs, usually for the purpose of detecting abnormalities as an aid in diagnosis.


2. The radiations are used for therapeutic purposes to produce biological changes in such tissues as tumors.


3. The radiations are used as a simple means of tracing a suitable radioactive substance through different steps in its course through the body, in the study of some particular physiological process.
________________________________________


Oxford Dictionary of the US Military:


nuclear radiation


Particulate and electromagnetic radiation emitted from atomic nuclei in various nuclear processes. The important nuclear radiations, from the weapons standpoint, are alpha and beta particles, gamma rays, and neutrons.


All nuclear radiations are ionizing radiations, but the reverse is not true; X-rays, for example, are included among ionizing radiations, but they are not nuclear radiations since they do not originate from atomic nuclei.


See the Introduction, Abbreviations and Pronunciation for further details.


US Defense Department Military Dictionary:


nuclear radiation


(DOD, NATO) Particulate and electromagnetic radiation emitted from atomic nuclei in various nuclear processes. The important nuclear radiations, from the weapon standpoint, are alpha and beta particles, gamma rays, and neutrons. All nuclear radiations are ionizing radiations, but the reverse is not true; X-rays for example, are included among ionizing radiations, but they are not nuclear radiations since they do not originate from atomic nuclei.

နောက်ပြီး အက်စစ်မိုးဆိုတာဘာလဲ။ လေ့လာကြည့်ပါ။

Acid rain is a rain or any other form of precipitation that is unusually acidic, i.e. elevated levels of hydrogen ions (low pH). It can have harmful effects on plants, aquatic animals, and infrastructure through the process of wet deposition. Acid rain is caused by emissions of sulfur dioxide and nitrogen oxides which react with the water molecules in the atmosphere to produce acids. Governments have made efforts since the 1970s to reduce the release of sulfur dioxide into the atmosphere with positive results. Nitrogen oxides can also be produced naturally by lightning strikes and sulfur dioxide is produced by volcanic eruptions.


Definition


"Acid rain" is a popular term referring to the deposition of wet (rain, snow, sleet, fog, cloudwater, and dew) and dry (acidifying particles and gases) acidic components. A more accurate term is “acid deposition”. Distilled water, once carbon dioxide is removed, has a neutral pH of 7. Liquids with a pH less than 7 are acidic, and those with a pH greater than 7 are alkaline. “Clean” or unpolluted rain has a slightly acidic pH of over 5.7, because carbon dioxide and water in the air react together to form carbonic acid, but unpolluted rain also contains other chemicals.[1]


H2O (l) + CO2 (g) H2CO3 (aq)


Carbonic acid then can ionize in water forming low concentrations of hydronium and carbonate ions:


H2O (l) + H2CO3 (aq) HCO3− (aq) + H3O+ (aq)


Acid deposition as an environmental issue would include additional acids to H2CO3.


Emissions of chemicals leading to acidification


The most important gas which leads to acidification is sulfur dioxide. Emissions of nitrogen oxides which are oxidized to form nitric acid are of increasing importance due to stricter controls on emissions of sulfur containing compounds. 70 Tg(S) per year in the form of SO2 comes from fossil fuel combustion and industry, 2.8 Tg(S) from wildfires and 7-8 Tg(S) per year from volcanoes.[21]


Natural phenomena


The principal natural phenomena that contribute acid-producing gases to the atmosphere are emissions from volcanoes. Thus, for example, fumaroles from Laguna Caliente crater of Poás Volcano create extremely high amounts of acid rain and fog with acidity 2 of pH, clearing an area of any vegetation and frequently causing irritation to the eyes and lungs of inhabitants in nearby settlements.[22] Acid-producing gasses are created also by biological processes that occur on the land, in wetlands, and in the oceans. The major biological source of sulfur containing compounds is dimethyl sulfide.


Nitric acid in rainwater is an important source of fixed nitrogen for plant life, and is also produced by electrical activity in the atmosphere such as lightning.


Acidic deposits have been detected in glacial ice thousands of years old in remote parts of the globe.[13]


Soils of Coniferous forests are naturally very acidic due to the shedding of needles and this phenomenon should not be confused with acid rain.

ဒါဖြင့်ရင် နျူကလီးယားရေဒီရေးရှင်းကြောင့် အက်စစ်မိုးရွာတယ်ဆိုတာ အရူးချေးပန်းလျှောက်ပြောထားတာ ဆိုတာ သိပ် သေချာပါတယ်။ ရေဒီရေးရှင်းနဲ့ အက်စစ် ဘယ်လိုဆက်စပ်တယ်ဆိုတာ ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နဲ့ ဘယ်လိုမှ ဆက်စပ်တွေးခေါ်လို့ မရကြောင်းပါခင်ဗျား။

အောက်မှာ ဦးထွန်းလွင် ရေးထားလေး ဖတ်ကြည့်ပါ။


+++++++++++++++++++++++++++++


ဒီကနေ့တစ်နေ့လုံး သာဂိတော့ ကံမကောင်းပါဘူးဗျာ။ ဆက်လိုက်ကြတာ မေးလိုက်ကြတာ။ တစ်နေကုန် ပါဘဲ။


မုန်တိုင်းဖြစ်မယ်ဆိုတာ ဟုတ်ပါသလား ? တဲ့။


ဂျပန်က နျူကလီယာဓါတ်ပေါင်းဖိုတွေပေါက်ကွဲကုန်လို့ မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာမယ်၊ အာဆီယံနိုင်ငံတွေ အားလုံး ထိခိုက်ကုန်လိမ့်မယ်ဆိုတာ ဟုတ်ပါသလား ? တဲ့။ အင်ဒိုနီးရှားကစပြီး သတင်းထုတ်တာတဲ့။


ကဲဗျာ။ တစ်ခုချင်း စဉ်းစားကြရအောင်။


ဘင်္ဂလားပင်လယ်အော်ထဲမှာ အခုအချိန်အထိ ဘာမုန်တိုင်းမှ မရှိပါဘူးဗျာ။ မုန်တိုင်းဝေးလို့ လေဖိအားနည်းရပ်ဝန်းတောင် ပီပီပြင်ပြင်မရှိသေးပါဘူး။ လောလောဆယ် မုန်တိုင်းစမယ့်အလားအလာ ပြနေတာကတော့ အိန္ဒိယသမုဒ္ဒယာ (ကမ္ဘာ့တောင်ဖက်ခြမ်း)ဘဲရှိပါတယ်။


နောက်တစ်ခါ ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းက ဂျပန်နိုင်ငံ အရှေ့မြောက်ဖက်ပိုင်းမှာ အင်အား ၉.၀ လောက်ရှိတဲ့ ရေအောက်ငလျင်ကြီးလှုပ်လို့ ဆူနာမီရေလှိုင်းတွေ တက်လာရာမှာ ဂျပန်နိုင်ငံမှာ အကြီးအကျယ် ထိခိုက်သေကျေ ခဲ့ရပါတယ်။ အဆိုးဆုံး ကတော့ နျူကလီယာဓါတ်ပေါင်းဖို(၅)ခုအနက် Fukushima Power Plant မှာရှိတဲ့ Reactor လေးခုကို မြေငလျင်လှုပ်ရှားမှုဒဏ် နဲ့ ဆူနာမီရေလှိုင်း ဒဏ် ခံခဲ့ရလို့ ဓါတ်ပေါင်းဖိုတွေရဲ့ cooling system တွေ ပျက်ပြားသွားခဲ့ရ ခြင်းဖြစ်ပါတယ်။ ဒီအအေးခံတဲ့ စံနစ်တွေပျက်ပြားသွားခဲ့တဲ့အတွက် ရေတွေခမ်းသွားပြီး၊ ဓါတ်ပေါင်းဖိုအတွင်းမှာ ရှိကြတဲ့ (၄)မီတာ အရှည်ရှိတဲ့ သံမဏိချောင်းတွေ အပူချိန်မြင့်တက်လာစေပါတယ်။ နောက်တော့ အရည်ပျော်ကျ ကုန်တယ်။ ဒီနေရာမှာ စက်မှာတပ်ဆင်ထားတဲ့ အရေးပေါ်အအေးခံစံနစ်တွေနဲ့ အလိုအလျောက် အအေးခံပေးခဲ့ရာမှာ အဲဒီအရေးပေါ် စံနစ်ကပါ ပျက်စီးသွားခဲ့ရပြန်ပါတယ်။ ဒီတော့ တတိယအဆင့် SR(Safety Relief) ကိုသုံးပြီး အအေးခံစေခဲ့ပြန်ပါတယ်။ ဒီလိုသုံးရာမှာလည်း ပထမ Nuclear Plant ကတော့ တပ်ဆင်ထားတဲ့ reactor ဟာ ပေါက်ကွဲသွားခဲ့ပါတယ်။ နောက်တစ်နေ့မှာ တစ်ခါ ဒုတိယ Plant မှာ reactor ထပ်ပေါက်ကွဲသွားပြန်ပါတယ်။ အခုနောက်ဆုံး တတိယ Reactor ပါ ပေါက်ကွဲသွား ပြန်ပါတယ်။


အခုတော့ ပင်လယ်ရေများကို သွင်းပြီးအအေးပေးတဲ့စံနစ်ကို သုံးခဲ့ပြန်ပါတယ်။ နောက်ဆုံးအခြေအနေကတော့ 4 m ရှည်တဲ့ Fuel Rod တွေကို ထက်ဝက် 2 m ခန့်ရေမြုပ်အောင် လုပ်ပေးထားနိုင်ပြီဖြစ်ပါတယ်။ စိတ်ချရပြီလို့ မပြောနိုင်သေးပေမယ့် အန္တရာယ်ရှိမှုဟာ သာမာန် အဆင့်ထက် မကျော်သေးဘူးလို့ ဆိုပါတယ်။


အဲဒီမှာ သတင်းတွေက ၀င်လာတော့တာဘဲ။ နျူကလီယာဓါတ်ပေါင်းအိုးတွေပေါက်လို့ မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ် တဲ့။ မိုးရေတွေ မချိုးကြပါနဲ့တဲ့။ အပြင်မထွက်ကြပါနဲ့တဲ့။


ကဲဗျာ။ တိုတိုဘဲပြောပါရစေတော့။


(၁) Nuclear Plant ကနေ Radioactive ဓါတ်ငွေ့တွေ ယိုစိမ့်မှုဖြစ်လာရင် ဒါဟာ အလွန်အန္တရာယ်ကြီးမားပါတယ်။ ဥပမာ Chernobyl Incident ဟာ အကောင်းဆုံး ဥပမာဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ အများအားဖြင့် local incident တွေသာ ဖြစ်ပါတယ်။


(၂) ဂျပန်နိုင်ငံမှာတောင် လောလောဆယ်မှာ radiation level ဟာ အန္တရာယ်အဆင့် မရှိသေးပါဘူး။ စောင်ကြည့်နေဆဲ ဖြစ်ပါတယ်။


(၃) Nuclear Plant တွေဟာ ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာ ရှိနေပြီး၊ အဲဒီ နေရာနဲက အနီးဆုံးနိုင်ငံဟာ ရုရှားနိုင်ငံအရှေ့ဖက်အစွန်းဒေသဖြစ်ပါတယ်။ အဲဒီမှာ လည်း radioactivity level ဟာ အခုအထိ ပုံမှန်ရဲ့အောက်မှာဘဲ ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် alert တော့လုပ်ထားပါတယ်။ ဒါပေမယ့် ထိခိုက်မှုကတော့ အနည်းဆုံးသာဖြစ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။


(၄) Nuclear Plant က Nuclear Bomb လို ပေါက်ကွဲမှာ မဟုတ်ပါဘူး။ ဓါတ်ငွေ့တွေ ယိုစိမ့်လာပြီး လူတွေကို ဓါတ်ရောင်ခြည်သင့်စေမှာကိုသာ စိုးရိမ်ရတာဖြစ်ပါတယ်။


(၅) လောလောဆယ် ဂျပန်အပေါ်မှာတိုက်ခတ်နေတဲ့လေတွေဟာ အားကောင်းတဲ့ အနောက်လေစီးကြောင်းတွေသာဖြစ်တဲ့ ရေဒီယိုသတ္တိကြွဓါတ်တွေဟာ ဂျပန်ရဲ့ အရှေ့ဖက် ပစိဖိတ်သမုဒ္ဒယာထဲကိုသာ ရွေ့စေမှာဖြစ်ပါတယ်။


ဒီတော့ ယခုအချိန်အထိ မြန်မာနိုင်ငံမှာ ဘာမှ စိုးရိမ်စရာမရှိတဲ့အပြင် မြန်မာနိုင်ငံကို အကျိုးသက်ရောက်ဖို့ အခြေအနေ အလွန်နည်း (လုံးဝမရှိ သလောက်)ပါဗျာ။

+++++++++++++++++++++++

နောက်ပြီး အောက်ကဟာလေးလဲ ဖတ်ပါအုံး။

BBC Flash News


The operator of the stricken Fukushima nuclear plant No. 1 on Saturday said a reactor container was not damaged


A fake text message after the tsunami in Japan is surrounding that the radiation leaked from the Fukushima nuclear plant in Japan. This message is faked and it says the radiation is leaked. The founder of this message state this news is reported by BBC in its flash News. This message spreads in whole Asia in no time, and I receive this message in pakistan as well. People from Philippines are also receiving this message, and all are worried about it. The BBC news has issued a statement, and they deny this text message and tell BBC not issue this news and its totally faked.

ဆီနေရီယို (၃)

အခါတစ်ပါးတွင် မြတ်စွာဘုရားအား ကာလာမသတို့သားတို့က အောက်ပါအတိုင်း မေးလျှောက်၏။

“အရှင်ဘုရား၊ ကေသပုတ္တိသို့ ရသေ့ပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။ သူတို့သည် သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။ သူတစ်ပါး၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။ ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။ ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။ သူတို့ကလည်း သူတို့၏ အယူဝါဒများကိုသာ ရှင်းလင်းပြကြ၍ ထင်ရှားစေကုန်ကြပါသည်။ အခြားသူများ၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။ ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။ ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဘွယ်သော ဤရသေ့၊ ပုဏ္ဏားတို့တွင် မည်သူက အမှန်စကားပြော၍ မည်သူက မမှန်တရား ဟောသွားကြသည်ကို မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုပ်ထွေးကာ သံသယဖြင့် တွေဝေလျှက် ရှိကြရပါသည် ဘုရား။”

ထိုအခါ ဘုရားရှင်ကိုယ်တော်မြတ်က အောက်ပါအတိုင်း ပြန်လည် မြွက်ကြားတော် မူလိုက်သည်။

“ဟုတ်ပေသည် ကာလာမအမျိုးသားတို့၊ ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့် သင်တို့သည် ယုံမှားသံသယ ရှိသင့်ကြပေသည်။ စိတ်ရှုပ်ပွေခြင်း ဖြစ်သင့်ကြပေသည်။ ယခု ရှုကြပေလော့၊ ကာလာမ အမျိုးသားတို့။


သတင်းစကားကို ကြားရုံမျှဖြင့် နားမယောင်နှင့်။ အစဉ်အလာဖြစ်ပေသည် ဟူ၍လည်း လက်မခံနှင့်။ လူပြောသူပြော တစ်ဆင့် စကားကိုလည်း မယုံလေနှင့်။ ဘာသာရေးကျမ်းကြီးများကို ကိုးကားပြော၍လည်း မှန်လှပြီဟု မထင်လေနှင့်။ တက္ကနည်းနှင့် ဆင်ခြင်ကြံဆ ယူရုံမျှကိုလည်း နားမယောင်လေနှင့်။ ပုံပန်းသဏ္ဍာန် အမြင်ကိုကြည့်၍လည်း မဆုံးဖြတ်လေနှင့်။ ရော်ရမ်း မှန်းဆယူရသောသဘော ထင်မြင်ချက်တို့ကိုလည်း အမှန်ဟု မမှတ်ယူလေနှင့်။ ဖြစ်နိုင်ကောင်း၏ ဟု ထင်မြင်ရယုံနှင့်လည်း မယုံကြည်ပါလေနှင့်။ အသင်တို့ ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း မှန်လှပြီဟု တထစ်ချ မမှတ်ကြကုန်ရာ။


အို၊ ကာလာမနွယ်ဖွား အမျိုးကောင်းသားတို့ -


အချို့သောအကြောင်းတရားသည် အကုသိုလ်ဖြစ်သည်၊ မမှန်ကန်၊ မကောင်းကျိုးကိုဖြစ်စေသည် ဟု သင်တို့ ကိုယ်တိုင် ကိုယ်ကျ သိရှိ၏။ ထိုအကြောင်းတရားများကို စွန့်ပယ်ကြကုန်လော့။ အချို့အကြောင်းတရားများမှာမူ ကုသိုလ်ဖြစ်သည်၊ ကောင်းကျိုးကိုဖြစ်စေသည် ဟု သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။ ထိုအကြောင်းတရားများကို နှစ်သက်စွာလက်ခံ၍ လိုက်နာ ကျင့်ကြံကြပေတော့။


(၄) နိဂုံး

သည်ကိစ္စတွင် မည်သူ ယုန်သူငယ်ဖြစ်သနည်း ဆိုသည်ကို ကျွန်တော်မသိပါ။ မည်သူမျှလည်း မသိနိုင်ပါ။ သို့သော် ယုန်သူငယ် မည်သူဖြစ်သည် ဆိုခြင်းထက် ကျွန်တော်တို့မှာ ထို ယုန်သူငယ်နောက် ရှောက်ပြေးလိုက်နေသော တောခွေးအ များ မဖြစ်ဖို့ ပို အရေးကြီးပါသည်။ သတင်းပေးတာ ပေးတာပဲ။ သို့သော် မဟုတ်သော သတင်းကို ပေးခြင်းကတော့ မည်သူ့အတွက်မှ အကျိုးမရှိပါ။

ဒါဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ ဟု ကျွန်တော် ဦးခေါင်းတစ်ခုလုံး ထူပူလာသည်ထိ စဉ်းစားကြည့် ပါသည်။ ကျွန်တော်တို့တွေကို ကြောင်းကျိုးဆက်စပ်တွေးခေါ်တတ်အောင် သင်မပေးလိုက်သော၊ ပေးသမျှ မေးခွန်းရဲ့ အဖြေကိုသာ အလွတ်ကျက် ဖြေလာခဲ့သော ပညာရေးစနစ်ကြောင့်လား ဆိုတာ တွေးနေမိပါသည်။ ဒါတင်မဟုတ်ပါ။ တော်ကြာ ကောင်းကင်မှာ လနှစ်စင်းထွက်တော့မတဲ့။ ဘယ်နှစ်မှာတော့ဖြင့် ကမ္ဘာကြီးပျက်တော့မတဲ့။ နေနှစ်စင်း ထွက်တော့ မတဲ့။ ဘာတဲ့ ညာတဲ့။ သတင်းမျိုး စုံလှပါသည်။

သတိရလို့ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်လောက်က အဖြစ်အပျက်ကလေး ပြန်ပြောပြချင်ပါသေးသည်။ ကိုးရီးယားတွင် ဖြစ်ပါ၏။ ဘုန်းကြီးတစ်ပါးက သည်နှစ်ကုန်လျှင် ကမ္ဘာပျက်ဘို့သေချာသည်။ သည်တော့ ရှိသမျှ ရောင်းချကာ အလှူအတန်းလုပ်ပစ်ဘို့ ပြောပါ၏။ တပည့်များလည်း ဘုန်းကြီးစကားနားထောင်ကာ ရှိသမျှ အကုန်ရောင်းလိုက်ကြသည်။ နှစ်ကုန်၍ ဘာမှမဖြစ်လာသောအခါ ဘုန်းကြီးက ဆောရီး ဟု ပြောလိုက်၏။ တပည့်များမှာတော့ ခွေးဖြစ်သွားသည်။

သည်အကြောင်းနှင့် ခပ်ဆင်ဆင် ဆောင်းပါးတစ်ပုဒ် ယခင်က ရေးခဲ့ဖူးပါသည်။ ကျွန်တော့ဘလော့ဂ်တွင် ဖတ်ကြည့်ပါ။
http://shwenyein.blogspot.com/2009/11/blog-post.html

ကျွန်တော်တို့မြန်မာများ အုတ်အော်သောင်းတင်းဖြစ်နေသည့် အက်စစ်မိုးကိုတော့ စိတ်မ၀င်စား။ ကျွန်တော်တို့ လုံးဝ စိတ်မ၀င်စားသော radiation level ကို သွားတိုင်းနေသည့် စင်ကာပူမှ NEA (National Environment Agency) ကို အပြစ်နာနာဖို့ဘို့သာ ကောင်းပါတော့သည်ခင်ဗျား။

သူများပြောတိုင်းမယုံဘဲ ချင့်ချင့်ချိန်ချိန် စဉ်းစားတွေးခေါ်တတ်သူများ ဖြစ်ကြပါစေကုန်သတည်း။

အေးငြိမ်း
၂၀-၃-၂၀၁၁။ နေ့လည် ၁ နာရီ
Blk 134A, Kang Ching Road
#03-91
Singapore 619062
Tel: (65)97303027
email: y_nyein@yahoo.com.sg
aye475@gmail.com
Webpage: http://shwenyein.blogspot.com

Saturday, March 19, 2011

အလုပ်မရှိ အလုပ်ရှာ၊ မဟုတ်တာလုပ်နေသော ကျွန်ုပ်

(၁)


ကျွန်တော်၏ စတုတ္ထမြောက်စာအုပ်ဖြစ်သော “တာယာအန္တရာယ်ကင်းဝေးရေး” ပြီးသွားသဖြင့် လယ်ယာသုံး စက်ကိရိယာများ အကြောင်းကို ဆက်လက်ရေးသားပါသည်။ ယခင်စာအုပ်များရေးစဉ်က လိုအပ်သော အချက်အလက်များ ရှာရတာ မခဲယဉ်းလှ။ ကျွန်တော်လိုချင်သောအချက်များကို Google search engine တွင် ရိုက်ထည့်လိုက်ရုံမျှနှင့် များပြားလှစွာသော အင်တာနက် စာမျက်နှာများတွင် များမြောင်လှသော အချက်အလက်များကို မလိုချင်သည့်အဆုံး ရခဲ့ပါသည်။ သည်တော့ ရေးရတာအလွန် အဆင်ပြေလှသည်။

သို့သော် လယ်ယာလုပ်ငန်းခွင်သုံး စက်များအကြောင်းတော့ အင်တာနက်တွင် သိပ်မတွေ့ရလှပါ။ အဲလေ လုံးဝ မတွေ့ပါဟုဆိုလျှင် ပိုမှန်ပါလိမ့်မည်။ တွေ့ရသည်များမှာ မည်သည့်နိုင်ငံတွင်တော့ စက်မှုလယ်ယာလုပ်နေတာ ဘယ်သို့ရှိ သည်။ မည်သည့်စက်များကို မည်ကဲ့သို့သုံးနေသည် စသည်တို့မျှလောက်သာ ဖြစ်ပါသည်။ သည်ဟာတွေမှာ ကျွန်တော့် အတွက် အသုံးမတည့်လှပါ။ ကျွန်တော်လိုချင်သည်က လက်တွန်းထွန်စက်အကြောင်း ပုံများနှင့်တကွ အပြည့်အစုံရေးထား တာ၊ ထယ်များ၊ ထွန်များ၊ မျိုးစေ့ချကိရိယာ၊ ပေါင်းနှိမ်နှင်းရေးကိရိယာ၊ မြေညှိစက်၊ စပါးချွေလှေ့စက်၊ ရိတ်သိမ်းစက်၊ အခြောက်ခံစက် စသည်တို့အကြောင်း စက်များတည်ဆောက်ပုံ၊ ပြင်ဆင်ပုံ၊ ထိန်းသိမ်းပုံ၊ အသုံးချပုံ၊ ချိန်ညှိပုံ စသဖြင့် အပြည့်အစုံ ရေးထားတာ ဖြစ်ပါသည်။ သို့သော် စိုးစဉ်းမျှ မတွေ့ပါ။

စင်ကာပူမှ စာအုပ်ဆိုင်များတွင်လည်း လိုက်ရှာကြည့်ပါသည်။ လယ်ယာလုပ်ငန်းနှင့် စင်ကာပူမှာ ဘုန်းကြီးနှင့်ဘီး ကဲ့သို့ဖြစ်၍ ကျွန်တော်လိုချင်သော စာအုပ်မရခဲ့ပါ။ စင်ကာပူမှ Kinokuniya စာအုပ်ဆိုင်ကြီးမှာ မည်မျှကြီးသနည်းဟူမူ ၀င်ပြီးလျှင် ၀င်ခဲ့သည့်အပေါက်မှ ပြန်ထွက်ဘို့ကို မနည်းလိုက်ရှာယူရသော စာအုပ်ဆိုင်ကြီးဖြစ်ပါသည်။ သို့သော် ဤထောင်ပေါင်းများစွာသော စာအုပ်တို့အကြား လယ်ယာသုံးစက်ကိရိယာနှင့် ပတ်သက်သောစာအုပ် တစ်အုပ်မှမရှိပါ။

အင်တာနက်တွင် တရုတ်က လက်တွန်းထွန်စက်များကြော်ငြာထားတာ တွေ့ပါသည်။ ထွန်စက်နှင့်ပတ်သက်သည့် Technical Specification အနည်းအကျဉ်းမျှ ဖော်ပြထားပါသည်။ အသုံးမတည့်လှပါ။ အိန္ဒိယ၊ အမေရိကန်၊ ပြင်သစ် စသည်တို့တွင် လယ်ယာများတွင် ထွန်စက်ကြီးများဖြင့် မည်ကဲ့သို့ထွန်ယက်နေသည်၊ ယခင်က စပါးခြွေရာတွင် မည်ကဲ့သို့သော စက်များကိုသုံးခဲ့သည် စသည်တို့ရိုက်ပြထားသော ဗီဒီယိုကလစ်များကို Youtube တွင် တွေ့ပါသည်။ အတော်များပါ၏။ ကျွန်တော်လည်း ရနိုင်တတ်သရွေ့ အားလုံးကို download လုပ်ထားလိုက်ပါသည်။ ဗမာပြည် ပြန်ရောက်လျှင် ကျွန်တော်တို့ဆီက လယ်သမားများကို ပြချင်၍ ဖြစ်ပါသည်။ လယ်သမားများကိုစုကာ projector နှင့်ပြမှာဖြစ်ပါသည်။ သို့သော် ဤဗီဒီယိုများသည် ကျွန်တော်ရေးမည့်စာအုပ်အတွက်မူ အထောက်အကူမဖြစ်ပါ။

ယခုပြောချင်သည်မှာ သည်အကြောင်းမဟုတ်ပါ။ ဒါက အချီးဖြစ်ပါ၏။ အငြိမ့်ထွက်ကာနီး လူပြက်များရှေ့က ထွက်ကာ ခွန်းထောက်သဖြန်များရွတ်သကဲ့သို့ ဖြစ်ပါသည်။ သို့သော် ဇာတ်လမ်းမှာဤကစခြင်း ဖြစ်သဖြင့် သူ့အကြောင်း မပြောလို့မရ။ ဒါမှ ဇာတ်ရည်လည်မည်။

ယခုပြောမှာက အလုပ်တစ်ခုလုပ်ပြီဆိုလျှင် ကျကျနန၊ သေသေသပ်သပ်၊ စေတနာပါပါလေး လုပ်ဖို့အကြောင်း ဖြစ်ပါသည်။ ကောင်းစေချင်သော စေတနာဖြင့်ဖြစ်ပါ၏။ အပြစ်တင်တာ၊ အတင်းပြောတာ၊ တဖက်သတ် မကောင်းမြင်နေတာ မဟုတ်ပါကြောင်း ဦးစွာပြောလိုပါသည်။ ကျွန်တော်သည်လိုရေးလိုက်ခြင်းဖြင့် ပြောင်းလဲသွားလိမ့်မည်၊ ပြုပြင်လာလိမ့်မည်ဟု မမျှော်လင့်ရဲပါ။ မိတ်ဆွေများကို သိစေလိုသဖြင့်သော်လည်းကောင်း၊ ပြင်လို့ရနိုင်လျှင်လည်း ပြင်ရန် အကြံပေးနိုင်လျှင် ပေးဘို့ရန် အတွက်သော်လည်းကောင်း အလုပ်မရှိအလုပ်ရှာကာ မနေနိုင်မထိုင်နိုင် ရေးလိုက်ခြင်း ဖြစ်ပါသည်။

သို့အတွက်ကြောင့်လည်း ခေါင်းစဉ်ကို “အလုပ်မရှိ အလုပ်ရှာ၊ မဟုတ်တာလုပ်နေသော ကျွန်ုပ်” ဟု ပေးလိုက်ခြင်း ဖြစ်ပါ၏။

သည်အကြောင်းနှင့်ခပ်ဆင်ဆင် ယခင်က တစ်ပုဒ်ရေးခဲ့ဖူးပါသည်။ ကျွန်တော့် ဘလော့ဂ်
 တွင် ဖတ်နိုင်ပါ၏။ အလုပ်ကြီး အကိုင်ကြီး ဟု အမည်ပေးထားပါသည်။

(၂)

အသေးစားလယ်ယာသုံး စက်ကိရိယာများအကြောင်း အင်တာနက်စာမျက်နှာများတွင် ညပေါင်းများစွာ လိုက်လံ ရှာဖွေရင်းက မြန်မာနိုင်ငံစိုက်ပျိုးရေးနှင့် ပတ်သက်သော အချက်အလက်များ၊ စာစောင်များ၊ သုတေသနစာတမ်းများ၊ မြန်မာနိုင်ငံ ရာသီဥတုနှင့်ပတ်သက်သော အချက်အလက်၊ သုတေသန စာတမ်းများ၊ မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်သော အချက်အလက်၊ စာစောင်စာတမ်းများ အများအပြားတွေ့ရှိ ရယူနိုင်ခဲ့ပါသည်။ ဤသည်မှာ ဘေးထွက် အကျိုး အမြတ်ဖြစ်ပါ၏။ (ဤအထဲမှ တစ်ခုမှာ Rice Knowledge Bank မှ ရသော စပါးနှင့်ပတ်သက်သည့် စာအုပ်ဖြစ်ပါသည်။)

ရှာရင်းရှာရင်းနှင့် မြန်မာပြည်မှ စိုက်ပျိုးရေးဝန်ကြီးဌာန website ကို သွားတွေ့ပါသည်။ တစ်ခုမှာ အဟောင်း (ရန်ကုန်) ဖြစ်ပြီး နောက်တစ်ခုမှာ အသစ် (နေပြည်တော်) ဖြစ်ပါ၏။ အဟောင်းတွင် အင်္ဂလိပ်လိုရေးထား ပြီး အသစ်တွင် မြန်မာလိုရေးထားပါသည်။ ရေးထားသော font မှာ myanmar3 ဟု တွေ့ပါသည်။ မြန်မာလိုဖတ်လိုသူများ font ကို ဦးစွာ install လုပ်ပြီးမှ ဖတ်လို့ရပါမည်။

အင်္ဂလိပ်လိုရေးထားသော website အဟောင်းတွင် သိပ်ပြောစရာမရှိ။ သို့သော် မြန်မာလိုရေးထားသော နေပြည်တော် website ကမူ အတော်လေး အားနည်းသည်ကိုတွေ့ရပါသည်။ မိတ်ဆွေများ ၀င်လည်ကြည့်လျှင် တွေ့ပါလိမ့် မည်။ (စိုက်ပျိုးရေးသမားများ ကတော့ စိုက်ပျိုးရေးဝန်ကြီးဌာန website ကို သိကောင်းသိပါလိမ့်မည်။)

ပထမ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း အကြောင်း မိတ်ဆက်ထားသည်မှာ စာကြောင်းနှစ်ကြောင်းမျှ ဖြစ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ထို့နောက် အခြား စာမျက်နှာများသို့ သွားကြည့်သည်။ Plant Protection မှ ဓါတ်ပုံများမှာ အလွန်ညံ့ဖျင်းလှ၏။ ကျွန်တော့်ကို ဤအကောင်ပလောင်များ၏ နာမည်ကို အင်္ဂလိပ်လိုပေးပါခင်ဗျား။ အလွန်အင်မတန် အရည်အသွေး ကောင်းလှသော ပုံများကို ကျွန်တော်ရှာပေးပါမည်။ ဤအင်းဆက်ပိုးကောင်များကို သားရဲကောင်ဟု ဘာသာပြန်ထားတာကတော့ ဖတ်လို့အဆင်မပြေပါ။ အခြား အပင်ရောဂါများမှ ဓါတ်ပုံများမှာလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

Agricultural Technology ဟု ဆိုပြီး လက်ကမ်းစာစောင်ကလေး ၇ ခုမျှ pdf ဖိုင်နှင့်တင်ထားခြင်းမှာလည်း “သည်မနက် ငါကိုယ်တော်မြတ် ထမင်းရေကို ဘုဉ်းပေးသုံးဆောင်တော်မူလိုက်သည်” ဟု ဆိုသကဲ့သို့ ဖြစ်နေပါသည်။ အခြား CARTC, VFRDC, SEEDS, LAND USE, STATISTICS, FLORICULTURE, LOCAL/FOREIGN PROJECTS စသော page များတွင်လည်း မထူးပါ။ မြန်မာပြည်တွင် မည်သည့်အရပ်များ၌ မည်ကဲ့သို့သော မြေအမျိုးအစားများ ရှိသနည်းဟု သိလိုသဖြင့် land use မှမြေပုံများကို download လုပ်ကာ ဖွင့်ကြည့်ပါသည်။ ပုံများ၏ resolution မှာ အလွန်နိမ့်ရကား ပြတ်ပြတ်သားသား မမြင်ရ။ တင်ထားသောပုံများမှာလည်း လေးငါးပုံမျှ မဖြစ်ညစ်ကျယ် ဖြစ်ပါသည်။ အပြည့်အစုံ မဟုတ်ပါ။

ကျွန်တော်က စက်မှုလယ်ယာကို စလုပ်တော့မည်ဆိုလျှင် ဧရာဝတီတိုင်းမှ စမည်ဖြစ်ပါသည်။ သို့အတွက် ဧရာဝတီ တိုင်းမှ မြေအမျိုးအစားများကို သေသေချာချာ သိထားဘို့လိုသည်။ သို့သော် ကျွန်တော်လိုချင်သည့် မြေပုံမတွေ့ပါ။ ကြေးတိုင် နှင့်မြေစာရင်းတွင်လည်း ကြည့်လိုက်ပါဦး။ သုံးလို့စားလို့မရသော စာသားအနည်းငယ်မှလွဲ၍ ဘာမှမရှိပါ။ မြေတိုင်းဦးစီးဌာန မှာမူ ၀င်လို့ကိုမရပါ။

ပြောရမည်ဆိုလျှင် ကျွန်တော့်ဆီတွင် သူတို့တင်ထားသော statistics ထက်ပိုမိုပြည့်စုံသော အချက်အလက်များ ရှိပါ သည်။ ကျွန်တော့်တွင် FAO, UNDP, ADB, CIA Worldfacts Book, IRRI စသည့် website ပေါင်းများစွာမှ များပြားလှသော ကိန်းဂဏန်း အချက်အလက်များကို စုဆောင်းထားတာ စာအုပ်ကြီးတစ်အုပ်စာမျှပင် ရှိပါသည်။ ငါတို့ဆီလည်း ရှိပါတယ်ကွ။ နိုင်ငံရေးအရ တင်လို့မရလို့ တင်မထားတာ ဆိုလျှင်တော့လည်း မပြောတတ်ပါ။

Floriculture ဆိုတာကိုလည်း ကြည့်လိုက်ပါဦး။ ပီဘိ ရယ်စရာကလေးဖြစ်ပါ၏။

(၃)

၁၅-၃-၂၀၁၁ နေ့က ကျွန်တော့် PR ကဒ်၊ Re-entry Permit သက်တမ်းကုန်တော့မှာမို့လို့ (အများနားလည်အောင် ပြောရလျှင် PR သက်တမ်းကို ၅ နှစ်သာ ပေးထားပါသည်။ ၅ နှစ်ပြည့်လျှင် ထပ်မံသက်တမ်းတိုးရပါသည်။) သက်တမ်း ထပ်တိုးပါသည်။ ညဘက် အိမ်ပြန်ရောက်တော့ အိမ်မှစာကြည့်စားပွဲတွင် ကိုယ်ပိုင် ကွန်ပြူတာမှနေ၍ စင်ကာပူ လ.၀.က အင်တာနက်စာမျက်နှာကို ၀င်ကာ လိုအပ်သော အချက်အလက်များဖြည့်၏။ ထိုအခါ သက်တမ်းတိုးခ တစ်နှစ်လျှင် ၁၀ နှုံးနှင့် ၅ နှစ်စာ ပိုက်ဆံ ၅၀ တောင်းပါသည်။ ကျွန်တော့်တွင် အဆင်သင့်ရှိပြီးသား အင်တာနက်ဘဏ်စာရင်းမှ ငွေ ၅၀ ကို လ.၀.က အကောင့်တွင်း လွဲပြီးသည်၏ ခဏ၌ပင် နောက်ထပ် ၅ နှစ်အတွက် approval letter ထုတ်ပေးပါတော့၏။ ကွန်ပြူတာကို စဖွင့်သည်မှ approval letter ကို print out ထုတ်ပြီးသည်ထိ ၁၅ မိနစ်မျှပင် မကြာပါ။

(နည်းနည်းထပ်ဆောင်းပြောရလျှင် အိမ်လခ၊ ရေမီး၊ ဖုံးဘိုး၊ အင်တာနက်ဘိုး၊ အခွန်ဆောင်တာ၊ ဘာညာကွိကွ ပေးစရာများကို Bank GIRO ဖြင့်ပေးလို့ရသည်။ မည်သည့် Bill စာရွက်မှမလို။ သည်လ မည်မျှကျသည်ကို တယ်လီဖုံး message ပို့သည်။ အီးမေးဖြင့် အကြောင်းကြားသည်။ ကိုယ်ဘာမှလုပ်စရာမလိုပါ။ လကုန်လျှင် မိမိအကောင့်အတွင်းမှ အလိုလို ဖြတ်သွားတာဖြစ်ပါသည်။ သည်အကြောင်း ကျွန်တော်၏ “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” တွင် ပြည့်ပြည့်စုံစုံ ရေးသားဖော်ပြထားပါသည်။ မြန်မာပြည်၌ မီတာခဆောင်ခြင်းသည် မည်မျှဒုက္ခများကြောင်း ကိုယ်တိုင်သွား ဆောင်ဖူးသူများ သိပါသည်။)

ကျွန်တော်ရန်ကုန်တွင်ရှိခိုက် ၈-၂-၂၀၁၁ နေ့တွင် အမျိုးသမီး ပတ်စ်ပို့သက်တမ်းတိုးတာ သွားထုတ်ပါသည်။ မနက် ၉ နာရီခွဲတွင် တစ်ခေါက်သွား၏။ စာအုပ်ကို ညနေမှ ထုတ်ပေးမည်၊ ညနေ ၄ နာရီတွင် ပြန်လာပါဆိုကာ ဖြတ်ပိုင်းကလေး ပေးလိုက်ပါသည်။ ထိုဖြတ်ပိုင်းရဘို့ပင် ၁ နာရီခွဲခန့် တန်းစီစောင့်ရပါသည်။ ညနေ ၃ နာရီခွဲခန့်တွင် ကျွန်တော်တို့ ပန်းဆိုးတန်း ပတ်စ်ပို့ရုံးသို့ လာကာတန်းစီပြန်ပါ၏။ ၅ နာရီတီးခါနီးမှ စာအုပ်ရပါသည်။ ထိုနေ့တစ်နေ့လုံး ထို ပတ်စ်ပို့စာအုပ်ထုတ်တာနှင့်ပင် အချိန်ကုန်သွားပါသည်။ ထို့အပြင် စိတ်ပင်ပန်းတာလည်း အဆစ် ပါပါသေး၏။ ငါ့နာမယ်ခေါ်တော့မလား၊ ငါ့နာမည်များ ကျော်သွားပြီလား ဟု စိတ်တစောစောနှင့် ဖြစ်၏။ ကျွန်တော် ဒီလောက်ရေးပြစရာတောင် မလိုပါ။ မိတ်ဆွေများလည်း သည်အတွေ့အကြုံမျိုး ကောင်းကောင်းကြုံဖူးမည် ဖြစ်ပါသည်။

စင်ကာပူပတ်စ်ပို့ကို အင်တာနက်မှလျှောက်ပြီး စာတိုက်တွင် ထုတ်လို့ရသည်။ လ.၀.ကရုံးသို့ လူကိုယ်တိုင်သွားစရာ မလိုပါ ဆိုလျှင် စင်ကာပူအတွေ့အကြုံ မရှိသေးသော မြန်မာပြည်မှ မိတ်ဆွေများ အံ့သြနေမည်လား မသိပါ။ အကယ်တန်တု၊ အင်တာနက်မှလျှောက်လျှင် ပတ်စ်ပို့လျှောက်ခ ၇၀ မျှသာ ကျသင့်မည်ဖြစ်သော်လည်း လူကိုယ်တိုင်သွားလျှောက်လျှင် ၈၀ ပေးရပါသည်။ ပိုပြီးဈေးကြီးပါ၏။ အချိန်လည်းကုန်သည်။ တန်းလည်းစီရမည်။ စာရွက်စာတမ်းတစ်ထပ်ကြီးလည်း ပေးရမည်။

(ဟားဟား၊ ခင်ဗျား မသိလို့ပါဗျာ။ ကျွန်တော်တို့ဆီမှာလည်း လူကိုယ်တိုင်မသွားဘဲ လုပ်လို့ရပါသဗျ။ ခင်ဗျားလို ကွန်ပြူတာကြီးတောင် ဖွင့်နေစရာမလိုပါဘူး ဟု အချို့က အဓွန့်တက်ကောင်းတက်ပါလိမ့်မည်။)

ရေမရောသော မြန်မာနိုင်ငံသားစစ်စစ်ဖြစ်သည့် ကျွန်တော် ကိုယ့်မွေးရပ်ဌာနေဖြစ်သော အမိမြန်မာပြည်သို့ ကိုယ့်မိဘ ဆွေမျိုးသားချင်းများနှင့်တွေ့ရန် ပြန်သည့်အခိုက် မြန်မာပြည်ဝင်ဘို့အရေး white card ဆိုတာ ဖြည့်ရသည်။ အခွန် ကြေငြာစာရွက် ဖြည့်ရသည်။ လေဆိပ်ရောက်တော့ တစ်ခါ ဘာဆိုလည်း လျှောက်လွှာစာရွက်အကြီးကြီးကို တစ်ခါထပ်ဖြည့် ရသည်။ နောက်ပြီး လုပ်ငန်းချောမွေ့စွာလည်ပတ်ရေးအတွက် ချောဆီ ငွေ ၁၀ ဘိုးလောက် ထိုးပေးရသည်။

သို့သော် ကျွန်တော် စင်ကာပူပြန်ဝင်သည့်အခါတွင်မူ ဘာစာရွက် (ဘာစာရွက်ဆိုဘာစာရွက်ကမှ) ဖြည့်စရာမလိုပါ။ လ.၀.က သို့ IC ကဒ် ပြလိုက်သည်။ ပတ်စ်ပို့စာအုပ်ပြလိုက်သည်။ ဒါပါဘဲ။ ဘာမှမေးနေစရာမလို။ ဘာမှ ဖြေစရာစကားမရှိ။ စာအုပ်ထဲတွင်လည်း ဘာတုံးမှမထုပေးလိုက်။ ကျွန်တော့်စာအုပ်ထဲတွင်ရှိသော တံဆိပ်တုံးများမှာ မြန်မာပြည် အ၀င်အထွက် တုံးများသာဖြစ်ပါသည်။ စင်ကာပူလ.၀.က တုံးများမရှိ။ သူတို့က တရားဝင်နေထိုင်ခွင့်ပြုထားသူ ဖြစ်သည့်အတွက် ဘာမှထပ် ဖြည့်စွက်နေစရာမလို။ သည် IC ကဒ်ဖြင့်ပင် လုံလောက်သည်ဟု ယူဆခြင်းဖြစ်ပါသည်။

(၄)

ကျွန်တော်ပြောလိုသည်မှာ သည်မှ အင်တာနက် website များ၏ အကျိုးကျေးဇူးနှင့် မြန်မာပြည်မှ အင်တာနက်ဆိုဒ်များ မည်မျှကွာပုံကို ပြောလိုခြင်းဖြစ်ပါသည်။ ထားပါ။ ကိုယ့်နိုင်ငံအခြေအနေနှင့်မို့ သူတို့လောက် မလုပ်နိုင်တာ အပြစ်ဆိုစရာ မရှိပါ။ သို့သော် လုပ်ထားသည့် အင်တာနက်စာမျက်နှာ ကလေးကိုတော့ ကောင်းကောင်းမွန်မွန် ကျကျနနကလေးလုပ်ဖို့ မကောင်းပါလား ခင်ဗျား။

နမူနာတစ်ခု ထပ်ပြပါရစေ။ ကျွန်တော်သည် မြန်မာနိုင်ငံအတွင်းမှ စိုက်ပျိုးရေးသမားမဟုတ်သည့် သာမန်ပြည်သူ တစ်ဦးဖြစ်သည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဘာတွေလုပ်နေသည်ကို သေသေချာချာ သိလိုသည်။ မြန်မာပြည်တွင် စိုက်ပျိုးထုတ်လုပ်နေသော သီးနှံများအကြောင်း သိလိုသည်၊ လေ့လာလိုပါသည်ဆိုလျှင် ဘယ်သွားရှာရမည်နည်း။ ယခု အနေအထားအရ ရှာစရာနေရာမရှိပါ။ သည်အချက်အလက်များကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ပြည့်ပြည့်စုံစုံ ပေးထားဘို့ကောင်းသည် ထင်ပါသည်။

ကျွန်တော် လယ်ယာသုံး စက်ကိရိယာများအကြောင်း ရေးမည်ဆိုတော့ စက်မှုလယ်ယာဌာန ဘာတွေလုပ်နေသည်။ ထွန်စက်မည်မျှရှိသည်။ မည်သည့်ဒေသများတွင် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်များကို ကျယ်ကျယ်ပြန့်ပြန့်သုံးနေသည်။ ထိုစက်များကို မည်သည့်နိုင်ငံများမှ တင်သွင်းသည်။ စက်မှုလယ်ယာ စက်ရုံများမှ မည်ကဲ့သို့သော လယ်ယာသုံး ပစ္စည်းများ ထုတ်နေသည်ကို သိချင်၍ လိုက်ရှာပါသည်။ မတွေ့ပါခင်ဗျာ။

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း အင်တာနက် စာမျက်နှာ http://www.moai.gov.mm/ တွင် ၀င်ကြည့်ပါသည်။ Survey Department, Myanmar Agricultural Development Bank, Water Resources Utilization Department, Settlement and Land Records Department, Myanmar Agriculture Service ဌာနများသို့သာ ၀င်လို့ရသည်။ အခြားဌာနများမှာ နာမည်သာရှိပြီး အင်တာနက်လင့်ခ် မရှိ။ သို့အတွက် ကျွန်တော်သိချင်တာ သိခွင့်မရ။

ကျွန်တော့်သားကို စိုက်ပျိုးရေးတက္ကသိုလ် တက်စေလိုသောကြောင့် စိုက်ပျိုးရေးတက္ကသိုလ်ဆိုင်ရာ အချက်အလက် များ သိလိုသည်။ ထိုတက္ကသိုလ်တွင် မည်သည့်ဌာနများရှိပြီး မည်သည့်ဘာသာရပ်များ ပို့ချနေသည်။ ယခုဆိုလျှင် ကျောင်းခွဲ ၇ ကျောင်းရှိသဖြင့် ထိုကျောင်းများ မည်သည့်နေရာတွင်ရှိပြီး မည်သည့်ဘာသာရပ်များ ပို့ချနေသည်။ ကျောင်းအုပ်ကြီးက မည်သူဖြစ်သည်။ ဆရာဆရာမနှင့် ကျောင်းသားအချိုး မည်မျှရှိသည်။ မည်သည့် facilities များရှိသည်။ ၀င်ခွင့်ရရန် မည်သည့် အရည်အချင်းများရှိရမည်။ Carrier opportunity မည်သို့ရှိသည်။ ဤကျောင်းဆက်တက်ပြီး နိုင်ငံတကာ ပညာရေးအတွက် မည်ကဲ့သို့ မျှော်မှန်းနိုင်သည်။ မည်သည့် တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသည်။ မည်ကဲ့သို့သော စကောလားရှစ်များ ရနိုင်သည် စသည်တို့ကို မည်သည့်နေရာတွင် သွား လေ့လာရပါမည်နည်း။ စိုက်ပျိုးရေးတက္ကသိုလ်နှင့် ပတ်သက်သော website တစ်ခုတော့ ရှိပါသည်။ အထက်တွင်ကျွန်တော်ဖော်ပြခဲ့သော ကမ္ဘာအေး၊ သီရိမင်္ဂလာလမ်းရှိ စိုက်ပျိုးရေးဝန်ကြီးဌာနဟောင်း website မှ link တစ်ခုဖြစ်ပါသည်။
http://myanmargeneva.org/e-com/agri/expind/agri-index/myanmar.com/ministry/agriculture/Organi/yua.htm

သို့သော် စိုက်တက္ကသိုလ်၏ profile ကလေးကို အကျဉ်းမျှ ဖော်ပြထားခြင်းသာဖြစ်၍ အားကိုးလို့မရပါ။

စင်ကာပူမှ (မြန်မာပြည် စိုက်ပျိုးရေး အ.ထ.က အဆင့်မျှရှိသည့်) Institute of Technical Education ကျောင်းများ ၏ အင်တာနက်စာမျက်နှာ ကို နမူနာ ကြည့်ပါ။ သူတို့လုပ်ထားတာလေး အတုခိုးလို့ရပါသည်။

(၅)

မြန်မာပြည်တွင် နည်းပညာအားနည်းမှန်း၊ ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့မရမှန်း ကျွန်တော် ကောင်းကောင်းသိပါ သည်။ သို့သော် အစိုးရ၀န်ကြီးဌာနအဆင့် website တစ်ခုလုပ်ထားပုံအားဖြင့်တော့ ရှက်စရာပင်ဖြစ်ပါသည်။

သူများတွေ ဘယ်သူလုပ်လုပ်၊ မလုပ်လုပ်။ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးများမှ မဟာဘွဲ့၊ ဒေါက်တာဘွဲ့များ ယူလာခဲ့ သော ကျွန်တော့်မိတ်ဆွေ စိုက်ပျိုးရေး ပညာရှင်များကိုတော့ လုပ်ပေးစေလိုသော ဆန္ဒရှိပါသည်ခင်ဗျား။ စိုက်ပျိုးရေးဘွဲ့ရများအသင်း ရှိသည်ထင်ပါသည်။ ကိုယ်ပိုင် website တစ်ခုထောင်ပြီး အလုပ်ရှုပ်သဖြင့် အခြား စိုက်ပျိုးရေးနည်းပညာများ မပေးနိုင်လျှင်သော်မှ အနည်းဆုံး စိုက်ပျိုးရေး တက္ကသိုလ်နှင့်ပတ်သက်သည့် information အပြည့်အစုံကို ပေးစေချင်ပါသည်။

သို့မဟုတ်

ဒု ပါမောက္ခချုပ်ဖြစ်သော ဆရာ ဒေါက်တာဦးမျိုးကြွယ် အား လှပကုံလုံ ပြည့်စုံသော စိုက်ပျိုးရေးတက္ကသိုလ် website တစ်ခုဖြစ်လာစေရေးအတွက် (ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခွင့်ကောင်းယူလျှက်) တိုက်တွန်းလိုပါသည်။ ဆရာ ကောင်းကောင်း လုပ်နိုင်မှန်း ကျွန်တော်သိပါသည်။ သို့သော် ဆရာ အလွန်အလုပ်ရှုပ်မည် ဟုလည်း ခန့်မှန်းလို့ရပါသည်။ ဆရာက လိုအပ်သော သတင်း အချက်အလက်များပေး၊ နိုင်ငံခြားရောက်နေသော ဆရာ့တပည့်များကို အကူအညီတောင်းကာ လုပ်ခိုင်းလျှင် ဖြစ်နိုင်မည် ထင်ပါသည်။ (ကိုယ့်ဟာကိုယ် အေးအေးမနေနိုင်ဘူး။ ငါတို့လာ ပြဿနာရှာတယ် ဟု နိုင်ငံခြားရောက် မိတ်ဆွေများက မေတ္တာပို့လျှင်လည်း ခံရမည်သာဖြစ်ပါ၏။)

ဖြစ်စေလိုသော စေတနာအားဖြင့် အလုပ်မရှိအလုပ်ရှာကာ ရေးလိုက်ပါသည်။
လွန်တာရှိလျှင် ၀န္ဒာမိပါ ခင်ဗျား။

အေးငြိမ်း
၁၉-၃-၂၀၁၁
Blk 134A, Kang Ching Road
#03-91
Singapore 619062
Tel: (65)97303027
email: y_nyein@yahoo.com.sg
aye475@gmail.com

Thursday, March 17, 2011

Tuesday, March 1, 2011

I Have A Dream

(၁)


ကျွန်တော် “ပြောစရာနည်းနည်းရှိလို့ပါ” ကို ရေးပြီး မိတ်ဆွေတွေဆီ email ပို့လိုက်၊ ကျွန်တော့် blog : http://shwenyein.blogspot.com ပေါ်တင်လိုက်တာ စာဖတ်သူ အတော်များများဆီကို နာရီပိုင်း၊ ရက်ပိုင်းအတွင်း တော်တော်ကျယ်ကျယ်ပြန့်ပြန့် ပျံ့သွားပါတယ်။ အင်တာနက် ကျေးဇူးပါ။ နောက်ပြီး သူတို့ဆီကနေလည်း အသံတွေပြန်လာ ပါတယ်။ ကျွန်တော် ၀မ်းသာမိပါတယ်။ ကျွန်တော်ရေးလိုက်တဲ့ စာတစ်ပုဒ်ကြောင့် တချို့ အသိတရားတိုးသွားရင် ကျွန်တော် ရေးရကျိုးနပ်ပါတယ်။ ကျေလည်းကျေနပ်မိပါတယ်။

ဒီကနေ့ (၂၈-၂-၂၀၁၁) ကိုအောင်ကျော်ဖြိုး နဲ့ ကိုကောင်းမြတ်တို့ (စိုက်ပျိုးရေးပညာရှင်တွေ) ဆီကနေ email ပို့လာပါတယ်။ ကျွန်တော့် “ပြောစရာနည်းနည်းရှိလို့ပါ” ကို တစ်နေရာရာကနေ ဖတ်မိသွားလို့ပါ။ ကျွန်တော်တို့ စိုက်ပျိုးရေးပညာရှင်တွေ တစ်ခုခုလုပ်ဖို့ လိုနေပြီ ဆိုပြီး နှိုးဆော်ထားတာပါ။ ဟုတ်တာမဟုတ်တာ နောက်ထား။ ကျွန်တော် အတော်လေး အားတက်မိပါတယ်လို့ ၀န်ခံပါရစေ။

(ဒါနဲ့ စကားမစပ်။ ခုခေါင်းစဉ်က ကျွန်တော့်ကိုယ်ပိုင်မဟုတ်ပါ။ Martin Luther King, Jr. က Washington D.C. မှာရှိတဲ့ Lincoln Memorial မှာ ၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ နေ့က ပြောသွားတဲ့ မိန့်ခွန်းပါ။ ကျွန်တော်အနှစ်သက်ဆုံး မိန့်ခွန်းတွေထဲမှာပါပါတယ်။ http://www.americanrhetoric.com/speeches/mlkihaveadream.htm မှာ နားထောင်ကြည့်၊ ဖတ်ကြည့်နိုင်ပါတယ်။ ဒီမှာ သူ့မိန့်ခွန်းခေါင်းစဉ်ကို ယူသုံးလိုက်တာပါ။ ဤကား စကားချပ်။)

မာတင်လူသာကင်းလိုပဲ ကျွန်တော့မှာ အိပ်မက်တစ်ခုရှိပါတယ်။

ကျွန်တော်တို့တိုင်းပြည်ဟာ စိုက်ပျိုးရေးအဓိကတိုင်းပြည်ဆိုတာ ပြောနေစရာတောင် မလိုပါ။ ဒါပေမဲ့ လယ်သမားတွေကို သေသေချာချာ ဘယ်သူကြည့်ပါသလဲ။ ကျွန်တော့်အဖေဟာ လယ်သမားပါ။ ကျွန်တော်လည်း ဆယ်တန်းအောင်ပြီး ကောလိပ် မသွားခင် တစ်နှစ်နီးပါး လယ်လုပ်ဖူးပါတယ်။ အင်ဂျင်နီယာဘွဲ့ရပြီးတော့တောင် လယ်ထဲဆင်းဖူးပါတယ်။ ကျွန်တော့်အဖေက ကောင်စီလူကြီးလုပ်ဖူးတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေ ကျွန်တော်လုပ်ပေးဖူးပါတယ်။ နောက်ပြီး ကျွန်တော့်အောက် ညီမက ကောင်စီစာရေးလုပ်ဖူးတော့ သူ့ကိုဝိုင်းကူတဲ့အနေနဲ့ (ကိုယ်လည်းဝါသနာပါလို့) စိုက်ပျိုးရေး နဲ့ ပတ်သက်တဲ့စာရင်းတွေ အများကြီး လုပ်ပေးဖူးပါတယ်။

ကျွန်တော့်အစ်ကိုကြီးကလည်း စိုက်ပျိုးရေး အ.ထ.က ကဆင်းပြီး အရင်ကအခေါ် ကျေး/ဂျာ လုပ်လေတော့ အစ်ကိုကြီးနဲ့ အတူတူ စိုက်ပျိုးရေးစခန်းတွေသွား၊ စိုက်ပျိုးရေးရုံးတွေရောက်၊ သူတို့စိုက်ပျိုးရေး စာရင်းဇယားတွေ ကူလုပ်။ ကျွန်တော့်အစ်ကိုလတ်ကလည်း မြို့နယ်စိုက်ပျိုးရေးရုံးမှာ စာရေး ဆိုတော့ ကျွန်တော်ဟာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းရဲ့ အလုပ်တွေ၊ လယ်သမားတွေရဲ့ တကယ့်ဘ၀တွေနဲ့ စိမ်းတဲ့သူမဟုတ်ပါဘူး။ တကယ်ဆို ကိုအောင်ကျော်ဖြိုးပြောသလို (အရင်တုံးက) စိုက်ပျိုးရေးလောကအကြောင်း အူမချေးခါးမကျန် (နီးပါး) သိပါတယ်။

ဒီ စိုက်ပျိုးရေးလောကနဲ့ ကင်းကွာသွားတာ ကျွန်တော်စင်ကာပူကိုထွက်လာတဲ့ ၁၉၉၈ နောက်ပိုင်းမှပါ။ ဒီနောက်ပိုင်း စိုက်ပျိုးရေးကလူတွေ လယ်သမားတွေအတွက် ပညာပေးလုပ်ငန်းတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ၀မ်းသာစရာပါ။

မြန်မာပြည်လယ်သမားဦးရေရဲ့ ဘယ်နှရာခိုင်နှုံးဟာ စိုက်ပျိုးရေးပညာအကြောင်း သေသေချာချာ သိပါသလဲ။ မြန်မာပြည်က လယ်သမားအများစု ဒီနေ့သုံးနေတဲ့ လယ်ယာသုံး ကိရိယာတွေဟာ ဘိုးတော်ဦးဝိုင်းတို့ ခေတ်က ကိရိယာတွေနဲ့ ဘာမှမကွာသေးပါဘူး လို့ ကျွန်တော်ပြောလိုက်ရင် နှာခေါင်းရှုံ့မဲ့ စိုက်ပျိုးရေးပညာရှင်တွေ ရှိနိုင်ပေမဲ့ ကျွန်တော်ပြောတာ မလွန်ကြောင်း ကျွန်တော် သက်သေပြနိုင်ပါတယ်။ ဘာတွေတိုးတက်လာသလဲ ဆိုတော့ ငါးပုံဆိုတဲ့ ဒီဇယ်အင်ဂျင်နဲ့ မောင်းတဲ့ ဆန်စက်အသေးစားတွေ ရွာတွေမှာ ရှိလာတယ်။ ထော်လာဂျီလို့ ခေါ်တဲ့ လက်တွန်းထွန်စက်ကို နောက်တွဲယာဉ်နဲ့ တွဲသုံးတဲ့ trailor အသေးတွေ ပေါ်လာတယ်။ ဒါလောက်ပါဘဲ။

စိုက်ပျိုးရေးသမားတွေက လယ်ထဲမှာ လက်တွန်းလယ်ထွန်စက်တွေ သုံးနေကြပါပြီ။ စပါးကို စက်နဲ့ချွေလှေ့နေတာ ကျွန်တော်တို့ မျက်စိနဲ့ မြင်ခဲ့ရပါတယ် လို့ ပြောကြပါလိမ့်မယ်။

မှန်ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်နေစဉ် ၁၉၈၅ ခုနှစ်လောက်ကတဲက ဦးနေ၀င်းက လယ်သမားတွေကို လက်တွန်း ထွန်စက်တစ်လုံး စပါး ၁၂၀ နဲ့ အရစ်ကျ ပြန်ဆပ်တဲ့နည်းနဲ့ ရောင်းပေးခဲ့ပါတယ်။ နောက်ပြီး လယ်သမားတွေကို စက်ပေါ်တက်ထိုင်ခိုင်း၊ တစ်အိမ်တစ်ယောက်မလာမနေရ လို့ ရွာရှိလူကုန်ခေါ်၊ လမ်းစဉ်ပါတီနဲ့ လယ်သမားကောင်စီ၊ လမ်းစဉ်လူငယ် ဘာညာကွိကွ တွေက ယူနီဖောင်းတွေနဲ့ ကန်သင်းပေါင်ပေါ် လပ်ယားလပ်ယားလုပ်၊ ဓါတ်ပုံတွေရိုက်၊ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာထဲ စာလုံးအမည်းကြီးတွေနဲ့ထည့်။ စက်မှုလယ်ယာ ဘာညာ အသံကုန်အော်။

ခုလည်း ဘာထူးလဲ။ စက်မှုစံပြကျေးရွာ ဆိုပြီးလုပ်။ စက်မှုလယ်ယာကထုတ်တဲ့ အလုပ်မဖြစ်တဲ့စက်တွေ အတင်းရောင်း။

အစိုးရလုပ်တာကို ကျွန်တော်မကောင်းပြောနေတာ မဟုတ်ပါဘူး။ သူတို့ နှစ်ပေါင်းများစွာလုပ်နေတာ ဘာလို့မအောင်မြင်ရ သလဲ လို့ ပြန်မဆန်းစစ်ပဲ ငါ့လှေငါထိုး၊ ဘဂိုး(ပဲခူး) ရောက်ရောက်လုပ်နေတာကို ပြောတာပါ။ ဒီနေရာမှာ လုပ်ပုံလုပ်နည်းနဲ့ တကယ် အလုပ်ဖြစ်ဖို့ အရေးကြီးပါတယ်။ Effective and Efficient ဆိုတဲ့စကားလုံးကို သေသေချာချာ နားလည်သဘော ပေါက်ဖို့ လိုပါတယ်။

ခုန စကားပြန်ကောက်ရအောင်။ လယ်ထဲမှာ ထွန်စက်တွေ မြင်ရပါတယ်။ စပါးချွေစက်တွေ တွေ့ရပါတယ် ဆိုတဲ့သူတွေကို ကျွန်တော်တစ်ခုလောက် မေးပြစေ။ အဲဒီ စက်တွေသုံးနေတဲ့ လယ်သမားတွေဆီသွားပြီး ဒီစက်တွေသုံးရတာ အဆင်ပြေရဲ့လား။ ဘယ်လို အခက်အခဲတွေရှိသလဲ လို့ မေးဖူးပါသလား။ အဲဒီ လယ်သမားတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ်လို့ ဘယ်သူများ စိတ်ကူးမိပါသလဲ။ ဘယ်သူတွေ survey လုပ်ဖူးပါသလဲ။

တာဝန်ရှိသူတွေတော့ မပြောတတ်ဖူး။ ဒါပေမဲ့ ကျွန်တော် မေးဖူးပါတယ်။ ကျွန်တော်က စိုက်ပျိုးရေးတက္ကသိုလ်မှာ စိုက်ပျိုးရေး အင်ဂျင်နီယာဘာသာရပ်ကို သင်ရတဲ့ ဆရာဖြစ်လေတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ စက်တွေ စိတ်ဝင်စားပါတယ်။ ဒီတော့ အဲဒီ စက်တွေသုံးနေတဲ့ လယ်သမားတွေကို ချဉ်းကပ်ပြီးတော့ မေးဖူးပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြား ကျွန်တော်ရောက်ဖူးတဲ့ နေရာတွေက လယ်သမားတွေဆီ စနည်းနာကြည့်ပါတယ်။

သူတို့ ဒီစက်တွေသုံးသာ သုံးနေရတာ။ အဆင်ပြေလွန်းလှလို့ မဟုတ်ပါဘူး။ ဟိုလိုလုပ်လိုက်၊ ဒီလိုလုပ်လိုက်နဲ့။ နည်းမျိုးစုံနဲ့ လိမ်ပိမ် သုံးနေရတာပါ။ ကျွန်တော်ကြုံခဲ့ရတဲ့ ဥပမာ သုံးခုလောက် ပြောပြပါမယ်။

ခုတစ်ခေါက် မြန်မာပြည်ပြန်တော့ လေးမျက်နှာက ကလေးတွေနဲ့ ဆရာဆရာမတွေကို ပညာရေးအကြောင်း ဟောပြောချင်လို့ သွားပါတယ်။ အိပ်တော့ ပထမဆောင်းပါးမှာပါတဲ့ ကိုအောင်ဇော်ဦးတို့ အဖေ့အိမ်မှာ အိပ်ပါတယ်။ သူ့အဖေနာမည်က ဦးမြသောင်းပါ။ သူတို့က လေးမျက်နှာနားက နင်းကြမ်းရွာကပါ။ တစ်ရွာလုံး တောင်သူလုပ်ပါတယ်။ သူတို့အိမ်အောက်မှာ လက်တွန်းထွန်စက်တစ်လုံး တွေ့ပါတယ်။ နောက်ပြီး အိမ်ပေါ်မှာတစ်လုံး၊ အိမ်အောက်မှာတစ်လုံး မီးစက်နှစ်လုံး တွေ့ပါတယ်။ ဒီတော့ ကျွန်တော် သူတို့ကို မေးကြည့်ပါတယ်။

ဟိုအောက်က ထွန်စက် သုံးရတာ အဆင်ပြေရဲ့လား။ နောက်ပြီး မီးစက်က ဘာဖြစ်လို့နှစ်လုံးဖြစ်နေရတာလဲ ပေါ့။ ဒီမှာ ဦးမြသောင်းပြောတာ နားထောင်ကြည့်ပါ။

ဒီလို ကိုအေးငြိမ်းရဲ့။ အဲဒီထွန်စက်ကို သူတို့လာရောင်းပေးသွားတော့ ဒို့လဲ ကြိုးစားထွန်ကြည့်သေးတာပဲ။ ဒါပေမဲ့ ဘယ်လိုမှ လုပ်လို့မရဘူးကွ။ ဒီတော့ အောင်ဇော်ဦးတို့ သူတို့ဆီသွားပြောတယ်။ သူတို့လာပြီး စမ်းသပ်၊ ချိန်ကြည့် ထွန်ကြည့် လုပ်တယ်။ ဒါပေမဲ့ သူတို့လည်း လုပ်လို့မရဘူး။ နောက်တော့ ဓါတ်ပုံရိုက်ယူသွားတယ်။ ဘယ်လိုမှလုပ်လို့မရတဲ့အဆုံး ငါတို့လည်း ပိုက်ဆံပေးဝယ်ထားရတာ ဆိုတော့ အောင်ဇော်ဦးတို့ သူတို့ဆီ သွားပြန်တယ်။ အဲဒီမှာ သူတို့က ထွန်ကိုပြန်ယူသွားပြီး အဲဒီ မီးစက်ကြီး အစားပေးလိုက်တာပဲ။ ဒို့မှာက နဂိုကတည်းက မီးစက်ရှိပြီးသား ဆိုတော့ မီးစက်နှစ်လုံးဖြစ်သွားတာပေါ့ကွာ။ အဲဒီ ထွန်စက်ကတော့ ဖုတ်စားရမလို၊ ပြုတ်စားရမလိုနဲ့ ငါတို့လည်း ဘာမှ မလုပ်တတ်ဖူး။ ဒီအတိုင်းထိုးထားရတာပဲ။

ဒါတစ်ခု။ ဒါက ခုလောလောလတ်လတ် တွေ့ခဲ့၊ ကြုံခဲ့ရတာ။ ၂၀၁၁၊ ဇန္န၀ါရီလ ၂၀ ရက်နေ့ည။

နောက်တစ်ခုက ကျွန်တော် စင်ကာပူမထွက်လာခင်က ဆိုတော့ ၁၉၉၇ လောက်က ထင်ပါတယ်။ မအူပင်ဘက်က ဆားမလောက်လား ဘာလား။ ကောင်းကောင်းမမှတ်မိတော့ဘူး။ စက်မှုစံပြကျေးရွာ။ အဲဒီမှာ ကားလမ်းဘေးမှာ လယ်သမားတွေ စပါးခြွေစက်နဲ့ ခြွေနေကြလို့ ကျွန်တော် သွားစပ်စုပါတယ်။

ဘယ်လိုလဲ ဘကြီး။ စပါးခြွေရတာ အဆင်ပြေရဲ့လား။ တလင်းနယ်ရတာနဲ့စာရင် ဘယ်ဟာပိုသက်သာလဲ။

မပြောပါနဲ့တော့ ငါ့တူရယ်။ ဘကြီးတို့လည်း မရှိလို့ သုံးနေရတာပဲ။ စက်ကိုတင်လိုက်ပြန်တော့ ကောက်ဆတွေ အများကြီးပြတ် ပါလာတယ်။ (မှတ်ချက်။ ကောက်ဆ ဆိုသည်မှာ စပါးပင်အဖျားအပြတ်များကို ခေါ်ပါသည်။) အဲဒီကောက်ဆတွေက လှေ့ထုတ်လို့လဲရတာမဟုတ်ဘူး။ နွားနဲ့နယ်တာက စပါးတွေပဲကြွေတာဆိုတော့ အမှော်တွေက လှေ့လို့ရတယ်။ တစ်ခါ စက်ကို လျှော့လိုက်ပြန်တော့ စပါးက မကြွေပြန်ဘူးကွ။ ဟောဟိုမှာ မင်းမြင်တဲ့အတိုင်းပဲ။ ဒီတော့ အဲဒီမကြွေတဲ့ ကောက်ရိုးတွေရယ်၊ ခုနက ကောက်ဆတွေရယ်ကို နွားနဲ့ပြန်နယ်ရတယ်။ နယ်ရတာတော့ ပိုသက်သာသွားတာပေါ့။ ဒါပေမဲ့ ကောက်ရိုးမလောက်၊ မြက်မလောက်ပေါ့မောင်ရာ။

နောက်တစ်ခုကတော့ ကျွန်တော်စိုက်ပျိုးရေးတက္ကသိုလ်မှာ ရှိစဉ်က ဖြစ်ပါတယ်။ သည်တုံးက စိုက်ပျိုးရေးက ဆရာမ ဒေါ်နွဲ့နွဲ့အုန်းက ရွာတွေသွားပြီး သင်တန်းပေးရပါတယ်။ ဒီအကြောင်း ကျွန်တော်သိတော့ ကျွန်တော်ပါလိုက်သွားပါတယ်။ ၁၉၉၅ လောက်ကပါ။ သည်အတိုင်း လက်ချည်းသွားတာ မဟုတ်ပါ။

အဲဒီတုံးက မိတ္ထီလာ ထွန်စက်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ဦးစိုးတင့်ဖြစ်ပါတယ်။ အလွန်သဘောကောင်းပါတယ်။ ကျွန်တော်နဲ့ အရမ်းရင်းနှီးပါတယ်။ (ခုတော့ ဆုံးသွားပြီလို့ သိရပါတယ်။) သူက ကျွန်တော် စိုက်ပျိုးရေးကျောင်းသားတွေကို စက်ပြင်သင်တန်းပေးတုံးက ထုတ်ပေးတဲ့ စက်ပြင်သင်တန်းမှတ်စု စာအုပ်ကို အတော်လေး သဘောကျပါတယ်။ သည်တော့ သူ့မှာရှိတဲ့ လက်တွန်းထွန်စက် owner’s manual တစ်အုပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် တရုတ်က ရထားတဲ့ လက်တွန်း ထွန်စက် မောင်းနှင်နည်းနှင့် ပြုပြင်ထိန်းသိမ်းနည်း ဗီဒီယိုခွေကိုပါ ကူးပေးလိုက်ပါတယ်။ ကျွန်တော်က သူပေးလိုက်တဲ့ လက်တွန်းထွန်စက် owner’s manual ကို မြန်မာပြန်ပြီး ဖယောင်းဖောက်။ စာအုပ်ချုပ်ပြီး လယ်သမားတွေဆီ ယူသွားပြီး သူတို့ကို အလကားဝေပေးပါတယ်။ (အဲဒီစာအုပ်ရိုက်ခတွေ ပြန်တောင်းကြည့်ပါသေးတယ်။ မရပါ။ ကိုယ့်အလှူလို့ပဲ သဘောထားလိုက်ရပါတယ်။) နောက်ပြီး ကျွန်တော်ယူလာတဲ့ လက်တွန်းထွန်စက်မောင်းနည်း ဗီဒီယိုခွေပြတော့ လယ်သမားတွေ အလွန်သဘောကျပါတယ်။ သင်တန်းပြီးတော့ သူတို့ ကျွန်တော့်ဆီ ၀ိုင်းအုံလာပါတယ်။

ကျွန်တော်တို့မှာ ထွန်စက်တွေသာရှိတယ်။ ခုလို ကျကျနန သင်ပြပေးမဲ့သူ မရှိပါဘူးဗျာ။ သုံးသာသုံးနေတယ်။ အဆင်ပြေလှလို့ မဟုတ်ပါဘူး။ ဒီလို ကိုယ့်စိတ်ကူးနဲ့ကိုယ် ကြံဖန်လုပ်နေရတာပဲ။ တစ်ခါတလေ ထယ်သွားက အရမ်းစူးသွားတယ်။ လျှော့လိုက်ပြန်ရင် မစူးပြန်ဘူး။ အဓိက ပြဿနာက လယ်ထဲမှာ စက်ပျက်သွားတဲ့ ပြဿနာ။ ကျွန်တော်တို့က လယ်ပဲလုပ်တတ်တာ။ ဒီစက်အကြောင်း ဘာမှ နားလည်တာမဟုတ်ဘူး။ ဒီတော့ စက်ပျက်ရင် အကြီးအကျယ်ပြဿနာ တက်တယ်။ ရွာနီးချုပ်စပ်မှာ စက်ပြင်တတ်တဲ့သူ မရှိဘူး။ မြို့က စက်ပြင်စရာတွေသွားခေါ်တော့လည်း တောဆိုတော့ ဘယ်သူမှ မလိုက်ချင်ကြဘူး။ ဒီတော့ ကျွန်တော်တို့မှာ သူတို့ကို ခခယယနဲ့ ကြေးကြီးပေးပြီး မရ ရအောင်ခေါ်ရတယ်။

ကဲ၊ အဲဒီ လယ်သမားတွေရဲ့ ပြဿနာတွေကို ခုနက သတင်းစာထဲထည့်ဘို့ လူတွေအတင်းစုပြီး၊ ဓါတ်ပုံတွေလာရိုက်သွားတဲ့ အရာရှိမင်းတို့ သိပါသလား။ သိသည့်တိုင်အောင် ဖြေရှင်းပေးဘို့ စိတ်ဝင်စားကြပါသလား။ စိတ်ဝင်စားသည့်တိုင်အောင် ဘယ်လိုလုပ်ရမလဲလို့ နားလည်တတ်ကျွမ်းတဲ့သူ ရှိပါသလား။

ဒီကိစ္စ ကျွန်တော့်ရင်ထဲမှာ မကျေမချမ်းဖြစ်နေတာ ဆယ်စုနှစ်နဲ့ချီရှိနေပါပြီ။ ကိုယ်ကလည်း အလကား၊ ပမွှား။ ဘာကောင်မှ မဟုတ်တော့ ဘာမှ လုပ်လို့မရ။ အခု ဒီကိစ္စကိုလုပ်ဖို့ အိပ်မက်မက်ကြည့်တာပါ။

ဒါ့ကြောင့် ခုဆောင်းပါးခေါင်းစဉ်ကို “I Have A Dream” လို့ နာမည်ပေးလိုက်တာပါ။

(၂)

၁၉၉၅ ခုနှစ်လောက်က အသေးစားလယ်ယာသုံး စက်ကိရိယာများ လေ့လာရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ (အစိုးရအစီအစဉ်) ထိုင်းကို လေ့လာရေးခရီး နှစ်ပတ် ကျွန်တော် သွားခဲ့ရပါတယ်။ ကျွန်တော်နဲ့အတူ စက်မှုလယ်ယာက ကိုကိုမောင်ရယ်၊ ကိုမြင့်ဇော်ရယ် ပါပါတယ်။ အဲဒီခရီးဟာ ကျွန်တော့်အတွက် အင်မတန် အကျိုးများပါတယ်။ ဒါပေမဲ့ အကျိုးသာများတာ။ တိုင်းပြည်နဲ့ လယ်သမားတွေအတွက် ကျွန်တော် ဘာမှ ပြန်မလုပ်ပေးနိုင်ခဲ့သေးပါဘူး။

ခုအခေါက် ရန်ကုန်မှာ စိုက်ပျိုးရေးက မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပါတယ်။ ပြောချင်တာလေးတွေရှိလို့ သူတို့ကို လှမ်းဖုံးဆက်ခေါ်ပြီး လှည်းတန်းက IT လဖက်ရည်ဆိုင်မှာ စကားပြောကြတာပါ။ မသီတာချောလှိုင်ရယ်၊ မအေးကျော့ကျော့အိရယ်၊ မခင်မိုးကျော်ရယ်၊ မစန္ဒာထွန်းရယ်။ လေးယောက်ပါ။ သူတို့တွေဟာ နိုင်ငံခြားတိုင်းပြည်တွေ ကနေပြီး အဆင့်မြင့် စိုက်ပျိုးရေးပညာတွေ သင်လာခဲ့ကြသူတွေပါ။ ဒါဆို သူတို့သင်လာခဲ့တဲ့ ဒီပညာတွေနဲ့ တိုင်းပြည်အကျိုး၊ လယ်သမားတွေရဲ့ အကျိုးကို ဘယ်လောက် လုပ်ပေးပြီးပြီလဲ။ ဒါကို ကျွန်တော်သိချင်ပါတယ်။ ဒါကြောင့် သူတို့ကို ခေါ်ပြီး စကားစနေ ပြောကြည့်တာပါ။

မအေးကျော့ကျော့အိက ပိုးသတ်ဆေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ ပေးနေပါတယ်။ ပိုးသတ်ဆေးတွေအကြောင်း သူ ကောင်းကောင်းကြီး သိပါတယ် တဲ့။ ဒါဆို ပိုးသတ်ဆေးနဲ့ပတ်သက်တဲ့ စာအုပ်ရေးပါ လို့ ကျွန်တော်သူ့ကို တိုက်တွန်းပါတယ်။ ထုတ်ဝေဘို့ ကျွန်တော်တာဝန်ယူပါမယ် လို့ပြောခဲ့ပါတယ်။ သူ ရေးမရေးတော့ မသိပါ။ တခြားသူတွေကိုလည်း ကျွန်တော်က တကယ်အလုပ်ဖြစ်မဲ့ဟာလေးတွေပါ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆိုလိုတာက တိုင်းပြည်အတွက်ရော၊ လယ်သမားတွေ အတွက်ပါ လက်တွေ့ အကျိုးရှိမဲ့ဟာမျိုးပါ။ ဒါပေမဲ့ သူတို့ဟာ ၀န်ထမ်းမို့လို့ လုပ်ပိုင်ခွင့် အင်မတန်မှ နယ်ကျဉ်းပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ် ဘာမှ လုပ်ခွင့်မရှိပါဘူး။

ဒေါ်လွင်မြတ်နိုးပြောတဲ့ သြဘာတို့၊ ရွှေခြင်္သေ့တို့မှာလုပ်နေတဲ့ ကိုမိုးနိုင်ဦးတို့၊ ကိုကိုမောင်တို့နဲ့ ကျွန်တော် စကားစနေပြောဖူး ပါတယ်။ ရွှေခြင်္သေ့က သူဌေးလေးတွေနဲ့လည်း တွေ့ဖူးပါတယ်။ ကိုကိုမောင် ခေါ်သွားတာပါ။ ကိုမိုးနိုင်ဦးလည်း ကျွန်တော် ရောက်တယ်မှန်းသိရင် ကျွန်တော်တို့အိမ်ကို ရောက်ရောက်လာလေ့ ရှိပါတယ်။ သူတို့လည်း သူတို့ တတ်နိုင်သလောက် ပညာပေးသင်တန်းတွေ ဟောပြောပွဲတွေ လုပ်ပေးပါတယ်။ ဒါပေမဲ့ သိပ်တော့ မလွယ်လှပါဘူး။ လယ်သမားတွေကလည်း အင်မတန် အစွဲကြီးပါတယ်။ သူတို့ပညာပေးဟောပြောပွဲတွေလုပ်ရရင် အရမ်းစိတ်ညစ်ရတယ် လို့ ကိုမိုးနိုင်ဦးက ပြောပြပါတယ်။

ဒေါ်သီတာချောလှိုင်တို့လည်း ပညာပေးလုပ်ငန်းတွေ လုပ်နေပါတယ်။ သူတို့ဆွေးနွေးပွဲ ဓါတ်ပုံတွေ ကျွန်တော့်ကို အများကြီး ပေးလိုက်ပါတယ်။ FAO ကလည်း လုပ်နေတယ်ထင်ပါတယ်။ နောက် (ဒီဆောင်းပါးတွေ ရေးဖြစ်တဲ့ အဓိကတွန်းအားဖြစ်တဲ့) ကျွန်တော့်ကို တစ်ချိန်လုံး အပြစ်မြင်နေတဲ့၊ ကျွန်တော့်မိတ်ဆွေ လုပ်နေတဲ့ World Concern Myanmar ကလည်း လယ်သမား ပညာပေးလုပ်ငန်းတွေထင်တယ် လုပ်နေပါတယ်။ များများလေး လုပ်ကြပါခင်ဗျား။

ကဲ ခု ကျွန်တော့်အိပ်မက်အကြောင်း ပြောပြပါမယ်။ အကောင်အထည်ပေါ်မပေါ် ဆိုတာ စောင့်ကြည့်ရမှာပါ။ ကျွန်တော်ကတော့ တတ်နိုင်သလောက် အားထည့်လုပ်မှာပါ။

(၃)

ထိုင်းမှာ ဘာတွေ့ခဲ့လည်း ဆိုတော့ သူတို့လယ်သမားတွေ လယ်လုပ်ငန်းမှာ ကျွဲတွေ၊ နွားတွေ မသုံးကြတော့ဘူးခင်ဗျာ။ သူတို့ လိုက်ပြခဲ့တဲ့ နေရာတွေမှာတော့ fully mechanized farming ပါပဲ။ လယ်လုပ်ငန်းကို အစအဆုံး စက်တွေနဲ့ပဲ လုပ်ကြတော့ တာပါ။ ကျွန်တော်တို့ မရောက်ခဲ့တဲ့နေရာတွေမှာ နွားတွေနဲ့ လယ်လုပ်နေသေးရင်တော့ မပြောတတ်ဘူးပေါ့လေ။ အဲဒီမှာ သူတို့လုပ်ပုံကိုင်ပုံလေးတွေ ကျွန်တော်တို့လေ့လာခဲ့ရပါတယ်။

သူတို့က ဘယ်လိုလုပ်သလဲဆိုတော့ လယ်သမားတွေကို စက်ရောင်းတော့မယ်ဆိုရင် စက်ဝယ်မဲ့လယ်သမားတွေကို သူတို့ စက်ရုံကို ခေါ်လိုက်တယ်။ နောက်ပြီးတော့ သူတို့ဝယ်မဲ့စက်တွေကို ----

---- ဟောဒီလိုပျက်ရင် ဒီလိုပြင်ကွ။ ထယ်မစူးရင် ဒီလိုချိန်ကွ။ ထွန်စက်ဗွက်နစ်နေရင် ဒီဘီးနဲ့လဲသုံးကွ။ စက်ရပ်သွားရင် ဒီဟာကို ဖြုတ်ပြီးဆေးရတယ်ကွ။ အင်ဂျင်ဝိုင်ကို ဘယ်နှနာရီ မောင်းပြီး လဲရတယ်ကွ။ လဲတဲ့အခါ ဟောဒီလို လဲလကွ။ မင်းက ဘယ်ရွာကလဲ။ ဒါဆို မင်းတို့ဘက်က ဘယ်မြေအမျိုးအစား ပဲကွ။ ဒါဆို ဟောဒီလိုဘီးမျိုးနဲ့ သင့်တော်သကွ။ ဒီထယ်သွားကို သုံးလကွ။ လယ်ထဲက ပြန်တက်လာရင် ဘယ်လို ကြံ့ခိုင်ရေး လုပ်ရတယ်ကွ - - - -

ဆိုပြီး ကျကျနန သင်ပေးလိုက်တယ်။ လက်တွေ့လည်းမောင်းခိုင်း။ ပြင်ခိုင်း။

အားလုံးသေချာပြီ။ ဒီလူတွေ ဒီစက်ကိုသေသေချာချာကိုင်နိုင်ပြီ ဆိုတော့မှ ကဲ၊ ကိုယ့်လူ။ ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုး ဆိုပြီး စက်နဲ့တကွ ရွာပြန်လွှတ်လိုက်တာ။ ဒီတော့ လယ်သမားတွေ လယ်ထဲမှာ စက်ပျက်နေလဲ ကိစ္စမရှိဘူးလေ။ ကိုယ့်ဟာကိုယ် လေးကလေးချွန်ပြီး ကောက်ကက်ဖြုတ်ဖျက် လဲလိုက်ရုံရှိတာပဲ။ နောက်ပြီး ပိုက်ဆံကလည်း ကိုယ့်ဟာကိုယ် အများကြီး ချေရတာ မဟုတ်ဘူး။ လယ်သမားဘဏ်ကနေ ချေးပေးလိုက်တာ။ စပါးပေါ်မှ ပြန်ဆပ်။ အရစ်ကျနဲ့။

အဲဒါပဲ။ ကျွန်တော်လုပ်ချင်တာ။ ဒီအိပ်မက်ကို မက်ခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကျော်လောက်ကတဲကပါ ခင်ဗျာ။ အဲဒီတုံးက ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်မှာ။ စိုက်ပျိုးရေးသုတေသနဌာနက အသေးစားလယ်ယာသုံး စက်ကိရိယာ ဌာနက ဘာလဲ ဌာနမှုးလား၊ ဘာလား။ ဦးသန်းရှိန်နဲ့ ကျွန်တော်သိတယ်။ သူ့ကို ကျွန်တော်ပြောကြည့်တော့ သူက သူ့ဝပ်ရှော့ သုံးချင်သုံးပါတဲ့။ သူကလည်း ၀န်ထမ်း၊ ကျွန်တော်ကလည်း ၀န်ထမ်း၊ ငမွဲ ငမွဲချင်း ဘာလုပ်လို့ရမလဲ။ အဲဒါနဲ့ ဘာမှ အလုပ်မဖြစ်ခဲ့ဘူး။ စိုက်ပျိုးရေးသုတေသနက ကျွန်တော်နဲ့ အလွန်အင်မတန် ခင်ကြတဲ့ မိတ်ဆွေ ကိုထွန်းရွှေရဲ့ အစ်ကို ဒေါက်တာတင်ထွဋ်က လုပ်စေချင်တယ်။ ဒါပေမဲ့ မလုပ်ဖြစ်ပါဘူး။

ခု အဲဒါလုပ်ကြည့်မယ်။ ကျွန်တော့်သူငယ်ချင်းကိုအောင်ကြည်စိုးက ရန်ကုန်မှာ အောင်ရွှေသီး ဆိုပြီး ဆောက်လုပ်ရေးလုပ်နေ တယ်။ ကျွန်တော်က သူတို့ကုမ္ပဏီမှာ ရှယ်ယာထည့်ပြီး သူတို့ကုမ္ပဏီအင်အားနဲ့ ခုနက အိပ်မက်ကို အကောင်အထည် ဖော်ချင်တယ်။ ကိုအောင်ကြည်စိုးကလည်း သဘောတူပါတယ်။ လုပ်ပါတဲ့။ စက်မှုလယ်ယာမှာ ညွှန်မှူးဖြစ်နေတဲ့ ကိုစိုးလှိုင်က ကျွန်တော်တို့ မိတ်ဆွေ။ ကိုအောင်ကြည်စိုးက ကိုစိုးလှိုင်နဲ့တွေ့၊ စကားပြောပြီး ကျွန်တော်လုပ်ချင်တာကို စက်မှုလယ်ယာနဲ့ တွဲလုပ်လို့ရမလား ဆွေးနွေးကြည့်မယ်။ ခုထိတော့ အကြောင်းမပြန်သေးဘူး။

နောက်တစ်ခုက ခု လယ်သမားတွေကို စက်တွေရောင်းနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေရှိတယ်။ သူတို့ကိုချဉ်းကပ်ပြီး သူတို့က စက်ရောင်း။ ကျွန်တော်က စက်ဝယ်မဲ့လယ်သမားတွေကို စက်ကိုင်တတ်အောင် ကျကျနန သင်ပေးမယ်။ ဒီလိုလုပ်ချင်တယ်။

လယ်သမားတွေဟာ နွားနဲ့ကျွဲနဲ့ လုပ်ရတာကို အတော်လေး စိတ်ကုန်နေပါပြီ။ စက်နဲ့လုပ်ချင်ပါတယ်။ နွားတစ်ယှဉ်းရဲ့ တန်ဖိုးဟာ စက်တစ်စီးစာလောက် ရှိပါတယ်ခင်ဗျာ။ နောက်ပြီး မသမာသူတွေက စည်းမရှိ၊ ကမ်းမရှိ လုပ်ပစ်ကြလို့ နွားစားကျက်တွေလည်း ကုန်ပါပြီ။ နွားစားစရာ မြက်နဲ့ ကောက်ရိုးတောင် အင်မတန် ရှားပါးတဲ့ပစ္စည်း ဖြစ်နေပါပြီ။ ဒါပေမဲ့ သူတို့မှာ နည်းပညာလိုနေတယ်။ တစ်ယောက်က စက်ကြီးကို စွန့်ပြီး ၀ယ်လိုက်တယ်။ ပြဿနာပေါင်းစုံနဲ့တိုးပြီး နောက်တော့ အဲဒီစက်ကြီး ချောင်ထဲထိုးထားလိုက်ရတယ်။ ငွေတွေအိပ်သွားတယ်။ ဘာမှ အသုံးမတည့်တော့ ကျန်တဲ့သူတွေ မ၀ယ်ရဲတော့ဘူး။ ဒါ လက်ရှိဖြစ်နေတဲ့ အခြေအနေ။

အဲဒီကွက်လပ်ကြီးကို ဖြည့်ပေးဘို့ ဘယ်သူမှ စိတ်မ၀င်စားဘူး။ ဖြစ်နိုင်တာကတော့ -

၁။ မသိတာ၊ မျက်စိမှောက်နေတာ ဖြစ်မယ်။
၂။ သိသော်လည်း မလုပ်တာဖြစ်မယ်။
၃။ လုပ်ချင်သော်လည်း လုပ်တတ်တဲ့သူ မရှိတာဖြစ်မယ်။
၎။ လုပ်တတ်သည့်တိုင် အကျိုးအမြတ်မသေချာလို့ (ငွေရေးကြေးရေးအကျိုးအမြတ် ရှိချင်မှတောင် ရှိမယ်) မလုပ်ကြတာ ဖြစ်မယ်။

ဒါပါပဲ။ ကျွန်တော့်အိပ်မက်။ ကျွန်တော်တတ်တဲ့ အတတ်ပညာနဲ့ အစွန့်ပစ်ခံ လယ်သမားကြီးတွေကို လုပ်ပေးနိုင်တာ ဒါပဲရှိတယ်။ ကျွန်တော့်အိပ်မက်သာ အကောင်အထည်ပေါ်ခဲ့ရင်၊ အောင်မြင်ခဲ့ရင် အနှစ်သုံးဆယ်ကျော် အစိုးရက ကြွေးကြော်နေတဲ့ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ဆိုတဲ့ ဆောင်ပုဒ်ကို အကောင်အထည်ပေါ်အောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဟိုလူ့အပြစ်တင်၊ သည်လူ့အပြစ်တင်၊ ဟိုလူ့ဆဲ၊ သည်လူ့ဆဲ လုပ်နေတာ ဘာအကျိုးမှ မရှိပါ။ တကယ်အလုပ်ဖြစ်မဲ့ဟာကို၊ လူတွေအတွက် တကယ်အကျိုးရှိမဲ့အရာကို ပူးပေါင်းပြီးလုပ်ကြပါစို့ လို့ တိုက်တွန်းလိုက်ရပါတယ်။

မြင်းမိုရ်တောင်ထိပ်က တာဝတိံသာကို တက်ဖို့ ကြံရွယ်ကြည့်တာပါခင်ဗျာ။
လမ်းတစ်ဝက်တင် ဘုန်းဆိုပြုတ်ကျတော့လည်း ကျပဟလို့ အသိသာကြီးပဲ။

ကိုအောင်ကျော်ဖြိုးနဲ့ ကိုကောင်းမြတ်တို့ကို အများကြီး ကျေးဇူးတင်ပါတယ်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

အေးငြိမ်း

၂၈-၀၂-၂၀၁၁
ည ၁၂း၅၉ နာရီ
Blk 134A, Kang Ching Road
#03-91
Singapore 619062
email: y_nyein@yahoo.com.sg
aye475@gmail.com
Tel: (65)97303027