ITE အကြောင်း ပထမပိုင်းတွင် အကြမ်းဖျဉ်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ပထမပိုင်း တွင် မပါခဲ့သော အချို့ အပိုင်းများ ကို ဖြည့်စွက် ဖော်ပြပါမည်။ ITE တွင် အချိန်ပြည့် သင်တန်းများ (Full Time Education), သင်တန်းသား (Traineeship), နှင့် အချိန်ပိုင်း သင်တန်းများ (Part-time Education) ဟု သုံးမျိုး ရှိပါသည်။

Full Time Education ကိုပေးသော ကျောင်း ၅ မျိုး ရှိပါ၏။ ၎င်းတို့မှာ -
1) School of Applied and Health Sciences
2) School of Business and Services
3) School of Design and Media
4) School of Electronics and Info-comm Technology
5) School of Engineering တို့ ဖြစ်ပါသည်။
Full Time Education တွင် Higher Nitec နှင့် Nitec လက်မှတ်ရ သင်တန်းများ ပေးပါသည်။ (ပထမပိုင်း တွင် ဖော်ပြခဲ့ ပြီး ဖြစ်ပါသည်။)
Full Time Education တွင် Technical Engineer Diploma in machine technology သင်တန်း ရှိသည်။ ထိုသင်တန်းတက်ရန် အောက်ပါ ပညာ အရည်အချင်းများ ရှိရမည်။
Ø Higher Nitec in Mechanical Engineering: GPA 2.0 and above
Ø Higher Nitec in Mechatronics Engineering: GPA 2.0 and above
Ø Nitec in Precision Engineering: GPA 3.0 and above
ကျောင်းချိန် ၂ နှစ်အပြင် လက်တွေ့သင်တန်း ၁ နှစ်ခွဲပါ တက်ရမည်ဖြစ်၏။ ITE College West (Balestier Campus) နှင့် ITE College West (Dover Campus) များတွင် လျှောက်ထား နိုင်သည်။ အပြည့်အစုံ ကို -
http://www.ite.edu.sg/ite/sitemap.htm တွင် ဖတ်ကြည့်နိုင် ပါသည်။
Full Time Education တွင် Higher Nitec အတွက် ပေးသော သင်တန်းများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

သို့သော် Secondary school ကျောင်းမှ ထွက်လာသူ တိုင်း အထက် ဖော်ပြပါ သင်တန်း တိုင်းကို တက်၍ ရသည်တော့ မဟုတ်ပါ။ သူတို့ ရရှိ လာသော လက်မှတ် အလိုက် တက်ခွင့်ရသော သင်တန်းများ ကို ခွဲထား ပါသည်။ GEC ‘O’ လက်မှတ် ရှိသူများ တက်၍ရသော သင်တန်းများ နှင့် GCE ‘N(A)’ လက်မှတ်ရှိသူများ တက်၍ရသော သင်တန်းများ ဟုခွဲထား ပါသည်။ အသေးစိတ် သိလိုသူများ http://www.ite.edu.sg/admission/ft/faq.htm#HN_courses တွင် ၀င်ရောက် ဖတ်ရှုနိုင် ပါသည်။
သင်တန်းကို သင်တန်း ခေါ်သည့်ကာလ အတွင်း အင်တာနက်မှ လျှောက်နိုင်ပါသည်။ ITE campus များမှ Customer Service Centres များတွင် http://www.ite.edu.sg/ သို့ဝင်ကာ လျှောက်နိုင် ပါသည်။ နိုင်ငံခြား သားများ အနေနှင့် မိမိတို့ စာရွက်စာတမ်း အပြည့်အစုံနှင့် တကွ ITE Headquarters Customer Service Centre, at 10 Dover Drive တွင် တိုက်ရိုက် လျှောက်ထား နိုင်ပါသည်။
Higher Nitec Courses များမှာ ၂ နှစ် သင်တန်း ဖြစ်ပြီး Paramedic & Emergency Care and Nursing (Dual Certification Course) မှာမူ ၃ နှစ် သင်တန်း ဖြစ်ပါသည်။ သင်တန်း ၀င်ခွင့် လိုအပ်ချက် ပြည့်မီသူ မည်သူမဆို တက် နိုင်ပြီး အသက် ကန့်သတ်ချက် မရှိပါ။
ဤသင်တန်း ပြီးသူများ သည် ကျောင်းဆင်းဆင်းချင်း လခ ၁၂၀၀ မှ ၁၆၀၀ ထိ မှန်းလို့ ရပါသည်။ သို့သော် မိမိယူသည့် ဘာသာပေါ် လိုက်၍ ကွဲသွားနိုင်ပါသည်။ သင်တန်း ကြေးမှာ ၆လ တစ်တန်းစာ အတွက် စင်ကာပူ နိုင်ငံသားများ - S$ 279 ဖြစ်ပြီး PR များ - S$304 နှင့် နိုင်ငံခြားသား များ အတွက် S$954 ဖြစ်ပါသည်။ တစ်ခါလျှောက် လျှင် သင်တန်း ၁၀ ခု ရွေးချယ်ခွင့်ရှိပါသည်။
Full Time Education တွင် Nitec အတွက် ပေးသောသင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

မြန်မာပြည်မှ ဆယ်တန်း အောင်လက်မှတ် ကို ကိုင်ထားသူများ သည် ဤသင်တန်းသို့ တက်ရောက် လိုပါက (ဥပမာ - ဧပြီ ၂၀၀၈ ဖွင့်မည့် သင်တန်းအတွက် ၂၀၀၈ ဇန္န၀ါရီလ ၃၁ နောက်ဆုံးထား) လျှောက်ရမည် ဖြစ်ပါသည်။
သင်တန်းမှာ ၂ နှစ် သင်တန်း ဖြစ်ပြီး အသက် ကန့်သတ်ချက် မရှိပါ။ ဤသင်တန်း ပြီးသူများသည် ကျောင်းဆင်း ဆင်းချင်း လခ ၁၁၀၀ မှ ၁၆၅၀ ထိ မှန်းလို့ ရပါသည်။ သို့သော် မိမိယူသည့် ဘာသာပေါ် လိုက်၍ ကွဲသွား နိုင်ပါသည်။ သင်တန်း ကြေးမှာ ၆လ တစ်တန်းစာ အတွက် စင်ကာပူ နိုင်ငံသားများ - S$ 153 ဖြစ်ပြီး PR များ - S$166 နှင့် နိုင်ငံခြားသား များ အတွက် S$628 ဖြစ်ပါသည်။ တစ်ခါလျှောက် လျှင် သင်တန်း ၁၀ ခု ရွေးချယ်ခွင့် ရှိပါသည်။
၅၊ ၇၊ ၂။ သင်တန်းသား (Traineeship)
ဤသင်တန်းကို အလုပ်ဝင်ပြီးသူများ ကုမ္ပဏီ၏ အထောက်အပံ့ နှင့် တက်နိုင် ပါသည်။ အလုပ်ဝင် နေရင်းနှင့် မိမိလုပ်ငန်းနှင့် ပတ်သက်သည့် ဗဟုသုတနှင့် လက်တွေ့များ ကို စံနစ်တကျ သင်ပေးသော သင်တန်း ဖြစ်ပါသည်။ Traineeship တွင် NITEC လက်မှတ်ရ သင်တန်းနှင့် ISC လက်မှတ်ရ သင်တန်း ဟု နှစ်မျိုး ရှိ၏။
NITEC သင်တန်းတွင် အောက်ပါတို့ ပါဝင်ပါသည်။

၅၊ ၇၊ ၃။ အချိန်ပိုင်း သင်တန်းများ (Part-time Education)
အချိန်ပိုင်း သင်တန်းများမှာ အလွန် များမြောင်လှ ပါသည်။ အကျဉ်းချုပ်၍ ခြုံမိငုံမိအောင် တင်ပြပါမည်။ အသေးစိတ်ကို http://www.ite.edu.sg/cet/index.htm တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။ အချိန်ပိုင်း သင်တန်းများ ကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း သုံးမျိုးခွဲထား၏။



1. Certified Mechatronic Systems Assistant
2. Precision Engineering
3. Certified Service Professional
Post-Nitec သင်တန်းများတွင် အောက်ပါတို့ ပါဝင်ပါသည်။

ရက်တိုသင်တန်းများမှာ အလွန်များပြားလှပါသည်။ http://www.ite.edu.sg/cet/sc/index.htm တွင် ၀င် ရောက် ကြည့်ရှုနိုင် ပါသည်။ အတိုချုပ် ပြောရလျှင် အောက်ပါ services များ အတွက် ရက်တို သင်တန်းများ ရှိပါသည်။ သင်တန်းချိန်၊ သင်တန်းကြေး၊ သင်တန်းနေရာ စသည်တို့မှာ မိမိတက်မည့် သင်တန်းပေါ် မူတည်ကာ ကွဲပြားသွား ပါသည်။
Automotive
Logistics
Building Services
Mechanical & Mechatronics
Beauty & Wellness
Mathematics
Business
Precision Engineering
Computer-Aided Drafting
Personal Development
Electrical & Electronics
Train The Trainer
Healthcare
Post-Nitec
Information Technology
ပညာဆိုသည်မှာ လေ့လာ၍ မကုန်နိုင်ရကား မိမိ စိတ်သန်ရာ တစ်ခုခုကို ရွေးချယ် တက်ပြီးလျှင် ထိုပညာရပ် နှင့် ပတ်သက်သော အဆင့်မြင့် ပညာများကို ဆက်လက် လေ့လာ သင်ယူ၍ ရပါသည်။ အလုပ်လုပ်ရင်း ပညာသင်၊ ပညာသင် ရင်း အလုပ်လုပ် ဖြစ်ပါသည်။
No comments:
Post a Comment