Friday, July 17, 2009

Build Your Future IV

အခန်း (၂)

စင်ကာပူနိုင်ငံအတွင်း ၀င်ခွင့်ရရန် လိုအပ်ချက်များ (Entry Requirements)

အောက်ပါ အချက်အလက်များမှာ စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့၏ အင်တာနက် စာမျက်နှာ ဖြစ်သော http://www.ica.gov.sg/ မှ ကောက်နှုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။

စင်ကာပူနိုင်ငံအတွင်း ၀င်ခွင့်ရရှိရန် အခြေခံ လိုအပ်ချက်များမှာ -
၁။ အနည်းဆုံး သက်တမ်း ၆ လရှိသော ပတ်စ်ပို့
၂။ သက်တမ်းရှိ စင်ကာပူ ပြည်ဝင်ခွင့် ဗီဇာ
၃။ စင်ကာပူနိုင်ငံတွင် နေထိုင်မည့်ကာလအတွင်း သုံးစွဲရန် လုံလောက်သော ငွေကြေး ပမာဏ
၎။ အသွားအပြန် လေယာဉ်လက်မှတ် (Booking လက်မှတ်မဟုတ်၊ အတည်ဖြစ်ပြီး)
၅။ အပြည့်အစုံ ဖြည့်စွက်ထားသော Disembarkation / Embarkation Card (White Card)
၆။ အချိန်ကာလ အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေးထိုး မှတ်တမ်းများ သို့မဟုတ် ဆေးစစ်ချက်များ
(ဥပမာ၊ SARS ဖြစ်နေသော ကာလ၊ Swine Flu ဖြစ်နေသော ကာလ)

၂၊ ၁။ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခြင်း

နိုင်ငံခြားသို့ သွားလိုသူများ ပထမဆုံး ဆောင်ရွက်ရမည်မှာ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်း ဖြစ်ပါသည်။ နိုင်ငံကူးလက်မှတ်ကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း ရှိ ပြည်ထဲရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြန်မာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့တွင် လျှောက်ထားရပါမည်။
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် -
v နိုင်ငံသား စိစစ်ရေးကဒ် မူရင်း နှင့် မိတ္တူ၊
v အိမ်ထောင်စု စာရင်း မူရင်း နှင့် မိတ္တူ
v နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအတွက် ဘဏ် ၃၊ ဆူးလေ ဘုရားလမ်း တွင် ငွေပေးသွင်းထားသော ငွေသွင်းချလံ စသည်တို့ ပူးတွဲ တင်ပြရပါသည်။

ပတ်စ်ပို့လျှောက်ထားရန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်ရပါမည်။ အကယ်၍ မမာမကျန်းဖြစ်နေလျှင် သော်လည်းကောင်း၊ အိုမင်းမစွမ်း သူများအနေနှင့်သော် လည်းကောင်း ကိုယ်စားလှယ် လွှဲစာဖြင့် လူစားလွှတ်၍ ရပါသည်။
ပတ်စ်ပို့လျှောက်လွှာတွင် အပြည့်အစုံဖြည့်ပြီးလျှင် လျှောက်လွှာရှင်သည် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၊ အမှတ် ၁၁၀၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်သို့ လာရောက်တင်ရမည် ဖြစ်ပါသည်။ အကယ်၍ လျှောက်လွှာတွင် အမည်၊ မွေးနေ့သက္ကရာဇ် စသည်များကို လိမ်လည်ဖြည့်စွက်ထားခြင်း တွေ့ရှိပါက ဒါဏ်ငွေ ၁၂၅၀၀ ကျပ် တပ်ရိုက်မည် ဖြစ်ပါသည်။
ပတ်စ်ပို့် လျှောက်လွှာကို လတစ်လ၏ ၁၀ ရက်နေ့မတိုင်မီ တင်ပါက အနီးဆုံးကျင်းပသော ဘုတ်အဖွဲ့သို့ တင်ပြမည် ဖြစ်ပါသည်။ ဘုတ်အဖွဲ့မှ အတည်ပြုပြီးသော အခါ လျှောက်လွှာရှင်သည် စပေါ်ငွေ ၅၀၀၀ တင်ထားသော ဘဏ်ငွေသွင်း ဖြတ်ပိုင်း၊ ပညာရေး ကင်းလွတ်ခွင့် စသော် အောက်ပါ စာရွက်စာတမ်းများကို တင်ပြရမည် ဖြစ်ပါသည်။ တင်လိုက်သော စာရွက် စာတမ်းများကို စစ်ဆေးပြီး လိုအပ်သော ဆောင်ရွက်ချက်များပြီးလျှင် ပတ်စ်ပို့စာအုပ် ထုတ်ယူနိုင်ပြီ ဖြစ်ပါသည်။ စုစု ပေါင်း ဆောင်ရွက်ချိန်ကာလ ၁ လခွဲ ခန့် ကြာမည် ဖြစ်ပါသည်။

တင်ပြရမည့် စာရွက်စာတမ်းများ

(၁) စီးပွားရေးလုပ်ငန်း ပတ်စ်ပို့များ
v စင်ကာပူမှ ကုမ္ပဏီ ၏ ဖိတ်ခေါ်စာ မူရင်း
v ကုမ္ပဏီ မှတ်ပုံတင်စာရွက်စာတမ်း
v ကုမ္ပဏီ၏ ပုံစံ (၆)
v ကုမ္ပဏီ၏ ပုံစံ (၂၆)
v ထုတ်ကုန်၊ သွင်းကုန် လိုင်စင်
v ထုတ်ကုန်၊ သွင်းကုန်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများ (BE - Bill of Exchange, BL – Bill of Lading)
v အကယ်၍ ကုမ္ပဏီသည် ကုန်သွယ်ရေးဆိုင်ရာ ကုမ္ပဏီ တစ်ခု မဟုတ်ခဲ့ပါက စီးပွားရေးလုပ်ငန်း ပတ်စ်ပို့ထုတ်ပေးရန် ၀န်ကြီး ဌာန၏ ထောက်ခံချက် လိုပါလိမ့်မည်။
v နိုင်ငံသား စိစစ်ရေးကဒ်
v အိမ်ထောင်စု စာရင်း

(၂) စီးပွားရေးလုပ်ငန်း (ကာလတို) ပတ်စ်ပို့များ
v စင်ကာပူမှ ကုမ္ပဏီ ၏ ဖိတ်ခေါ်စာ မူရင်း
v ကုမ္ပဏီ မှတ်ပုံတင်စာရွက်စာတမ်း
v ကုမ္ပဏီ၏ ပုံစံ (၆)
v ကုမ္ပဏီ၏ ပုံစံ (၂၆)
v ထုတ်ကုန် သို့မဟုတ် သွင်းကုန် လိုင်စင်
v အကယ်၍ ကုမ္ပဏီတစ်ခု၏ ၀န်ထမ်းဖြစ်နေပါက ကုမ္ပဏီ ညွှန်ကြားရေးမှူး၏ ထောက်ခံစာ
v နိုင်ငံသား စိစစ်ရေးကဒ်
v အိမ်ထောင်စု စာရင်း
v အကယ်၍ ပတ်စ်ပို့ အသစ်လျှောက်ထားခြင်း ဖြစ်ခဲ့ပါက ဒုဝန်ကြီး ၏ ထောက်ခံချက် လိုပါသည်။

(၃) အလုပ်အကိုင် ရှာဖွေရေး ပတ်စ်ပို့များ
v စင်ကာပူမှ အလုပ်ခေါ်စာ မူရင်း
v နိုင်ငံသား စိစစ်ရေးကဒ်
v အိမ်ထောင်စု စာရင်း
v အခွန်ဆောင်ထားသော စာ (သို့) အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ

(၄) အလည်အပတ်သွားခြင်းအတွက် ရက်တို ပတ်စ်ပို့များ
v စင်ကာပူတွင် အလုပ်လုပ်နေသူ မိမိဆွေမျိုးတစ်ဦးဦး ၏ ဖိတ်ခေါ်စာ မူရင်း
(မှတ်ချက်။ ။ ထို ဖိတ်ခေါ်သူသည် ၎င်း၏ ပြီးခဲ့သော ၆ လ အတွင်းက စင်ကာပူရှိ မြန်မာသံရုံးတွင် ဆောင်ထား သော ၁၀ရာခိုင်နှုံး ၀င်ငွေခွန်စာရွက်ကို တင်ပြရမည်။)
v ဖိတ်ခေါ်သူ၏ ပတ်စ်ပို့ မိတ္တူ
v နိုင်ငံသား စိစစ်ရေးကဒ်
v အိမ်ထောင်စု စာရင်း
v မိမိ၏ အရင်းနှီးဆုံး ဆွေမျိုးတစ်ဦးဦး
v အကယ်၍ လျှောက်ထားသူသည် အစိုးရ ၀န်ထမ်းဖြစ်ပါက ပြည်ပ ခရီးထွက်ခွာခွင့်
(အကယ်၍ ဖိတ်ခေါ်သူသည် မြန်မာနိုင်ငံသား အဖြစ်မှ စွန့်လွှတ်ထားသူ တစ်ဦးဖြစ်ပါက ၎င်း၏ ဖိတ်ခေါ်စာပေါ်တွင် စင်ကာပူ မြန်မာသံရုံးမှ တံဆိပ်တုံး ထုထားရမည် ဖြစ်ပါသည်။)

(၅) (မှီခို) မြန်မာပတ်စ်ပို့များ
v စင်ကာပူတွင် အလုပ်လုပ်နေသူ ၏ ပတ်စ်ပို့ မိတ္တူ
v ထိုသူ၏ ပြီးခဲ့သော ၆ လ အတွင်းက စင်ကာပူရှိ မြန်မာသံရုံးတွင် ဆောင်ထားသော ၁၀ရာခိုင်နှုံး ၀င်ငွေခွန်စာရွက်
v စင်ကာပူတွင် အလုပ်လုပ်နေသူ မိမိဆွေမျိုးတစ်ဦးဦး ၏ ဖိတ်ခေါ်စာ မူရင်း
v နိုင်ငံသား စိစစ်ရေးကဒ်
v အိမ်ထောင်စု စာရင်း
v မိမိ၏ အရင်းနှီးဆုံး ဆွေမျိုးတစ်ဦးဦး
(အကယ်၍ ထို မှီခို ပတ်စ်ပို့ ကိုင်ဆောင်ထားသူသည် မြန်မာနိုင်ငံသို့ ပြန်လာလျှင် စင်ကာပူ မြန်မာသံရုံးမှ ထုတ်ပေး ထားသော အလုပ်မလုပ်ကြောင်း ထောက်ခံစာကို ပြရမည် ဖြစ်ပါသည်။)

မှတ်ချက်။ ။ အထက်ပါ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူတစ်ဦးဦး သည် ပတ်စ်ပို့ ထုတ်ပေးသည့်ရက်မှ ၆ လ အတွင်း မြန်မာနိုင်ငံမှ ထွက်ခွာရမည် ဖြစ်ပါသည်။ အကယ်၍ အကြောင်းကြောင်းကြောင့် ထို ၆ လ အတွင်း မြန်မာနိုင်ငံမှ မထွက်ခွာ ဖြစ်ခဲ့ပါက မိမိ ပတ်စ်ပို့စာအုပ်ကို နောက်ထပ် သက်တမ်း ၆ လ ထပ်တိုးရမည် ဖြစ်ပါသည်။ အကယ်၍ နောက်ထပ် ၆ လအတွင်းမှ မထွက်ခွာဖြစ်ခဲ့သေးပါက နောက်ထပ် စာအုပ်သက်တမ်း တိုးရာတွင် အသစ်လျှောက်သည့် အစီအစဉ်အတိုင်း ထပ်မံ လျှောက်ထားရမည် ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်း ပတ်စ်ပို့များ၏ သက်တမ်းသည် တစ်နှစ်ခွဲ ဖြစ်သဖြင့် နောက်ထပ် ထပ်မံတိုး၍ ရသော သက်တမ်း မှာ ၆ လ နှစ်ကြိမ် ဖြစ်ပါသည်။

အကယ်၍ မိမိသည် ဘွဲ့ရတစ်ဦးဖြစ်ပါက ပြည်လမ်းရှိ အဆင့်မြင့်ပညာ ဦးစီးဌာနတွင် ပညာရေး ကင်းရှင်း ကြောင်း ထောက်ခံချက် (Education clearance) လုပ်ရပါသည်။ သို့သော် အခြေခံပညာ အထက်တန်းအဆင့် ပညာရေးသာ ရှိသူ များအဖို့ လုပ်စရာမလိုပါ။ လက်ရှိ အခြေအနေတွင် နိုင်ငံကူးလက်မှတ် တစ်ခု ပြီးစီးသည်အထိ ပျမ်းမျှခြင်း မြန်မာငွေ လေးသောင်းခန့် ကျသင့်ပါသည်။
လျှောက်လွှာ တင်အပြီး တစ်လခွဲ ခန့်ရှိလျှင် ပန်းဆိုးတန်းရရုံးရှေ့မှ သင်ပုန်းတွင် သွားကြည့်ပါ။ ထိုသင်ပုန်းတွင် မည်သည့် နေ့ရက်က တင်ထားသော နိုင်ငံကူးလက်မှတ်များ ထုတ်၍ ရပြီဖြစ်ကြောင်း ကြေငြာထား ပါလိမ့်မည်။
နိုင်ငံကူးလက်မှတ် ကို မိမိ ခရီးသွားမည့် ရက်မတိုင်မီ ၂ လတန်သည်၊ ၃ လတန်သည် အလိုက စတင်ပြီး လျှောက်ထား သင့်ပါသည်။ သို့မှသာ မိမိခရီးသွားမည့် အချိန်တွင် နိုင်ငံကူးလက်မှတ် အဆင်သင့် ဖြစ်နေပါ လိမ့်မည်။
ပတ်စ်ပို့ ရလျှင် မိမိနေထိုင်သည့် မြို့နယ်မှ ထုတ်ပေးသော ပုံစံ ၁၇ (အခွန်ကင်းရှင်းကြောင်း) လက်မှတ် နှင့် အိမ်ထောင်စု စာရင်း ပြပြီး အခွန်ဦးစီးရုံး (ပြည်ပ) တွင် ပုံစံ ၁၉ ထုတ်ယူရပါသည်။
မိမိကိုယ်မိမိ စိတ်ချရစေရန် ကျန်းမာရေး စစ်ဆေးကြည့်ခြင်းမှ အပ ဆေးစစ်စရာ မလိုပါ။

၂၊ ၂။ ဗီဇာ လိုအပ်ချက်

အောက်ဖော်ပြပါ နိုင်ငံများမှ လာသူများသည် စင်ကာပူနိုင်ငံအတွင်း ၀င်ခွင့်ရရန် ဗီဇာလိုပါသည်။
အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်* ၊ ရုရှား အပါအ၀င် Commonwealth ၁၂ နိုင်ငံ* ၊ အီဂျစ်၊ အိန္ဒိယ* ၊ အီရန်၊ အီရတ်၊ ဂျော်ဒန်* ၊ လက်ဘနွန်၊ လစ်ဗျား၊ မော်ရိုကို၊ မြန်မာ* ၊ နိုင်ဂျီးရီးယား* ၊ တရုပ်* ၊ ပါကစ္စတန်၊ ဆော်ဒီ အာရေးဗီးယား၊ ဆိုမာလီယား၊ ဆူဒန်၊ ဆီးရီးယား၊ တူနီးရှား* ၊ ယီမင်။
* ပြထားသော နိုင်ငံများမှ သံတမန်များ၊ အစိုးရ၀န်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထား သူများမှာမူ ဗီဇာ ကင်းလွတ်ခွင့် ရပါသည်။
သို့အတွက် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ လော၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သီဟိုလ် စသော နိုင်ငံများမှ လာသူများ သည် စင်ကာပူနိုင်ငံသို့ ဗီဇာမလိုဘဲ လာရောက်နိုင်ပါသည်။

၂၊ ၃ ။ စင်ကာပူ ပြည်ဝင်ခွင့် (Visa) လျှောက်ခြင်း

ဗီဇာလျှောက်ရာတွင် မြန်မာနိုင်ငံတွင် လျှောက်ခြင်း နှင့် စင်ကာပူတွင် နေထိုင်သူများမှ လျှောက်ပေးခြင်း ဟု နှစ်မျိုး ရှိပါသည်။ ပထမ မြန်မာနိုင်ငံတွင် လျှောက်ခြင်း အကြောင်း ဖော်ပြပါမည်။
မြန်မာနိုင်ငံတွင် စင်ကာပူ ဗီဇာ ကို စင်ကာပူသံရုံးတွင် လျှောက်ရပါသည်။ စင်ကာပူသံရုံး၏ လိပ်စာမှာ -
အမှတ် ၂၃၈၊ ဓမ္မစေတီလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်
ဖုံးနံပါတ် - (၉၅-၁) ၅၅၉၀၀၁
ဗီဇာဌာန ဖက်စ်နံပါတ် - (၉၅-၁) ၅၅၉၉၂၁
e-mail : singemb_ygn@sgmfa.gov.sg - ဖြစ်ပါသည်။ ဗဟန်းမီးပွိုင့် အနီးတွင် ရှိပါသည်။
သံရုံးဖွင့်ချိန်များမှာ တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၈ နာရီခွဲ မှ နေ့လည် ၁ နာရီ ထိ နှင့် နေ့လည် ၂ နာရီမှ
ညနေ ၅ နာရီ ထိ ဖြစ်ပါသည်။ စနေ၊ တနင်္ဂနွေ နှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် သံရုံးပိတ်ပါသည်။
ဗီဇာလျှောက်ခြင်းကို တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲ ထိ လက်ခံ ဆောင်ရွက်ပေးပါသည်။ ဗီဇာထုတ်ပေးခြင်းကို တနင်္လာနေ့မှ သောကြာနေ့ထိ နေ့လည် ၂ နာရီခွဲမှ ၄ နာရီ ထိ ဆောင်ရွက်ပေးပါသည်။ ဗီဇာလျှောက် သည်မှ ပြန်ချပေးသည်ထိ စုစုပေါင်း ၄ ရက်ကြာပါသည်။ သို့သော် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးဌာနမှ အတည်ပြုချက် ရယူရန် လိုသူတို့အဖို့ ၁ လမှ ၁ လခွဲ ခန့် ကြာပါမည်။

ဗီဇာလျှောက်ရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားသော ဗီဇာလျှောက်လွှာနှင့် အတူ-
အနည်းဆုံး သက်တမ်း ၆ လ ရှိသော နိုင်ငံကူးလက်မှတ် မူရင်း+မိတ္တူ
ပတ်စ်ပို့ အရွယ် ရောင်စုံ ဓါတ်ပုံ ၁ ပုံ (မကြာသေးမီက ရိုက်ထားသောပုံ ဖြစ်ရမည်။)
အိမ်ထောင်စုစာရင်း (Notri အပါအ၀င်) မူရင်း + မိတ္တူ။
အသွားအပြန် လေယာဉ်လက်မှတ် မူရင်း + မိတ္တူ (သို့မဟုတ်) Booking လုပ်ထားသော လက်မှတ် မိတ္တူ (Flight itinerary)(ထိုလက်မှတ်တွင် လေယာဉ်ခရီးစဉ်အမှတ်၊ သွားမည့်ရက်၊ ပြန်မည့်ရက် စသည်တို့ကို ဖော်ပြထားရမည်။)
အမေရိကန်ဒေါ်လာ ၁၃.၀၀ (ကျိုးကြေနေသော၊ နွမ်းနေသော ပိုက်ဆံများ လက်မခံပါ)။

မှတ်ချက်။ ။ ၆ လနှင့် အထက် ရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီးများ စင်ကာပူသို့ သွားလိုပါက Social Visit Pass for Expectant Mothers ကို လျှောက်ရမည် ဖြစ်ပြီး စုစုပေါင်း ၁ လမှ ၁ လခွဲခန့် ကြာမြင့်မည် ဖြစ်ပါသည်။

အလုပ်လုပ်ရန် Work Permit နှင့် သွားမည့် သူများသည် ဗီဇာလျှောက်ရန် MOM မှ ချပေးထားသော IPA (In Principal Approval) နှင့် Banker’s Guarantee ပူးတွဲ တင်ပြရန် လိုပါသည်။
အလည်အပတ် လာရောက်လိုသူများသည် Social Visit Visa လျှောက်ရမည် ဖြစ်ပြီး အောက်ပါ စာရွက် စာတမ်းများ ပူးတွဲ တင်ပြရပါမည်။
စင်ကာပူမှ မိမိမိတ်ဆွေ၊ ဆွေမျိုးတစ်ဦးဦး၏ ခေါ်စာ (Sponsor Letter)
ထို ခေါ်စာပေးပို့သူ၏ Singapore Blue IC မိတ္တူ

အကယ်၍ အလုပ်ကိစ္စနှင့် သွားမည့်သူ ဖြစ်ပါက -
စင်ကာပူမှ ဖိတ်ခေါ်သူ တစ်ဦးဦး၏ ခေါ်စာ (Sponsor Letter)
ထို ခေါ်စာပေးပို့သူ၏ Singapore Blue IC မိတ္တူ
အလုပ်အကိုင် အထောက်အထား (သက်တမ်းရှိ ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊ ပုံစံ ၆၊ ပုံစံ ၂၆)
စသည်တို့ ပူးတွဲ တင်ပြရပါမည်။

၂၊ ၄။ စင်ကာပူတွင် နေထိုင်သူများက မိမိ၏ဆွေမျိုးသားချင်းများ အတွက် ဗီဇာ လျှောက်ပေးလိုလျှင် -
အင်တာနက်မှ လျှောက်လိုလျှင် https://www.psi.gov.sg/ မှ နေ၍ eServices ဖြင့် လျှောက်နိုင်ပါသည်။ သို့မဟုတ် အောက်ဖော်ပြပါ ပုံစံများကို ဖြည့်စွက်၍ လျှောက်ထားနိုင်ပါသည်။ (ပုံစံကို စာအုပ်အတွင်းတွင်သာ ဖော်ပြမည်ဖြစ်ပြီး ဤနေရာတွင်မူ သက်ဆိုင်ရာ website မှ download လုပ်ယူရန် မေတ္တာရပ်ခံပါသည်။)

၂၊ ၅။ အလည်အပတ် သွားလိုသူများ Visit Pass လျှောက်လိုလျှင်

အောက်ပါ ပုံစံကို ဖြည့်စွက် လျှောက်ထားရပါမည်။ (ပုံစံကို စာအုပ်အတွင်းတွင်သာ ဖော်ပြမည်ဖြစ်ပြီး ဤနေရာတွင်မူ သက်ဆိုင်ရာ website မှ download လုပ်ယူရန် မေတ္တာရပ်ခံပါသည်။)

Social Visit Pass လျှောက်သူများသည် အထက်ဖော်ပြပါ ပုံစံများနှင့် အောက်ပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြ ရမည် ဖြစ်ပါသည်။

v သက်တမ်း ၆ လ အနည်းဆုံး ရှိသော ပတ်စ်ပို့
v White Card (Disembarkation / Embarkation – D/E card)
v အတည်ဖြစ်ပြီးသော အသွားအပြန် လေယာဉ်လက်မှတ်
v စင်ကာပူတွင်နေထိုင်သည့် sponsor လုပ်သူ၏ IC Card မူရင်း နှင့် မိတ္တူ

စင်ကာပူတွင် အမြဲနေထိုင်ခွင့်ရသူ (SPR) များ၏ ဇနီးမယား၊ သမီးသား နှင့် မိဘများသည် Visit Pass (Long Term)
လျှောက်နိုင်ပါသေးသည်။ ဤကဲ့သို့ လျှောက်ရာတွင် -
Ø Local Sponsor (စင်ကာပူတွင် နေထိုင်သူ) ၏ စာ
Ø သက်တမ်း အနည်းဆုံး ၆ လ ရှိသော ပတ်စ်ပို့
Ø သက်တမ်း အနည်းဆုံး ၁၀ ရက် ရှိသော Visit Pass (Short Term) - တို့ကို ပူးတွဲ တင်ပြရပါမည်။

သို့လျှောက်ရာတွင် http://www.ica.gov.sg/ သို့ မိမိ၏ SingPass ဖြင့် ၀င်ရောက် လျှောက်ထားနိုင်ပါသည်။

၂၊ ၆။ ကျောင်းတက်မည့်သူများ Student Visa လျှောက်မည် ဆိုလျှင်

အောက်ပါ ပုံစံကို ဖြည့်စွက် လျှောက်ထားရပါမည်။ (ပုံစံကို စာအုပ်အတွင်းတွင်သာ ဖော်ပြမည်ဖြစ်ပြီး ဤနေရာတွင်မူ သက်ဆိုင်ရာ website မှ download လုပ်ယူရန် မေတ္တာရပ်ခံပါသည်။)

အင်တာနက်မှ ဗီဇာလျှောက်လျှင် (SAVE – Submission of Application for Visa Electronically) မိမိဗီဇာ ကျမကျ ကို နောက်တစ်နေ့တွင် သိနိုင်ပါသည်။ ထို့ပြင် မိမိ ၏ ဆက်သွယ်ရန် e-mail address ကို ပေးထားလျှင် e-mail ဖြင့် အကြောင်းပြန်ပါလိမ့်မည်။ သို့မဟုတ်ပါကလည်း http://www.ica.gov.sg/ တွင် Status Enquiry ၌ စုံစမ်းနိုင်ပါသည်။

No comments: