Sunday, January 11, 2009

Living in Singapore X (University)

၅၊ ၉။ တက္ကသိုလ်များ

GCE ‘A’ လက်မှတ်ရပြီးသူများ Polytechnic မှ ကျောင်းပြီးသူများသည် တက္ကသိုလ် ဆက်တက်နိုင်ပါသည်။ စင်ကာပူတွင် တက္ကသိုလ် လေးခု ရှိရာ ၎င်းတို့မှာ -
1. Nanyang Technological University (NTU)
2. National University of Singapore (NUS)
3. Singapore Management University (SMU)
4. SIM University (UniSIM) တို့ ဖြစ်ပါသည်။

National University of Singapore ကို ၁၉၈၀ ခုနှစ် သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး faculties/schools ပေါင်း ၁၄ ခုရှိပါသည်။
Nanyang Technological University ကို ၁၉၉၁ ခုနှစ် ဇူလိုင်လတွင် စတင်တည်ထောင်ခဲ့ပြီး ကောလိပ်ပေါင်း ၄ ခု နှင့် Institute နှစ်ခု ရှိပါသည်။ ကောလိပ် ၄ ခုအောက်တွင် school ပေါင်း ၁၂ ခု ရှိ၏။
Singapore Management University (SMU) မှာ စင်ကာပူ၏ အမေရိကန်စတိုင် ပထမဆုံး ပုဂ္ဂလိကကျောင်း ဖြစ်ပါသည်။
SIM University (UniSIM) ကို ၂၀၀၅ ခုနှစ် ဧပြီလတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၆ ဇန္န၀ါရီ မှစတင်ကာ ကျောင်းသားလက်ခံခဲ့ပါသည်။
တက္ကသိုလ် တစ်ခုချင်းအလိုက် ဌာနခွဲပေါင်းများစွာမှ ဘာသာရပ်ပေါင်းများစွာတို့ကို ပို့ချလျှက်ရှိရာ ဤတွင် အသေးစိတ် မဖော်ပြတော့ပါ။ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် အောက်ပါ website များတွင် လေ့လာ နိုင်ပါသည်။

National Technological University – http://www.ntu.edu.sg/
National University of Singapore – http://www.nus.edu.sg/
Singapore Management University – http://www.smu.edu.sg/
SIM University (UniSIM) - http://www.unisim.edu.sg/

၅၊ ၁၀။ ပညာရေးဆိုင်ရာ သိမှတ်စရာ အထွေထွေ

စင်ကာပူ ပညာရေးလုပ်ငန်း (Education Industry) သည် စင်ကာပူစီးပွားရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ၂၀၀၀ ခုနှစ်တွင် GDP ၏ ၃ ရာခိုင်နှုံးရှိခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် student pass ကိုင်ထားသော နိုင်ငံခြားသားကျောင်း သားပေါင်း ငါးသောင်း ရှိခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ၆၆၀၀၀ ဖြစ်လာခဲ့သည်။ ထိုနိုင်ငံခြားကျောင်းသားများအနက် မြန်မာ ကျောင်းသား ဦးရေမှာ ၁၈၀၀ ဖြစ်ပြီး သတ္တမမြောက် အများဆုံးဖြစ်သည်။ လာမည့် သက္ကရာဇ် ၂၀၁၂ တွင် စင်ကာပူ တွင် လာရောက်ပညာသင်ကြားမည့် ကျောင်းသားဦးရေကို တစ်သိန်းငါးသောင်းထိ မျှော်မှန်းထားသည်။

စင်ကာပူတွင် ကျောင်းတက်မည့် မြန်မာကျောင်းသူကျောင်းသားများအနေနှင့် The Department of Student & Alumni Affairs (SAA) သို့ ဆက်သွယ်ပြီး မိမိတက်မည့်ကျောင်းနှင့် နီးသည့် အခန်းများကို ငှားရမ်းနိုင်ပါသည်။ ဤဌာနမှာ Student Affairs နှင့် Alumni Centre တွင် တည်ရှိပါသည်။ သို့မဟုတ်ပါကလည်း မိမိနှင့် ပတ်သက်ရာ အသိ မိတ်ဆွေ သူငယ်ချင်းများထံမှလည်း သတင်းရယူနိုင်ပါသည်။ အထူးအားဖြင့် စင်ကာပူရှိ မြန်မာများ စုဝေးရာ ပင်နင်ဆူလာ ပလာဇာ၊ ၅ထပ်တွင် သပြေနု ဆိုင်ရှိပါသည်။ ထိုဆိုင်တွင် စင်ကာပူတစ်နိုင်ငံလုံးမှ အိမ်ခန်းငှားလိုသော မြန်မာများ အတွက် အိမ်ခန်းအငှားစာအုပ် လုပ်ပေးထားပါသည်။ မိမိကျောင်းနှင့် နီးသည့်နေရာမှ ငှားလိုသော အခန်းများ စာရင်းကို ဤစာအုပ်တွင် သွားရောက်ရှာဖွေနိုင်ပါသည်။

Polytechnic တွင် ပညာဆည်းပူးနေသော ကျောင်းသားကျောင်းသူများ အားလုံးသည် Department of Student & Alumni Affairs မှ စီစဉ်ပေးထားသော ဆေးရုံတွင် ကုသမှုခံယူခြင်း နှင့် ခွဲစိတ်မှုဆိုင်ရာ အာမခံကြေး ၀ယ်ယူထားရန်လိုပါသည်။ ဤ အစီအစဉ်တွင် အာမခံနှစ်တစ်နှစ်လျှင် စုစုပေါင်း အကျိုးအမြတ် အများဆုံး စင်ကာပူ ဒေါ်လာ ၁၅ ၀၀၀ နှင့် ၂၄ နာရီ ပတ်လုံး ကမ္ဘာအနှံ့သတင်းရယူခြင်းတို့ ပါဝင်ပါသည်။
Polytechnic တွင် အချိန်ပြည့်တက်နေသော ကျောင်းသားကျောင်းသူများ အနေနှင့် နှစ်ဝက် တက်ပြီးပါက ကျောင်း၏ ခွင့်ပြုချက်ဖြင့် အချိန်ပိုင်း အလုပ်များလုပ်နိုင်ရန် လျှောက်ထားနိုင်ပါသည်။ ဒုတိယနှစ်တွင် ကျောင်းဆက် တက်ရန် ငွေကြေးအကြပ်အတည်းနှင့် ကြုံတွေ့ရပါက အချိန်ပြည့် အလုပ်လုပ်ရန်လည်း လျှောက်ထားနိုင်ပါသည်။ သို့သော် အချိန်ပြည့်ကျောင်းသားကျောင်းသူများအနေနှင့် အားလပ်ရက်များတွင် အလုပ်လုပ်လိုပါက အလုပ်လုပ်ရန် လျှောက်လွှာတင်ရန်မလိုဘဲ လုပ်နိုင်ပါသည်။ ကျောင်းပိတ်ရက်များတွင် အလုပ်လုပ်နိုင်သည့် သတင်းများကို Department of Student & Alumni Affairs တွင်ရှိသော Courses and Careers Guidance Centre (CCGC) တွင် သွားရောက်လေ့လာနိုင်ပါသည်။

နိုင်ငံရပ်ခြားတွင် ပညာသင်ခြင်းအတွက် အောက်ပါ website များကို ဖတ်ရှုပါရန် အကြံပြုလိုပါသည်။
http://www.myanmartraining.com/mt/studying-abroad/studying-abroad-03.htm

No comments: