Tuesday, May 21, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်းမှတ်စု (ဆောက်လုပ်ရေး) (၉)

၁၀။ မြေကျင်းတူးခြင်း အန္တရာယ် (Excavation Safety)



အထက်ပါပုံကိုကြည့်ပါ။ အန္တရာယ်ကို ဖိတ်ခေါ်နေသည့် လုပ်ငန်းခွင်တစ်ခုကိုတွေ့ရမည်။ အလုပ်လုပ်ရာတွင် အန္တရာယ်ကင်းအောင် ဦးစွာစီမံရမည်။
            မြေကျင်းတူးခြင်း၌ တွေ့ရမည့်အန္တရာယ်များမှာ အောက်ပါတို့ဖြစ်၏။
၁။ မြေပြိုခြင်း
၂။ လူများ မြေကျင်းအတွင်း လိမ့်ကျခြင်း
၃။ ပစ္စည်းများ မြေကျင်းအတွင်း လျှောကျခြင်း၊ ပြုတ်ကျခြင်း
၎။ ရေနစ်ခြင်း
၅။ ၀င်ပေါက်၊ ထွက်ပေါက်မရှိခြင်း

            မြေကျင်းတူးခြင်းအတွက် အောက်ပါတို့ကို ပြုလုပ်ရမည်။
၁။ မြေတူးစက် (Excavator) ကို လိုင်စင်ရှိသူသာမောင်းရမည်။
၁။ မြေတူးစက်အနားတွင် မည်သူမှ ရှိမနေစေရ။ ဖြစ်နိုင်လျှင် အစောင့်တစ်ယောက်ထားကာ မြေတူးစက် မောင်းသူအား ညွှန်ပြခြင်း၊ အခြားသူများ အလုပ်လုပ်သည့်နေရာသို့မလာနိုင်ရန် တားဆီးခြင်းများ ပြုလုပ်ရမည်။
၃။ မြေအနက် ၁.၅ မီတာထက် ပိုတူးလျှင် မြေကာပြား (shoring) များတပ်ဆင်ရမည်။
၎ မြေအနက် ၄ မီတာထက် ပိုတူးလျှင် အင်ဂျင်နီယာ (PE) ၏ ဒီဇိုင်းအတိုင်း မြေကာပြားများတပ်ဆင်ရမည်။
၅။ ၂မီတာထက်နက်သော မြေကျင်းများကို ကာရံထားရမည်။ (Barricade)
၆။ မြေကျင်းအတွင်း အ၀င်အထွက် လှေခါးလုပ်ပေးထားရမည်။
၇။ မြေကျင်းနှုတ်ခမ်းမှ ၁ မီတာအတွင်း မည်သည့်ပစ္စည်းမှ မထားရ။
၈။ အန္တရာယ်ရှိသည်ဟူသော ဆိုင်းဘုတ် တပ်ဆင်ပေးထားရမည်။
၉။ မြေကျင်းတူးခြင်းအတွက် အလုပ်လုပ်ခွင့်လက်မှတ် (PTW – Permit To Work) လျှောက်ထားရမည်။
၁၀။ မိုးသည်းထန်စွာရွာပြီးတိုင်း မြေကျင်းနံရံများ မြေပြိုနိုင်သည့် အခြေအနေ ရှိ၊ မရှိ စစ်ဆေးရမည်။ 









၁၁။ စက်ကိရိယာများ မောင်းနှင်ခြင်း (Authorized Operation of Machinery)

            စက်ကိရိယာများ မောင်းနှင်ရန် မိမိ၌ ထိုစက်ကိရိယာနှင့် ပတ်သက်သော လိုင်စင်၊ အခွင့်အာဏာ ရှိရမည်။ ဥပမာ - သင့်၌ ဖောက်ကလစ်မောင်းရန် လိုင်စင်မရှိပါက သင်သည် ဖောက်ကလစ်ကို ကောင်းစွာမောင်းနှင်နိုင်သည်ဆိုစေ မောင်းနှင်ပိုင်ခွင့်မရှိပါ။ ဖောက်ကလစ်မောင်းလိုပါက ဖောက်ကလစ် အမောင်းလိုင်စင် ယူရပါမည်။ 







လက်မှတ်တစ်မျိုးအတွက် သတ်မှတ်ထားသော စက်ကိရိယာတစ်မျိုးကိုသာလျှင် မောင်းနှင်နိုင်သည်။ ဥပမာ - Scissor Lift လက်မှတ်နှင့် Boom Lift ကို မောင်းနှင်ခြင်းမပြုရ။ အပြန်အလှန်ပင်  Boom Lift အတွက်ထုတ်ပေးထားသည့် လက်မှတ်နှင့် Scissor Lift ကို မမောင်းနှင်နိုင်။

ဆက်ပါဦးမည်။

No comments: