ယခင်က ၂၀၀၁ ဇူလိုင်လ ထိ ကားခ၊ ရထားခ များကို Fare Card ဖြင့် ပေးရပါသည်။ ကားခမှာ လည်း သက်သာ ပါ၏။ လေအေးစက် မတပ်ထားသော ကားများ အတွက် ကားခ ၄၀ ပြား၊ လေအေးစက် တပ်ထားလျှင် ၄၅ ပြား ဖြစ်ပါသည်။ သို့သော် ပိုက်ဆံ အကြွေနှင့် ပေးလျှင်တော့ ၄၅ ပြား နှင့် ၅၅ ပြား အသီးသီးဖြစ်ပါ၏။

ကား ရထားများနှင့် ခရီးသွားရာတွင် ပိုပြီး မြန်ဆန် ချောမွေ့ စေရန် ez link card ကို ၂၀၀၁ ခုနှစ်မှ စတင်ကာ အသုံးပြု လာခဲ့ပါသည်။ ထိုကဒ်ကို ကားရထား စီးရာတွင်သာ မက McDonald ဆိုင်များတွင် ပိုက်ဆံ ပေးချေရာ၌လည်း သုံးနိုင် ပါသည်။ ထို့ပြင် အချို့ကျောင်း စားသောက်ဆိုင် များ၌လည်း ထိုကဒ်ကိုသုံးကာ ငွေချေနိုင် ပါသည်။


ez link card ၏ အားသာချက် များမှာ ကားခပေးရာ တွင် ကဒ်ကိုပင် အပြင်ထုတ်စရာ မလိုပဲ ပိုက်ဆံအိတ် အတွင်းတွင် ပင်ထားကာ ကားတွင် တပ်ဆင်ထားသော ယူနစ်ကို ပြလိုက်ရုံမျှ နှင့်ပင် လက်မှတ်ဖြတ် ပြီးသား ဖြစ်သွားခြင်း၊ ထို့ပြင် ပိုက်ဆံကုန် သွားပါကလည်း အလွယ်တကူ ပိုက်ဆံထည့် နိုင်ခြင်းတို့ ဖြစ်ပါသည်။ အားနည်းချက် မှာ ကဒ်တွင် လုံခြုံရေးကုဒ် မပါသဖြင့် ပျောက်ဆုံး သွားပါက မိမိကဒ်ထဲရှိ ပိုက်ဆံ အားလုံး ဆုံးရှုံးနိုင်ခြင်း ဖြစ်ပါသည်။
ယခုအခါ Citi bank မှ ဘဏ်ကဒ် (Citibank SMRT Visa Platinum Card) များဖြင့်လည်း ခရီးသွားနိုင်ပြီ ဖြစ်ပါ၏။ ကဒ်ထဲသို့ အနည်းဆုံး ပိုက်ဆံ ၃၀ တော့ ထည့်ထားဘို့ လိုပါသည်။
No comments:
Post a Comment