Friday, December 30, 2011

လေအေးပေးစက် စနစ်တကျ အသုံးပြုနည်း နှင့် ထိန်းသိမ်းနည်း (၃)


အဝေးထိန်းခလုတ် (Remote Control) ပေါ်မှ ခလုတ်များအကြောင်း

(၁) ON/OFF Button

လေအေးပေးစက်ကို ဖွင့်လို၊ ပိတ်လိုသည့်အခါ သုံးသည်။ ပထမတစ်ချက်နှိပ်လျှင် ဖွင့်မည်။ နောက်တစ်ချက်ထပ်နှိပ်လျှင် ပိတ်မည်။ နောက်တစ်ချက် ထပ်နှိပ်လျှင် ပြန်ပွင့်လာမည် စသဖြင့် အဖွင့် နှင့် အပိတ် တစ်လှည့်စီ သွားမည်။ သို့သော် လေအေးပေးစက်ကို ဖွင့်ပြီးချက်ခြင်းပြန်ပိတ်၊ ပိတ်ပြီး ချက်ခြင်းပြန်ဖွင့် စသဖြင့် မလုပ်ရပါ။ လေအေးပေးစက်သည် မော်တာနှင့်မောင်းသော ကွန်ပရက်ဆာနှင့် အလုပ်လုပ်သည့်အတွက် ပိတ်ပြီးချက်ခြင်းပြန်ဖွင့်လျှင် overload ဖြစ်တတ်သည်။ ပိတ်ပြီး အနည်းဆုံး ၃ မိနစ်ကြာပြီးမှ ပြန်ဖွင့်ပါ။

( ၂) Temperature Setting Button
ဤခလုတ်ကိုနှိပ်ပြီး အပူချိန်ကို လိုသလို ထိန်းနိုင်သည်။  

ကိုနှိပ်လျှင် အအေးလျော့သွားမည်။


ကိုနှိပ်လျှင် ပိုအေးလာမည်။ ခလုတ်ကို ဖိမထားပါနှင့်။ တစ်ချက်ခြင်း နှိပ်သွားပါ။

(၃) Sleep Timer Button

ဤခလုတ်မှာ sleep timer ဖြစ်ပါသည်။ ဤခလုတ် သုံးပုံသုံးနည်းကို နောက်ပိုင်းအတွင် အသေးစိတ်ဖော်ပြပါမည်။

(၄) Operation Mode Selection Button

ဤခလုတ်မှာ အေး၍ခြောက်သွေ့သောလေ၊ လေအေး၊ လေပူ၊ အလိုအလျောက် စသဖြင့် မိမိအလိုရှိရာကို ရွေးနိုင်သော ခလုတ်ဖြစ်ပါသည်။

(၅) Fan Speed Selecting Button

ဤခလုတ်က လေအေးပေးစက်၏ ပန်ကာ အမြန်နှုံးကို ထိန်းပေးသည်။ အနှေး၊ အလယ်အလတ်၊ အမြန် ဟု ပန်ကာမြန်နှုံး သုံးမျိုးရှိပြီး ဤခလုတ်ဖြင့် ကြိုက်ရာအမြန်နှုံးကို ရွေးချယ်နိုင်သည်။

(၆) Flap Control Button

ဤခလုတ်က လေသွားရာလမ်းကြောင်းကို အထက်အောက်၊ ဘေးဘယ်ညာ ထိန်းပေးသည်။ စက်ကိုစတင်ဖွင့်လိုက်လျှင် လေခွဲပြားကလေးများသည် ထက်အောက်၊ ဘယ်ညာ အလိုအလျောက်ရွေ့လျားနေပါမည်။ အထက်၊ အောက်၊ ဘယ်၊ ညာ လေသွားလမ်းကြောင်းကို ဤခလုတ်ကိုသုံးလျှက် မိမိလိုသလို ချိန်နိုင်ပါသည်။


(၇) On/Off Timer and Current Time Button
ဤခလုတ်ကိုသုံးပြီး လေအေးပေးစက်ကို မိမိလိုသောအချိန်တွင် အလိုအလျောက် ဖွင့် / ပိတ် နိုင်ရန် ချိန်ထားနိုင်ပါသည်။ မည်ကဲ့သို့ချိန်ရမည်ကို နောက်ပိုင်းတွင် အသေးစိတ်ဖော်ပြထားပါသည်။
(၈) Hour / Minute Setting Buttons
ဤခလုတ်ဖြင့် လက်ရှိအချိန် နာရီ၊ မိနစ်ကို ချိန်ညှိ၍ ရပါသည်။
(၉) Reservation and Cancel Buttons
ON/OFF Timer ကို အဆင်သင့်ပြင်ထားသော ခလုတ်ဖြစ်၏။ Cancel ကို နှိပ်ခြင်းဖြင့် ထိုသို့အဆင်သင့်ပြင်ထားခြင်းကို ဖျက်ပစ်နိုင်ပါသည်။
(၁၀) Everyday Timer Button
ON/OFF Timer ကို နေ့စဉ်သုံးလိုလျှင် ဤခလုတ်ကို သုံးနိုင်ပါသည်။ Cancel ခလုတ်ကို နှိပ်ပြီး မဖျက်သမျှကာလပတ်လုံး မိမိချိန်ထားသည့်အတိုင်း နေ့စဉ် အလုပ်လုပ်သွားမည်ဖြစ်၏။ 
(၁၁) Current Time Adjusting Button (Remote Control ကို နောက်ဘက်မှ မြင်ရသည့်ပုံတွင် ကြည့်ပါ။)
ဤခလုတ်ကလေးကိုနှိပ်ပြီး လက်ရှိအချိန်ကို ချိန်ညှိ၍ ရပါသည်။ ချိန်ညှိနည်းကို နောက်ပိုင်းတွင် သီးသန့်ဖော်ပြထားပါသည်။
(၁၂) Reset Button (Remote Control ကို နောက်ဘက်မှ မြင်ရသည့်ပုံတွင် ကြည့်ပါ။)
ဓါတ်ခဲအသစ်လဲသည့်အခါ သို့မဟုတ် အဝေးထိန်းခလုတ်သည် ကောင်းကောင်းအလုပ်မလုပ်တော့သည့်အခါများတွင် ဤခလုတ်ကို နှိပ်ပါ။ မူလအခြေအနေသို့ ပြန်ရောက်သွားပါလိမ့်မည်။ ထိုအခါကျမှ မိမိလိုသည်ကို ထပ်မံချိန်ညှိပါ။
(၁၃) Address Switch (Remote Control ကို နောက်ဘက်မှ မြင်ရသည့်ပုံတွင် ကြည့်ပါ။)
တစ်ခန်းထဲတွင် လေအေးပေးစက် နှစ်လုံးဖြစ်နေပါက တစ်လုံးလုံးကို ရွေးလိုသည့်အခါ သုံးပါသည်။

အဝေးထိန်းခလုတ် (Remote Control) တွင်ပေါ်လာမည့် အမှတ်အသားများအား ဖတ်ခြင်း

(၁)  ဤအမှတ်အသားများက မည်သည့်အစီအစဉ်ကိုရွေးထားကြောင်း ပြသည်။

(၂) အဝေးထိန်း (remote) ကို သုံးသည့်အခါ ဤမီးလင်းလာမည်။ လေအေးစက်မှ အသံကိုလည်း ကြားရမည်။
(၃) ဤကဲ့သို့သော ဓါတ်ခဲပုံလေးပြလာပြီဆိုပါက အဝေးထိန်းခလုတ်အတွင်းမှ ဓါတ်ခဲအားနည်းနေပြီ။ အသစ်ပြန်ထည့်ပါ ဟု သတိပေးခြင်းဖြစ်၏။
(၄) လေအေးပေးစက် အလုပ်လုပ်နေလျှင် ဤ ON မီး လင်းနေမည်။
(၅) ဤသင်္ကေတက မိမိရွေးချယ်ထားသော အပူချိန်ကို ပြနေသည်။ ဥပမာ - ၈၈ ဒီဂရီဖာရင်ဟိုက်
(၆) ဤသင်္ကေတက လေခွဲပြားဒလက်များ အလုပ်လုပ်နေပုံကို ပြသည်။
(၇) ဤသင်္ကေတက SLEEP TIMER သို့မဟုတ် EVERYDAY TIMER  တို့ အသင့်အနေအထားတွင် ရှိနေကြောင်းပြသည်။
(၈) ဤသင်္ကေတက မည်သည့်အချိန်တွင် လေအေးစက်စလည်မည် (on timer)၊ မည်သည့်အချိန်တွင်ရပ်မည် (off timer) ကိုပြနေသည်။
(၉) ဤသင်္ကေတများက ပန်ကာလည်သည့် အမြန်နှုံးကို ပြသည်။



အဝေးထိန်းခလုတ်မှ ဓါတ်ခဲလဲခြင်း
အဝေးထိန်းခလုတ်မှ ဓါတ်ခဲများမှာ များသောအားဖြင့် AAA အရွယ် ဓါတ်ခဲများ ဖြစ်ပါသည်။ သေချာအောင် အဝေးထိန်းခလုတ် နောက်ဘက် ဓါတ်ခဲထည့်သည့်အိမ်ကိုဖွင့်ကြည့်ပါ။ ဓါတ်ခဲအရွယ်အစားနှင့် အဖို၊ အမ (+, -) ဘက်များကို ဖော်ပြထားပါသည်။
မှတ်ချက်။            ။ ၁။ ဓါတ်ခဲအသစ်နှင့်အဟောင်းကို ရောမသုံးပါနှင့်။ အမျိုးအစားမတူ၊ တံဆိပ်မတူသော ဓါတ်ခဲများ ကိုလည်း ရောမသုံးပါနှင့်။ အဝေးထိန်းခလုတ် အလုပ်လုပ်ခြင်းကို ထိခိုက်စေပါသည်။ တံဆိပ်တူ ဓါတ်ခဲများကိုသာသုံးပါ။
၂။ ဓါတ်ခဲလဲခြင်းကို လေအေးပေးစက်ပိတ်ထားသော အခါများတွင်သာလုပ်ပါ။ လေအေးပေးစက်ဖွင့်ထားစဉ် အဝေးထိန်း ခလုတ်အား ဓါတ်ခဲမလဲပါနှင့်။ လေအေးပေးစက် အလုပ်လုပ်ခြင်းကို ထိခိုက်စေပါသည်။
၃။ ကောင်းသောဓါတ်ခဲများထည့်ထားလျှင် သက်တမ်းတစ်နှစ်ခန့်ထိ သုံးနိုင်ပါသည်။ သုံးသည်ဖြစ်စေ၊ မသုံးဘဲထားသည် ဖြစ်စေ တစ်နှစ်ခန့်ကြာလျှင် ဓါတ်ခဲအားကုန်သွားတတ်ပါသည်။
၎။ လေအေးပေးစက်ကို ကြာရှည်မသုံးဘဲထားလျှင် အဝေးထိန်းခလုတ်အတွင်းမှ ဓါတ်ခဲများကို ထုတ်ထားပါ။
၅။ ပြန်လည်အားသွင်း၍ရသော Rechargeable ဓါတ်ခဲများကို မသုံးပါနှင့်။ တစ်ခါသုံးဓါတ်ခဲများကိုသာ သုံးပါ။
၆။ ဓါတ်ခဲလဲသည့်တိုင် လေအေးပေးစက် ပုံမှန်အလုပ်မလုပ်ပါက လေအေးပေးစက်ကို ပိတ်ပါ။ ဓါတ်ခဲကိုပြန်ထုတ်ပြီး သေချာစွာ ပြန်ထည့်ပါ။ ထို့နောက် RST ခလုတ်ကလေးကို ၅ စက္ကန့်ကြာအောင် ဖိထားပါ။ ထို့နောက် လေအေးပေးစက်ကို ပြန်ဖွင့်ကြည့်ပါ။
၇။ အဝေးထိန်း remote control ကို ပစ်မချပါနှင့်။ လွတ်မကျပါစေနှင့်။ ရေမစိုပါစေနှင့်။ ရေစိုနေသောလက်များနှင့် မကိုင်ပါနှင့်။
၈။ အချို့သော မီးချောင်းများသည် အဝေးထိန်းခလုတ် အလုပ်လုပ်ခြင်းကို အနှောက်အယှက်ပေးတတ်သည်။ ထိုအခါများတွင် မီးချောင်းမှ ဝေးသည့်နေရာမှနေ၍ အဝေးထိန်းခလုတ်ကို သုံးပါ။

လက်ရှိအချိန်ရအောင် နာရီချိန်ခြင်း (Setting Current Time)


အလိုရှိသော လေအေးပေးစက်ကို ရွေးချယ်ခြင်း
အခန်းတွင်း၌ လေအေးပေးစက် နှစ်လုံးရှိနေပြီ ဆိုပါစို့။ ဓါတ်ခဲအိမ်အပေါ်နားတွင် ရှိသော ခလုတ်ကို ရွှေ့ပေးခြင်းဖြင့် ရွေးနိုင်ပါသည်။
၁။ ဘက်ထရီအိမ်အဖုံးကို ဖွင့်လိုက်ပါ။ ခလုတ်ကို B ဘက်သို့ရွှေ့ထားပါ။ RST ခလုတ်ကလေးကို တုတ်ကလေးဖြင့် နှိပ်ပေးပါ။
၂။ လေအေးစက်ကို ပိတ်လိုက်ပါ။ ပလပ်ကို ချွတ်လိုက်ပါ။ လေအေးစက်ရှေ့အဖုံးကိုဖွင့်ပါ။ PCB ကိုဆွဲထုတ်ကာ indoor unit ကို B ဟု သတ်မှတ်ပေးလိုက်ပါ။
မှတ်ချက်။            ။ ဤကဲ့သို့ချိန်ခြင်းကို သင်ကိုယ်တိုင်မလုပ်ပါနှင့်။ လေအေးပေးစက်လာဆင်ပေးစဉ်က ဆင်ပေးသည့် စက်ဆရာကို ချိန်ခိုင်းပါ။
အလိုအလျောက် အလုပ်လုပ်စေရန် ချိန်ညှိခြင်း (Automatic Operation)
(၁) ON/OFF button
ဤခလုတ်ကိုနှိပ်ခြင်းဖြင့် လေအေးပေးစက်ကို အလိုအလျောက် အလုပ်လုပ်စေခိုင်းနိုင်ပါသည်။
(၂) MODE button
ရွေးချယ်ထားသော အလုပ်လုပ်ပုံစနစ်တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလိုသည့်အခါ သုံးသည်။
(၃) TEMP ( ) button
လိုအပ်သော အပူချိန်ကို ချိန်ထားပါ။ အစပိုင်းတွင် စက်က ၂၅ ဒီဂရီစင်တီဂရိတ်ဖြင့် လည်ပတ်နေပါမည်။ ထို့နောက်မှ မိမိ ရွေးပေးထားသော အပူချိန်ကို အလိုအလျောက် ချိန်ညှိပေးပါလိမ့်မည်။ အကယ်၍ မိမိက ၂၁ ဒီဂရီ မှ ၂၉ ဒီဂရီထိ ချိန်ထား သည်ဆိုလျှင် အခန်းအပူချိန် ၂၁ ဒီဂရီအောက်ရောက်သွားသည်နှင့် စက်က HEAT mode သို့ပြောင်းကာ လေပူများ ထုတ် ပေးပါလိမ့်မည်။ အကယ်၍ အခန်းအပူချိန်သည် ၂၉ ဒီဂရီထက် ပိုမြင့်လာလျှင် စက်ကာ လေအေးများလွှတ်ပေးမည်။ အခန်း အပူချိန်ကို ၂၁ မှ ၂၉ အတွင်းရှိနေစေရန် စက်က အလိုအလျောက် ချိန်ပေးသွားပါလိမ့်မည်။
(၄) FLAP button
ဤခလုတ်ဖြင့် လေသွားရာလမ်းကြောင်းကို အပေါ်အောက်၊ ဘေးဘယ်ညာ စိတ်ကြိုက်ထိမ်းပေးနိုင်ပါသည်။
(၅) FAN SPEED button
ဤခလုတ်ဖြင့် လေအေးပေးစက်မှ ပန်ကာ၏ အမြန်နှုံးကို အနှေးအမြန် လိုသလို ထိန်းပေးနိုင်ပါသည်။
(၆) ON/OFF button
ဤခလုတ်ကို နောက်တစ်ချက်ထပ်နှိပ်လိုက်လျှင် အလိုအလျောက် အလုပ်လုပ်ခြင်းမှ ရပ်သွားမည်။
မှတ်ချက်။            ။ Auto operation ကို ကွန်ပြူတာခန်းများ၊ အစားအသောက်များ သိုလှောင်ထားသောအခန်းများတွင် သုံးရန် မသင့်ပါ။
မိမိဘာသာ စိတ်ကြိုက်ချိန်ညှိခြင်း (Manual Operation)
(၁) ON/OFF button
ဤခလုတ်ကိုနှိပ်လိုက်လျှင် လေအေးစက်မှ အသံကြားရပါလိမ့်မည်။ မီးစိမ်းကိုလည်း မြင်ရပါလိမ့်မည်။
(၂) MODE button
ဤခလုတ်ကို နှိပ်ကာ AUTO àDRYàCOOLàFANàHEAT စသဖြင့် မိမိအလိုရှိရာရွေးပါ။ ကျွန်ုပ်တို့က အခန်းကို လေအေး ပေးစေလိုသည့်အတွက် COOL ကို ရွေးပါ။
(၃) FAN SPEED button
ဤခလုတ်ဖြင့် လေအေးပေးစက်မှ ပန်ကာ၏ အမြန်နှုံးကို အနှေးအမြန် လိုသလို ထိန်းပေးနိုင်ပါသည်။
AUTO àLOW àMED àHIGH
ပုံမှန်အားဖြင့် မနှေးလွန်း မမြန်လွန်း MED တွင်ထားပါ။
(၄) TEMP ( ) button
 ကိုနှိပ်လျှင် အအေးလျော့သွားမည်။ ကိုနှိပ်လျှင် ပိုအေးလာမည်။ ခလုတ်ကို ဖိမထားပါနှင့်။ မိမိလိုသော အပူချိန်ရောက်သည်ထိ တစ်ချက်ခြင်း နှိပ်သွားပါ။
(၅) FLAP button
ဤခလုတ်ဖြင့် လေသွားရာလမ်းကြောင်းကို အပေါ်အောက်၊ ဘေးဘယ်ညာ စိတ်ကြိုက်ထိမ်းပေးနိုင်ပါသည်။
 (၆) ON/OFF button
ဤခလုတ်ကို နောက်တစ်ချက်ထပ်နှိပ်လိုက်လျှင် လေအေးပေးစက်မှ တီကနဲ အသံပေးကာ အလုပ်လုပ်နေရာမှ ရပ်သွားမည်။

မိမိလိုအပ်သော အချိန်တွင် လေအေးစက်လည်စေရန် ချိန်ညှိခြင်း (Timer Operation)
(၁) ON TIMER button
ဤခလုတ်ကို နှိပ်လိုက်ပါ။ အစဦးတွင် 6:00 A.M ဟု နံနက် ၆ နာရီ၌ ပြနေပါမည်။
(၂) HOUR, MINUTE button
ON Timer သင်္ကေတ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေချိန်တွင် လေအေးပေးစက်ကို စတင်လည်စေလိုသော အချိန်ကို ချိန်လိုက်ပါ။
(၃) RESERV button
မိမိလိုသောအချိန်ရပြီ ဆိုသည်နှင့် အဝေးထိန်းခလုတ်ကို လေအေးပေးစက်သို့ချိန်ရွယ်ကာ RESERV ခလုတ်ကို နှိပ်လိုက်ပါ။ လေအေးပေးစက်မှ အသံမြည်ကာ Timer မီး လင်းလာသည်ကို မြင်ရပါလိမ့်မည်။
(၄) MODE, FAN, FLAP and TEMP buttons
ထို့နောက် မိမိအလိုရှိသော ပန်ကာအမြန်နှုံး၊ လေသွားရာဘက်၊ အပူချိန်စသည်တို့ကို MODE, FAN, FLAP, TEMP ခလုတ်များဖြင့် ချိန်ပါ။


ON timer အကြောင်း
ON Timer ကိုဖွင့်ထားလျှင် လေအေးပေးစက်က မိမိချိန်ထားသောအပူချိန် အခန်းတွင် ရှိမရှိ ON Timer တွင် ချိန်ထားသော အချိန်မတိုင်မီကပင် ကြိုတင်လေ့လာနေမည်ဖြစ်ပါသည်။ လိုသောအပူချိန်မရှိပါက မိမိချိန်ထားသော အချိန်ထက်စောပြီး စက်စတင်လည်ပါလိမ့်မည်။
မှတ်ချက်။ ။ ၁။ ON Timer ကိုဖွင့်ထားလျှင် အဝေးထိန်းremote ပေါ်၌ လက်ရှိအချိန်ကို ပြမည်မဟုတ်ပါ။ အချိန်ကို သိလိုလျှင် CLOCK ခလုတ်ကို နှိပ်လိုက်ပါ။ လက်ရှိအချိန်ကို ၅ စက္ကန့်မျှ ပြပါလိမ့်မည်။ ထို့နောက် ပြန်ပျောက်သွားမည်။
၂။ ON Timer ကို ဖွင့်ထားလျှင် လေအေးပေးစက်သည် တောက်လျှောက် အလုပ်လုပ်နေမည်။

အချိန်ထိန်းခလုတ် (Timer) ကို ပိတ်ထားခြင်း
(၁) OFF TIMER button
ဤခလုတ်ကိုနှိပ်လိုက်လျှင် အစပိုင်း၌ 2:00 A.M ဟု နံနက် ၂ နာရီတွင် ပြနေပါမည်။
(၂) HOUR, MINUTE button
OFF TIMER မှိတ်တုတ်မှိတ်တုတ်ဖြစ်နေချိန်၌ လေအေးပေးစက်အား ရပ်လိုသောအချိန်ကို ဤ HOUR, MINUTE ခလုတ်များဖြင့် ချိန်ပါ။
(၃) RESERV. button
မိမိလိုသောအချိန်ရပြီ ဆိုသည်နှင့် အဝေးထိန်းခလုတ်ကို လေအေးပေးစက်သို့ချိန်ရွယ်ကာ RESERV ခလုတ်ကို နှိပ်လိုက်ပါ။ လေအေးပေးစက်မှ အသံမြည်ကာ Timer မီး လင်းလာသည်ကို မြင်ရပါလိမ့်မည်။
ရှင်းလင်းချက်။      ။ ON TIMER နှင့် OFF TIMER ဆိုသည်မှာ လေအေးပေးစက်ကို မိမိလိုသည့်အချိန်တွင် အလိုအလျောက် အဖွင့်၊ အပိတ်လုပ်စေရန် ချိန်ခြင်းကို ခေါ်ပါသည်။ ဥပမာ - မိမိက လေအေးပေးစက်ကို ည ၈ နာရီတွင် စတင်လည်စေကာ နံနက် ၆ နာရီတွင် အလိုအလျောက် ပြန်ပိတ်စေလိုသည် ဆိုပါစို့။ ထိုအခါ ON TIMER ကို ည ၈ နာရီ 8:00 P.M တွင် ချိန်ထားပြီး OFF TIMER ကို နံနက် ၆ နာရီ 6:00 A.M တွင် ချိန်ထားရပါမည်။
 ON, OFF နှင့် EVERYDAY Timer ကို ပေါင်းစပ် အသုံးပြုခြင်း
မိမိက လေအေးပေးစက်ကို ည ၆ နာရီတွင် စတင်လည်စေကာ နံနက် ၆ နာရီတွင် အလိုအလျောက် ပြန်ပိတ်စေလိုသည် ဆိုပါစို့။ ထိုအခါ ON TIMER ကို ည ၆ နာရီ 6:00 P.M တွင် ချိန်ထားပြီး OFF TIMER ကို နံနက် ၆ နာရီ 6:00 A.M တွင် ချိန်ထားရပါမည်။ ဤကဲ့သို့ နေ့တိုင်းထားလိုလျှင် EVERYDAY ခလုတ်ကိုပါ နှိပ်လိုက်ပါ။ ထိုအခါ လေအေးပေးစက်သည် နေ့စဉ် ည ၆ နာရီ၌ စတင်လည်ပြီး နံနက် ၆ နာရီတွင် အလိုအလျောက် ပြန်ပိတ်သွားပါလိမ့်မည်။

ON, OFF နှင့် EVERYDAY Timer ကို ပြန်ပိတ်ခြင်း
(၁) TIMER ကို ဖွင့် (ON) စေလိုလျှင် ON ကို နှိပ်ပါ။ ပိတ်လိုလျှင် OFF ကို နှိပ်ပါ။ နေ့တိုင်းအလုပ်လုပ်နေခြင်းကို ပြန်ပိတ်လို လျှင် (လေအေးပေးစက်ကို အလိုအလျောက် အပိတ်အဖွင့် မလုပ်စေလိုလျှင်) OFF ခလုတ်ကိုနှိပ်အပြီး EVERYDAY ကိုပါ နှိပ်လိုက်ပါ။ နေ့စဉ်အလုပ်လုပ်ခြင်းမှ ပျက်ပြယ်သွားပါလိမ့်မည်။
(၂) လေအေးပေးစက်သို့ အဝေးထိန်း remote ကိုချိန်ကာ CANCEL ခလုတ်ကို နှိပ်လိုက်ပါ။ လေအေးပေးစက်တွင် လင်းနေသော TIMER မီးပိတ်သွားပါလိမ့်မည်။ ထိုအခါ မိမိချိန်ထားသော အလိုအလျောက် ဖွင့်/ပိတ် ခြင်းလည်း ပျက်သွား ပါလိမ့်မည်။

အိပ်ချိန် (Sleep Timer) ကို သုံးခြင်း

အသင် အိပ်ပျော်သွားသည့်အခါ လေအေးပေးစက်ကို အလိုအလျောက်ရပ်တန့်စေလိုလျှင် ဤခလုတ်ကို သုံးသည်။

အကယ်၍ သင်အိပ်သည့်အချိန်မှ နောက် ၃ နာရီကြာလျှင် လေအေးပေးစက်ကို ရပ်တန့်စေလိုသည် ဆိုပါစို့။

၁။ SLEEP ခလုတ်ကို ၃ ခါ နှိပ်ပါ။

ထိုအခါ SLEEP သည် မှိတ်တုတ်မှိတ်တုတ်ဖြင့် အချက်ပြပါလိမ့်မည်။ ၅ စက္ကန့်ကြာသောအခါ စက်ရပ်မည့်အချိန်ကို ပြပါလိမ့်မည်။ လေအေးစက်သည် မိမိအိပ်ချိန်မှစ၍ ၃ နာရီအကြာတွင် ရပ်သွားလိမ့်မည် ဟု ဆိုလိုပါသည်။

အခြားအချိန်များကို ထပ်မံ ချိန်ညှိလိုသည်ဆိုပါက SLEEP ခလုတ်ကိုပင်ထပ်မံနှိပ်ပါ။

1:hr - လေအေးစက်သည် မိမိအိပ်ချိန်မှစ၍ ၁ နာရီအကြာတွင် ရပ်သွားလိမ့်မည်။

2:hr - လေအေးစက်သည် မိမိအိပ်ချိန်မှစ၍ ၂ နာရီအကြာတွင် ရပ်သွားလိမ့်မည်။

3:hr - လေအေးစက်သည် မိမိအိပ်ချိန်မှစ၍ ၃ နာရီအကြာတွင် ရပ်သွားလိမ့်မည်။

7:hr - လေအေးစက်သည် မိမိအိပ်ချိန်မှစ၍ ၇ နာရီအကြာတွင် ရပ်သွားလိမ့်မည်။

9:hr - လေအေးစက်သည် မိမိအိပ်ချိန်မှစ၍ ၉ နာရီအကြာတွင် ရပ်သွားလိမ့်မည်။

Cancel - မိမိချိန်ထားသည်တို့ကို ဖျက်လိုလျှင် ဤခလုတ်ကို နှိပ်ပါ။

၂။ SLEEP TIMER ကို ချိန်ထားလျှင် ပူလွန်းခြင်း၊ အေးလွန်းခြင်းတို့ မဖြစ်စေရန် စက်က အလိုအလျောက် ထိန်းပေးသွားပါ လိမ့်မည်။ အောက်ပါပုံကိုကြည့်ပါ။
မိမိချိန်ထားသော အပူချိန်မှ နာရီဝက်ကြာလျှင် အပူချိန် ၀.၅ ဒီဂရီစင်တီဂရိတ်သို့ တိုးပေးမည်။ မိနစ် ၇၀ ကြာလျှင် ၁.၀၊ မိနစ် ၁၁၀ ကြာလျှင် ၁.၅၊ မိနစ် ၁၅၀ ကြာလျှင် ၂.၀ ထိတိုးပြီး နောက်ထပ် ဆက်မတိုးတော့ပါ။ ထို့ကြောင့် မိမိက ၂၅ ဒီဂရီဟု ချိန်ထားလျှင် မိမိအိပ်ပျော်နေသည့်တိုင် အလွန်မအေးတော့ပဲ ၂၇ ဒီဂရီ စင်တီဂရိတ်တွင် ထိန်းထားပေးပါလိမ့်မည်။ ခပ်အေးအေးကြိုက်သူများကတော့ အိပ်ချိန်တွင် ၂၃ ဒီဂရီ ချိန်ထားပါ။ ထို့နောက် အိပ်ပျော်သွားပြီး ၂ နာရီခွဲခန့်ကြာလျှင် ၂၅ ဒီဂရီ ဖြစ်လာပါလိမ့်မည်။



၁။ အချို့ အဝေးထိန်းခလုတ်များတွင် ECONOMY MODE ဟု ရှိတတ်ပါသည်။ ဤခလုတ်မှာ မီးစားသက်သာစေရန် လျှပ်စစ်ကို ချွေတာပေးသော ခလုတ်ဖြစ်၏။ မိမိလိုအပ်သော အပူချိန်ရောက်သည်နှင့် ဤခလုတ်ကို နှိပ်လိုက်ပါ။ မလိုတော့ဘူး ဆိုလျှင် ဤခလုတ်ကိုပင် နောက်တစ်ချက် ထပ်နှိပ်လိုက်ပါ။

၂။ အချို့ အဝေးထိန်းခလုတ်များတွင် QUIET MODE ဟု ရှိတတ်ပါသည်။ ဤခလုတ်မှာ လေအေးပေးစက်မှ လေတိုးသံကို လျှော့ချပေးသော ခလုတ်ဖြစ်၏။ လေအေးပေးစက်သံကြောင့် အိပ်ခြင်းကို အနှောင့်အယှက်ဖြစ်သူများအဖို့ အလွန်အသုံးတည့် ပါသည်။

၃။ လေအေးပေးစက်ကို ပိတ်လျှင် အဝေးထိန်းခလုတ်ဖြင့် ပိတ်ပါ။ အကယ်၍ လေအေးပေးစက်ကို အဝေးထိန်းခလုတ်ဖြင့် မပိတ်ဘဲ မီးခလုတ်ကို ပိတ်လိုက်သည်ဆိုပါစို့။ နောက်ပြန်ဖွင့်သည့်အခါတွင် မီးခလုတ်ဖွင့်သည်နှင့် (အဝေးထိန်းခလုတ် မသုံးရဘဲ) လေအေးပေးစက် စတင် လည်ပါလိမ့်မည်။

၎။ အဝေးထိန်းခလုတ် ပျောက်သွားလျှင် သို့မဟုတ် ကောင်းကောင်းအလုပ်မလုပ်တော့လျှင် လေအေးစက်ပေါ်တွင်ရှိသော Auto Operation button ခလုတ်ကို နှိပ်ခြင်းဖြင့် စက်ကိုလည်စေနိုင်ပါသည်။ သို့သော် အလိုအလျောက် လည်သည့်စနစ် ဖြစ်၍ မိမိစိတ်ကြိုက် အပူချိန်ကို ထိန်း၍မရပါ။

၅။ အချို့ အဝေးထိန်းခလုတ်များတွင် ဓါတ်ခဲအားမည်မျှရှိသေးသည်ကို စမ်းသော ခလုတ်လည်းပါတတ်ပါသည်။ Battery ဟု ရေးထားပါမည်။ ထိုခလုတ်ကလေးကို နှိပ်ကြည့်ခြင်းဖြင့် ဓါတ်ခဲအားမည်မျှကျန်သေးသည်ကို သိနိုင်ပါသည်။


အခြား အဝေးထိန်းခလုတ် (Remote Control) များ

လေ့လာနိုင်စေရန် အခြားအဝေးထိန်းခလုတ်များကိုလည်း ထည့်သွင်းဖော်ပြလိုက်ပါသည်။



 
လေကို ဘေးဘယ်ညာသို့သွားစေရန် ချိန်ညှိခြင်း

 
လေစစ်ဆန်ခါများ

 
ပုံမှန် လေစစ်ဆန်ခါက အမှုန်များ၊ ဖုံများကို စစ်ပေးသည်။

ဖိုတိုကက်တလစ် (Photo-catalyst) ဆန်ခါက စီးကရက်မီးခိုးနှင့် အနံ့အသက်များကို စစ်ပေးသည်။

အီလက်ထရိုစတက်တစ် (Electrostatic) ဆန်ခါက အနံ့အသက်များနှင့် အလွန်သေးငယ်သော အမှုန်ကလေးများကို စစ်ပေးသည်။

လေစစ်ဆန်ခါများ၏ သက်တမ်းမှာ ၎င်းတို့စစ်ပေးနေသော လေထဲတွင် ပါဝင်သည့် အမှုန်များ၊ မီးခိုးငွေ့များပါဝင်မှု၊ အခန်း အကျယ်အ၀န်း၊ နေ့စဉ် စက်ကိုအသုံးပြုသည့်နာရီပေါင်း စသည်တို့အပေါ် မူတည်နေပါသည်။

Active carbon filter များ၏ သက်တမ်းမှာ ပျမ်းမျှခြင်းအားဖြင့် ၂ နှစ်ခန့်၊ Electrostatic filter များ၏ သက်တမ်းမှာ ပျမ်းမျှ ၃ လ၊ Photo-catalyst filter များ၏ သက်တမ်းမှာ ပျမ်းမျှ ၂ နှစ် ဖြစ်ပါသည်။ Active carbon filter နှင့် Electrostatic filter များမှာ တစ်ခါသုံးဖြစ်၏။ ပြန်သုံး၍ မရပါ။ Photo-catalyst filter များကို ရေဖြင့်ဆေးကြောသန့်စင်နိုင်ပါသည်။

လေစစ်ဆန်ခါများကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးနေရန် လို၏။ မည်ကဲ့သို့သန့်ရှင်းရမည်ကို ပြုပြင်ထိန်းသိမ်းခြင်းအပိုင်းတွင် ကြည့်ပါ။

အရေးကြီးသောအချက်

 
လေအေးပေးစက်ကို သန့်ရှင်းရေးလုပ်တော့မည်ဆိုလျှင် ခလုတ်ကိုပိတ်ပါ။ ပလပ်ကို ချွတ်ထားပါ။ မိမိသန့်ရှင်းရေးလုပ်နေစဉ် အခြားသူများ မတော်တဆ လေအေးပေးစက်ကို မဖွင့်မိစေရန် သတိပေးထားပါ။

လေအေးပေးစက်ကို ပြုပြင်ထိန်းသိမ်းခြင်း

 
လေစစ်ဆန်ခါကို ဆေးကြောခြင်း

၁။ လေစစ်ဆန်ခါကို လစဉ်သန့်ရှင်းပေးပါ။



 
မှတ်ချက်။            ။ ၁။ လေစစ်ဆန်ခါသည် တစ်လမ်းသွားဖြစ်၏။ လေစစ်ဆန်ခါကို ပြန်တပ်သောအခါ FRONT ဟု ရေးထားသောဘက်ကို သင့်ဘက်တွင်ထားပြီးတပ်ပါ။ မမှားပါစေနှင့်။

၂။ လေစစ်ဆန်ခါကို ရေနှင့်သာဆေးပါ။ ကျွက်ကျွက်ဆူနေသောရေ၊ ဘင်ဇင်း၊ သင်နာ၊ ကော့စတစ် စသည်တို့နှင့် မဆေးပါနှင့်။


ဖိုတိုကက်တလစ် ဆန်ခါကို ဆေးကြောခြင်း

၁။


 
မှတ်ချက်။            ။ ၁။ ဤသို့ဆေးကြောခြင်းကို ၆ လတစ်ကြိမ် လုပ်ပေးပါ။

၂။ ဤဆန်ခါများကို သုံးနှစ်တစ်ကြိမ် အသစ်လဲပါ။

၃။ ပေါက်ပြဲ၊ ပျက်စီးနေသော ဆန်ခါများကို ပြန်မသုံးပါနှင့်။ ညစ်ပတ်နေသော ဆန်ခါများသည် လေကို ကောင်းကောင်း စစ်နိုင်မည် မဟုတ်သည့်ပြင် အနံ့အသက်ဆိုးများကိုပါ ထုတ်ပေးနိုင်သည်။


လေအေးပေးစက် ရှေ့အကာကို ဆေးကြောခြင်း

၁။ လေအေးပေးစက်၏ ရှေ့ဘက်မှ အဖုံးအားဖြုတ်၍ ရသည်။



 
မှတ်ချက်။            ။ ၁။ ဆေးသောအခါ အဖုံးကို အားနှင့်မဖိမိရန် သတိပြုပါ။ ကျိုးတတ်သည်။

၂။ မီးဖိုဆောင်သုံး ဆပ်ပြာများကို သုံးပြီးဆေးလျှင် ထိုဆပ်ပြာရည်များ လုံးဝစင်သွားသည်ထိ ရေသန့်သန့်နှင့် ဆေးပါ။

၃။ အဖုံးကို နေပူအောက်တွင် အခြောက်မခံပါနှင့်။

၎။ ပြန်လည်တပ်ဆင်ရာတွင် သေသေချာချာ အထိုင်ကျသည်ထိ တပ်ပါ။ မသေမချာတပ်ဆင်ထားလျှင် ပြုတ်ကျတတ်သည်။


လေအေးပေးစက်ကို ပြုပြင်ထိန်းသိမ်းခြင်း

၁။ ဘယ်လောက်ကြာရင် လေအေးပေးစက်ထဲကို ဓါတ်ငွေ့ထပ်ဖြည့်ရမလဲ။

လေအေးပေးစနစ်တွင် ဓါတ်ငွေ့သည် မည်သည့်နေရာသို့မှ မသွား။ လေအေးစနစ်အတွင်း လှည့်ပတ်နေသည်။ ထို့ကြောင့် လေအေးပေးစနစ်မှ ပိုက်များ၊ ပိုက်အဆက်များ လုံနေပါက ပုံမှန်အားဖြင့် ဓါတ်ငွေ့ထပ်ဖြည့်စရာမလိုပါ။  အကြောင်းကြောင်း ကြောင့် ဓါတ်ငွေ့များ ယိုစိမ့်မှသာ ပြန်ဖြည့်ရန်လိုသည်။ သို့သော် အဘယ်ကြောင့် ဓါတ်ငွေ့ယိုစိမ့်ရသနည်း ဟူသော အဖြေကို ရှာကာ အပေါက်ကို ဦးစွာဖာထေးရန် လိုပါသည်။ မဟုတ်ပါက ဓါတ်ငွေ့ထပ်ဖြည့်လျှင်လည်း ခဏသာခံပါလိမ့်မည်။

၂။ လေအေးပေးစက်ကို စက်ပြင်ဆရာခေါ်ပြီး သန့်ရှင်းရေးလုပ်ဖို့လိုသလား။

လေအေးပေးစက်ကို တစ်နှစ်တစ်ခါ စသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်သင့်ပါသည်။ လေအေးပေးစက် ၀န်ဆောင်မှုပေးသော ကုမ္ပဏီကို အကြောင်းကြားပါက သူတို့လာလုပ်ပေးပါလိမ့်မည်။ များသောအားဖြင့် ကွန်ဒင်ဆာနှင့် အီဗာပိုရေတာ ဆန်ကာပေါက်များ၌ တက်နေသောဖုံများကို ရှင်းထုတ်ခြင်း၊ လိုအပ်လျှင် ဓါတုဆေးရည်ဖြင့် ဆေးကြောခြင်း (Chemical cleaning) စသည်တို့ လုပ်ပေးပါလိမ့်မည်။ မိမိဘာသာလည်း လေအေးပေးစက်မှ ဆန်ကာကိုဖြုတ်ပြီး ဆေးကြောသန့်စင်နိုင်ပါ သည်။

၃။ လေအေးပေးစက်ကို စစ်တယ်ဆိုတာ ဘာတွေကိုစစ်တာလဲ။

လေအေးပေးစက်ကို စစ်လျှင် အောက်ပါတို့ကို စစ်လေ့ရှိပါသည်။

က) စနစ်ထဲမှာ ဓါတ်ငွေ့အပြည့်ရှိရဲ့လား စစ်သည်။ ဓါငွေ့နည်းနေပြီဆိုလျှင် တစ်နေရာရာတွင် စိမ့်နေမည်။ ထိုနေရာကိုရှာကာ ဖာထေး၊ ပြုပြင်ရန် လိုပါသည်။

ခ) လျှပ်စစ်ပိုင်းဆိုင်ရာ ၀ိုင်ယာများ၊ အထိန်းခလုတ်များ စသည်တို့ကောင်းကောင်းအလုပ်လုပ်မလုပ် စစ်သည်။

ဂ) အီဗာပိုရေတာကွိုင်နှင့် ကွန်ဒင်ဆာကွိုင်များကို သန့်ရှင်းရေးလုပ်ပေးသည်။

ဃ) လိုအပ်လျှင် မော်တာကို ဆီထိုးပေးသည်။

င) သာမိုစတက်ကို ပြန်လည်ချိန်ညှိပေးသည်။

စ) ကွန်ဒင်ဆာ ကောင်းကောင်းအလုပ်လုပ်မလုပ် စစ်ဆေးသည်။

ဆ) လေစစ်ဆန်ကာများအား စစ်ဆေးသန့်ရှင်းသည်။

၎။ လေအေးပေးစက်ပိုင်ရှင် အနေနဲ့ ဘာတွေစစ်ဆေး၊ ပြုပြင်၊ ထိန်းသိမ်းလို့ရသလဲ။

အိမ်အပြင်ဘက်ရှိ ကွန်ဒင်ဆာယူနစ်ကို စစ်ဆေးပါ။ ကွန်ဒင်ဆာတွင် အမှိုက်သရိုက်များဖြင့် ပိတ်နေလျှင်၊ အ၀တ်စများဖြင့် ဖုံးနေလျှင် ၎င်းတို့ကို သန့်ရှင်းပေးပါ။ ထိုယူနစ်မှ ပြင်ပလေကိုယူပေးသဖြင့် အကယ်၍ အမှိုက်များဖြင့်ပိတ်ဆို့နေလျှင် လေကို လိုသလောက် စုပ်ယူနိုင်မည်မဟုတ်ပါ။ အချို့ပိုင်ရှင်များက ကွန်ဒင်ဆာယူနစ်ကို အမှိုက်များ၊ ဖုံများမတက်အောင် ကာထား တတ်ပါသည်။ ဤသည်မှာ မှား၏။ ကွန်ဒင်ဆာယူနစ်ကို အပြင်တွင်ထားရန် ဒီဇိုင်းလုပ်ထားသည်ဖြစ်ရာ ဘာမှ ကာရံထားရန် မလိုပါ။ ဤသို့ကာထားလိုက်ခြင်းသည် ကွန်ဒင်ဆာကို အနှောက်အယှက်ဖြစ်စေ၏။

၅။ လေအေးပေးစက်ကို ကိုယ့်ဟာကိုယ် သန့်ရှင်းရေးတို့၊ ပုံမှန်ထိန်းသိမ်းခြင်းတို့ ဘယ်လိုလုပ်ရမလဲ။

က) ပထမဦးဆုံးစစ်ရမည်မှာ အိမ်အပြင်ဘက်၌ တပ်ဆင်ထားသော ကွန်ဒင်ဆာယူနစ်ဖြစ်ပါသည်။ ကွန်ဒင်ဆာယူနစ်ကို ဘာနှင့်မှ ပိတ်ဆို့မနေပါစေနှင့်။ သန့်ရှင်းပေးပါ။

ခ) လေအေးပေးစက်ရှေ့ရှိ ဆန်ကာကိုဖြုတ်ဆေးပေးပါ။


အောက်ပါအခြေအနေများတွင် လေအေးပေးစက် ပြုပြင်ထိန်းသိမ်းရေးဆိုင်သို့ ချက်ခြင်းအကြောင်းကြားပါ။

၁။ လေအေးပေးစက်အတွင်းမှ ပုံမှန်မဟုတ်သော ဆူညံသံများထွက်လာပါက။

၂။ အဝေထိန်းခလုတ်အတွင်း ရေ၀င်ပါက။

၃။ လေအေးစက်အတွင်းမှ ရေများယိုစီးကျလာပါက။

၎။ ခလုတ်များ ကောင်းစွာအလုပ်မလုပ်တော့ပါက။

၅။ ဘရိတ်ကာ မကြာခဏကျနေပါက။

၆။ လေအေးပေးစက်မီးကြိုးသည် အလွန်ပူနေပါက။


လေအေးပေးစက် ကောင်းကောင်း အလုပ်မလုပ်ဘူးလား?

၁။ လေအေးပေးစက် အလုပ်မလုပ်ဘူးလား။ အောက်ပါတို့ကို စစ်ဆေးပါ။
v  ပလပ်လွတ်နေသလား။
(ပလပ်ကို သေသေချာချာ ထိုးထားရန်လိုပါသည်။)
v  ခလုတ်ပျက်နေသလား။
(ခလုတ်မကောင်းလျှင် အသစ်လဲရန်လိုပါသည်။ ခလုတ်မကောင်းက စက်ကောင်းကောင်း အလုပ်လုပ်မည်မဟုတ်ပါ။)
v  ဘရိတ်ကာ ကျနေသလား။ ဖျူ့စ် ပြတ်နေသလား။
(ဘရိတ်ကာ ကျနေလျှင် ပြန်မတင်မီ ဘာကြောင့် ကျရသလဲ ဆိုတာစစ်ဆေးပါ။ ဖျူ့စ် ပြတ်လျှင်လည်း ထို့အတူပင် ဖြစ်၏။)
v  အဝေးထိန်းခလုတ်မှာ ဓါတ်ခဲကုန်နေသလား။
(ဓါတ်ခဲလဲရာတွင် အားလုံးအသစ်များချည်းထည့်ပါ။ အသစ်နှင့်အဟောင်း ရောမထည့်ပါနှင့်။)
v  အဝေးထိန်းခလုတ် ကောင်းကောင်းအလုပ်လုပ်ရဲ့လား။
v  လေအေးပေးစက်က အချက်ပြမီးစိမ်းလေး လင်းနေရဲ့လား။
(ပုံမှန်အားဖြင့် လေအေးပေးစက်အလုပ်လုပ်နေလျှင် အချက်ပြမီးစိမ်းလင်းနေရပါမည်။ မီးမလင်းပါက တစ်ခုခုချွတ်ယွင်းနေပြီ ဖြစ်ပါသည်။)
၂။ လေအေးပေးစက်တော့ အလုပ်လုပ်ပါရဲ့။ ဒါပေမဲ့ ကောင်းကောင်းမအေးဘူး။
v  လေစစ်ဆန်ခါမှာ ဖုံတွေအရမ်းများနေပြီလား။
(လေစစ်ဆန်ခါကို ဖြုတ်ပြီးဆေးပေးပါ။ ဖုံထူတဲ့ဒေသတွေမှာ ဆန်ခါကို ၂ ပတ်တစ်ခါ ဆေးပေးသင့်ပါတယ်။)
v  အဝေးထိန်းခလုတ်မှာ ချိန်ထားတဲ့အပူချိန်က သိပ်မြင့်နေသလား။
(ချိန်ထားတဲ့အပူချိန်ကို စစ်ဆေးပြီး ၂၂ ဒီဂရီ ဒါမှမဟုတ် ၂၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ပြန်ချိန်ပါ။)
v  တံခါး၊ ပြတင်းပေါက်တွေ ဟ,နေသလား။
(ပြတင်းပေါက်နဲ့ တံခါးတွေမလုံရင် ကောင်းကောင်းအေးမှာ မဟုတ်ပါဘူး။ လုံအောင်ပိတ်ပါ။)
v  အပြင်ဘက်က ကွန်ဒင်ဆာ (Outdoor unit) မှာ အ၀တ်စ၊ အမှိုက်သရိုက်တွေ ကပ်နေသလား။
(ကွန်ဒင်ဆာကို ဘာနဲ့မှ ဖုံးကွယ်မနေအောင် အမြဲစစ်ဆေးသန့်ရှင်းနေဘို့လိုပါတယ်။)
v  လေအေးပေးစက်ရဲ့ ပန်ကာအမြန်နှုံး သိပ်နှေးနေသလား။
(ပန်ကာ speed ကို medium မှာ ထားပေးပါ။)
v  အဝေးထိန်း remote မှာ ချိန်ထားတာ Cool မဟုတ်ဘဲ Fan ဒါမှမဟုတ် Auto ဖြစ်နေသလား။
(အဝေးထိန်းခလုတ်က Mode မှာ Cool ကိုပြန်ပြောင်းပေးပါ။)
၃။ လေအေးပေးစက်ကို ဖွင့်ထားတုံး ရုတ်တရက် ရပ်သွားတယ်။
v  လေအေးပေးစက်ဟာ Timer နဲ့ အလုပ်လုပ်နေတာလား။
(ဟုတ်တယ်ဆိုရင် လေအေးစက်ကို ပြန်ဖွင့်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း Timer ကို off / cancel လုပ်လိုက်လို့ရပါတယ်။)
၎။ လေအေးပေးစက်က အသံတွေမြည်နေတယ်။
v  လေစစ်ဆန်ခါတွေ ပြန်တပ်တုံးက သေသေချာချာ တပ်ရဲ့လား။ စောင်းနေသလား။ မမိတမိ ဖြစ်နေသလား။
v  ရှေ့အဖုံးကို ဆေးဘို့ဖြုတ်တုံးက ပြန်တပ်တာမှာ နေရာကျရဲ့လား။ အံမကျရင်လည်း ခါနေပြီး အသံတွေ ထွက်နေတတ်တယ်။
၅။ အဝေးထိန်း remote မှာ မီးမပြဘူး။ ဘာအချက်ပြစာမှလည်း မရှိဘူး။
v  ဓါတ်ခဲတွေ အားကုန်နေပြီလား။ အားကုန်နေရင် ဓါတ်ခဲအသစ်ဝယ်ထည့်ပါ။
v  ဓါတ်ခဲထည့်တာ +, - မှန်ရဲ့လား။
၆။ ဒါတွေလုပ်တာတောင် ပြန်မကောင်းလာသေးဘူးလား။
v  လေအေးပေးစက် ပြုပြင်တဲ့သူကို ခေါ်ပြပါ။
မှတ်ချက်။            ။ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ကိုယ်ကိုယ်တိုင်၊ ဒါမှမဟုတ် တတ်ယောင်ကားတွေကို ဘယ်တော့မှ ခေါ်မပြင်ခိုင်းပါနဲ့။ အခြေအနေပိုဆိုးတတ်ပါတယ်။ ဆိုင်ဖွင့်ထားတဲ့သူတွေကိုသာ ပြင်ခိုင်းပါ။

အခြား သိထားသင့်သော အချက်များ
၁။ လေအေးပေးစက်လည်နေစဉ် မီးပြတ်သွားပြီးနောက် မီးပြန်လာသည့်အခါ လေအေးပေးစက်သည် သူ့အလိုလို လည်ပါ လိမ့်မည်။ သို့သော် ချက်ခြင်းလည်မည်မဟုတ်ပါ။ မီးလာပြီး ၃ - ၄ မိနစ်နေမှ လည်ပါလိမ့်မည်။ ဤသည်မှာ ပုံမှန်ဖြစ်၏။ စိတ်ပူစရာမလိုပါ။ လည်သည့်အခါတွင်လည်း ယခင်က ချိန်ထားသည့်အတိုင်း လည်ပါလိမ့်မည်။
၂။ မီးပြတ်သွားလျှင် Timer setting (အချိန်ကိုမိမိလိုအပ်သလို ချိန်ထားခြင်း) များလည်း ပျက်ပြယ်သွားပါလိမ့်မည်။ ယခင်က ချိန်ထားသော အချိန်များအတိုင်း ပြန်လိုချင်လျှင် အစကပြန်ချိန်ရပါလိမ့်မည်။
၃။ လေအေးပေးစက် မီးပလပ်ကို မြေစိုက်ကြိုးရှိသော ပလပ်ပေါက်နှင့်တွဲထားသည့်အတွက် မိုးကြိုးအန္တရာယ် စိုးရိမ်စရာ မလိုပါ။ အလွန်စိုးရိမ်တတ်လျှင်မူ မိုးကြိုးများအလွန်ပစ်နေစဉ် လေအေးပေးစက်ကို ပိတ်ကာ ပလပ်ကို ချွတ်ထားနိုင်ပါသည်။ 
၎။ လေအေးပေးစက်ကို ဖွင့်ဖွင့်ချင်း မလည်ဘူး ဆိုပါစို့။ စိတ်မပူပါနှင့်။ ၃ - ၄ မိနစ်ကြာလျှင် အလိုလိုလည်လာပါလိမ့်မည်။ ဘာမှ မလုပ်ပါနှင့်။ ဤသည်မှာ လေအေးပေးစက်ကို ကာကွယ်ထားသော စနစ်တစ်ခုကြောင့်ဖြစ်ပါသည်။
၅။ လေအေးပေးစက်အတွင်းမှ ရေသံများကြားရပါသလား။ ဤသည်မှာလည်း စိတ်ပူစရာမလိုပါ။ လေအေးပေးစက် ပိုက်လိုင်းများအတွင်း ဓါတ်ငွေ့ရည် စီးသွားသံဖြစ်ပါသည်။
၆။ အခန်းတွင်း၌ အနံ့အသက်များ နံစော်နေပါသလား။ အခန်းတွင်း၌ စိုထိုင်းထိုင်းဖြစ်နေသော ပစ္စည်း၊ မလျှော်ရသေးသော အ၀တ်များ၊ သို့မဟုတ် အစားအသောက်များ၊ အနံ့နံစေသောပစ္စည်းများ ရှိနေသဖြင့် ဖြစ်ပါသည်။ ထိုပစ္စည်းများကို ရှင်းထုတ်ပါ။ အခန်းတံခါးများကို ဖွင့်ပြီး လေကောင်းလေသန့်ရအောင် လုပ်ပါ။
၇။ လေအေးပေးစက်ကို သယ်ယူရာတွင် လှဲ၍သော်လည်းကောင်း။ အထက်အောက် ပြောင်းပြန်လှန်၍သော်လည်းကောင်း မသယ်ပါနှင့်။ လေအေးစက်မှ ကွန်ပရက်ဆာကို ထိခိုက်စေတတ်သည်။ လေအေးပေးစက်ပုံးပေါ်တွင် အထက်ဘက်ကို သင်္ကေတာမြားဖြင့် ပြထားပါသည်။
၈။ ကလေးများအား လေအေးပေးစက်အနီးတွင် မကစားပါစေနှင့်။ အကယ်၍ ဆော့ကစားလျှင်လည်း လူကြီးများက စောင့်ကြည့်နေရန် လိုပါသည်။ လေအေးပေးစက်အတွင်း လက်နှင့်သော်လည်းကောင်း၊ တုတ်နှင့်သော်လည်းကောင်း ထိုးလိုက်လျှင် လူကိုသော်လည်းကောင်း၊ စက်ကိုသော်လည်းကောင်း ထိခိုက်လိမ့်မည် ဖြစ်ပါသည်။
၉။ လေအေးပေးစက်ကို ပိတ်ပြီးလျှင် ချက်ခြင်းပြန်မဖွင့်ပါနှင့်။ အတွင်းမှ ဓါတ်ငွေ့များ ငြိမ်စေရန် အနည်းဆုံး ၅ မိနစ်ခန့် စောင့်ပြီးမှ ပြန်ဖွင့်ပါ။ ချက်ခြင်း ပိတ်လိုက်ဖွင့်လိုက်လုပ်လျှင် လေအေးပေးစက် အလုပ်လုပ်သည့် စနစ်များကို ထိခိုက်စေ နိုင်ပါသည်။
၁၀။ လေအေးပေးစက်မှ မီးမှိတ်တုတ်၊ မှိတ်တုတ်ဖြစ်နေလျှင် ခလုတ်ကိုပိတ်လိုက်ပြီး အတန်ကြာလျှင် ပြန်ဖွင့်ပါ။
ရည်ညွှန်းကိုးကား စာအုပ်စာတမ်းနှင့် အင်တာနက်စာမျက်နှာများ
၁။ Carrier 53’G’ Series Highwall Split Owners Manual
၂။ Panasonic Room Air Conditioner Operating Instruction
၃။ Samsung User’s Manual (AQV09J Series, AQV12J Series, AQV18J Series, AQV24J Series)