Showing posts with label Living in Singapore. Show all posts
Showing posts with label Living in Singapore. Show all posts

Wednesday, July 24, 2024

စင်ကာပူက အစိုးရထောက်ပံ့ကြေးများအကြောင်း

အားတော့နာပါသည် မိတ်ဆွေများ

 

သို့သော်လည်းလေ၊ တတ်နိုင်ပုစ်

ခညားတို့ သွားရည်ကျအောင် နည်းနည်းလောက်တော့ ပြောပါရစေဦး။

 

အစာအိမ်ထဲ ဘာဖြစ်လို့ဆိုလား မဟေသီဖြစ်သူက အစာအိမ်မှန်ပြောင်း ကြည့်ချင်လှချည်ရဲ့ ဆိုသောကြောင့် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က အနီးရှိ ဆေးရုံကြီးတွင် သွားကြည့်လေ၏။ ဆေးရုံကြီးက အသစ်ကျပ်ချွတ်၊ ဖိုက်စတားဟိုတယ် ထက်တောင် ကောင်းပါသေး။ အဲလေ ဈေးကလေးကလည်း ဖိုက်စတားဟိုတယ်လောက် ကြီးပါသေး။

 

ပထမတစ်ခေါက် သွားကတည်းက သူတို့က ဘယ်လောက်ကျမယ်ဆိုတာ တစ်ခါတည်း တွက်ပေးလိုက်၏။ စင်းဒေါ်လှ ၄၀၀၀ လောက်ကုန်မည်။ အောင်မငီး။ ကျွန်ုပ်ရင်ထဲ အတော် ဖိုးသိုးဖတ်သတ် ဖြစ်သွား၏။ သို့သော်လည်းလေး ငုံးပူ၊ လူမသိ ဆို ရှိသယ်မဟုတ်လား။ ကျွန်ုပ်လည်း ဘာမှ မဖြစ်လေဟန်နှင့် ‘နိုးပလုံပလုံ’ ဟု ပြောလိုက်ရလေသော ဟူသတတ်။ ယခွမ်း

 

အစာအိမ်မှန်ပြောင်းကြည့်တာ အနည်းဆုံး ၃ နာရီကြာမည်ဆိုတော့ ကျွန်ုပ်လည်း အလုပ်မသွားနိုင်ပဲ လိုက်ပို့ရလေ၏။ အားလုံးပြီးသွားတော့ ပိုက်ဆံက တခါတည်း ရှင်းပေးလိုက်ရတာမဟုတ်။ ဘေလ်ပို့လိုက်မည်ဆို၍ ပြန်ခဲ့၏။

 

တစ်ပတ်လောက်နေလို့ HealthHub မှာ စစ်ကြည့်လိုက်တော့ ၄၀၀၀ လောက်ကျသည့် အစာအိမ်မှန်ပြောင်းဘိုးက ၇ ကျပ်လောက်ပဲ ပေးရမည်ဆိုပါလာ့စ်။ ငင့်

 

ကျွန်ုပ်လည်း မယုံသည်နှင့် သေချာအောင် မျက်မှန်ကိုချွတ်။ ကွန်ပြူတာမျက်နှာပြင်ကို သုတ်သည့် အဝတ်စကို screen cleaner solution နှင့် အသေအချာပွတ်လျက် ပြန်ကြည့်။

 

ဟုတ်ပါ့ခညာ။ အစာအိမ်မှန်ပြောင်းကြည့်တာ စုစုပေါင်း $4001.39 ကျ၏။ သို့သော် ကျွန်ုပ်ပေးရသည်မှာ $6.56 သာ ဖြစ်၏။ ကျွန်ုပ်လည်း ဝမ်းသာအားရ ချက်ချင်း ငွေချေလိုက်လေသော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်




 

ဟိုတလောကလည်း ဆေးရုံ၌ ဘေလ်တစ်ခု မျက်စိလည် လမ်းမှားကာ ကျွန်ုပ်ထံ ရောက်လာလေ၏။ 

ထိုပြေစာ၌ စလုံးနိုင်ငံသားတစ်ယောက် ဆေးရုံတက်တာ ၄၉၀၀ ကျော် ကျ၏။ သို့သော် ပိုက်ပိုက်တစ်ပြားကမှ မပေးရ။

မိုက်ချက်ခွာ၊ ကတောက်စ်

ကျွန်ုပ်လည်း ထိုပြေစာကို ဓာ့ပုံရိုက် ယူထားလိုက်၏။ 




 

အဲသဟာပါပဲ မိတ်ဆွေများ -

 

ကျွန်ုပ်က စလုံးအစိုးရကောင်းကြောင်း ကြော်ငြာနေတာ မဟုတ်ပါ။

စင်ကာပူအစိုးရသည် ကျန်းမာရေးစောင့်ရှောက်မှုအတွက် သူတို့တိုင်းသူပြည်သားများ ဝန်ထုပ်ဝန်ပိုး မဖြစ်ရစေရန် မည်ကဲ့သို့ စီမံထားသည် ဆိုခြင်းအကြောင်း အရိပ်အမြွက်မျှ ပြောပြခြင်း ဖြစ်၏။

အပြည့်အစုံဖတ်လိုသူများ ကျွန်ုပ်ရေးနေသော “စင်ကာပူ ခြင်္သေ့မြို့တော်” စာအုပ်တွင် ဖတ်နိုင်ပါသည်။ သိပ်မကြာခင် ထွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါ၏။

 

ရသမျှပိုက်ဆံအကုန်လုံးကို အိတ်ထဲထည့်ဘို့၊ ဉာတကာနဉ္စ သင်္ဂဟောလုပ်ဖို့လောက် ကြံစည်နေတဲ့ ဟို မြေနိုး ခွားသဒေါင်းဇေးတွေနဲ့များ သေးနဲ့ ကိုကာကိုလာလို ကွာပါ့။

 

ဆိုတော့ ပိတ်သတ်ကြီး၊ you know what to do ah !!!

 

မြေနိုးတသိုက် ငရဲ၌၊ လောင်မြိုက်ပြီးလည်း ဂန့်ပါစေ

 

အေးငြိမ်း

၂၄ ဇူလိုင်၊ ၂၀၂၄

Friday, June 21, 2024

ဝင်ငွေခွန်အကြောင်း သိကောင်းစရာ

ကျွန်ုပ်က သင်တန်း၌ ‘ကိုင်း - ကိုယ့်လူတို့ မေးစရာရှိရင် မေးလို့ရတယ်’ ဟု ပြောလိုက်သောအခါ လူလည်ဟု ထင်ရသူတစ်ယောက် ထလာ၏။

 

လည်။        ။ ကျွန်တော် တစ်ခုလောက် မေးလို့ရမလားဗျ။

န်ုပ်။           ။ ဟုတ်၊ မေးပါဗျာ။

လည်။        ။ စင်ကာပူမှာ ၁၈၃ ရက် အလုပ်လုပ်ပြီးရင် အခွန်ဆောင်ရမယ်ဆိုတာ ဟုတ်သလားဗျာ။

န်ုပ်။           ။ ဟုတ်ပါတယ် ခည။

လည်။        ။ အလုပ်ဖြုတ်ပြီး ပြန်ပို့ခံရရင်လည်းဘဲ ဆောင်ရမှာပဲလား။

န်ုပ်။           ။ ဟုတ်၊ ဆောင်ရပါမယ် ခည။

လည်။        ။ အဲဒီဆောင်ထားတဲ့ ပိုက်ဆံကို ဘယ်တော့ ပြန် claim လို့ရမလဲဗျာ။

န်ုပ်။           ။ ဒီလိုရှိသလေဆရာရဲ့၊ အခွန်ဆိုတာ ပြည်သူပြည်သားတွေက အစိုးရကို ပေးရတဲ့ပိုက်ဆံဖြစ်လို့မို့ ပြန် claim လို့မရပါခညာ။ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျလို့ ဘုရား ၅ ဆူပွင့်တဲ့ ဟောဒီ ဘဒ္ဒကမ္ဘာပေါ်က ဘယ်နိုင်ငံမှ အစိုးရကနေ တိုင်းသူပြည်သားတွေကို အခွန်ပြန်ပေးတယ်ဆိုတဲ့ ထုံးစံ မရှိပါခညာ။

လည်။        ။ အာ၊ အဲဒါတော့ ဘယ်တရားမလဲဗျ။ (အခန်းထဲ၌ ထိုင်နေသူ သကောင့်သားအပေါင်းကို လက်ညှိုးထိုးပြ လျက်) ဟောဒီလူတွေ အကုန်လုံးဟာ အင်မတန်ဈေးကြီးတဲ့ အေးဂျင့်ဖီးနဲ့ လာကြရတဲ့သူတွေချည်းပဲ။ တချို့ဆို ၄ - ၅ ထောင်လောက် ပေးပြီးတောင် လာကြရတာ။ ဘယ့်နှယ်ဗျာ။ အလုပ်လည်း အဖြုတ်ခံရသေးတယ်။ အခွန်လည်း ပေးရသေးတယ်။ နောက်ပြီး ပိုက်ဆံလည်း ပြန်မရဘူး။ အဲဒါ တရားသလားဗျ။

န်ုပ်။           ။ ဒါကတော့ကိုယ့်လူရယ် ကိုယ်တစ်ယောက်တည်းမှ မဟုတ်ပဲကလား။ စင်ကာပူမှာ အလုပ်လုပ်တဲ့သူ မှန်သမျှ အဲသလို ပေးကြရတာချည်းပဲ။ အနို့ ဥပဒေကိုးခည။

(သူက အကျောက်အကန် ငြင်းပါသည်။)

လည်။        ။ %$#&^*(@#!)*^%$#

(ကျွန်ုပ်လည်း စိတ်မရှည်တော့သည်ဖြစ်၍) 

န်ုပ်။           ။ ဒီမယ်ကိုယ့်လူ၊ ကိုယ့်လူအခွန်မဆောင်ချင်ဘူးဆိုလဲ ဒီအတိုင်းပြန်၊ မဆောင်နဲ့ ဟုတ်ပြီလား။ အခု ဘာတစ်ခွန်းမှ ဆက်မပြောနဲ့တော့။ ကိုယ့်နေရာမှာကိုယ်ထိုင်၊ ဒီမှာပြောတာ နားထောင် - ဟု အတင်း ဖြတ်ရလေ၏။

 

ဘယ့်နဲ့၊ စလုံးအစိုးရက အခွန်ကောက်တာ ကိုယ့်လာ ရစ်နေရတယ်လို့။ ယခွမ်း

ကျွန်ုပ်က သူ့ကို IRAS website က individual income tax page ကို ဖွင့်ပြလိုက်၏။

Ref: https://www.iras.gov.sg/taxes/individual-income-tax/basics-of-individual-income-tax/tax-residency-and-tax-rates/individual-income-tax-rates

 

အကယ်၍ သင်သည် အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် ရှိနေပါက အခွန်ဆောင်ရမည်။

၁။ စင်ကာပူနိုင်ငံသား (သို့) အမြဲနေထိုင်ခွင့်ရသူ (PR) ဖြစ်ပါက (ယာယီပြည်ပရောက်နေသည်ကလွဲ၍)

၂။ စင်ကာပူတွင် နေသူ/အလုပ်လုပ်သူ နိုင်ငံခြားသား

က) လွန်ခဲ့သည့် ပြက္ခဒိန်နှစ်က အနည်းဆုံး ၁၈၃ ရက် နေထိုင်ခဲ့သူ (သို့) 

ခ) စင်ကာပူတွင် သုံးနှစ်ဆက်တိုက် နေထိုင်ခဲ့သူ (ပထမဆုံးနှစ် (သို့) တတိယနှစ်တွင် ၁၈၃ ရက်အောက်နည်းပြီး နေထိုင်ခဲ့သူများ အပါအဝင်)

၃။ ပြက္ခဒိန်နှစ် ၂ နှစ်ဆက်တိုက်နေခဲ့ပြီး အနည်းဆုံး ၁၈၃ ရက် ရှိသူ

 

ထိပ်ပိုင်းစီမံခန့်ခွဲသူများ၏ တစ်ကိုယ်ရည်ဝင်ငွေခွန်ကို ၂၀၂၄ ခုနှစ်မှစကာ တိုးမြှင့်လိုက်၏။ ဝင်ငွေ ၅ သိန်းမှ ၁ သန်းထိ ဆောင်ရမည့်အခွန်မှာ ၂၃% ဖြစ်ပြီး ၁ သန်းကျော်သွားလျှင် ၂၄% အခွန်ဆောင်ရမည်။

 

ဝင်ငွေခွန်ကို အောက်ပါဇယားအတိုင်း ပေးရမည်။ (၂၀၂၄ ခုနှစ်မှစတင် အကျိုး သက်ရောက်မည်။)

 

ဝင်ငွေခွန်ပေးရမည့် ဝင်ငွေ ($)

ပေးရမည့် အခွန် ရာခိုင်နှုန်း (%)

စုစုပေါင်းပေးရမည့်အခွန် ($)

ပထမ ၂ သောင်း ($20,000)

နောက်ထပ် တစ်သောင်း ($10,000)

၂၀၀

ပထမ ၃ သောင်း ($30,000)

နောက်ထပ် တစ်သောင်း ($10,000)

-

၃.၅၀

၂၀၀

၃၅၀

ပထမ ၄ သောင်း ($40,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၅၅၀

၂၈၀၀

ပထမ ၈ သောင်း ($80,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၁.၅

၃၃၅၀

၄၆၀၀

ပထမ ၁ သိန်း ၂ သောင်း ($120,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၅

၇၉၅၀

၆၀၀၀

ပထမ ၁ သိန်း ၆ သောင်း ($160,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၈

၁၃၉၅၀

၇၂၀၀

ပထမ ၂ သိန်း ($200,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၉

၂၁၁၅၀

၇၆၀၀

ပထမ ၂ သိန်း ၄ သောင်း ($240,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၁၉.၅

၂၈၇၅၀

၇၈၀၀

ပထမ ၂ သိန်း ၈ သောင်း ($280,000)

နောက်ထပ် ၄ သောင်း ($40,000)

-

၂၀

၃၆၅၅၀

၈၀၀၀

ပထမ ၃ သိန်း ၂ သောင်း ($320,000)

နောက်ထပ် ၁ သိန်း ၈ သောင်း ($180,000)

-

၂၂

၄၄၅၅၀

၃၉၆၀၀

ပထမ ၅ သိန်း ($500,000)

နောက်ထပ် ၅ သိန်း ($500,000)

-

၂၃

၈၄၁၅၀

၁၁၅၀၀၀

ပထမ ၁ သန်း ($1,000,000)

၁ သန်းအပြင် နောက်ထပ် ပိုသမျှ

-

၂၄

၁၉၉၁၅၀

 

မည်သူတို့ Tax Clearance မလိုသနည်း။

-----------------------------------------------

 

Tax clearance ဆိုသည်မှာ အကယ်၍ နိုင်ငံခြားသားအလုပ်သမားသည် အလုပ်ဖြုတ်ခံရ/အလုပ်ထွက်သွားပြီ ဆိုပါက ကုမ္ပဏီအနေနှင့် ထိုအလုပ်သမားသည် ပေးစရာရှိသည့် အခွန်အခများအားလုံးကို ပေးဆောင်ပြီးဖြစ်ကြောင်း သေချာ စေရမည်။ ဤသည်ကို Tax clearance ခေါ်၏။

 

မည်သူတို့ Tax clearance လုပ်ရန် မလိုသနည်း။

၁။ တစ်နှစ်အတွင်း အလုပ်လုပ်ရက်ပေါင်း ရက် (၆၀) နှင့် ထို့ထက်နည်းသူ

၁၅ ဇန္နဝါရီမှ ၁၄ ဖေဖော်ဝါရီလထိ (စုစုပေါင်း ၃၁ ရက်) 

 

၂။ အလုပ်လုပ်ရက် ၁၈၃ ရက်ထက်ပိုသော်လည်း တစ်နှစ်ဝင်ငွေ $21,000 အောက်နည်းသူ

(ထိုနှစ်အတွင်းမှာပင်) ဇွန် ၁ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့ထိ (၁၈၆ ရက်) နှင့် ဝင်ငွေ $18,000 ရှိသူ

 

၃။ ဆက်တိုက် ၂ နှစ်အတွင်း အလုပ်လုပ်ရက် ၁၈၃ ရက်ထက်ပိုသော်လည်း တစ်နှစ်ဝင်ငွေ $21,000 အောက်နည်းသူ

 

ပထမနှစ် - ဩဂုတ် ၁ မှ ဒီဇင်ဘာ ၃၁ ထိ (၁၅၃ ရက်) - ဝင်ငွေ $15,000

ဒုတိယနှစ် - ဇန္နဝါရီ ၁ မှ ဇန္နဝါရီ ၃၁ ထိ (၃၁ ရက်) - ဝင်ငွေ $3,000

စုစုပေါင်း ၁၈၄ ရက် - ဝင်ငွေ $18,000

 

၄။ ၃ နှစ်ဆက်တိုက်၊ ပထမနှစ်နှင့် တတိယနှစ်တွင် ၁၈၃ ရက်ထက်နည်း။ နှစ်တိုင်း တစ်နှစ်ချင်းစီ ဝင်ငွေ $21,000 အောက်နည်း

 

ပထမနှစ် - နိုဝင်ဘာ ၅ မှ ဒီဇင်ဘာ ၃၁ ထိ (၅၇ ရက်) - ဝင်ငွေ $6,000

ဒုတိယနှစ် - ဇန္နဝါရီ ၁ မှ ဒီဇင်ဘာ ၃၁ ထိ (၃၆၆ ရက်) - ဝင်ငွေ $19,000

တတိယနှစ် - ဇန္နဝါရီ ၁ မှ မတ်လ ၃၁ ထိ (၉၀ ရက်) - ဝင်ငွေ $8,000

 

အထက်ဖော်ပြပါသူတို့ IR21 ဖြည့်ရန် (ဝင်ငွေခွန်တင်ရန်) မလိုပါ။ မသေချာပါက myTax Portal ၌ IR21 ဖြည့်လိုက်ပါ။ ထိုအခါ သင် Tax clearance လုပ်ရန် လို/မလို စာပြန်လာပါလိမ့်မည်။

 

ဟို မမလေးတစ်ယောက်ကတော့ - ကျမတော့ အခု part time လုပ်ထားတာတွေ တစ်ပြားမှ ထည့်မပြဘူး ဟု ဆို၏။

ဘာကြောင့်တုံး ဆိုတော့ သူက အဲဒါတွေက CPF မှ မထည့်ရတာ ဟု ဆို၏။

ငမ် - အဲသဟာဆို CPF ထည့်စရာမလိုတဲ့ ဝပ်ပါစ်မစ်သမားတွေဆို ပိုက်ဆံဘယ်လောက်ရရ အခွန် မဆောင်ရဘူး ဆိုတဲ့ သဘောလားဟု ကျွန်ုပ်က ပြန်မေးလေသော် -

ငင့် - ဒါဆို အခု part time လုပ်ထားတဲ့ပိုက်ဆံတွေ အခွန်ဆောင်ရာမှာ ထည့်မပြဘူးဆိုရင်ကော။

ဟုတ်၊ အဖမ်းမခံရချိန်ထိတော့ ဘာမှ မဖြစ်ပါဘူး။ 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၁ ဇွန်လ၊ ၂၀၂၄

Wednesday, April 24, 2024

စင်ကာပူလာပြီး အိမ်အကူလုပ်နေသည့်အသင်တို့သည် မူစကူဒူးပြီဆိုလျှင် ဒွတ်ခနှင့်လှလှနှင့် ဒဲ့တိုးလိမ့်မည် ဆိုခြင်းအကြောင်း

စီနေရီယို (၁) စ်


 

ဟင့် - သာမီးစစ်ကြည့်တော့ တစ်ချောင်းပဲပေါ်တယ် . . .

ဟဲ့ - နင်ကသာ တစ်ချောင်းထဲပေါ်နေ။ သွေးထဲမှာက ၆ လလောက်ထိ ရှိနေတာဟဲ့။ သူတို့က နင့်ဆီးကို စစ်တာမဟုတ်ဘူး။ သွေးကိုစစ်တာ။

အာ့ဆို သာမီး ကလီနာနဲ့ ပြန်လာလို့ ရမလားငင်။

ရနေပါအုံးမယ် အားကြီးကြီး၊ ဒါ ရှင်ဂပူဟဲ့။ နင့်ဂျီးဒေါ်အိမ်လို စူကစူက ဝင်လိုက်ထွက်လိုက်လုပ်လို့ရမလား . . .

 

စင်ကာပူတွင် အိမ်အကူလုပ်နေသည့် မိန်းကလေးတစ်ဦး ပြန်ပို့ခံရသည် ဆို၏။

သူလည်း ဘာမှ အမှားမလုပ်ရပါဘဲလျက်၊ အိမ်ရှင်တွေနဲ့လည်း အဆင်ပြေပါလျက် ပြန်အပို့ခံရပါသည်။ အရပ်ရင်လည်း ကူပါအုံး။ လူရင်လည်း ဝိုင်းပါအုံး ဖြစ်လေ၏။

 

ပထမတော့ ဖြစ်ရပ်အမှန်ကို ဖုံးကွယ်ထားသေးသည် ဆို၏။ 

နောက် ‘ဟဲ့၊ နင်က အမှန်ကိုမပြောဘဲနဲ့ ငါတို့က ဘယ်လိုလုပ်ကူရမတုံး’ ဆိုတော့မှ 

သူ ကောင်လေးတစ်ယောက်နှင့် မူစကူဒူးထားတာ ဖွင့်ပြော . . .

 

ပိုက်ဆံချမ်းသာသည့် လူများကျတော့ ကလေးလိုချင်လို့ ဟို ညောင်ပင်သွား ပူဇော် . . .

ဒီရုက္ခစိုးသွား ပ,သ နှင့် . . .

ဘယ်လိုလုပ်လို့မှ အဆင်မပြေ။ 

သို့သော် မလိုချင်သူများကျတော့ ဟောစ် . . .

 

သာမီးတို့လည်း ဆေးတွေသုံးတာပဲ၊ နောက်ပြီးတော့ ဟဝှာတွေလည်း လုပ်ထားသေးတယ် . . .

 

စင်္ကာပူ အိမ်အကူများသည် ကိုယ်ဝန်ဆောင်လို့မရ။ ကလေးမွေးလို့မရ။

၎င်းတို့ကို ၆ လ တစ်ခါ ဆေးစစ်ရ၏။ ဤသည်မှာ ဥပဒေဖြစ်၏။

ဆေးစစ်အဖြေကို ဆေးခန်းက MOM သို့ တိုက်ရိုက်ပို့၏။

ဆေးအဖြေထဲတွင် ဟိုအကောင်လေးတွေ ဖလန်းဖလန်းထနေပါသည်ဟု ပါလာသည်နှင့် MOM က ပါမစ်ကို cancel လုပ်ကာ ချက်ချင်းပြန်ပို့လေ၏။ 

သည်ကိစ္စ အိမ်ရှင်များနှင့် ဘာမှ မဆိုင်။

ကိုယ်လော်မာလို့ဖြစ်တာ ဖြစ်၏။

နောက်ပြီး MOM မှာ record ဝင်သွားပြီဆို ဘယ်လိုနည်းနှင့်မှ ပြန်လာဘို့ မကြိုးစားပါလေနှင့်။

ညာတာမိသွားလျှင် ထပ်အရေးယူခံရမည်။

 

 

 

စီနေရီယို (၂) စ်


 

အသင်တို့သည် ကိုယ်အသုံးမကျမှုကြောင့် ကိုယ့်အလုပ်ရှင် ဒွတ်ခမရောက်ပါစေနှင့်။

 

ကျမတော့ အဲဒီအကောင်ကို NTUC မှာ ကြက်သားဝယ်သလို ၈ စိတ်စိတ်ပေးပါ။ ၁၆ စိတ် စိတ်ပေးပါလို့သာ စိတ်ခိုင်းလိုက်ချင်တော့သာဖဲ . . .

 

ဪ - ဟိုဂန်းမသားတွေရဲ့ စစ်မှုထမ်းရန် ကြောက်လို့ပဲလေ။ သနားပါတယ် ဆိုကာ ဝပ်ပါမစ် တင်ပေး . . .

အဲဒီအကောင်တွေ ပေါက်တတ်ကရလုပ်၊ အလုပ်ရှင်တွေမှာ ဒွတ်ခရောက် . . .

အောင်မယ်၊ နောက်ပြီး အလုပ်ရှင်တွေကပဲ အပေါက်ဆိုးသလိုလိုစ် . . .

 

စင်ကာပူနိုင်ငံ သေးသေးကလေးကို တစ်နေ့တစ်နေ့ ရာနှင့်ချီသော နံနံခြားသား အလုပ်သမားများသည် တဖွဲဖွဲ ဝင်လာနေလျက်ရှိရာ အလုပ်သမားများထားသည့် အဆောင် (dormitories) များမှာ လူများ ပြည့်နှက်လျက် အဆောင် မဟုတ်သည့် အပြင်နေရာများ၌ပါ ထားကြရလေ၏။ ထိုအခါ နေရေးထိုင်ရေးကိစ္စ ဒွတ်ခမများရလေအောင် MOM က ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှ စကာ စင်ကာပူနိုင်ငံသို့ လာရောက်အလုပ်လုပ်မည့် ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ ရေနံဓာတုစက်ရုံ (CMP – Construction, Marine, Process) လုပ်သားများကို စင်ကာပူနိုင်ငံသို့ မလာရောက်မီကတည်းက အလုပ်ရှင်များက အိမ်ခန်းငှားပေးထားကာ အိမ်ခန်းငှားရမ်းထားကြောင်း အထောက်အထားကို MOM သို့ တင်ပြရလေ၏။ ထိုအထောက်အထားရပြီးမှသာ အလုပ်သမားများကို စင်ကာပူနိုင်ငံ အတွင်းသို့ သွတ်သွင်းခွင့်ရ၏။ 

 

ဟဲ့ - Pre-entry housing က approve မဖြစ်သေးလို့ ခဏစောင့်အုံး။ နင် IPA letter ရပြီးသားပဲ၊ မလာရမှာ ဘာမှ ပူစရာ မရှိဘူး။ 

 

ဆိုသဟာကို . . .

 

စင်ကာပူရောက်တာ ၂ နှစ် ၃ နှစ်ရှိနေပြီဖြစ်၍ ဆရာကြီးဖြစ်နေသူတစ်ဦးက . . .

 

အာ ဟေ့ရောင်၊ မင်းမှာ IPA letter ရှိရင် ဘာမှ မလိုဘူး။ လာသာလာခဲ့။ 

ဆိုတော့ ဟိုငတိက ကိုယ့်အလုပ်ရှင်ကို အသိမပေးဘဲ ခပ်တည်တည် စင်ကာပူဝင်လာ . . .

 

နောက်တော့ အလုပ်ရှင်က MOM နဲ့ သောက်ပြဿနာတက်။ စည်းကမ်းချိုးဖောက်လို့ဆိုကာ နောက်ထပ် လူခေါ်ခွင့်ကို (၃) လ ပိတ်။ ဒီမှာ လက်ခံထားတဲ့ project တွေနဲ့ တိုင်တွေပတ်။

 

သင်တို့သည် မသိနားမလည်လျှင် သိနားလည်သူက ပြောတာကို လက်ခံပါ။ သူတို့ပြောသည့်အတိုင်း လုပ်ပါ။ ကိုယ့်ဘာသာကိုယ် ဘာမှ ရမ်းမလုပ်ပါလေနှင့်။ ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခမများပါစေနှင့်။ 

 

ဟိုမြေနိုးတစ်ယောက် သောက်ရူးထတာနဲ့ တစ်ကမ္ဘာလုံး ပတ်ပြီး ဒွတ်ခတွေ များကြရ။

ဂမြင်းမသား အမြန်ဆုံး မသာပေါ်ပါစေခွာ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၄ ဧပြီလ၊ ၂၀၂၄

Sunday, August 20, 2023

Singpass အကြောင်း သိကောင်းစရာ

(၁) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဒေါ်သှစ်ကြီး ဆီသို့

 

မြန်မာအစိုးရ ရုံးပြင်ကနားကိစ္စများကြုံလာရသည့်အခါတိုင်း ကျွန်ုပ် အလွန်စိတ်ပျက်မိလေ၏။

(ဟျောင့် - မင်းနှယ် ကြီးကျယ်နေလိုက်တာ၊ ငရို့ ဗမှားပြည်ထဲ နေတဲ့လူတွေဘို့လဲ ချန်ထားပါအုံးလကွ။)

 

၎င်းတို့သည် ၂၁ ရာစုကို ထက်ဝက်လောက် ရောက်လာသည့်တိုင် ၁၉ ရာစုက စနစ်များကို ဖက်တွယ်ထားဆဲ ဖြစ်လေ၏။ 

ရုံးပြင်ကနားကိစ္စ တစ်ခါပေါ်လေတိုင်း စာရွက်စာတမ်းတွေ တစ်ထပ်ကြီး တင်ရလေ၏။ 

 

လျှောက်လွှာ - ၃ စောင်။ ဓာတ်ပုံ ၄ ပုံ။

ကလေး pass မိတ္တူ - ၃ စောင်၊ ပတ်စ်ပို့မိတ္တူ - ၃ စောင်။

အဖေ pass မိတ္တူ - ၃ စောင်၊ ပတ်စ်ပို့မိတ္တူ - ၃ စောင်။ ပုံစံ ၇ - ၃ စောင်။

အမေ pass မိတ္တူ - ၃ စောင်၊ ပတ်စ်ပို့မိတ္တူ - ၃ စောင်။ ပုံစံ ၇ - ၃ စောင်။

ဝန်ခံကတိပြုလွှာ - ၁ စောင်




(အဲလေ ပိုက်ဆံကို ငွေစက္ကူကိုင်ပြီး ပေးရတာလည်း တဒွတ်ခ။

 

မေးခွန်း။           ။ စင်္ကာပူနိုင်ငံတွင် ငွေသားဖြင့်သာလက်ခံသည့် ထူးဆန်းသော အစိုးရဌာနတစ်ခုကို ဖော်ပြပါ။

အဖြေ။             ။ မြန်မာသံရုံး)

 

ကိစ္စတစ်ခုပေါ်လေတိုင်း တစ်ခါတင်ရသည်ဖြစ်ရာ အစိုးရဌာနများရှိ ကျွန်ုပ်၏ စာရွက်စာတမ်းများကိုသာ စစ်စစ် ပေါက်ပေါက် လိုက်စုလိုက်ရလျှင် တစ်မျိုးလျှင် စောင်ရေ ၁၀၀၀ ခန့် ရလောက်ပေမည်။ ၎င်းတို့သည် အဘယ်ကြောင့် အလုပ်ရှုပ်ခံကာ အနှီစာရွက်စာတမ်းများကို လိုက်လံစုဆောင်းနေမှန်း ကျွန်ုပ် နားမလည်ပါ။ အဲလေ နားတင်မဟုတ်။ တစ်ကိုယ်လုံးမလည်တာ ဖြစ်၏။

 

 

မှတ်ချက်။         

 

၁။ စင်ကာပူအစိုးရရုံးများတွင် ဘာကိစ္စ၊ ညာကိစ္စလျှောက်လွှာများတင်ရသည့်အခါ စာရွက်စာတမ်းများကို hard copy (စက္ကူဖြင့်ပုံနှိပ်ထားသည့် စာရွက်စာတမ်း) များ လက်မခံပါ။ စာရွက်စာတမ်းအားလုံးကို online မှ pdf ဖြင့် တင်ရ၏။

၂။ ဒဏ်ကြေးငွေများ အပါအဝင် စင်ကာပူအစိုးရရုံးများတွင် ဘာကိစ္စ၊ ညာကိစ္စများအတွက် ငွေပေးချေရန်လိုသည့်အခါ ငွေသားဖြင့် ပေးလို့မရ။ သက်ဆိုင်ရာဌာန၏ ဘဏ်စာရင်းထဲသို့ SAM Machine, online စသည်တို့မှ ပေးချေရ၏။ NTUC, Ever Safe သင်တန်းကျောင်းများတွင်လည်း သင်တန်းကြေးကို ငွေသားဖြင့် လက်မခံပါ။ ကျောင်း ဘဏ်ငွေစာရင်းထဲသို့ ထည့်ပေးရ၏။

 

 

(၂) Singpass

 

စင်ကာပူအစိုးရသည် အများပြည်သူတို့ အဆင်ပြေချောမွေ့စေရန် အစဉ်တစိုက် ကြိုးပမ်းနေသည်ဖြစ်ရာ ထိုအထဲမှ တစ်ခုမှာ Singpass ဖြစ်၏။



ယခုအခါ အစိုးရကိစ္စ အများစုကို ဒစ်ဂျစ်တယ်အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နေပြီဖြစ်ရာ လုပ်ကိုင်ရ အဆင်ပြေစေရန် ၂၀၀၃ ခုနှစ်တွင် Singpass Apps ကို တီထွင်ပေးခဲ့၏။ Singpass ဖြင့် အစိုးရကိစ္စ အတော်များများကို ဆောင်ရွက်နိုင်၏။ (အစိုးရဌာနများသာမက အခြားဌာနများကလည်း Singpass ကို အသုံးပြုလာနေကြပြီဖြစ်ရာ သုံးစွဲသူများအဖို့ အတော့်ကို အဆင်ပြေလေသည်။ ဥပမာ - NUHS – National University Health System, OCBC Digital Banking စသည်တို့ကို Singpass ဖြင့် log in ဝင်လို့ရ၏။ သို့မို့ကြောင့် ထို apps များအတွက် သီးသန့် user name, password မှတ်နေစရာ မလိုတော့။)

 

Singpass ကို စိတ်ချစွာ အသုံးပြုနိုင်စေရန် နှစ်ထပ်လျှို့ဝှက်စနစ် (2FA – Two-Factor Authentification) ကို သုံးထား၏။ Singpass ကို ပထမဦးစွာ လျှို့ဝှက် ဂဏန်း ၆ လုံး (သို့) မျက်နှာ (သို့) လက်ဗွေ တစ်ခုခုဖြင့် ဖွင့်နိုင်၏။ နောက် ICA (လ.ဝ.က) ဌာနတစ်ခုခုကို ဝင်လိုပါက နောက်တစ်ခါထပ်၍ OTP phone message, မျက်နှာ (သို့) လက်ဗွေ ဖြင့် ထပ်ဝင်ရ၏။

 

အစောပိုင်းကာလများက Singpass ကို စင်ကာပူနိုင်ငံသားနှင့် အမြဲနေထိုင်ခွင့်ရသူ (PR) များ အတွက်သာ ထုတ်ပေးခဲ့ သော်လည်း ယခုအခါ စင်ကာပူတွင် နေထိုင်ခွင့်ရသူအားလုံး (ဝပ်ပါမစ်များ အပါအဝင်) Singpass လျှောက်လို့ ရနေပါပြီ။ 

 

Singpass ကို အောက်ပါ link မှ ကိုယ့်ဘာသာကိုယ် လျှောက်လို့ရ၏။ ဘာမှ မခဲယဉ်းပါ။

 

https://www.singpass.gov.sg/home/ui/register/instructions

 

နာမည်၊ စင်ကာပူနိုင်ငံသား နှင့် အမြဲနေထိုင်ခွင့်ရသူဖြစ်လျှင် NRIC, နိုင်ငံခြားသားဖြစ်ပါက FIN နံပါတ်တို့ကို ဖြည့်ပြီး လျှောက်နိုင်၏။

 

ကောင်တာသို့လာပြီး Singpass လျှောက်လိုသူများ အောက်ပါ စာရွက်စာတမ်းများ ယူလာရမည်။




မှတ်ချက်။       ။

၁။ Singpass လျှောက်ရာတွင် အထက်၌ ဖော်ပြထားသည့် စာရွက်စာတမ်းများမှအပ အခြား IPA, NRIC ပျောက်သွား ကြောင်း Police report, ez-link card, senior citizen card စသည်တို့ကို လက်မခံပါ။

၂။ PR များသည် Re-entry permit ကို ပရင့်ထုတ်ပြီး ၎င်းတို့၏ ပတ်စ်ပို့နှင့်အတူ ယူလာရမည်။

၃။ ဝပ်ပါမစ်သမားများသည် ဝပ်ပါမစ်ကတ်ရပြီး နောက်တနင်္လာနေ့မှ စ၍ Singpass လျှောက်ထားနိုင်သည်။

၄။ မိမိကိုယ်စားအခြားသူတစ်ယောက်ကို Singpass လျှောက်ခိုင်းခြင်း၊ မိမိက အခြားသူအတွက် Singpass လျှောက်ပေးခြင်းကို တင်းကြပ်စွာ တားမြစ်သည်။

 

Singpass သည် အမှန်တကယ်ပင် အသုံးတည့်လေ၏။

ပထမဆုံးတစ်ခုမှာ digital IC ဖြစ်၏။ 

စင်ကာပူတွင် နေထိုင်ခွင့်ကို IC ကတ်ဖြင့်ပေးထားသည်ဖြစ်ရာ ထို IC ကတ်ပျောက်သွားမှာ ကျွန်ုပ်သည် လွန်စွာ ကြောက်လေ၏။ မလေးရှားသွားတုံးက ပိုက်ဆံအိတ်ကို လူခိုးခံရသဖြင့် ပိုက်ဆံအိတ်ထဲရှိသမျှ IC ကတ်၊ ဘဏ်ကတ် အားလုံး ပျောက်သွားလေရာ တစ်ခါ ပြဿနာတက်ခဲ့ဖူး၏။ ထို့ကြောင့်ပင်လျှင် ကျွန်ုပ်သည် မူရင်း IC ကတ်ကို သယ်သွားလေ့မရှိဘဲ ရောင်စုံမိတ္တူကူးကာ ပလတ်စတစ်လောင်းလျှက် ဆောင်ထား၏။

 

ယခုတော့ ဤပြဿနာ မရှိတော့ပြီ။ 

Singpass တွင် digital IC ရှိ၏။




ထို digital IC ကို နေရာတိုင်းလိုလို သုံးနိုင်၏။ ၂၀၂၁ နိုဝင်ဘာလမှစကာ ပိုလီကလစ်နစ်၌ ဆေးကုသမှုခံယူခြင်း၊ စာကြည့်တိုက်၌ စာအုပ်ငှားခြင်း၊ ဆေးခန်းများ၌ ဆရာဝန်ပြခြင်း၊ ပတ်စ်ပို့စာအုပ် ရွေးယူခြင်း၊ အိမ်ခန်းငှားခြင်း စသည်တို့ ၌ သုံးနိုင်၏။ (သို့သော် လက်ထပ်ခြင်း၊ ဘဏ်၊ စာမေးပွဲဖြေခြင်း စသည်တို့၌မူ မူရင်း IC ကတ်ပြရန် လိုပါသေး၏။)


အကယ်၍ သင့်ဖုန်းပျောက်သွားပါက (သို့) တစ်ယောက်ယောက်က ခိုးယူသွားပါက သင့် Singpass သည် အလိုအလျောက် ပျက် (deactivate) သွားပါလိမ့်မည်။

 

Singpass ကို နေရာတော်တော်များများတွင် အသုံးပြုနိုင်လေရာ အောက်တွင် အချို့ကို ဖော်ပြထား၏။ သို့သော် ဤသည်မှာ အသုံးပြု၍ရသည်များထဲမှ အနည်းငယ်မျှသာဖြစ်ပြီး အခြား သုံးလို့ရတာ များစွာ ကျန်ပါသေး၏။

 

§  MOM တွင် Safety Officer လိုင်စင်အပါအဝင် အခြားလိုင်စင်များ သက်တမ်းတိုးခြင်း၊ workpass ကိစ္စရပ်များ၊  အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေးကိစ္စများ စသည်

§  ပြည်တွင်းအခွန် (IRAS) website တွင် ဝင်ငွေခွန်ပေးဆောင်ရန် ပုံစံဖြည့်ခြင်း၊ မိမိအခွန်ဆောင်ထားသည့် စာရွက်ကို ပြန်ယူခြင်း စသည်

§  လ.ဝ.က (ICA) website တွင် short term, long term ဗီဇာလျှောက်ခြင်း၊ PR လျှောက်ခြင်း၊ PR လျှောက် ထားတာ စစ်ခြင်း၊ ဗီဇာစစ်ခြင်း၊ ခရီးသွားများအတွက် Arrival form တင်ခြင်း စသည်

§  မိန်းမယူဘို့ (ဟုတ်ပေါင်) လက်ထပ်ရန် မှတ်ပုံတင်ခြင်း (registration for marriage)

§  ကားလိုင်စင်လျှောက်ခြင်း

§  မိမိ CPF account တွင်းသို့ ပိုက်ဆံထည့်လိုက ထည်ခြင်း၊ ကိုယ့် CPF ပိုက်ဆံလေးတွေ ဘယ်လောက်စုမိပြီလဲ မိန်းမမသိအောင် တိတ်တိတ်ခိုးကြည့်ခြင်း (အဟိ)

§  ချွေးနှဲစာလေးတွေနဲ့ စုဆောင်းဝယ်ထားတဲ့ ကိုယ်အိမ် အချက်အလက်တွေ ကြည့်ခြင်း၊​ အိမ်ငှားတင်ခြင်း၊ အိမ်ငှားပြောင်းခြင်း စသည်

§  နောက်ပြီး သင်တန်းတက်ရန် register လုပ်သည့်အခါ ကိုယ့်နာမည်၊ IC No., မွေးနေ့၊ ဖုန်းနံပါတ်၊ email စသည့် များစွာသော အချက်အလက်များ ဖြည့်ရသည့်အတွက် ထိုအချက်များဖြည့်ရန် ပျင်းသူများအဖို့ Singpass လေးတစ်ချက်နှစ်ချက်လောက် နှိပ်ရုံနှင့် အားလုံး အလိုလိုဖြည့်ပြီး ဖြစ်လေသည်။ Wow Wow Wow

§  နောက်ပြီး ဆေးရုံဆေးခန်းပြဘို့ကိုလည်း သည် Singpass ကို သုံးနိုင်ပါသေး၏။ 

§  အဲလေ - ငါ့ ကာကွယ်ဆေးထိုးမှတ်တမ်းတွေ ဘယ်သွားထားမိပါလိမ့် ဟု ခေါင်းစားမနေပါနှင့်။ Singpass တွင် ရယူနိုင်၏။ 

§  ကျုပ် ဘာသင်တန်းတွေ တက်ပြီးပြီလဲ။ Singpass ကနေ My Skill Future ကို ဝင်ကြည့်နိုင်၏။

 

ကိုယ့် တကိုယ်ရည် သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ Singpass က My Profile မှာ ကြည့်ပါ။

§  Documents

§  Personal

§  Finance

§  Vehicle & Driving Licence

§  Family

§  Education

§  Property

§  NS Benefits






၃။ Corppass (Singapore Corporate Access)

 

နောက်တစ်ခု -

Singpass က ပုဂ္ဂလိက၊ လူတစ်ဦးချင်းစီအတွက် လုပ်ပေးထားတာဖြစ်၏။ 

ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းတွေအတွက် Corppass ဟု သီးသန့်လုပ်ပေးထား၏။ Singpass ကို မသုံးရ။

စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ အစိုးရကိစ္စများ ဆောင်ရွက်ရန် (G2B – Government digital services for business) Corppass ကို ၂၀၂၁ ဧပြီလ ၁၁ ရက်နေ့က ဖွင့်ပေးခဲ့၏။​

 

အောက်ပါကိစ္စရပ်များအတွက် Corppass ကို သုံးရ၏။ (အချို့မျှသာဖြစ်ပြီး အားလုံးမပါ။)

§  MOM တွင် ဝပ်ပါမစ်လျှောက်ခြင်း၊ ပယ်ဖျက်ခြင်း၊ သက်တမ်းတိုးခြင်း၊ incident report လုပ်ခြင်း စသည့် ကိစ္စရပ်များ

§  Training centre များက TP Gateway တွင် သင်တန်းကိစ္စများ ဆောင်ရွက်သည့်အခါ

§  ကုမ္ပဏီက ဝန်ထမ်းများအတွက် CPF ကိစ္စများ ဆောင်ရွက်ခြင်း

§  အခွန်ရုံး Corporate Tax (Filing and application) and Payment

§  GST (Filing and application) and Payment

§  Property Tax (Filing and application) and Payment

§  S45 Withholding Tax (Filing) and GIRO Deduction details)

§  Partnership (Form P Filing)

§  Tax Clearance

§  ACRA ကိစ္စများ

 

အသေးစိတ်သိလိုသူများ အောက်ပါ link တွင် ကြည့်ပါ။

https://www.corppass.gov.sg/corppass/common/digitalservicelist

 

 

သူများတိုင်းပြည်တွေက ဘယ်လိုတွေ ကောင်းအောင်လုပ်မည် ကြံစည် ကြိုးစားနေကြခိုက် -

ကျွန်ုပ်တို့ ဗမှားပြည်ကြီး၌ကား မစ်လ်ခီးဝေး ဂယ်လက်ဇီ၌ အကြီးဆုံး မပြုံးတုံ့တုံ့ ပြုံးတုံ့တုံ့ ဘုရားကြီးကို ထွင်းထုကာ -

 

ငှယ် - ဘုရားကြီးက ဖူးနေရင်း ပြုံးလာနေတယ်တော့။

အို - တိမ်တွေထဲမှာ လွင့်မျောနေသလိုပဲ။ စမိုင်းလင်းဗုဒ္ဓကြီးက ကြည်ညိုစရာကောင်းလိုက်တာ . . . 

 

စသဖြင့် သောက်ရေးမပါတာတွေ လုပ်နေကြကုန်သော အသင်တို့ကို -

 

ကျွန်ုပ်က ဖင်လှန်ပြီး လိပ်ကျောက်မြီးဖြင့် ရိုက်ချင်လှပါကြောင်း။


 

အေးငြိမ်း

၂၀ ဩဂုတ်လ၊ ၂၀၂၃