Wednesday, February 17, 2010

ပိုက်ပြင် ပိုက်ဆက်လက်စွဲ (၁)

အမှာအနေနှင့်ပြောရန် သိပ်တော့ အထွေအထူးမရှိ။ ပိုက်နှင့်ပတ်သက်၍ လုပ်ကိုင်နေရသူများအားလုံး ပိုက် အကြောင်း ကောင်းကောင်းနားလည်နိုင်ရန် ပိုက်နှင့် ပတ်သက်သောစာအုပ် တစ်အုပ် ထုတ်လိုက်လျှင် အကျိုးများလိမ့်မည် ဟု ယူဆ၍ ပိုက်ပြင်ပိုက်ဆက်လက်စွဲကို ပြုစုပါသည်။

သာမန် ပိုက်ဖစ်တာများရော၊ အင်ဂျင်နီယာများအတွက်ပါ အားကိုးလောက်သည့် စာအုပ်တစ်အုပ်အဖြစ် ပြုစုရန် မှန်းထားပါသည်။ သိပ်မအားသည့်အတွက် မှန်းသလောက် ခရီးမရောက်ပါ။ ယခု ပြီးသလောက် သိလိုသူတို့အတွက် ဖော်ပြပေးလိုက်ပါသည်။
ပုံများကို ဘလော့ဂ်ပေါ်တင်ရသည်မှာ မလွယ်၍ စာမျက်နှာ အားလုံးကို jpeg format ပြောင်း တင်လိုက်ပါသည်။/ ပုံကြီးမြင်ရရန်နှင့် download လုပ်ရန် ပုံပေါ်ကို ကလစ်နှိပ်ပါ။









ယောဂီစိတ္တရ ဓမ္မ၀ိဇ္ဖာ ဆရာကြီး-၂

ဤအတောအတွင်း ပုသိမ်အနောက်ပိုင်း အတွင်းဒီပါရုံ၊ အပြင်ဒီပါရုံ၊ ရွှေတွင်းတူး ဒီပါရုံ စသည့်နေရာများ၌ တရားထိုင်ရာမှ ရေဖျင်းစွဲကပ်လာသည် ဆိုသော အမေရိကန်သာသနာပြု ဘဒန္တသုန္ဒရ မည်သော ဘုန်းကြီးတစ်ပါး ဦးဉာဏောထံ ဆေးကုသရန် ရောက်ရှိလာခဲ့သဖြင့် ဆေးကုသပေးလိုက်ရသေးသည်။
ပုသိမ်၊ ကံကြီးဒေါင့်ရှိ အိုးဘိုတန်း၊ ၀ဲကြီးကျေးရွာတွင် လယ်ကွက်အတွင်းမှ စေတီပျက်တစ်ဆူတွေ့ရာ ထိုစေတီမှာ မည်သည့်ကာလက တည်ခဲ့သည့်စေတီဖြစ်ကြောင်း ဒေသခံတို့ မသိနိုင်ကြချေ။ သို့နှင့် ၀ဲကြီးကျောင်းတိုက် အရှင်အာဒိစ္စ၀ံသ မှ လျှောက်ထားလာသဖြင့် ဦးဉာဏောက ထိုစေတီမှာ ယခင် ရာမညတိုင်းမှ တလိုင်းတို့ တည်ထားကိုးကွယ်ခဲ့သော စေတီ ဖြစ်ပြီး အောင်တော်မူစေတီ ဟု ဘွဲ့မည်ပေးခဲ့သည်။
ထိုမှနေ၍ ပုသိမ်အရှေ့မြို့နယ်၊ ညောင်ပင်သာရွာသို့ ပြန်လည်ကြွရောက် သီတင်းသုံးခဲ့သည်။ ဤရွာတွင်လည်း စေတီ တစ်ဆူတည်ခဲ့သည်။ ဤရွာတွင်နေစဉ် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ မြေဧက ၁၀၀ လှူခဲ့သည် ဆို၏။ ထိုမြေများပေါ်တွင် စပါးကြဲကာ ထွက်ရှိလာသော စပါးများကို ခုနစ်ရက်သားသမီးများအား စတုဒိသာ ကျွေးခဲ့သည်ဆိုသည်။
ဦးဉာဏောအနီးတွင် အမြဲနေထိုင်သူ ဦးမိုးကုတ် ပြောပြချက်အရ ဦးဉာဏော တည်ခဲ့၊ ပြုပြင်ခဲ့သော ဘုရားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


ကိုလှမိုးမှာ စင်ကာပူ၊ ကာတာ စသောနိုင်ငံများသို့ အလုပ်လုပ်ရန် သွားချည်လာလှည့် ဖြစ်နေသဖြင့် ဦးဉာဏော ထံ သိပ်မရောက်ဖြစ်ခဲ့။ နောက်ပိုင်း သူနိုင်ငံခြားမှ ပြန်ရောက်လာသည့် အခါ ဘုန်းကြီးမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ၀န်ကြီး(ထိုအချိန်ကရာထူး ဖြစ်ပြီး ယခုမဟုတ်တော့ပါ။) တို့က ကိုးကွယ်ဆည်းကပ်နေသည် ဟု လည်းကောင်း၊ သံလျင်ရေနံချက်စက်ရုံဝင်းအတွင်းမှ ဒေါက်တာ ဒေါ်မေမီမာလာ၏ အိမ်တွင် ၂ ၀ါခန့်သီတင်းသုံးခဲ့သည် ဟု လည်းကောင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံမှ ပင့်ဆောင်ကိုးကွယ်ခဲ့ကြောင်း စသည့် သတင်းများ ကြားသိခဲ့ရသည် ဆိုသည်။
(ထိုဆေးရုံတွင် အလုပ်လုပ်နေသူ ကျွန်တော့်အသိ သူနာပြုတစ်ဦးက ပြန်ပြောပြရာတွင်မူ အေး၊ ငါတို့လည်းကြား တယ်။ ဒါပေမဲ့ ငါက သိပ်ဝါသနာမပါတော့ သွားတော့ မဖူးလိုက်ပါဘူးဟယ် ဟူ၏။)
ထို့နောက်တွင်မတော့ အလှူရှင်တစ်ဦးက အေးရိပ်မွန်အိမ်ယာတွင် (ဓါတ်ပုံထဲတွင်ပါသည့်) မြေကွက်နှင့် အိမ်ကို လှူလိုက်သဖြင့် ဤနေရာတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ဤကဲ့သို့နေထိုင်ရာတွင်ဤအိမ်သို့ လူအ၀င်အထွက်များခြင်း၊ အိမ်တွင် လူအများမှီခိုကပ်ရပ်နေထိုင်ခြင်း၊ အသံများဆူညံတို့ကြောင့် ပတ်ဝန်းကျင်မှ တိုင်တန်းခဲ့ရာ စုံစမ်းရေးအဖွဲ့များက လာရောက်စုံစမ်းပြီးသကာလ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ၏ ဆုံးဖြတ်ချက်ဖြင့် လူဝတ်လဲခဲ့သည်။ (၂၀၀၇ ခုနှစ်၊ နှစ်ကုန်ပိုင်း)
ယခုမူ ဆေးကုသခြင်း၊ ဗေဒင်ဟောခြင်း၊ ရန်ပြေမာန်ပြေ၊ ဂြိုဟ်စီးဂြိုဟ်နင်းတို့အတွက် ပုလဲမြို့၊ သုံးသုံးလုံးမှတ်တိုင်၊ ဖားစေတီမှာ၊ ဆွမ်းကပ်လိုက်၊ ဘာလှူလိုက် စသည်ဖြင့် ယတြာများပေးခြင်း စသည်တို့ လုပ်ကိုင်နေတာ တွေ့ခဲ့ရပါသည်။

(၃) ခုနစ်ရက်သားသမီးများအား ကယ်မ’ထားပုံ

အခန်းတွင်း ၀င်လိုက်သည်နှင့် မှိုနံ့များ၊ အောက်သိုးသိုး အနံ့များ၊ ဟင်းနံ့ကြွေးနံ့များ ရောမွှေထားသည့် အနံ့အသက် ပေါင်းစုံကို မသက်မသာ ရှူလိုက်ရသဖြင့် အသက်ပင်အောင့်ထားလိုက်မိသည်။ ညှီစို့စို့၊ စိုထိုင်းထိုင်းနှင့် လေ၀င်လေထွက်မရှိ သော အခန်းမှာ ကျန်းမာရေးရှုထောင့်က ကြည့်လိုက်လျှင် လူကောင်းတစ်ဦးပင် မကြာမီ ရောဂါရနိုင်ဖွယ် အခြေအနေဖြစ်ပါ သည်။


အခန်းတွင်းသို့ လေ့လာ အကဲခတ်ကြည့်လိုက်ရာ ဘာထုပ်များမှန်းမသိသော အထုပ်ပေါင်း သောင်းခြောက်ထောင် သည် ပြန့်ကျဲလျှက်၊ တစ်ထုပ်ပေါ် တစ်ထုပ်ဆင့်ကာ ခန်းလုံးပြည့်မျှ ရှိချေ၏။ (ခန်းလုံးပြည့် ဟူသည်မှာ ထိုအထုပ်များဖြင့် ပြည့်နေသောကြောင့် အခန်းမှာ ထိုင်စရာနေရာကို မဆိုထားဘိ၊ ခြေချစရာနေရာပင် မရှိရကား ထိုအထုပ်များပေါ်တွင် နင်း၍ သွားရချေသည်။) သံမဏိ ထမင်းချိုင့်ပေါင်း မြောက်များစွာကို လည်းကောင်း၊ စာရွက်စာတမ်းများကို လည်းကောင်း၊ အခန်းခြေရင်းတွင် ညစ်ပေစွာ နေရာယူထားသည့် ၇၂ လက်မ တီဗီကြီးကို လည်းကောင်း၊ ထိုတီဗီတင်သည့် စင်အောက်တွင် ဆင့်ကာပုံထားသည့် ဆယ်ဂဏန်းကျော်မျှ ရှိမည့် ဗီစီဒီ နှင့် ဒီဗီဒီ ပလေယာများကို လည်းကောင်း၊ များပြားလှစွာသော remote control များကိုလည်းကောင်း၊ ရှုပ်ပွလျှက်ရှိသည့် ၀ါယာကြိုး များနှင့် extension plug များကိုလည်းကောင်း။

အပေါက်ဝနားတွင်မူ ဒန်အိုး၊ သံမဏိ အိုးကြီး၊ အိုးငယ်များ၊ ပန်းကန်ခွက်ယောက်များ ကို လည်းကောင်း၊ ယောက်ချိုဇွန်း၊ ဟင်းခပ်ဇွန်း၊ ထမင်းစားဇွန်း စသည့် အမျိုးအစား စုံလင်လှစွာသော အိုးခွက်ပန်းကန်များကို လည်းကောင်း၊ ကပ်လျှက် အိပ်ခန်းထဲတွင်မူ ယိုဖိတ်ကျလျှက်ရှိသည့် ဆန်အိတ်များကို လည်းကောင်း၊ ထိုဆန်အိတ်များပေါ်တွင် အသက် ၃၀ ပတ်ဝန်းကျင်ခန့် လူရွယ်တစ်ယောက်သည် အိပ်မောကျလျှက်ရှိ၏။ ထိုဆန်အိတ်များ၏ ဘေးတွင်မူ ဘာမှန်းမသိရသော အထုပ်ကြီး အထုပ်ငယ်များသည် တစ်ထုပ်ပေါ် တစ်ထုပ်ဆင့်ကာ လည်းကောင်း၊ အခန်းထောင့်တွင် ပလတ်စတစ်အိပ်၊ ကြွပ်ကြွပ် အိတ်များနှင့် ထုပ်ထားသော အထုပ်များသည် လည်းကောင်း၊ ပုဆိုးနှင့် အင်္ကျီများသည် တွဲလောင်းဆွဲလျှက်တချို့၊ ဆန်အိတ်များပေါ်တွင် ပြန့်လျှက်တချို့ ရှိလျှက်။ အခန်းနံရံပေါ်မှ အ၀တ်အစား မလုံ့တလုံ ၀တ်ထားသော နိုင်ငံခြားသူ တစ်ဦးသည် ကျွန်ုပ်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေသဖြင့် ကျွန်ုပ်မှာ ကိုယ့်ကိုယ်ကိုယ်ပင် မလုံမလဲ ဖြစ်မိသွားရပါသေး၏။
ရှေ့ဖက်မှ အခန်းတစ်ခုတွင်မူ ပီနံအိတ်နှင့်ထုပ်ထားသော အထုပ်ကြီးများသည် တစ်ထုပ်ပေါ် တစ်ထုပ်ဆင့်လျှက်
လည်းကောင်း၊ အခန်း၏ အခြားနံရံတစ်ဖက် တွင် စီပီယူ၌ CD Writer/DVD Writer ဆယ်ခုထက်မနည်း တပ်ဆင်ထားသော ၁၉ လက်မ LCD Monitor နှင့် ကွန်ပြူတာ တစ်လုံးကို လည်းကောင်း၊ ဂဏန်းများ ရေးမှတ်ထားသော စက္ကူအချို့ကို လည်းကောင်း၊ ထိုအခန်းထဲတွင်မူ အသက် ၂၀ မှ ၃၀ အကြား ကောင်လေး ၄ - ၅ ယောက်ကို ထိုင်လျှက် တချို့၊ လျောင်းလျှက် တချို့ တွေ့ရ၏။ (ကျွန်ုပ်ရိုက်ထားသော သူတို့အခေါ် ဆရာတော်ကြီး၏ ပုံတော်များကို လိုချင်ပါသည် ဆိုသဖြင့် ထို ကွန်ပြူတာအတွင်း save လုပ်ပေးခဲ့ရသေးသည်။)
နောက်ဖက်အခန်းတစ်ခုတွင်မူ ဆရာတော်ကြီး၏ အစ်မတော်ဆိုသူ အဖွားကြီးတစ်ဦးနှင့် အခြား အဖွားအိုနှစ်ဦးကို တွေ့ရသည်။ ၎င်းတို့နှင့် ကပ်လျှက်တွင် ခပ်ရွယ်ရွယ် အမျိုးသမီးတစ်ဦး အိပ်လျှက်ရှိ၏။ ကျွန်တော်လည်း ခွင့်တောင်းကာ အခန်းတွင်း ၀င်သွားလျှက် ဤအဖွားများသည် မည်သည့်အရပ်မှ မည်သည့်အကြောင်းကိစ္စများဖြင့် လာကြောင်း၊ ဤရောက် နေသည်မှာ မည်မျှကြာမည်ဖြစ်ကြောင်း၊ မည်သည့်အချိန်တွင် နေရပ်ပြန်မည် စိတ်ကူးထားကြောင်း၊ ကျန်းမာရေး၊ နေရေး ထိုင်ရေးများ မေးမြန်းခဲ့ပါသည်။ သူတို့အနီး တွင်မူ စတီးဇလုံတစ်ခုအတွင်း ထည့်ထားသော ထမင်းနှင့် ဟင်းများကို တွေ့ရ၏။ ထိုအခန်းတွင်းတွင်မတော့ အထုပ်များအစား သံသေတ္တာများနှင့် အိတ်များကို တွေ့ခဲ့ရပါသည်။


ဓါတ်ပုံရိုက်လိုပါသည် ဟု ခွင့်တောင်းပြီး အနားကပ်သွားသောအခါ ကျွန်တော့်မှာ အတော်ပင် မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်သွားရပါ၏။ အနှီဆရာတော်ကြီး၏ ကိုယ်တွင် အ၀တ်မရှိပါ၊ ၀တ်လစ်စလစ်ကြီး ဖြစ်ပါ၏။ အနီးတွင် ခြေဆုပ်လက်နယ် ပြုစုနေသော အသက်၄၀ အရွယ် အမျိုးသမီးနှစ်ဦး ထိုင်လျှက်ရှိပါသည်။
ဆရာတော် ၀တ်ရုံခြုံလိုက်ဦးလေ ဟု သူ့လက်ရင်းတပည့် ဦးမေတ္တာ က သတိပေးလိုက်မှ အနီးတွင် အဆင်သင့် ထားရှိသော အ၀တ်တစ်ခုကို ကိုယ်ပေါ်တွင် လွှမ်းလိုက်ပါသည်။ (ဓါတ်ပုံတွင်ကြည့်ပါ) ထိုအရာသည် သင်္ကန်းမဟုတ်၊ ပုဆိုးလည်းမဟုတ်၊ မချုပ်ရသေးသော အ၀တ်စတစ်ခု ဖြစ်၏။ မချုပ်ရသေးသော ပုဆိုးအသစ်ဖြစ်မည် ထင်ပါသည်။ ခပ်လှမ်းလှမ်းမှ ကြည့်ရာတွင်မူ ၀မ်းလျှားမှောက်ထားပြီး အမျိုးသမီးတစ်ဦးမှ ကျောကုန်းကို ဆီများလိမ်းပေးနေတာ တွေ့ရ ပါသည်။ ထိုစဉ်က ကျွန်ုပ်မှာ ၀တ်ထားသော အ၀တ်ကို လျှောချထားပြီး ဆေးလိမ်းပေးနေသည် ထင်မိ၏။ အနီးကပ် တွေ့လိုက် ရသော အခါမှ အ၀တ်လုံးဝ ၀တ်မထားကြောင်း သိရပါတော့သည်။ ကျွန်ုပ်လည်း ခပ်မြန်မြန် ဓါတ်ပုံရိုက်ကာ အနားမှ ခွာခဲ့ပါ သည်။
ထိုအတောအတွင်း ပစ်ကပ်တစ်စီးဝင်လာကာ စတီးအိုးကြီးတစ်လုံးနှင့် စားစရာများ ယူလာ၏။ ဖွင့်လိုက်သောအခါ နွားနို့ဆန်ပြုတ်များ ဖြစ်နေပါသည်။ ကိုလှမိုး အတင်းတိုက်သည်နှင့် ကျွန်တော်ပင် သိပ်မသတီလှပဲ အောင့်အည်းကာ တစ်ပန်းကန် သောက်လိုက်ရပါသေးသည်။ လာသမျှဧည့်သည်များကို ထို ဆန်ပြုတ်ဖြင့် ဧည့်ခံ၏။ အနီးရှိစားပွဲပေါ်တွင်လည်း ဘယ်အချိန်က လာလှူသွားမှန်းမသိသော ထမင်းနှင့် ပဲပြုတ်များကို တွေ့လိုက်ရပါသည်။ ဧည့်သည်များမှာ တဖွဲဖွဲနှင့် ရောက် လာလျှက် ရှိ၏။
ဘယ်နှခုဖွားလဲ၊ ဘာနေ့သမီးလဲ၊ ဘာဖြစ်ချင်လို့လဲ ဟု ဦးမေတ္တာက ရောက်လာသူမှန်သမျှကို မေးမြန်း ရေးမှတ်၏။ ထို့နောက်မှ ဆရာတော်သို့ ဘယ်နှခုကြွင်း၊ အင်္ဂါသမီးက ဘာရောဂါ ဖြစ်နေလို့ပါ၊ အမြန်ပျောက်အောင် ဆေးဝါးများ သနား တော်မူပါ ဟု လျှောက်ထား၏။ ထိုအခါ ဆရာတော်မှ ဘာလုပ်လိုက်ဟု ညွှန်ကြားပါသည်။ ကျွန်တော်လည်း နေရာမရှိသည့် ကြားမှ ထောင့်တစ်ထောင့်တွင် ခုပ်ကုပ်ကုပ် အသားလေး ဆောင့်ကြောင့်ထိုင်ကာ လေ့လာရပါသည်။ ပြဿနာပေါင်း သောင်း ခြောက်ထောင်နှင့် ရောက်ရှိလာသော ခုနစ်ရက် သားသမီးများကို ဆရာတော်ကြီးမှ ကယ်မ’နေပုံအား မျက်ဝါးထင်ထင် လေ့လာခဲ့ရပါ၏။

ထို ဦးမေတ္တာဆိုသူအားလည်း ကျွန်တော် မခန့်မှန်းတတ်ပါ။ ဖိုးသူတော်လည်း မဟုတ်၊ ဘုန်းကြီးလည်း မမည်၊ လူဟု လည်း မဆိုသာ၊ ယောဂီနှင့်လည်း မတူ၊ ဘယ်လိုခေါ်ရမည်မှန်း မသိပါ။ သူဝတ်ထားသည်မှာ သင်္ကန်းရောင်နှင့်နီးစပ်သော အနီရောင် ဆိုးထားသည့်အ၀တ် (သင်္ကန်းအစလည်း ဖြစ်ချင်ဖြစ်ပါမည်) ကို ကိုယ်တစ်ပတ် ပတ်သာရုံမျှ ချုပ်ထားလျှက် ဘုန်းကြီးများကဲ့သို့ ပုခုံးတစ်ဖက်ကို ဖေါ်ထားကာ ကိုယ်လုံးကို ပတ်ထားသော ထိုအစအား အခြားပုခုံးတစ်ဖက်ပေါ်တွင် အစထုံးလျှက် ချည်နှောင်ထားပါသည်။ ကျွန်တော့မှာ အခန်းပတ်ဝန်းကျင်ကိုလည်းကောင်း၊ ထိုသူ့အားလည်းကောင်း ဓါတ်ပုံ များစွာ ရိုက်ချင်ပါသော်လည်း သူ့ဆက်ဆံပုံကြောင့် အငေါက်ခံရမှာ စိုးရွံ့မိသည့်အတွက် ဓါတ်ပုံမရိုက်ရဲခဲ့ပါချေ။ ကျွန်တော့်ညီ ကိုလှမိုးကို ပြောခိုင်းပါသော်လည်း ကိုလှမိုးမှာ ထို ဦးမေတ္တာနှင့် အလွန်ရင်းနှီးသည့်တိုင် ပြောရမှာကို တွန့်ဆုတ်တွန့်ဆုတ် လုပ်လျှက် ရှိပါချေသည်။

အတန်ကြာ လေ့လာပြီးနောက် ကျောင်းအောက် အဲလေ အိမ်အောက် သို့ပြန်ဆင်းလာကာ ပတ်ဝန်းကျင်ကို လေ့လာ ကြည့်၏။ အောက်ထပ်တွင် ဧည့်သည်များကို အိပ်လျှက်တချို့၊ ထိုင်လျှက်တချို့ ကွမ်းစားလျှက်၊ ဆေးလိပ်သောက် လျှက် တွေ့ရရာ ထိုသူများသည် မည်သည့်အရပ်မှ မည်သည့် ကိစ္စဖြင့် လာကြကြောင်း စပ်စုမိပါသည်။ အနယ်နယ် အရပ်ရပ် မှ ဆေးကုသရန် လာသူများဖြစ်ကြောင်း သိရ၏။ များသောအားဖြင့်တော့ ကျွန်တော်တို့ ကွင်းကောက်နယ်ဘက်မှ ဖြစ်ပါသည်။
ထိုအိမ်ဘေးတွင် တစ်ဖက်ရပ် တဲထိုး ကာ မိသားစုသုံးစုခန့် နေထိုင်နေသည်ကို တွေ့ရပါသည်။ ထိုသူများသည် မည်သူများနည်း ဟု ကိုလှမိုးကိုမေးရာ ပထမတော့ ဆရာတော် ကြီးထံ ဆေးကုရန် လာရင်း နောက်တော့ နေရပ်သို့ မပြန်တော့ပဲ သည်မှာပင် နေထိုင်နေသူများ ဖြစ်ကြောင်း ပြောပါသည်။
အိမ်၏ အခြားတစ်ဖက်တွင်မူ တိုက်မှ အဖီချထားလျှက် ထိုအဖီထဲတွင် အမျိုးသမီး တစ်ဦးသည် အိုးကြီး အိုးငယ်များဖြင့် ထမင်းဟင်း များ ချက်ပြုတ်နေသည်ကို တွေ့ရပါသည်။ ကျွန်တော်က ကိုလှမိုးအား ၎င်းသည်မည်သူဖြစ်သည် စသဖြင့်မေးရာ ဤအမျိုးသမီးမှာ ချက်ပြုတ်ရန်အတွက်သက်သက် လခပေး ငှားရမ်းထားသူ ဖြစ်ကြောင်း သူ့လခသည်ပင် တစ်လ တစ်သိန်း ကျော်ကြောင်းများ ပြောပြပါသည်။

ဟေ့ကောင်၊ မင်းက ဆရာတော်ကြီးနဲ့လည်း ဆွေမျိုးနီးစပ်တော်သေး၊ နောက်ပြီး သူ့နောက်လိုက်နေတာတောင် နှစ်အတော်ကြာသွားမင့်ဟာ၊ ဘာဖြစ်လို့မင်းက လခကောင်းတဲ့ ထမင်းချက်ရာထူးကို မယူနိုင်တာလဲ ဟု ကျွန်တော်ကအားမလို အားမရ ငေါက်လိုက်ရာ ဟာ- အစ်ကိုက မသိပဲကိုး။ သူ့လူတွေမို့လိုဆိုပြီး ဆရာတော်ကြီးက ခန့်တာမဟုတ်ဘူးဗျ။ သူဓါတ်ကျတဲ့သူမှခန့်တာ ဟု ပြောပါ၏။
ဝင်းခြံထဲတွင် ရေးထိုးပြီးသော ကျောက်စာချပ်များ၊ ရေးထိုးလက်စ ကျောက်စာများ အများအပြားကို တွေ့ရသည်။ ဤသည်တို့မှာ ကျောက်စာအားလုံး၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ကြောင်း၊ အခြားနေရာများတွင်လည်း ရှိသေးကြောင်း ပြောပါသည်။ ကျွန်တော်တွေ့ရသလောက် ကျောက်စာအများစုမှာ ဘုရားသမိုင်းများနှင့် မော်ကွန်းများဖြစ်ပါသည်။
သူတို့ အဓိကလုပ်သော အလုပ်များအနက် တစ်ခုမှာ ဘောလုံးပွဲများကို အကြီးအကျယ် လောင်းခြင်းဖြစ်ပါသည်။ တပည့်သားမြေးများ (အထက်တွင် ကျွန်တော်ဖော်ပြခဲ့ပြီးသော ဤအိမ်၌ ကပ်ရပ်နေထိုင်နေသူများ) က အားကစားဂျာနယ်
များဝယ်ကာ မည်သည့်အသင်းက နိုင်ခြေရှိကြောင်း ခန့်မှန်းပေးရပါသည်။ ထိုအခါ ထိုဓမ္မ၀ိဇ္ဖာဆရာကြီးက မည်သည့်အသင်းကို ဘယ်နှပုံးလောင်းလိုက် ဟု ညွှန်ကြားပါသည်။ (ပုံး ဟု သူတို့ခေါ်သော အသုံးအနှုံးမှာ သိန်းဂဏန်းကို ခေါ်ပါသည်။) ကိုလှမိုးပြောပြချက်အရ တစ်ခါတရံတွင် သိန်းပေါင်း ထောင်သောင်းမျှ ချီ၍ပင် ရှုံးတတ်၊ နိုင်တတ်သည် ဆိုပါသည်။
ဤနေရာတွင်သာမက ပုလဲမြို့သစ် ၃၃၃ မှတ်တိုင် တွင် ၀န်ကြီး(ဟောင်း)တစ်ပါးလှူဒါန်းထားသော နှစ်ကွက်တွဲ ခြံရာကြီးတွင် တစ်ကွက်အတွင်း၌ နှစ်ထပ်တိုက်တစ်လုံး၊ ကပ်လျှက်ခြံအတွင်း၌ ဖားစေတီတည်ရန် စီမံနေသော ဓမ္မာရုံကြီးကိုလည်း တွေ့ခဲ့ရပါသေးသည်။ ထိုနေရာတွင် လည်း ဓမ္မ၀ိဇ္ဖာဆရာကြီး၏ အရိပ်အာဝါသကို မှီခိုနေသော မိသားစုများကို တွေ့ခဲ့ရ၏။ ၎င်းတို့၏ စားရေးသောက်ရေး အတွက် အေးရိပ်မွန်မှ ဆန်ဆီဆား စသည်တို့ ထောက်ပံ့ ပေးနေသည် ဆို၏။
ဓမ္မ၀ိဇ္ဖာဆရာကြီးအား တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း မှီခိုကပ်ရပ် စားသောက်နေသူ ဦးရေမှာ မနည်းလှပါ။ ထိုသူများသည် မည်သည့်အလုပ်မျှ မလုပ်ပဲ ဓမ္မ၀ိဇ္ဖာဆရာကြီးအား လှူဒါန်းလာသည့် စားဖွယ် သောက်ဖွယ်များကို စားသောက်ကာ နေနေကြခြင်း ဖြစ်ပါသည်။
၎င်းတို့တွင် ငွေကြေးပေါများလိုက်ပုံမှာလည်း ယုံနိုင်ဖွယ်မရှိပါ။ ကိုလှမိုးပြောပြချက်အရ ပီနံအိတ်အတွင်း ငွေစက္ကူ အပြည့်ထည့်၊ ကြိုးဖြင့်စည်းကာ အိတ်ထိပ်ကို အနည်းငယ်မျှဖောက်ထားပြီး အိတ်ကို လူအရပ်ထက် အနည်းငယ်မျှ ပိုမြင့်သော နေရာတွင် ဇောက်ထိုးဆွဲကာ ခုနစ်ရက်သားသမီးများအား ခုန်ဆွဲစေသည် ဆိုပါ၏။ ပေါက်နေသော အိတ်အတွင်းမှ မိမိ နှိုက်နိုင်သမျှ ငွေကြေးမှာ ဆရာကြီးမှ စွန့်ကြဲလိုက်သော ငွေကြေးပင် ဖြစ်ပါတော့သည်။
ဓမ္မ၀ိဇ္ဖာဆရာကြီးအား ကိုးကွယ်နေသော အနယ်နယ်အရပ်ရပ်မှ ပုဂ္ဂိုလ်များမှာ မနည်းလှပါ။ ထိုအထဲတွင် ရာထူးရာခံ ကြီးကြီးပိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်ပါသည်။ အလကားနေရင်းတော့ နာမည်ကြီးမည်မဟုတ်။ တစ်ခုကောင်းတော့ ရှိမည် ဖြစ်ပါ၏။ ဘာကောင်းသလဲ ဆိုသည်ကိုတော့ ထိုသူများသာ သိပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အထက်တွင်ဆိုခဲ့သည့် အတိုင်း သိန်းပေါင်းထောင်နှင့်ချီတန်သည့် အဆောက်အဦ၊ နေအိမ်တိုက်တာ၊ ပစ္စည်းပစ္စယများကို လှူဒါန်းသည်ဆိုခြင်းမှာ တော်ရုံတန်ရုံမျှနှင့် လှူမည်မဟုတ်ဆိုသည်ကို ခပ်လွယ်လွယ် သိနိုင်ပါသည်။
လောကီ သို့မဟုတ် လောကုတ္တရာ ဆိုင်ရာ လူအများ၏ ကောင်းကျိုးကို ထမ်းရွက်နေသည် ဆိုလျှင် လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်ပါလိမ့်မည်။ သို့သော် လောကီအတွက်လည်း အကျိုးမရှိ၊ လောကုတ္တရာအတွက်လည်း အကျိုးမဖြစ်ထွန်း လျှင်မူ မိမိကိုထမ်းထားရသော မြေကြီးကို အလွန်တရာ အားနာဘို့ကောင်းလှပါပေတော့သည်။

Friday, February 5, 2010

Take Time To

Version , perhaps from the 19th century:

Take Time

Take time to work.
It is the price of success.
Take time to play.
It is the secret of perpetual youth.
Take time to read.
It is the foundation of wisdom.
Take time to think.
It is the source of power.
Take time to laugh.
It is the music of the soul.
Take time to be friendly.
It is the road to happiness.
Take time to share.
It is the path to true wealth.
Take time to love and be loved.
It is the privilege of the gods.

Another early version, 1920s or 1930s (American School Board Journal):

TAKE TIME!

TAKE TIME TO LIVE—
That is what time is for. Killing time is suicide.
TAKE TIME TO WORK —
It is the price of success.
TAKE TIME TO PLAY —
It is the fountain of wisdom.
TAKE TIME TO BE FRIENDLY —
It is the road to happiness.
TAKE TIME TO DREAM--
It is hitching your wagon to a star.
TAKE TIME TO LOOK AROUND--
It is too short a day to be selfish.
TAKE TIME TO LAUGH--
It is the music of the soul.
TAKE TIME TO PLAY WITH CHILDREN--
It is the joy of joys.
TAKE TIME TO BE COURTEOUS--
It is the mark of a gentleman.
TAKE TIME TO THINK —
And you will always use NATURAL SLATE for Your CHALKBOARD Requirements.

A dreamless version, from fall 1966 (Educational Horizons 45.1):

Take Time To Think
It is the source of power.
Take Time To Play
It is the secret of perpetual youth.
Take Time To Read
It is the fountain of wisdom.
Take Time To Pray
It is the greatest power on earth.
Take Time to Love and Be Loved
It is a God-given privilege.
Take Time To Be Friendly
It is the road to happiness.
Take Time To Laugh
It is the music of the soul.
Take Time To Give
It is too short a day to be selfish.
Take Time To Work
It is the price of success.
Find Time
AUTHOR UNKNOWN

Although the state of psychology in the 60s made dreaming seem less useful, this one has interesting suggestions, such as making prayer one of our most important things to spend time on (a lovely Christian idea).
Here is a down-to-earth 1998 version (Gregory L. Jantz):

Take time to think;
it is the source of your power.
Take time to play;
it is the secret of your youth.
Take time to read;
it is the foundation of your knowledge.
Take time to dream;
it will take you to the stars.
Take time to laugh;
it really is your best medicine.
Take time to pray;
it is your touch with almighty God.
Take time to reach out to others;
it will give your life significance.

Here's one from the 21st century that took a turn down Jesus Road:
1. Take time to Work -
It is the price of success.
2. Take time to Think -
It is the source of power.
3. Take time to Play -
It is the secret of youth.
4. Take time to Read your Bible-
It is the foundation of knowledge and feeds the soul.
5. Take time to Worship -
It is the highway of reverence and washes the dust of earth from our eyes.
6. Take time to Help and Enjoy Friends -
It is the source of happiness.
7. Take time to Love -
It is the one sacrament of life.
8. Take time to Dream -
It hitches the soul to the stars.
9. Take time to Laugh -
It is the singing that helps with life's loads.
10. Take time to Pray:
It rids us of our excess baggage.
11. Take time to Plan -
It is the secret of being able to have time to take time for the first ten things.

Here's another recent one that took a turn down the opposite path, towards generic humanism:

1. Take time to dream –
it hitches your soul to the stars.
2. Take time to work –
it is the price of success.
3. Take time to think –
it is the source of power.
4. Take time to play –
it is the secret of youth.
5. Take time to read –
it is the foundation of knowledge.
6. Take time to worship –
it is the highway of reverence and washes the dust of earth from our eyes.
7. Take time for friends –
they are the source of happiness.
8. Take time to love –
it is the source of joy.
9. Take time to laugh –
it helps with life’s loads.
10.Take time for beauty –
it is everywhere to be enjoyed.
11.Take time for health –
it is the true treasure of life.
12.Take time to plan –
it is the secret to getting the things you desire.