Showing posts with label စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁. Show all posts
Showing posts with label စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁. Show all posts

Monday, July 15, 2024

စင်ကာပူမှ Safety သင်တန်းများ

Name Of The Course

Duration 

(Days)

Hours 

(Hrs)

Course Fee 

(S$)

Ref:

Apply Workplace Safety And Health In Construction Sites (ACS) (Old Name: CSOC)

2

18

114.45

NTUC Lhub

Apply Workplace Safety And Health In Shipyard (General Trade) (Old Name: SSIC)

1

8.0

49.05

NTUC Lhub

Apply Workplace Safety And Health In Process Plant (Old Name: OPSOC)

1

9.5

112.05

NTUC Lhub

Apply Workplace Safety And Health In Metal Work (Old Name: MSOC)

1

10

87.20

NTUC Lhub

Workplace Safety And Health Management In Construction Industry (WSHMCI) (Old Name: BCSS)

4

32

272.50

Ever Safe

Supervise Marine Work For Wsh (Classroom And Synchronous E-Learning) (Old Name: SSSC)

4

32

325.99

NTUC Lhub

Perform Work In Confined Space Operations (PWCSO)

2

14

119.90

Ever Safe

Perform Work At Height

1

7.5

119.90

NTUC Lhub

Manage Work At Height

2.5

20.5

403.30

NTUC Lhub

Perform Formwork Activities (PFA)

1

7

98.10

Ever Safe

Supervise WSH For Formwork Construction (Old Name: Formwork Supervisor Course)

4

32

387.10

SCAL

Supervise Work In Confined Space Operation (Old Name: Confined Space Supervisor Course)

3

21

275.05

NTUC Lhub

Perform Metal Scaffold Erection

5

38

381.50

NTUC Lhub

Supervise Metal Scaffold Erection (SMSE) (Old Name: Scaffold Supervisor Course)

9

75

806.60

NTUC Lhub

Operate Forklift (OFL)

3

25.5

414.20

NTUC Lhub

Operate Scissor Lift (OSL)

1

9.5

272.50

NTUC Lhub

Operate Boom Lift (OBL)

1

9.5

272.50

NTUC Lhub

Operate Vertical Personnal Platform (OVPP)

1

9.5

272.50

NTUC Lhub

Perform Rigger Signalman Tasks 

2

17.5

321.55

NTUC Lhub

Supervise Safe Lifting Operations (Old Name: Lifting Supervisor Course)

4

35

348.80

NTUC Lhub

Supervise Manufacturing Work For Wsh (Classroom And Synchronous E-Learning)

4

32

310.70

NTUC Lhub

စင်ကာပူ မှတ်ပုံတင်နံပါတ်များအကြောင်း သိကောင်းစရာ

မှတ်ပုံတင်ကတ် <National Registration Identity Card (NRIC)> ကို အတိုကောက် IC ဟုလည်း ခေါ်၏။ 

အသက် ၁၅ နှစ်ပြည့်ပြီဆိုသည်နှင့် မှတ်ပုံတင်ကတ် လုပ်ရမည်။ အသက် ၃၀ နှင့် အသက် ၅၅ နှစ် ပြည့်ပြီးသည့်အခါ ထပ်မံ၍ မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ကို The National Registration Act 1965 ဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာန အောက်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန ICA (Immigration and Checkpoints Authority) က ထုတ်ပေး၏။ ပထမဦးဆုံး မှတ်ပုံတင်ကတ်ကို ၁၉၆၆ ခုနှစ်က စတင် ထုတ်ပေးခဲ့၏။

 

အမှတ်တရအဖြစ် ဖော်ပြရလျှင် ပထမဦးဆုံး စတင်ထုတ်ပေးခဲ့သည့် မှတ်ပုံတင်နံပါတ် (၇) ခုမှာ အောက်ပါတို့ ဖြစ်၏။

 

၁။ S0000001I — Yusof bin Ishakစင်ကာပူနိုင်ငံ၏ ပထမဦးဆုံး သမ္မတ

၂။ S0000002G — Wee Chong Jinစင်ကာပူနိုင်ငံ၏ ပထမဦးဆုံး တရားသူကြီးချုပ်

၃။ S0000003E — Lee Kuan Yewစင်ကာပူနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ်

၄။ S0000004C — Kwa Geok Chooမစ္စတာလီကွမ်ယု ကတော်

၅။ S0000005A — Toh Chin Chye, စင်ကာပူနိုင်ငံ၏ ပထမဦးဆုံး ပထမ ဒု ဝန်ကြီးချုပ် 

၆။ S0000006Z — Goh Keng Sweeစင်ကာပူနိုင်ငံ၏ ပထမဦးဆုံး ဒုတိယ ဒု ဝန်ကြီးချုပ် 

၇။ S0000007H — S Rajaratnamစင်ကာပူနိုင်ငံ၏ ပထမဦးဆုံး နိုင်ငံခြားရေးဝန်ကြီး 

 

မှတ်ပုံတင်ကတ်အရွယ်မှာ ခရက်ဒစ်ကတ်အရွယ် (အလျား 85.6 mm x အနံ 53.98 mm x အထူ 0.76 mm) ဖြစ်ပြီး ပိုလီကာဘွန်နိတ်ပစ္စည်းဖြင့် ပြုုလုပ်ထား၏။ 

 

စင်ကာပူနိုင်ငံ မှတ်ပုံတင်ကို နှစ်မျိုးခွဲထား၏။ 

 

IC ကတ်

----------

 

ပထမတစ်ခုမှာ စင်ကာပူနိုင်ငံသား SC (Singapore Citizen) နှင့် အမြဲနေထိုင်ခွင့်ရသူ SPR (Singapore Permanent Resident) တို့အတွက် ဖြစ်၏။ 

စင်ကာပူနိုင်ငံသားများအတွက် မှတ်ပုံတင်ကတ်မှာ ပန်းရောင်ဖြစ်ပြီး အမြဲနေထိုင်ခွင့်ရသူ SPR များအတွက် မှတ်ပုံတင် ကတ်မှာ အပြာရောင်ဖြစ်၏။ စင်ကာပူနိုင်ငံသား နှင့် အမြဲနေထိုင်ခွင့်ရသူများအတွက် မှတ်ပုံတင်နံပါတ်ကို NRIC နံပါတ် ဟုခေါ်၏။

 

မှတ်ပုံတင်ကတ်ပေါ်မှ အချက်အလက်များ မှားယွင်းနေပါက ICA သို့ ၂၈ ရက်အတွင်း သတင်းပို့ရမည်။ သို့သော် လိပ်စာ ပြောင်းပါမူ ICA သို့သွားစရာမလို။ နီးစပ်ရာ ရဲစခန်း၌ လိပ်စာပြောင်းနိုင်၏။ သူတို့က လိပ်စာအဟောင်းပေါ်တွင် လိပ်စာ အသစ် စတစ်ကာလေး ကပ်ပေးလိုက်ပါလိမ့်မည်။ နောက်ပြီးတော့ သက်ဆိုင်ရာအစိုးရဌာနအားလုံးသို့ update လုပ်ပေး ပါလိမ့်မည်။ ၂၀၂၀ အောက်တိုဘာလ ၁ ရက်နေ့မှစကာ လိပ်စာကို ICA website, online e-service မှ ပြောင်းနိုင်ပြီ ဖြစ်၏။ သက်သေအဖြစ် လျှို့ဝှက်ဂဏန်း ၆ လုံးကို လိပ်စာအသစ်သို့ ပို့ပေးပါလိမ့်မည်။ ထို လျှို့ဝှက်ဂဏန်း ၆ လုံးကို e-service ၌ ဝင်ကာ verify လုပ်ပါ။ အားလုံးပြီးဆုံးသွားပြီဆိုပါက သင့် လိပ်စာအသစ်သို့ လိပ်စာစတစ်ကာလေး ပို့ပေးပါ လိမ့်မည်။ ထိုစတစ်ကာလေးကို လိပ်စာအဟောင်းပေါ် ထပ်ကပ်လိုက်ပါက ကိစ္စပြီး၏။

 

မှတ်ပုံတင်ကတ်ရှေ့ဘက်တွင် မှတ်ပုံတင်နံပါတ်၊ ဤကတ်ကိုကိုင်ဆောင်သူ၏ အဖြူအမည်း ဓာတ်ပုံ၊ နာမည်၊ လူမျိုး၊ မွေးနေ့၊ လိင်၊ နိုင်ငံ/မွေးသည့်ဒေသ စသည်တို့ပါ၏။ လုံခြုံရေးအတွက် ကတ်ကိုင်သူ၏ဓာတ်ပုံရေစာ၊ စင်ကာပူနိုင်ငံ အမှတ်အသား ခြင်္သေ့ပုံရေစာနှင့် မှတ်ပုံတင်နံပါတ်ရေစာများ ထည့်ထား၏။

 

မှတ်ပုံတင်ကတ်ကျောဘက်တွင် NRIC No. ၏ ကွန်ပြူတာဘားကုတ်၊ ဤမှတ်ပုံတင်ကတ် ကိုင်ဆောင်သူ၏ ညာဘက် လက်မလက်ဗွေ၊ (PR များဆိုလျှင်) မည်သည့်နိုင်ငံသား၊ ဤကတ်ကို ထုတ်ပေးသည့်ရက်စွဲနှင့် လိပ်စာ စသည်တို့ ပါ၏။

 

၂၀၀၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထိ သွေးအမျိုးအစားကို မှတ်ပုံတင်ကတ်ပေါ်တွင် ဖော်ပြခဲ့သော်လည်း ယခု ဖော်ပြခြင်းမရှိတော့ပါ။

 

နိုင်ငံခြားသားများအတွက် နေထိုင်/လုပ်ကိုင်ခွင့်ကတ်

--------------------------------------------------------------

 

ဒုတိယတစ်ခုမှာ နိုင်ငံခြားသားများအတွက် ဖြစ်၏။ နိုင်ငံခြားသားများအတွက်ကတ်မှာ များသောအားဖြင့် အစိမ်းရောင် ဖြစ်၏။ 

 

စင်ကာပူနိုင်ငံတွင် ကြာရှည်နေထိုင်မည့်သူများအတွက် Long Term Visit Pass (LTVP), Student Pass, Dependant Pass စသဖြင့် လည်းကောင်း၊ အလုပ်လုပ်ကိုင်မည့်သူများအတွက် Employment Pass, S Pass, Work Permit စသဖြင့် ကတ်များ ထုတ်ပေး၏။ သို့သော် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစကာ LTVP များကို physical card ထုတ် မပေးတော့ချေ။ LTVP သမားများသည် ၎င်းတို့၏ LTVP ကို SingPass, MyICA mobile app များ၌ digital IC အဖြစ် ကြည့်နိုင်၏။ 

 

မည်သည့်ကတ် ကိုင်ထားသည်ဖြစ်စေ နိုင်ငံခြားသားများအတွက် နံပါတ်ကို FIN (Foreign Identification Number) ဖြင့် ပြ၏။

 

ယခင်က Work Permit, S Pass စသဖြင့် ကတ်များပေါ်တွင် အသေးစိတ်အချက်အလက်များကို အပြည့်အစုံ ဖော်ပြခဲ့သော်လည်း ယခု အားလုံး မဖော်ပြတော့ပါ။ ကတ်နောက်ဘက်တွင် QR Code ကို ရိုက်နှိပ်ထားပြီး ထို QR Code ကို SG WorkPass ဖြင့် scan လုပ်ကာ ကြည့်ရ၏။

 

မှတ်ပုံတင်နံပါတ် ဒီဇိုင်း

----------------------------

 

သို့အတွက် စင်ကာပူမှ မှတ်ပုံတင်နံပါတ်မှာ -

၁။ စင်ကာပူနိုင်ငံသား နှင့် PR (အမြဲနေထိုင်ခွင့်ရသူ) များအတွက် တစ်ခု

၂။ နိုင်ငံခြားသားများအတွက် တစ်ခု - ဟု နှစ်မျိုးရှိလေ၏။

 

၂၀၀၀ ခုနှစ်မတိုင်မီက စင်ကာပူနိုင်ငံသား နှင့် PRများအတွက် မှတ်ပုံတင်နံပါတ်ကို S နှင့် စပြီး နိုင်ငံခြားသားများအတွက် နံပါတ်ကို F နှင့် စ၏။

 

ထိုစဉ်ကမူ စင်ကာပူနိုင်ငံသားကြောင့် S ဖြစ်ပြီး နိုင်ငံခြားသားကြောင့် F ဖြစ်သည်ဟု ယူဆခဲ့ကြ၏။ S ဟူသည် Singaporean, F ဟူသည် Foreigner ဖြစ်သည်ဆို၏။

 

သို့သော် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စင်ကာပူနိုင်ငံသား နှင့် PR များအတွက် မှတ်ပုံတင်နံပါတ်ကို T နှင့် စ၏။ 

ထိုအခါ S သည် အင်္ဂလိပ်အက္ခရာမှ ၁၉ ခု ဖြစ်ပြီး T သည် အလုံး ၂၀ မြောက်ဖြစ်လေရာ ၁၉ ရာစုတွင် မွေးသူများကို ‘S’, ၂၀ ရာစုတွင် မွေးသူများကို ‘T’ ဟု ခေါ်ကြောင်း ကြံဆကြပြန်၏။ 

 

ထိုမျှသာမက ထိုရှေ့ဆုံးအက္ခရာနောက်မှ လိုက်လာသည့် ဂဏန်းကို မိမိ၏မွေးသည့်ခုနှစ်ဖြင့် စ၏။ 

ဆိုလိုသည်မှာ ၂၀၀၃ ခုနှစ်တွင် မွေးသည့် စင်ကာပူနိုင်ငံသား/PR ၏ မှတ်ပုံတင်နံပါတ်မှာ T03xxxxxx# ဖြစ်၏။

သို့သော် ဟိုးယခင်က ထုတ်ပေးခဲ့သည့် မှတ်ပုံတင်နံပါတ်များမှာ ‘0’ သို့မဟုတ် ‘1’ နှင့် စ၏။

 

ချုပ်ရလျှင် စင်ကာပူရှိ မှတ်ပုံတင်နံပါတ်များနှင့် FIN နံပါတ်များကို အောက်ပါအတိုင်း ခွဲခြားနိုင်၏။

 

စင်ကာပူနိုင်ငံသား/PR များ၏ မှတ်ပုံတင်နံပါတ်မှာ -

01/01/2000 မတိုင်မီက မွေးခဲ့လျှင် “S” နှင့် စ၏။

01/01/2000 နောက်ပိုင်းမှ မွေးခဲ့လျှင် “T” နှင့် စ၏။

 

နိုင်ငံခြားသားများအတွက် FIN No. မှာ -

01/01/2000 မတိုင်မီက “F” နှင့် စ၏။

01/01/2000 မှ 31/12/2021 ထိ ဖြစ်ပါက “G” နှင့် စ၏။

01/01/2022 နောက်ပိုင်းဖြစ်ပါက “M” နှင့် စ၏။

 

ယခုအခါ IC Card နှင့် WorkPass ကတ်များကို နေရာတကာ သယ်သွားစရာ မလိုတော့ပြီ။

SingPass ၌ ထိုကတ်များကို Digital IC အနေနှင့် ပြနိုင်၏။ 

၎င်းသည် အစိုးရက ထုတ်ပေးထားတာဖြစ်၍ တရားဝင်၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၅ ဇူလိုင် ၂၀၂၄









Wednesday, February 28, 2024

စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁

နိဒါန်း

 

“အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” အမည်ဖြင့် ဤစာအုပ်ကို ၂၀၀၉ ခုနှစ်က ပထမအကြိမ် ရိုက်နှိပ်ခဲ့၏။ စာအုပ်ထုတ်ဝေပြီး ပထမနှစ်အတွင်း ဤစာအုပ်သည် သူတို့ဘဝအတွက် အလွန်အကျိုးရှိကြောင်း အနယ်နယ်အရပ်ရပ်မှ လူငယ်ကလေးများ စာရေးသား ပေးပို့ခဲ့ကြပါသည်။ အချို့မှာ စင်ကာပူရောက်မှ ကျွန်တော့်ထံ ဖုန်းဆက်ပြောကြ၏။

ကျွန်တော်က ဤစာအုပ်ကို စင်ကာပူသို့ အကြောင်းအမျိုးမျိုးဖြင့် အထူးသဖြင့် အလုပ်လုပ်ရန်လာသူများ၊ အလုပ် ရှာရန်လာမည့်သူများ အဆင်ပြေချောမွေ့ကြစေရန် ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်ဖြစ်ရာ ကျွန်တော့် ရည်ရွယ်ချက် ထမြောက် အောင်မြင်သည်ဟု ပြောနိုင်ပါလိမ့်မည်။ စာအုပ်ထုတ်ဝေရေးအတွက် အခက်အခဲများရှိသည့်တိုင် ကျွန်တော် ကျေနပ်ပါသည်။

သို့သော် စာအုပ် ၁၅၀၀ မျှ ရိုက်သည်ကို ၂ နှစ်ကျော်ကြာသည့်တိုင် အားလုံး ကုန်သွားသည်ထိ မရောင်းခဲ့ရခြင်း အတွက် ကျွန်တော် အားမရမိတာတော့ အမှန်ပင် ဖြစ်၏။ မြန်မာနိုင်ငံမှ စင်ကာပူသို့ ထွက်ခွာလာသူများမှာ သောင်းဂဏန်း အတော်များများရှိရာ စာအုပ် ၁၅၀၀ လောက်ကတော့ ၆ လလောက်နဲ့ ပြတ်မှာပဲဟု ကျွန်တော့်အထင်မှာ ပါစင်အောင် လွဲခဲ့ရသည်။

သို့သော် မြန်မာနိုင်ငံတွင် ဖုန်းများကို လူတိုင်းကိုင်နိုင်၍ အင်တာနက်လည်း နေရာအတော်များများတွင် ရလာပြီး နောက်ပိုင်း ဖေ့စ်ဘုတ်လူမှုကွန်ယက်သည် လူအများကြား ရေပန်းစားလာခဲ့၏။ ထိုအခါ စင်ကာပူနှင့်ပတ်သက်၍ သိသင့် သိထိုက်သည့် ဗဟုသုတများကို ကျွန်တော့်ဖေ့စ်ဘုတ်ပေါ်မှနေ၍ ကြိုကြား၊ ကြိုကြား ရေးသားဖြန့်ဝေခဲ့ပါသည်။

ပထမအကြိမ်ထုတ်ဝေစဉ်က အခြေအနေများမှာ ယခုအခါ အတော်များများ ပြောင်းလဲသွားပြီဖြစ်ရာ ပြောင်းလဲသွား သည့်အခြေအနေနှင့် လျော်ညီစွာ ပြင်သင့်သည်များကိုပြင်၊ ဖြုတ်သင့်သည်များကို ဖြုတ်၊ ထပ်ထည့်သင့်သည်တို့ကို ထပ်ထည့်ထားပါသည်။ 

ဥပမာ - ယခင်က မြန်မာနိုင်ငံမှ နိုင်ငံခြားထွက်မည့်သူများသည် နိုင်ငံခြား ထွက်ခွာခွင့် (D Form) လုပ်ရသည်။ ယခုအခါ ထိုစနစ် မရှိတော့ပါ။ ထို့ပြင် ၂၀၁၂ ခုနှစ် မတိုင်မီက စင်ကာပူတွင် အလုပ်လုပ်သူများအနေနှင့် စင်ကာပူရှိ မြန်မာ သံရုံးသို့ တစ်လလျှင် အခွန် ၁၀% ပေးဆောင်ကြရသည်။ ၂၀၁၁ ခုနှစ် နှစ်ကုန်မှစ၍ ထိုအခွန်ကို ပေးစရာ မလိုတော့။ မြန်မာနိုင်ငံသို့ပြန်သည့်သူများမှာ ယခင်က စာရွက်စာတမ်းများစွာ ပြင်ဆင်သွားကြရသည်။ သို့သော် ယခုမူ မလိုတော့ပါ။

စင်ကာပူဘက်တွင်လည်း ယခုအခါ နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းကို များစွာကြပ်လိုက်သည် ဖြစ်ရ ကား ခန့်ထားသော အလုပ်သမား ရာခိုင်နှုန်း၊ ပေးရသောလဲဗီးကြေး စသည်တို့လည်း များစွာ ကွာခြားသွားပါသည်။ ထို့ကြောင့် ပြောင်းလဲလာသော အခြေအနေများအား ယခု ပြန်လည်ပြင်ဆင် ဖော်ပြထားပါသည်။

ဤစာအုပ်ကို အပိုင်းသုံးပိုင်းခွဲ၍ ပြင်ထား၏။ 

ပထမပိုင်းမှာ စင်ကာပူအကြောင်း သိကောင်းစရာများ၊ ဒုတိယပိုင်းမှာ စင်ကာပူနိုင်ငံရှိ အလုပ်အကိုင် အခြေအနေ နှင့် စင်ကာပူသို့လာရန် ပြင်ဆင်ခြင်း၊တတိယပိုင်းမှာ စင်ကာပူတွင်အလုပ်လုပ်ရင်း မိမိဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာခြင်းတို့ ဖြစ်၏။

စင်ကာပူအကြောင်းကို စာတစ်အုပ်တည်းနှင့် သိနိုင်စေရန် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ပြင်ဆင်ထားပါသည်။ နောက်ထပ် ထပ်မံသိလိုသည်များရှိလျှင် ရည်ညွှန်းပေးထား သည့် အင်တာနက် စာမျက်နှာများတွင် ရှာဖွေဖတ်ရှုနိုင်ပါ၏။

ကျွန်ုပ်၏အားထုတ်မှုသည် မြန်မာပြည်ဘွား လူငယ်လေးများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည် ဆိုလျှင်ပင် ကျွန်တော်ကြိုးစားရကျိုး နပ်ပါပြီ။

ဖေ့စ်ဘုတ်ကျေးဇူးဖြင့် ယခုစာအုပ်ကို လူအများ ပိုမိုသိရှိနိုင်ကြမည်ဖြစ်ရာ ယခင်ကထက်ပို၍ အလိုရှိသူများ လက်ထဲ သို့ ရောက်ရှိနိုင်လိမ့်မည်ဟု ယူဆမိပါကြောင်း။

 

ဖတ်ရှုအားပေးသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။

 

အေးငြိမ်း (လေးမျက်နှာ)

၂၇ ဖေဖော်ဝါရီ၊ ၂၀၂၄