Sunday, October 27, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၂၇)


ပုံနှင့်စာများရောနေသဖြင့် upload လုပ်ရာတွင် အလွန်လက်ဝင်ပြီး အချိန်ကုန်လှပါသည်။ ထို့ကြောင့် ပုံအားလုံးပြောင်းတင်လိုက်ခြင်း ဖြစ်ပါသည်ခင်ဗျား။ သည်းခံဖတ်ရှုကြပါရန် မေတ္တာရပ်ခံပါသည်။

ကျေးဇူးတင်ပါသည်။










လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဟောပြောပွဲ


၂၀၁၂ ဒီဇင်ဘာ ၂၄ ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်းတွင် ပြုလုပ်ခဲ့သော လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဟောပြောပွဲ

U Thant Zaw Aung Part 1



Friday, October 25, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၂၆)


၇၊ ၁၀။ လှေခါးကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း (Safe Use of Ladder)

            ဆောက်လုပ်ရေးလုပ်ငန်းများတွင် မနိမ့်မမြင့်နေရာများ၌ အလုပ်လုပ်ရန် လှေခါးကို တွင်ကျယ်စွာအသုံးပြုပါသည်။ လုပ်ငန်းခွင် မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများတွင် လှေခါးပေါ်မှ ပြုတ်ကျခြင်း၊ လှေခါးလဲကျခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ ထို့ကြောင့် လှေခါးကို မည်ကဲ့သို့ အန္တရာယ်ကင်းစွာသုံးရမည်ဆိုသည်ကို သေသေချာချာ သိထားရန်လိုပါသည်။ ဤအခန်းတွင် လှေခါးအား စနစ်တကျမှန်မှန်ကန်ကန် မည်ကဲ့သို့သုံးရမည်ဆိုသည်ကို စုစည်းဖော်ပြထားပါသည်။ ဤအချက်အလက်များကို လုပ်ငန်းခွင်၌ သာမက အိမ်နှင့် အခြား လှေခါးကိုသုံးသည့် မည်သည့်နေရာတွင်မဆို သုံးနိုင်ပါသည်။
            လှေခါးကို အောက်ပါလုပ်ငန်းများအတွက်သာ သုံးရမည်။

ü  ခဏတဖြုတ်သာလုပ်ရမည့်အလုပ်များ (၁၀ မိနစ်မှ ၁၅ မိနစ်)
ü  ပေါ့ပါးသောလုပ်ငန်းများ (၁၀ ကီလိုထက်ပိုမလေး)

အောက်ပါတို့မှာ လှေခါးကို အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် လမ်းညွှန်ချက်များဖြစ်ပါသည်။

ü  အသုံးမပြုမီ လှေခါး၏အခြေအနေကို စစ်ဆေးပါ။ ပျက်စီးနေသည့် လှေခါးကို မသုံးပါနှင့်။ ပျက်စီးနေသောလှေခါးကိုသုံးလျှင် ကျိုးကျနိုင်သည့် အန္တရာယ်ရှိသည်။
ü  ထောင်လိုက်လှေခါးများ ဆင်သည့်အခါ အပေါ်နှင့် အောက်ဘက်တို့တွင် ခိုင်ခံ့စွာချည်နှောင်ထားပါ။
ü  လှေခါးထစ်များသည် ကျိုးပဲ့ပျက်စီး မနေပါစေနှင့်။
ü  လှေခါး၏အပေါ်ဆုံးအပိုင်းသည် ဆင်းမည့်ကြမ်းပြင်ထက် တစ်မီတာ (၃ ပေ) မြင့်နေရမည်။ တစ်နည်း လှေခါးသည် ဆင်းမည့်ကြမ်းပြင်မှ အနည်းဆုံး ၁ မီတာ ကျော်ထွက်နေရမည်။
ü  လှေခါးပြုလုပ်သော ပစ္စည်းသည် တောင့်တင်းခိုင်မာရမည်။ လူနှင့်ဝန်၏ အလေးချိန်ကို ကောင်းစွာခံနိုင်ရမည်။
ü  လှေခါးထောင်သည့်နေရာသည် ညီညာပျံ့ပြူးရမည်။ မာကြောရမည်။ လှေခါးခြေထောက်သည် ကြမ်းပြင်ပေါ်တွင် ခိုင်ခိုင်မြဲမြဲ ရှိရမည်။ လှေခါးထောင်သည့်နေရာသည် မာကျောသည့်နေရာမဟုတ်ပါက လှေခါးလဲကျနိုင်သည့် အန္တရာယ်ရှိသည်။
ü  လှေခါးခြေထောက်များကို သစ်သားစသည်တို့ဖြင့် ခိုင်မြဲစွာ ဖမ်းထားရမည်။
ü  လှေခါးကို ရွေ့လျားနိုင်သည့် ထရော်လီ၊ တွန်းလှည်း၊ သေတ္တာ၊ ပုံး၊ တိုင်ကီ စသည်တို့အပေါ်၌ မည်သည့်အခါမှ မထောင်ရ။
ü  လှေခါးခြေထောက်ချထားရာ နေရာသည် (လှေခါး၏အလေးချိန် + လှေခါးပေါ်တက်မည့်လူ၏ အလေးချိန် + အလုပ်လုပ်ရန် ယူသွားမည့်ပစ္စည်း) စုစုပေါင်း အလေးချိန်ကို ကောင်းစွာခံနိုင်ရမည်။  
ü  လှေခါးကို သေချာ၊ ခိုင်မြဲစွာ ချည်နှောင်ထား၊ ဖမ်းထားရမည်။
ü  အကယ်၍ လှေခါးကို ခိုင်မြဲစွာဖမ်းထားရန် အခြေအနေမပေးပါက လှေခါးကို လူတစ်ယောက်ကိုင်ပေးထားရမည်။
ü  လှေခါးသည် အလုပ်လုပ်မည့်နေရာထိ ရောက်နေရမည်။ မမီမကမ်းမဖြစ်စေရ။
ü  ငြမ်းဆင်၍ မဖြစ်နိုင်သည့်အခါမှသာ လှေခါးကို သုံးရမည်။
ü  တစ်ချိန်တွင် လူတစ်ဦးသာ လှေခါးပေါ်တက်ရမည်။
ü  တက်/ဆင်းစဉ်တွင် လှေခါးကိုမျက်နှာမူ၍ တက်/ဆင်းရမည်။
ü  Three Point Contact (လက်နှစ်ဖက်၊ ခြေတစ်ဖက် (သို့မဟုတ်) ခြေနှစ်ဖက်၊ လက်တစ်ဖက်) အမြဲကိုင်လျှက် တက်/ဆင်းရမည်။
ü  ထောင်လိုက်လှေခါးပေါ် အတက်အဆင်းပြုစဉ်တွင် မည်သည့်ပစ္စည်းမှ လက်ထဲတွင်ကိုင်မထားပါနှင့်။ လိုအပ်သည့် ပစ္စည်းများကို ပုံးအတွင်းထည့်၍ လှေခါးပေါ်ရောက်မှ ကြိုးဖြင့်ဆွဲယူပါ။
ü  လက်သုံးကိရိယာများကို ခါးပတ်သုံး၍ ခါးတွင်ချိတ်ထားပါ။
ü  ခန္ဓာကိုယ်ကို လှေခါးအတွင်း၌သာ ရှိနေစေရမည်။ လှေခါးပေါ်မှနေ၍ လက်လှမ်းမမီသောနေရာများကို လှမ်းမလုပ်ရ။ အားလွန်ကျတတ်သည်။ လှေခါးလဲတတ်သည်။
ü  လှေခါးကို တံခါးများနောက်ကွယ်၌ မထောင်ရ။ အကယ်၍ တံခါးနောက်ကွယ်၌ လှေခါးထောင်လိုလျှင် တံခါးကို သော့ခတ်ထား ရမည်။
ü  မခိုင်မြဲသော၊ မခိုင်မာမတောင့်တင်းသော၊ ပျော့သောနေရာများ၌ လှေခါးကို မှီမထောင်ရ။
ü  မည်သည့်အခါမှ လှေခါးထိပ်တွင် တက်မရပ်ရ။
ü  လှေခါး၏ အပေါ်ဆုံး ၃ ထစ်ကို မနင်းရ။ ထို ၃ ထစ်ကို တက်မနင်းနိုင်စေရန် သုံးထပ်သားပြားဖြင့် ပိတ်ထားရမည်။
ü  လှေခါးပေါ်မှနေ၍ ဘေးဘက်ကိုတွန်းရသော (လွန်စက်နှင့်အပေါက်ဖောက်ခြင်းကဲ့သို့) အလုပ်မျိုးကို ရှောင်ပါ။ လှေခါးကို တွန်းလှဲသလိုဖြစ်နိုင်သည်။ မလွှဲသာမရှောင်သာ လုပ်ရမည် ဆိုပါက လှေခါးကို သေချာစွာ တုပ်နှောင်ပြီးမှ လုပ်ပါ။
ü  လှေခါးပေါ်၌လူရှိနေစဉ် လှေခါးကို မရွှေ့ရ။
ü  လှေခါးပေါ်၌ တစ်ချိန်တွင် လူတစ်ဦးသာတက်ရမည်။
ü  လှေခါးထောင်သည့်အခါ ၇၅ဒီဂရီအစောင်းထောင့် (အခြေ ၁း အမြင့် ၄) ဖြင့်ထောင်ရမည်။
ü  လှေခါးသည် လမ်းမီးသွယ်ထားသည့် ဓါတ်ကြိုးများမှ အနည်းဆုံး ၆ မီတာ ကွာဝေးရမည်။
ü  လှေခါးထစ်များ၊ ခြေနင်းတန်းများပေါ်၌ ဆီများ၊ အမဲဆီများ ပေကျံမနေစေရ။
ü   သင့်ဖိနပ်ခွာတွင် ရွှံ့များ၊ အမဲဆီများ၊ ဆီများ ပေကျံမနေပါစေနှင့်။
ü  မူရင်းဒီဇိုင်းမှအပ သီးခြားလှေခါးနှစ်စင်းကို ဆက်မသုံးရ။











ရည်ညွှန်းကိုးကားစာအုပ်စာတမ်းများ

၁။ HSE UK - Safe Use of Ladders and Step Ladders: Employer’s Guide
၂။ Stanford University - Guidelines for Ladder Safety
၃။ Manchester Metropolitan University – Safe Use of Ladders and Step Ladders
၎။ OHS Department, Mohawk - Ladder Safety Procedures
၅။ OSHA 3124 – Stairways and Ladders
၆။ Health and Safety Authority of Metropolitan Building - Using Ladders Safely

ဆက်ပါဦးမည်။

အေးငြိမ်း
၂၅ အောက်တိုဘာ ၂၀၁၃၊ ည ၁၀း၁၄ နာရီ