Showing posts with label Life. Show all posts
Showing posts with label Life. Show all posts

Monday, August 13, 2012

ကျွန်တော် အပြေးသမား


(၁)

            ငယ်စဉ်ကတည်းက ကျွန်တော် အားကစားနှင့်ပတ်သက်၍ အားကစားနည်း တော်တော်များများကို ၀ါသနာမပါပါ။ ယောက်ျားလေးအများစုမှာ ဘောလုံးပွဲကို သည်းသည်းမည်းမည်း ၀ါသနာပါကြသော်လည်း ထိုဘောလုံးပွဲများကို ကျွန်တော် နည်းနည်းလေးမှ စိတ်ဝင်စားလို့ မရပါ။

            မူလတန်းကျောင်းသားဘ၀က ကျွန်တော်တို့မောင်နှမတတွေ ညဘက်လသာသာမှာ ရွာလယ်လမ်းမကြီးပေါ်၌ ဒီထိုးတန်းကစားခြင်း၊ ထုပ်ဆီးတိုးခြင်း စသည်တို့ကို ညဥ့်နက်သန်းခေါင် ကစားဖူးခဲ့သော်လည်း အနည်းငယ် ကြီးပြင်းလာ သည့်အခါ အခြားယောက်ျားလေးများကဲ့သို့ ကျောက်ဒိုးရိုက်ခြင်း၊ ဘောလုံးကန်ခြင်း၊ ဘော်လီဘောပုတ်ခြင်း စသည်တို့ကိုမူ အခြားသူများကစားသည်ကို ခဏတစ်ဖြုတ် ငေးမောဖူးသည်ကလွဲ၍ စွဲစွဲလန်းလန်းကြည့်ခြင်း၊ ကိုယ်တိုင်ပါဝင်ကစားခြင်း စသည်တို့ တစ်ခါမှ မလုပ်ခဲ့ဖူးပါ။ မမ ကမူ ကျွန်တော့်ကို သည်လိုကစားပွဲများတွင် ပါဝင်ကစားစေချင်သည်။ ကိုယ့်မောင် ကစားနေတာကြည့်ပြီး အော်ဟစ်အားပေးလိုလှသည်။ သို့သော် ကျွန်တော်က နည်းနည်းကလေးမှ ၀ါသနာမပါ။

            သို့သော် ကြံကြံဖန်ဖန် သိုင်းကစားတာကျတော့ ၀ါသနာပါပြန်သည်။ ကျွန်တော် အလယ်တန်းကျောင်းသားဘ၀က အစ်ကိုဖြစ်သူ ကိုတင်ထူး နှင့် ရှမ်းကြီးသိုင်း၊ သိုင်းပြောင်းပြန် (ခူးကာချန့်)၊ မြန်မာ့ရိုးရာ နန်းတွင်းသိုင်း၊ ကရာတေး၊ ဗန်တို၊ ဗန်ရှည်၊ ရှောင်လင်သိုင်း စသည်တို့ တိုစိတိုစိ ကစားဖူးပါသည်။ သို့သော် တော ဆိုတော့ ဘယ်မှာသင်တန်းကျောင်းတွေ၊ ဆရာတွေ ရှိပါမည်နည်း။ အနည်းငယ် တတ်သူတို့ထံမှ ပြန်လည် သင်ယူရခြင်း ဖြစ်ပါသည်။ သို့အတွက် သိုင်းမျိုးအတော်စုံစုံ ပင် ကစားဖူးသော်လည်း တစ်ခုမှ ဖြစ်ဖြစ်မြောက်မြောက် မတတ်ခဲ့ပါ။ တချို့ဆရာများမှာ လူမဟုတ်ပါ။ သိုင်းဦးချစ်သန်း၊ ဦးပြေသိမ်း စသည့် သိုင်းဆရာကြီးများ ရေးသောစာအုပ်ကို ရှေ့ချပြီး ညီအစ်ကိုနှစ်ယောက် ကစားကြတာ ဖြစ်ပါသည်။ တုတ်သိုင်း၊ ဒါးသိုင်း၊ လှံသိုင်း အတော်စုံလှ၏။

            လူငယ်၊ လူလတ်အရွယ်များတွင်လည်း ဘာအားကစားမှ မကစားဖူးပါ။ ဘောလုံးပွဲတစ်ခုတွင် လူဘယ်နှယောက် ပါဝင်ကစားသည်။ ဘောလုံးစည်းမျဉ်းများ ဘယ်သို့ရှိသည် ဘာမှမသိ။ သူများတွေပြောသံကြားလို့ မဲနောက်ဆိုလား၊ ပယ်နယ်ဒီဆိုလား။ တိုက်စစ်မှုးဆိုလား ကြားဖူးသည်။ ဘာကိုဆိုလိုမှန်းမသိ။ သည်လိုပင် ဘော်လီဘောပွဲ၊ တေဘယ်တင်းနစ် စသည်တို့ကိုလည်း ဘယ်လိုကစားကြမှန်း နားမလည်ပါ။

            သို့သော် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကိုတော့ အခါအားလျော်စွာ လုပ်ဖြစ်ပါသည်။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀က ဘာတဲ့၊ ဖွံ့ဖြိုးရေးချိန်လား၊ ဘာလား မမှတ်မိတော့ပါ။ တစ်ချိန်ရှိသည်။ ထိုအချိန်တွင် ကျောင်းမှ အားကစားဆရာက ကျွန်တော်တို့ကို ကိုယ်လက်လှုပ်ရှား၊ ကစားစေသည်။ ထိုအချိန်က ကျွန်တော်တို့ အားကစားဆရာမှာ ဆရာဦးသစ္စာ ဖြစ်၏။ သူက အင်္ဂလိပ်စာဆရာဖြစ်သည်။ စာသင်ကောင်း၏။ ကျွန်တော်တို့ မူလတန်း ကျောင်းသားဘ၀က သင်ခဲ့ရသော ဆရာဦးမြစိုး၏ အစ်ကိုအရင်းဖြစ်သည်။ ကျွန်တော်တို့မြို့နယ်ထဲမှ ရွာတစ်ရွာဖြစ်သော လှော်ကထားရွာသား လူပျိုကြီးဖြစ်၏။

            ထို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကိုတော့ ကျွန်တော် စိတ်ဝင်စားပါသည်။ ဆရာပြသော နည်းများကို စာဖြင့် ရေးလျှက်မှတ်ထားကာ ကိုယ့်ဟာကိုယ်လည်းလုပ်သည်။ ထို့ပြင် ကျွန်တော်တို့ငယ်စဉ်က ကိရိယာလွတ် ကာယဗလ လေ့ကျင့်ခန်း ဆိုသော စာအုပ်တစ်အုပ်ရှိသည်။ ထိုစာအုပ်ကို လက်ရေးနှင့်ကူးယူကာ ထိုလေ့ကျင့်ခန်းများအတိုင်း လေ့ကျင့် ဖြစ်သည်။ စာအုပ်ထဲတွင် ပြထားသော ဗလကြီးများကို အားကျကာ သုံးလေးရက်လောက် လုပ်ကြည့်လိုက်။ လက်မောင်း ကြွက်သားတွေကို ပေကြိုးနှင့် တိုင်းကြည့်လိုက်။ သတင်းစာထဲ၊ မဂ္ဂဇင်းထဲပါလာသည့် မောင်ဗမာပုံများ၊ ကိုယ်ဟန်ပြပုံများကို ဖြတ်ညှပ်ကာ ဗလာစာအုပ်များထဲတွင် သေသေချာချာ သိမ်းဆည်းစုဆောင်းခဲ့၏။

သည်လိုလုပ်ခဲ့တာ ဆယ်တန်းကျောင်းသားဘ၀မှသည် စက်မှုတက္ကသိုလ်ရောက်သည်အထိ နှစ်အတန်ကြာ ဖြစ်၏။ ကျွန်တော်တို့တုံးက ဆယ်တန်းအောင်ပြီးနောက် ဒေသကောလိပ် ၂ နှစ်တက်ရသည်။ ဒေသကောလိပ်ကို ဟင်္သာတတွင် တက်ရခြင်း ဖြစ်၏။ ထိုစဉ်က ဘုန်းကြီးကျောင်းတွင် တည်းပြီးတက်တာဖြစ်သဖြင့် လေ့ကျင့်ခန်းလုပ်စရာ နေရာမရှား။ ကျောင်းဝင်းအတွင်း လွတ်လွတ်လပ်လပ်လုပ်နိုင်သည်။ ကျောင်းမှာ ဟင်္သာတမြို့မှ မိုးကောင်းကျောင်းတိုက် ဖြစ်၏။ ဘုန်းကြီး တွေ အနှောက်အယှက်ဖြစ်မည် စိုးသဖြင့် အခြားမည့်သည့် ကျောင်းသားကိုမှ မထား။ ကျွန်တော်ကတော့ ဘယ်မှနေစရာ မရှိသောကြောင့်သာ သနားသဖြင့် ထားပေးခြင်းဖြစ်သည်။

(၂)
            ကျွန်တော်စင်ကာပူရောက်လာတော့ ရောက်စနှစ်များက အများနှင့်နေရတာက တစ်ကြောင်း၊ အလုပ်ချိန်များသည်က တစ်ကြောင်းတို့ကြောင့် လေ့ကျင့်ခန်း မလုပ်ဖြစ်ပါ။ သို့သော် ယူနီယမ်အလွိုင်းသို့ရောက်သော် ကိုယ့်အခန်းနှင့်ကိုယ် လွတ်လွတ်လပ်လပ်နေရသည့်အတွက် အလုပ်အားချိန်များတွင် လေ့ကျင့်ခန်းလုပ်ဖြစ်ပါသည်။ (၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ) တစ်ခါလုပ်လျှင် အနည်းဆုံး နာရီဝက်လောက်ကြာသည်။ သို့သော် ပုံမှန်မဟုတ်ပါ။ ပရောဂျက်ရ၍ အလုပ်များသည့်အခါ အိုဗာတိုင်များဆင်းရပြီဆိုလျှင် ပင်ပန်းသည်နှင့် မလုပ်ဖြစ်တော့ပါ။

            သို့နှင့် လုပ်ဖြစ်လိုက် မလုပ်ဖြစ်လိုက်၊ နှစ်အတော်ကြာပါသည်။ ၂၀၀၉ ခုနှစ် အီးစီစီ ပရောဂျက်တွင် လုပ်ရသောအခါ အလုပ်ချိန်က ပုံမှန်ဖြစ်သွားသည်။ ထို့ကြောင့် ညနေပိုင်း အလုပ်မှပြန်ရောက်သည့်အခါ လေ့ကျင့်ခန်းလုပ်ဖြစ်သည်။ ထိုစဉ်က ကျွန်တော် ပြေးသည့်အခါပြေး၊ အိမ်မှာပင် လေ့ကျင့်ခန်း လုပ်သည့်အခါလုပ်။ ထို့ကြောင့် ပုံမှန် မပြေးဖြစ်ပါ။ ၂၀၁၀ ခုနှစ် နှစ်လယ်လောက်တွင်မှစကာ ညနေတိုင်းလိုလို ပြေးဖြစ်သည်။ တနင်္ဂနွေပိတ်ရက်များတွင် မနက်စောစော အိပ်ရာမှ နိုးနိုးချင်း ပြေးသည်။ ထိုစဉ်ကပြေးသည်မှာ Jurong Lake Park ၌ ဖြစ်၏။


၂၀၁၁ သြဂုတ်လဆန်းတွင် ဘွန်လေးဘူတာနားသို့ပြောင်းလာသည်။ သို့အတွက် ပြေးသည့်ပန်းခြံလည်း ပြောင်းသွား ၏။ ယခု Jurong Lake Park သို့သွားလို့ မဖြစ်တော့ပြီ။ သို့နှင့် အိမ်နှင့်နီးသော Jurong Central Park သို့ ရောက်လာ၏။
လူဆိုတာ အစွဲအလမ်းကြီးတတ်သည်မို့ ပြောကြစတမ်းဆို ၂ နှစ်ကျော် ပြေးခဲ့သော Jurong Lake Park ကိုသာ နှစ်ခြိုက်ပါသည်။ သူက ပန်းခြံနှင့် ပိုတူသည်။ သစ်ပင်များ ပိုများသည်။ ရေကန်ကြီးရှိသည်။ တောပိုဆန်သည်။ နေရာကျယ် သည်။ ကိုယ်ခြေဆန့်ချင်လျှင် ဆန့်ချင်သလောက် ရသည်။

သို့သော် Jurong Central Park ကျတော့ ဘူတာနားက ကွက်လပ်ကလေးကို ကြံဖန် ပန်းခြံလုပ်ထားရသည်မို့ ကျဉ်းကျဉ်းကလေး ဖြစ်ပါသည်။ ဘာသစ်ပင်ကြီးမှ မရှိ။ ရေကန်ဆိုတာ ဝေလာဝေး။ ရေနှင့်တူတာဆိုလို့ ရေမြောင်းကြီးပဲ ရှိသည်။ သည်ရေမြောင်းကလည်း မိုးရွာမှ ရေစီးတာမျိုးဖြစ်၏။

            အလုပ်က မနက် ၈ နာရီမှ ညနေ ၅ နာရီထိ။ မနက် ၈ နာရီဆိုပေမဲ့ ၇ နာရီခွဲအရောက်သွားရသည်။ နာရီဝက် ကို အလကားမတ်တင်း နေ့တိုင်း လုပ်ပေးနေရသည်။ သို့သော် ကိုယ့်တာဝန်မို့ ငြင်းလို့ကလည်း မဖြစ်။ အလုပ်ကနေ အိမ်ထိ တစ်နာရီတိတိ ကြာသည်။ ထို့ကြောင့် ညနေ ၆ နာရီဆိုလျှင် အိမ်ပြန်ရောက်သည်။ မသကာ လေးငါးမိနစ်လောက် စွန်းချင် စွန်းမည်ပေါ့။

ညနေဘက် အလုပ်ကအိမ်ပြန်ရောက်ပြီဆိုလျှင် ရောက်ရောက်ချင်း အိတ်ကို ဘုတ်ကနဲချ။ ဘောင်းဘီတို ချက်ချင်း ကောက်လဲပြီး ကျွန်တော် နေ့တိုင်း ပြေးလေ့ရှိ၏။ ပြေးရာတွင် စိတ်ထဲက ၁၊ ၂၊ ၃၊ ၄ စသဖြင့် ခြေလှမ်းကိုရေပြီး ပြေးခြင်း ဖြစ်သည်။ တောင်တောင်အီအီ ဘာမှ သိပ်မတွေး။ သို့သော်လည်းပေါ့လေ၊ စာရေးစရာရှိလျှင်တော့ ရေးရမည့်အကြောင်းများ ခေါင်းထဲဝင်လာတတ်သည်။ ဒါတော့ အတင်းငြင်းလွှတ်လို့မရ။ အိမ်ပြန်ရောက်ရောက်ချင်း မေ့မသွားခင် စာရွက်ပေါ်မှာ တို့ထားလိုက်ရသည်။  

            သာမန်ယောက်ျား (ပေမီဒေါက်မီ) တစ်ယောက်၏ ခြေလှမ်းမှာ ၅၅၀ မီလီမီတာမှ ၆၀၀ မီလီမီတာ ရှိသည်။ ကျွန်တော်က လူပုစာရင်းဝင်ဖြစ်၏။ အရပ်မှာ ၁.၆၂ မီတာပဲရှိသည်။ ထို့ကြောင့် ပြေးလျှင် ခြေတစ်လှမ်းကို ၀.၉ မီတာ လောက်ပဲရှိသည်။ ပေမီဒေါက်မီ ယောက်ျားတစ်ယောက်ဆိုလျှင်မူ ခြေတစ်လှမ်းကို ကုဋေတစ်သန်း (ဟုတ်ပေါင်) တစ်မီတာ ရှိသည်။ ထို့ကြောင့် အကြမ်းဖျဉ်းအားဖြင့် ကျွန်တော်ပြေးသည့်ခြေလှမ်းနှင့် ခြေလှမ်းပေါင်း ၁၁၀၀ လောက်မှ တစ်ကီလိုမီတာ ရှိသည်။ သည့်အတွက် ကျွန်တော်ပြေးခဲ့တာ ဘယ်လောက်ခရီးရောက်ခဲ့ပြီးလည်း သိချင်လျှင် ခြေလှမ်းကို ရေထားလိုက်ရုံသာ ဖြစ်၏။ သို့မို့ကြောင့် ကျွန်တော် တစ်နေ့ကို ၃ ကီလိုမီတာ ပြေးတယ် ဟု ပြောနိုင်ခြင်းဖြစ်ပါသည်။ သို့သော်လည်းပေါ့လေ ၃ ကီလိုမီတာ မပြည့်ပါ။ နည်းနည်းလိုသည်။

            ယခုလ (သြဂုတ်လ) ၈ ရက်နေ့ ညနေက ကျွန်တော်ပြေးပြီး ခရီးတစ်ဝက်၌ လေ့ကျင့်ခန်းလုပ်နေစဉ် လူတစ်ယောက် မှတ်စုစာအုပ်ကလေးနှင့် အနားသို့ ချဉ်းကပ်လာ၏။

            ဟဲလို၊ မစ္စတာ။

            ဟုတ်၊ အမိန့်ရှိပါခင်ဗျ။

            ကျွန်တော်တို့က စထရိတ်တိုင်းကပါ -

အစချီလျှက် သူတို့က ယခုကဲ့သို့ ပြေးသူများကို မြို့နယ်အလိုက် လိုက်ပြီး အင်တာဗျူးကြောင်း၊ ဒီတစ်ပတ် ဤပန်းခြံသို့ ရောက်လာကြောင်း။ ကျွန်ုပ်နာမည် မည်သူဖြစ်သည်။ ဘာလုပ်သည်။ ပြေးတာဘယ်လောက်ကြာပြီ။ ဘာလို့ပြေးသည်။ ပြေးသဖြင့် ဘာအကျိုးကျေးဇူးတွေ ခံစားရသည်။ စသဖြင့် မေးခွန်းများ မေး၏။

            အတော်များများ မေးပြီးသော် ဖုံးနံပါတ်နှင့် အိုင်စီနံပါတ်လည်း တောင်း၏။ တစ်ဦးတစ်ယောက် ဖုံးဆက်လာပါ လိမ့်မယ်။ အိုင်စီနံပါတ်တောင်းတာက သေချာအောင်လို့ပါ။ ဆုပေးဘို့ရှိပါတယ်။ သူဖုံးဆက်တဲ့နေရာကို သွားယူပါ ဆို၏။ ထို့နောက် ခပ်ဖြည်းဖြည်း ပြေးစေလျှက် အနေအထားအမျိုးမျိုးမှ ဓါတ်ပုံ ဆယ့်လေးငါးပုံခန့် ရိုက်ယူလေသည်။

            နောက်ဆုံးတွင် တနင်္လာနေ့ သတင်းစာ၌ ဆောင်းပါးပါမည်ဟု ပြောသွားလေ၏။

(၃)

            ယနေ့ (၁၃၊ ၈၊ ၂၀၁၂) အလုပ်သို့ရောက်သော် ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူ Lim က ဟ၊ နင့်ပုံ သတင်းစာထဲပါလာပါလား ဟု ဆိုကာ သတင်းစာ ထုတ်ပြ၏။ မနေ့က ဒီနေ့ထုတ် သတင်းစာကို ၀ယ်ကြည့်ရန် ဖြစ်သော်လည်း ကျွန်တော်အလုပ်သွားချိန်တွင် သတင်းစာရောင်းသည့်နေရာများမှာ မဖွင့်သေးသဖြင့် မ၀ယ်ခဲ့ရ။ သူကတော့ နေ့တိုင်း ၀ယ်နေ ကျဆိုတော့ သူအရင် သိတာဖြစ်သည်။

            သို့နှင့် သတင်းစာကို ဓါတ်ပုံရိုက်ကာ ဖေ့စ်ဘွတ်ပေါ်တင်၊ မိတ်ဆွေများကို “တက်ဂ်” လုပ်လေသတည်း။




သတင်းစာထဲမတော့ ၁၅၀ တန်ဆုပေးမည် ဆို၏။ ယခုထိတော့ ဖုံးမခေါ်သေးပါချေ။

            မိတ်ဆွေများခင်ဗျား။ ပြေးကြည့်စမ်းပါ။ ပြေးပြီး မောမောပန်းပန်း၊ ချွေးတစ်လုံးလုံး နှင့် ရေကောက်ကက်ချိုးအပြီး လူမှာ အလွန်လန်းလန်းဆန်းဆန်းဖြစ်သွားသည်ကို သိသိသာသာ ခံစားရပါလိမ့်မည်။ အိပ်မပျော်မှာ မပူပါနှင့်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရသည့်အတွက် ၆ နာရီလောက်အိပ်လျှင်ပင် ကောင်းကောင်း အိပ်ရေးဝပါသည်။

            ခုတော့ ၁၂ နာရီတီးခါနီးပြီ။ မနက် ၆ နာရီထိုးလျှင် ထ ရဦးမည်။ အိပ်ဦးမှ။

ကျေးဇူးတင်ပါသည် ခင်ဗျား။



အေးငြိမ်း

၁၃ သြဂုတ်၊ ၂၀၁၂။ ည ၁၁ နာရီ ၅၅ မိနစ်။

Saturday, April 24, 2010

Quote from Bagawagita

ကမ္ဘာပေါ်ရှိ အံ့သြဘွယ်ရာအကောင်းဆုံးများ အနက်တွင် အဘယ်အရာသည် အံ့သြဘွယ် အကောင်းဆုံး ဖြစ်ပါသနည်း။

မိမိပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ သေဆုံးပျောက်ကွယ် နေကြသူတွေကို တွေ့မြင်နေရပါလျှက် သူ့ကိုယ်သူမူ သေရမည်ဟု မယုံကြည်သလိုနေကြခြင်းသည် အံ့သြဘွယ် အကောင်းဆုံးပင် ဖြစ်ပါသည်။

ဘဂ၀ါဂီတ

Wednesday, March 3, 2010

သကြားထက် ချိုသောအရာ

ကိုသိန်းမော်ပို့လိုက်သော e.mail ကို ပြန်လည်ဖော်ပြပါသည်။ မူရင်းမှာ - http://missgreenlady.mylovecafe.net/?p=1268 - မှ ဖြစ်ပါသည်။

အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊
စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ
အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့
သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့
သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့
အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…

ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ
ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့
အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ
“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..
ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ
အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို
ဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း
ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး
တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…
သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့
စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ
အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း
နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..

အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ…. ညီညာပြီး
ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင်
ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က
သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း
ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်….
အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့
အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား
ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား
ဒီနေရာက ထွက်သွားပါ.. ” လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..

ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု
ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..
အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို
ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက်
ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “
ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. သူဟာ
ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ ”
လို့မေးလိုက်ပါတယ်..

“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို
အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်… ပြီးတော့လဲ
ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို
လွတ်မြောက်စေချင်တယ်.. ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” ပြောနေရင်းမှာဘဲ
သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “
ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ..
ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန်
ငြင်းမိပါတယ်..

“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို
မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..
နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို
ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက်
ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ
စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက်
ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ
စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “
ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို
ဒုက္ခများပေးနေလို့လား ”
“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”
ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့
သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ
လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်..
ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ
တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…” လို့
ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ ..
ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်..
ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က
သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ
ပြောလိုက်ပါတယ်..

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး
ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ
နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့
မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်..
သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့
အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..
အမျိုးသမီးက “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့်
ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ
ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်
မဟုတ်လား.. ”

“အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက
ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..

“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

“ဗျာ…. ” မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့
အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်..
ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “
ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်..
ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ”
လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..

မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား
သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု
လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို
ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” ပြောရင်းက အမျိုးသမီးဟာ
ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကား
စတင်ပြောပါတယ်..

“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ
စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို
ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ..
အခုအချိန်မှာ ဟိုအရင် အချိန်တုန်းက ထက်စာရင် ငွေကြေးဥစ္စာ အရာရာ
ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက
ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာ အေးခဲနေတဲ့
ခုလိုရာသီမျိုးမှာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး
တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေကို ဘယ်တော့မှ
မမေ့ပါဘူးရှင်…”

“ အစ်မကြီး”

ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို
ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..

အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ
အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့
ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခုတစ်လေမှကို တော်တော်နဲ့
ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… နောက်ဆုံးတော့
လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ
ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို
မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့
အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား
ရောက်လာခဲ့ပါတယ်.. ”

အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ
ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက်
နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့
ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်း မဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့
အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက် အလုပ်မပေးနိုင်
ကြောင်း ပြောခဲ့တယ်.. ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက်
မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ
တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့
ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို
စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ
သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ
သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က
အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်..
အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်..
ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို
ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့
ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”
အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့
လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက

“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း
ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်..
ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ
စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်
စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင်
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်..
ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက်
အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက “ခင်ဗျားကို
ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ… ”

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ
ဝမ်းမြောက်စရာပါ.. ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို
ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့
ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ
တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို
လမ်းပြခဲ့တဲ့ သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့
ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်..
ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ
ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင်
ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ
အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ
မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့
ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး
ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု
ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ်
ထပ်ယူမလား. ”

ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
“ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား
အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်..
တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ
ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်း လှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ
ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..”
လို့ ပြောလိုက်ပါတော့တယ်..

ဘယ်ဘလော့ကလဲတော့ မသိလိုက်ပါဘူးဗျာ သူငယ်ချင်းက ပို့ပေးလို့
ပြန်လည်မျှဝေလိုက်တာပါ အရမ်း ရင်ထဲထိတဲ့ ခံစားချက်ကလေးပါ
သူငယ်ချင်းများ ဒီပိုစ် ကနေ သူမတူအောင်ကြိုးစားလိုစိတ်များ
တိုးပွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် .သင်သည်လည်း ထွန်းတောက်နိုင်တဲ့
လူသားဖြစ်လာနိုင်တယ် အလင်းရောင်လည်းပေးနိုင်တယ် ဆိုတာတွေကို ဘယ်တော့မှ
မမေ့ပါနဲ့
လူ့ဘဝ စွန့်ခွါချိန်များမှာ ဘာမှ မလုပ်နိုင်ဘူးဆိုတာ မှတ်ထားပါ .
--
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”
ဘာနေ......။

Friday, February 5, 2010

Take Time To

Version , perhaps from the 19th century:

Take Time

Take time to work.
It is the price of success.
Take time to play.
It is the secret of perpetual youth.
Take time to read.
It is the foundation of wisdom.
Take time to think.
It is the source of power.
Take time to laugh.
It is the music of the soul.
Take time to be friendly.
It is the road to happiness.
Take time to share.
It is the path to true wealth.
Take time to love and be loved.
It is the privilege of the gods.

Another early version, 1920s or 1930s (American School Board Journal):

TAKE TIME!

TAKE TIME TO LIVE—
That is what time is for. Killing time is suicide.
TAKE TIME TO WORK —
It is the price of success.
TAKE TIME TO PLAY —
It is the fountain of wisdom.
TAKE TIME TO BE FRIENDLY —
It is the road to happiness.
TAKE TIME TO DREAM--
It is hitching your wagon to a star.
TAKE TIME TO LOOK AROUND--
It is too short a day to be selfish.
TAKE TIME TO LAUGH--
It is the music of the soul.
TAKE TIME TO PLAY WITH CHILDREN--
It is the joy of joys.
TAKE TIME TO BE COURTEOUS--
It is the mark of a gentleman.
TAKE TIME TO THINK —
And you will always use NATURAL SLATE for Your CHALKBOARD Requirements.

A dreamless version, from fall 1966 (Educational Horizons 45.1):

Take Time To Think
It is the source of power.
Take Time To Play
It is the secret of perpetual youth.
Take Time To Read
It is the fountain of wisdom.
Take Time To Pray
It is the greatest power on earth.
Take Time to Love and Be Loved
It is a God-given privilege.
Take Time To Be Friendly
It is the road to happiness.
Take Time To Laugh
It is the music of the soul.
Take Time To Give
It is too short a day to be selfish.
Take Time To Work
It is the price of success.
Find Time
AUTHOR UNKNOWN

Although the state of psychology in the 60s made dreaming seem less useful, this one has interesting suggestions, such as making prayer one of our most important things to spend time on (a lovely Christian idea).
Here is a down-to-earth 1998 version (Gregory L. Jantz):

Take time to think;
it is the source of your power.
Take time to play;
it is the secret of your youth.
Take time to read;
it is the foundation of your knowledge.
Take time to dream;
it will take you to the stars.
Take time to laugh;
it really is your best medicine.
Take time to pray;
it is your touch with almighty God.
Take time to reach out to others;
it will give your life significance.

Here's one from the 21st century that took a turn down Jesus Road:
1. Take time to Work -
It is the price of success.
2. Take time to Think -
It is the source of power.
3. Take time to Play -
It is the secret of youth.
4. Take time to Read your Bible-
It is the foundation of knowledge and feeds the soul.
5. Take time to Worship -
It is the highway of reverence and washes the dust of earth from our eyes.
6. Take time to Help and Enjoy Friends -
It is the source of happiness.
7. Take time to Love -
It is the one sacrament of life.
8. Take time to Dream -
It hitches the soul to the stars.
9. Take time to Laugh -
It is the singing that helps with life's loads.
10. Take time to Pray:
It rids us of our excess baggage.
11. Take time to Plan -
It is the secret of being able to have time to take time for the first ten things.

Here's another recent one that took a turn down the opposite path, towards generic humanism:

1. Take time to dream –
it hitches your soul to the stars.
2. Take time to work –
it is the price of success.
3. Take time to think –
it is the source of power.
4. Take time to play –
it is the secret of youth.
5. Take time to read –
it is the foundation of knowledge.
6. Take time to worship –
it is the highway of reverence and washes the dust of earth from our eyes.
7. Take time for friends –
they are the source of happiness.
8. Take time to love –
it is the source of joy.
9. Take time to laugh –
it helps with life’s loads.
10.Take time for beauty –
it is everywhere to be enjoyed.
11.Take time for health –
it is the true treasure of life.
12.Take time to plan –
it is the secret to getting the things you desire.

Saturday, September 5, 2009

Try Hard

တတ်နိုင်သလောက်နဲ့တင် မလုံလောက်ပါဘူး....

အမေရိကန် Seattle က နာမည်ကြီး ဘုရားကျောင်းတစ်ခုမှာ လူအများ လေးစား ကြည်ညိုတဲ့ Dell Taylorဆိုတဲ့ ဖာသာတစ်ဦးရှိတယ်။ တစ်နေ့မှာ ဘုရားကျောင်းက ကျောင်းသားတွေကို ဖာသာက ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။
ပုံပြင်က တစ်ခုသောဆောင်းရာသီမှာ မုဆိုးတစ်ဦးက အမဲလိုက်ခွေးနဲ့ တောလိုက်ထွက် ခဲ့တယ်။ တောအုပ်တစ်နေရာမှာ ယုန်တစ်ကောင်ကိုတွေ့တာနဲ့ မုဆိုးက သေနတ်နဲ့ ပစ်လိုက်တာ ပေါင်ကိုမှန်သွားပေမယ့် ယုန်ထွက်ပြေး သွားခဲ့တယ်။
အမဲလိုက်ခွေးက ဒဏ်ရာရတဲ့ယုန်ကို လိုက်ခဲ့ပေမယ့် မမိခဲ့ဘူး။ ဒါကိုမုဆိုးက ခွေးကို အသုံးမကျတဲ့ခွေး၊ ဒဏ်ရာရတဲ့ ယုန်ကိုတောင် အမီမလိုက်နိုင်တဲ့ခွေးဆိုပြီး အပြစ်တင်ခဲ့တယ်။
သခင်ရဲ့ အပြစ်တင်စကား ကြားရတော့ ခွေးက တတ်နိုင်သလောက် ကြိုးစားခဲ့တာတောင် အပြစ်တင်ခံရတယ်ဆိုပြီး စိတ်မကောင်းခဲ့ဘူး။
သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့တဲ့ ယုန်ကို အပေါင်းဖော်တွေ တွေ့တော့ တအံ့တသြ ဝိုင်းမေးကြတယ်။

"ဒဏ်ရာရနေတာတောင် ဒီလောက်ဒေါသကြီးတဲ့ ခွေးလက်ထဲကနေ ဘယ်လို လွတ်ခဲ့သလဲ?"

"ခွေးက တတ်နိုင်သလောက် ပြေးတယ်။ ကျွန်တော်က အစွမ်းကုန်အားသုံးပြီး
ပြေးခဲ့တယ်။ ကျွန်တော့်ကို သူမမိခဲ့လို့ အဆူအဆဲပဲ ခံရမယ်။ တကယ်လို့
ကျွန်တော်သာ အားကုန်မပြေးခဲ့ရင် အသက်တောင် ရှင်နိုင်တော့မှာမဟုတ်ဘူး"

ပုံပြောပြီးတာနဲ့ ဖာသာ Taylor က အတန်းအားလုံးကို Matthew Bible ကျမ်းစာထဲက အခန်း ၅ မှ ၇ ထိ အလွတ်ဆိုနိုင်သူကို Seattle က Space Needle မှာ ညစာစားပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့တယ်။
Matthew Bible ကျမ်းစာရဲ့ အခန်း ၅ ကနေ အခန်း ၇ထိက စာလုံးပေါင်း သောင်းဂဏန်း ထိရှိပြီး ရွတ်ဆိုရတာလည်း အင်မတန်ခက်ပါတယ်။ ကျမ်းစာတွေကို အလွတ်ရဖို့ဆိုတာ အလွန်ခက်ခဲပေမယ့် ငွေကုန်ကြေးကျမလိုဘဲ တက်ရောက်ခွင့်ရတဲ့ ညစာစားပွဲကို လူတိုင်းတက်ရောက်ချင်ခဲ့ကြတယ်။ ဒါပေမယ့် လူတော်တော်များများ နောက်ဆုတ် လက်လွတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ ရက်မကြာခင်မှာ (၁၁)နှစ်အရွယ်ရှိတဲ့ သင်တန်းသားတစ်ဦးက ဖာသာရှေ့မှာ ရင်ကော့ပြီး ကျမ်းစာအားလုံးကို တစ်လုံးမကျန် အမှားအယွင်းမရှိ အလွတ်ရွတ်ဆို နိုင်ခဲ့တယ်။ အရွယ်ရောက်သူတောင် အလွတ်ဆိုဖို့ ခက်ခဲတဲ့စာကို ကလေးငယ် တစ်ယောက် ဆိုနိုင်ခဲ့တဲ့အတွက် ဖာသာအရမ်း အံ့သြခဲ့မိတယ်။ လူငယ်ရဲ့ မှတ်ဥာဏ် ကောင်းတဲ့ ဦးနှောက်ကို ချီးကျူးမိတဲ့အပြင် ကလေးငယ်ကို ဖာသာ တအံ့တသြ မေးခဲ့တယ်။
"ဒီလောက်ရှည်တဲ့ စာတွေကို ဘယ်လိုအလွတ်ဆိုနိုင်ခဲ့သလဲ?"
"ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့ပါတယ်"လို့ လူငယ်က မဆိုင်းမတွ ပြန်ဖြေခဲ့တယ်။

နောင်(၁၆)နှစ်မှာ အဲဒီကလေးငယ်ဟာ ကမ္ဘာကျော် Software ကုမ္ပဏီပိုင်ရှင် တစ်ဦး
ဖြစ်လာခဲ့တယ်။ အဲဒီကလေးငယ်က Bill Gates ပဲဖြစ်ပါတယ်။

လူတိုင်းမှာ ဖြစ်နိုင်၊ လုပ်နိုင်တဲ့ စွမ်းအား(Potential)တွေ ရှိကြတယ်။
စိတ်ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်ချက်အရ သာမန်လူတစ်ဦးဟာ သူ့ရဲ့ဖြစ်နိုင်၊
လုပ်နိုင်တဲ့စွမ်းအင်ကို ၂ ကနေ ၈ အထိပဲ အသုံးပြုကြတယ်။ အက်ဒီဆင်လို သိပ္ပံပညာရှင် တစ်ဦးတောင် ၁၂ထိပဲ အသုံးပြုခဲ့တယ်။ တကယ်လို့ လူတစ်ဦးရဲ့ လုပ်နိုင်တဲ့စွမ်းအင်က ၅ဝထိအသုံးပြုခဲ့ရင် အဲဒီလူဟာ ဖတ်စာအုပ်အအုပ်(၄ဝဝ)ကို အလွတ်ဆိုနိုင်သလို တက္ကသိုလ်ပေါင်းများစွာကိုလည်း တက်ရောက်နိုင်ပါတယ်။ နောက်ပြီး ဘာသာစကား (၂ဝ)မျိုးလောက် တတ်နိုင်ပါသေးတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ လုပ်နိုင်တဲ့စွမ်းအင်(၉ဝ)က အိပ်မောကျနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ သူတစ်ပါးထက် ထူးချွန်ချင်တယ်၊ ဖောက်ထွက်ချင်တယ်၊ ထီထွင်ချင်တယ် ဆိုရင် တတ်နိုင်သလောက်နဲ့ မလုံလောက်သေးပါဘူး။
အစွမ်းကုန်ကြိုးစားဖို့လည်း လိုပါသေးတယ်။

May May

မေမေ့ မေတ္တာ

ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကိုတွေ့တဲ့ အချိန်မှာ သူသေနေခဲ့ပြီ။
ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ။အပျက်အစီးတွေကြားကနေ
သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ်။ဒူးကွေးပြီး ရှေ့ကိုကိုင်းနေတဲ့
ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြုထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ်။ဒါပေမဲ့ အသက်ရှင်မရှင် ပိုသေချာအောင်
ကယ်ဆယ်ရေးလုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ်။
ကယ်ဆယ်ရေး အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့် ပြီး ၀မ်းသာအားရ လှမ်းအော်လိုက်တယ်။ "လူရှိတယ်။ကလေးတစ်ယောက် ရှိတယ်။ အသက်ရှင်လျက်ပဲ" လို့ထအော်လိုက်တယ်။ ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ်။
သူ့ခန္ဓာကိုယ်ကို ထောင်မတ်လိုက်တယ်ဆိုရင်ပဲ အိပ်ပျော်နေတဲ့ သုံးလေးလသားအရွယ်
ကလေးတစ်ယောက်ကို သွားတွေ့မိတယ်။ ကလေးကိုစစ်ဆေးဖို့ ဆရာဝန်တစ်ဦးက
ပွေ့ချီလိုက်တယ်ဆိုရင်ပဲ ကလေးကျောပိုးအိတ်ထဲကနေ ဖုံးတစ်လုံးထွက်ကျလာတယ်။

ဆရာဝန်က ဖုံးကိုကြည့်လိုက်တော့ message တိုလေးတစ်ကြောင်းကို
တွေ့လိုက်ရတယ်...
"သားလေးရေ...တကယ်လို့များ သားလေးအသက်ရှင်ခဲ့မယ်ဆိုရင် သားကိုအမေ
အရမ်းချစ်တယ်ဆိုတာကို သေသေချာချာ မှတ်ထားပေးပါနော်။"တဲ့။
သေသူပေါင်းများစွာကို တွေ့ဖူးတဲ့ ဆရာဝန်ရဲ့ ပါးပြင်ပေါ်ကို မျက်ရည်တွေ
စီးကျလာခဲ့တယ်။
တယောက်လက်ကို တယောက်ကမ်းလိုက်တဲ့ ဖုံးထဲက message ကို ဖတ်မိသူတိုင်း
ရင်ထဲဆို့နင့်သွားတဲ့ ဒီခံစားချက်က ဘာနဲ့မှ နှိုင်းပြလို့မရနိုင်ခဲ့ဘူး။ မုချသေရတော့မယ် ဆိုတာ သိလိုက်ရတဲ့ အမေတစ်ယောက်ဟာ နောက်ဆုံးအချိန်ထိ သူ့ရင်သွေးအတွက် ပေးဆပ်သွားခဲ့တာ....
သြော်...မိခင်တွေ...မိခင်တွေ......

ဒီpostလေးဟာ ပုံပြင် မဟုတ်ပါဘူး။၂၀၀၈၊မေလ၁၂ရက်နေ့က
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ လှုပ်ခဲ့တဲ့ ငလျင်ရဲ့ ဖြစ်ရပ်မှန်လေးပါ..
မိခင်မေတ္တာကို ခံစားရတာကြောင့် သူငယ်ချင်းတွေကို share လုပ်ပေး
လိုက်တာပါ..............

ကိုကျော်မင်းစိုး ပို့ပေးလိုက်သော e-mail ကို ပြန်လည် မျှဝေ ခံစားခြင်း ဖြစ်ပါသည်။

Friday, September 4, 2009

ချောကလက်ပူပူတစ်ခွက်

Posted by green vine on သြဂုတ် 24, 2009 at 7:16pm

ပညာတတ်ဘွဲ့ ရ ကျောင်းနေဖက်လည်းဖြစ်၊ ဆိုင်ရာလုပ်ငန်းအသီးသီးမှာ
နေရာယူလုပ်ကိုင်နေကြသူ လူငယ်တစ်စု သူတို့ ရဲ့ မိတ်ဆုံစားပွဲ ပြီးတဲ့အခါ
ပင်စင်ယူသွားပြီဖြစ်တဲ့ တက္ကသိုလ်က ပါမောက္ခဟောင်းဆီကို သွားတွေ့ ကြတယ်။

ခဏတဖြုတ်စကားပြောပြီးတဲ့အခါ သူတို့ အလုပ်တွေအကြောင်း ငြီးတွားလာကြတယ်။

သူ့ တပည့်တွေကို ချောကလက် ပူပူနဲ့ ဧည့်ခံဖို့ ပါမောက္ခကြီး
မီးဖိုချောင်ထဲ ဝင်သွားလေရဲ့။ ပြန်ထွက်လာတော့ ချောကလက်ပူပူတွေ ထည့်တားတဲ့
အိုးကြီးရယ်၊ ခွက်မျိုးစုံရယ် ယူပြီးထွက်လာတယ်။ ခွက်တွေကလည်း အစုံပေါ့။
ဖန်ခွက်၊ ကြွေခွက်၊ မြေခွက်၊ တန်ဖိုးကြီးကြီး ဈေးကြီးပေးဝယ်ရတဲ့ခွက်တွေ၊
ကွဲလွယ်တဲ့ခွက်တွေ - အိုး စုံလို့ ပါပဲ။
"ကိုယ့်ဘာသာ ကိုယ်သာ လိုသလို ထည့်သောက်ကြတော့ကွာလို့ " ပြောရှာတယ်။

ကိုယ်စီကိုယ်စီ ချောကလက်ပူပူ တစ်ခွက်စီ သောက်နေတဲ့အချိန်မှာ ပါမောက္ခကြီး
စကားဆိုလာတယ်။ "သတိထားကြည့်ကြစမ်း - တန်ဖိုးကြီးကြီး၊ ခွက်လှလှလေးတွေ
အားလုံးကိုယူပြီး ရိုးရိုးခွက်တွေ၊ ဈေးပေါပေါခွက်တွေတော့
ချန်ထားခဲ့ကြတယ် မဟုတ်လား။
ကိုယ့်ကိုယ်ကို အကောင်းဆုံးကိုပဲ လိုချင်ကြတယ်ဆိုတာ
သဘာဝ ဆိုပေမဲ့ အဲဒါကမင်းတို့ အခုပြောနေတဲ့ ပြဿနာတွေ စိတ်ဖိစီးမှုတွေရဲ့ အဓိက
ရင်းမြစ်ပဲ..."

"ထည့်သောက်တဲ့ခွက်က ထည့်ထားတဲ့ ချောကလက်ပူပူရဲ့ အရသာနဲ့ ဘာမှပတ်သတ်မှု
မရှိဘူး... ပိုပြီးဈေးကြီးတာပဲရှိပြီးတော့ ဘာသောက်နေတယ်ဆိုတာကိုတောင်
သတိထားမိရဲ့လား"

"အစကတော့ မင်းတို့ တကယ်သောက်ချင်တာ ချောကလက်တစ်ခွက်ပါပဲ။ ခွက်မဟုတ်ဘူးလေ။
ဒါပေမယ့် အကောင်းဆုံးခွက်ကို ဦးစားပေးရွေးချယ်ကြတယ်။ ပြီးတော့
တစ်ယောက်ခွက်တစ်ယောက် လိုက်ကြည့်နေကြတယ်။"

"ဘဝဆိုတာ ချောကလက်ပူပူနဲ့ တူတယ်ကွ... မင်းတို့ အလုပ်၊ ငွေ၊ ရာထူးဂုဏ်တွေ ကတော့ အဲဒီချောကလက်ကို ထည့်သောက်တဲ့ ခွက်နဲ့ တူတယ်ကွ၊ အဲဒါတွေက မင်းတို့ဘဝကို ကိုင်တွယ်ဖြေရှင်းဖို့အသုံးခံပစ္စည်းတွေပါပဲကွာ၊ ပြီးတော့ အဲဒီခွက်နဲ့ တူတဲ့အရာတွေနဲ့ မင်းတို့ ဘဝရဲ့ အရည်အသွေးကို
အဓိပ္ပါယ်ဖွင့်မပေးနိုင်သလို ပြောင်းလဲအောင်လဲမလုပ်နိုင်ပါဘူးကွာ"

ဟုတ်ပါတယ် ...
တစ်ခါတလေမှာ ထည့်သောက်မယ့် ခွက်ကို အာရုံစိုက်နေရင်းနဲ့ 
ဘဝ ချောကလက်ပူပူကို ခံစားနိုင်ဖို့ အခွင့်အရေးတွေ ဆုံးရှုံးသွားခဲ့ရပါတယ်။
လူတိုင်းလူတိုင်းမှာ ချောကလက်ပူပူတစ်ခွက်စီ ခံစားဖို့ပိုင်ဆိုင်ပြီးသားပါ။ ဒါပေမယ့် ထည့်သောက်မယ့် ခွက်ကိုသာ ရွေးနေမိပါတယ်။
ဘဝမှာ အပျော်ဆုံးလူဆိုတာ အကောင်းဆုံးတွေကိုပဲ ရနေတဲ့လူ၊ ရှိနေတဲ့လူ
မဟုတ်ပါဘူး။ ကိုယ့်မှာရှိတာကို အကောင်းဆုံး လုပ်နိုင်တဲ့လူကသာ
အပျော်ဆုံးလူပါပဲ။

ဒါကြောင့်...
ရိုးရှင်းစွာနေထိုင်ပါ။ နက်နက်ရှိုင်းရှိုင်း ချစ်တတ်ပါ။ လေးလေးနက်နက် ဂရုစိုက်တတ်ပါ။ ကြင်ကြင်နာနာ ပြောဆိုဆက်ဆံပြီးတော့ ဘဝချောကလက် ပူပူလေးကို
ခံစားကြည့်လိုက်ပါ။

ဒေါ်တင်တင်ခိုင့် ထံမှရသော e_mail ကို ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်။

10 Habbits for Life

လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး

၁။ မိတ်ဖွဲ့တယ်။ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်။
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထား အပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်။ အခုချိန်မှာ
သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့။
ဖြူစင်တဲ့ စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

၂။ ဥပေက္ခာပြုနိုင်အောင် ကြိုးစားတယ်။
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာကြုံရ ဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း
ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်
လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်။ ထို့အတူ အားထုတ်မှု
ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ကရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့
မျှော်လင့်ချက် ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။
ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တစ်ချိန်ချိန်မှာ
လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်။ ဂီတဟာ လူ့စိတ်ကို
လန်းဆန်းစေတဲ့အပြင် မှတ်ဉာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊
ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး
ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့
သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ နှစ်မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ နှစ်မျိုး အမြဲတွေ့ရတယ်၊ တစ်မျိုးက လိုတာမရတဲ့ ဒုက္ခ၊
နောက်တစ်မျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာ မရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ။ အစွမ်းကုန်
ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က
ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်။ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယ ဒုက္ခကတော့
အဆုံးရွားဆုံးဒုက္ခပဲ ဖြစ်လိမ့်မယ်။ အခုထိ အဲလို အစွဲအလန်းမျိုး
ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ။ နောက်တစ်ကြိမ် ထပ်ကြုံလာတဲ့အခါ
အသိဉာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ။ တကြိမ်တခါ ကြုံဖူးပြီးတိုင်း
ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့
ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့
မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်။
အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။
ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ
အမှတ်ရနေရမယ်။ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး
တန်ဖိုး ထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို
ချုပ်ငြိမ်းစေ နိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက
မြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ် အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု
မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဉာဏ်ရည် ဉာဏ်သွေးနဲ့ အစွမ်းအစကို
စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တစ်ဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို
နားလည်စေတာပဲ။ သူ့ကို ပုံအောပြီး ချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ
ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ
လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဉာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ။
နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဉာဏ်နဲ့
ခံစား နားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ
ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တစ်မျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga
သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်။ သဘာဝကို ခံစားတယ်။
အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊
ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး။ အတိုင်းအတာ
တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို
ထိန်းထားနိုင်လိမ့်မယ်။

ဒေါ်တင်တင်ခိုင့် ထံမှရသော e_mail ကို ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်။