Friday, January 9, 2009

Living in Singapore VI (Secondary Education)

၅၊ ၃။ အထက်တန်း (Secondary School ) (4 – 5 Years)

PSLE (Primary School Leaving Examination) စာမေးပွဲ တွင်ရသော သုံးဘာသာ အမှတ်ပေါင်း ကိုကြည့်ပြီး Secondary School တွင် Special, Express, Normal (Academic), Normal (technical) ဟု လေးလိုင်း ပြန်ခွဲ ပါသည်။ ဤသည်ကို streaming ဟုခေါ်၏။ သို့သော် Special Stream ကို ကျောင်းတိုင်း တွင် မပေးပါ။ နာမည်ကြီး သော အချို့ ကျောင်းများ ၌သာ ရှိပါသည်။
Special & Express Stream များမှ ကျောင်းသားများ သည် Secondary School ကို ၄နှစ်နှင့် အပြီး တက်ရပြီး ၄နှစ် မြောက်တွင် UK Cambridge မှ ထုတ်သော မေးခွန်း ဖြစ်သည့် GCE ‘O’ စာမေးပွဲ ကို ဖြေဆိုရ ပါသည်။
GCE = General Certificate of Education
‘O’ = Ordinary Level
‘N’ = Normal Level
‘A’ = Advanced Level

Normal (Academic), Normal (Technical) Stream မှ ကျောင်းသားများ သည် ၄နှစ် မြောက်တွင် ‘N’ Level စာမေးပွဲ ကို အောင်ခဲ့လျှင် သက်မွေး ၀မ်းကျောင်း (Vocational) ပညာသင် ကျောင်းများ ဖြစ်သည့် Institute of Technical Education (ITE) ကို ပြောင်းချင်လျှင် ပြောင်း သို့မဟုတ်ပါက နောက်တစ်နှစ် ဆက်တက်ကာ GCE ‘O’ Level Exam ကို ဖြေခွင့်ရှိ ပါသည်။
Normal (Academic) မှ ကျောင်းသားများမှာ Secondary 4 ပြီးလျှင် GCE 'N' Level ကို ဖြေရပြီး နောက် Secondary 5 ကို တစ်နှစ် ဆက်တက်ပြီးမှ GCE 'O' Level ကိုဖြေခွင့်ရှိ ပါသည်။ Special/ Express များတွင် ၄နှစ်နှင့် အပြီး သင်ရသော သင်ရိုး ညွှန်းတန်းများကို Normal (Academic) တွင် ၅နှစ် သင်ရသည်ဟု ပြောနိုင်ပါသည်။
Normal (Technical) မှ ကျောင်းသားများမှာ English Language, Mathematics, Basic Mother Tongue and Computer Applications တို့ကို မယူမနေရ ယူရပြိး နောက် ကျန်သည့် ဘာသာများမှာ အသက်မွေး ၀မ်းကျောင်း နှင့် ပတ်သက်သည့် Art & Design, Elements of Office Admin, Food & Nutrition စသည့် ဘာသာရပ် များကို သင်ရ ပါသည်။ ထိုအတန်း အောင်လျှင် ITE (Insitute of Technical Education) သို့ ဆက်တက်နိုင် ပါသည်။ ထိုမှတဆင့် အမှတ်ကောင်း လျှင် polytechnic ကို ဆက်လျှောက်နိုင် ပါသည်။
ဘာသာရပ် အလိုက် ကြည့်ရလျှင် ပထမ ၂ နှစ် ဖြစ်သည့် Secondary 1 & 2 ( Lower Secondary) တွင် Special, Express, Normal (Academic) လိုင်းမှ ကျောင်းသား များသည် English, mother tongue, Maths, Science, Geography, History, Design & Technology/ Home Economics, Visual Arts / Music စသည် တို့ကို အားလုံး သင်ယူရ ပါသည်။ Normal (Technical) လိုင်းမှ ကျောင်းသား မှာမူ လက်တွေ့ ပိုကျသော ဘာသာရပ်များ ဖြစ်သည့် Computer Applications, Technical Studies, Home Economics, Social Studies, Visual Arts, Music စသည့် ဘာသာရပ် များကို English, mother tongue, Maths, Science တို့နှင့် တွဲဖက် သင်ကြားပေး ပါသည်။
ဒုတိယ ၂နှစ်ဖြစ်သည့် Secondary 3 & 4 (Upper Secondary) အတန်းများ တွင် ဘာသာရပ်များ အတော် ကွဲသွား ပါသည်။ ထိုနှစ်တန်းတွင် သင်ကြားသော စာများမျာ Cambridge မှ စစ်သော GCE 'O' Level အတွက် ဖြေရမှာ ဖြစ်ပါသည်။ အကယ်၍ Junior College သို့ ၀င်လိုလျှင် ၆ဘာသာ ပေါင်း GCE 'O' Level ဖြေသည့် အမှတ်လိုမည် ဖြစ်ပြီး Polytechnic သို့ တက်လို ပါမူ ၅ဘာသာ ပေါင်း GCE 'O' Level ဖြေသည့် အမှတ် လိုပါ၏။ သို့သော် ကျောင်းသားများ သည် ယေဘူယျ ၇ ဘာသာ - ၈ဘာသာ ထိသာ ယူတာများ ပါသည်။ ထိုအထဲကမှ မကောင်းဆုံး ဘာသာကို အမှတ်ပေါင်း သည့်အခါတွင် ချန်ရအောင် ဖြစ်ပါ၏။ အချို့သော နာမည်ကြီး ကျောင်းမှ ကျောင်းသားများ မှာမူ ၉ဘာသာ - ၁၀ဘာသာ ထိယူကြကြောင်း တွေ့ရပါသည်။
Secondary Students များ၌ ကျောင်းစာအပြင် CCA (Co-curriculum Activities) စသည်တို့လည်း တစ်ခု မဟုတ် တစ်ခု သင်ယူရ ပါသည်။
v အားကစား (Sports and games)
v တူညီ အသင်းအဖွဲ့များ (Uniformed groups)
v အနုပညာ ရပ်ဝန်း (Performing arts groups)
v အသင်းအဖွဲ့များ၊ ကလပ်များ(Clubs and societies) စသည်တို့ ဖြစ်ပါ၏။

ထို CCA Activity များမှာ Girl Guide, NPCC (National Police Cadet Corps) စသော စည်းမျဉ်း စည်းကမ်း တင်းကျပ်သည့် ယူနီဖောင်း အဖွဲ့ များရှိသကဲ့သို့ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ Hockey စသည့် အားကစား များ၊ တရုတ် မလေး ကုလား အနောက်တိုင်း ရိုးရာ အကများ၊ အဆို အတီး ဘင်ခရာ၊ Choir အဖွဲ့များ၊ စိုက်ပျိုးရေး၊ ပန်းချီ၊ chess, robotic ကဲ့သို့ အဖွဲ့များ လည်း ရှိပါသည်။ တစ်ကျောင်းနှင့် တစ်ကျောင်း ရှိကြသည့် CCA များမှာ မတူပါ။ ယခု အချိန်တွင် ကျောင်းများ၌ CCA မျိုးစုံ ရှိနေပြီဖြစ်ပါသည်။ ထို CCA များကို စနေ သို့မဟုတ် တစ်ပတ်၂ရက် ကျောင်းဆင်း ချိန်များတွင် လုပ်ကြရ ပါသည်။ အချို့ CCA များမှာ လေ့ကျင့်ခန်း ဆင်းရသော ရက်များ များသလောက် အချို့မှာမူ ၂ပတ်မှ တစ်ခါလောက် သွားရတာ မျိုးများလည်း ရှိပါသည်။ ကျောင်းသား စရိုက်မျိုးစုံ ရှိသည့် အတွက် CCA ရွေးရာတွင် မိမိတကယ် ၀ါသနာ ပါသည့် CCA ကို ရွေးပြီး တက်တက် ကြွကြွ လုပ်ချင်သူများ ရှိသကဲ့သို့ မလုပ်မနေရ ဖြစ်သဖြင့် အသက်သာဆုံး ကို ရွေးကာ စာပဲ ဖိကျက်ချင်သူ များလည်း ရှိပါသည်။
Secondary School များတွင် များသော အားဖြင့် မနက်ပိုင်း၊ ညနေပိုင်းဟူ၍ ကျောင်းချိန် ၂ချိန်ရှိပါသည်။ ယေဘူယျ အားဖြင့် Lower Secondary (Sec 1 & 2) က ညနေပိုင်း ၊ Upper Secondary (Sec 3, 4, 5) က မနက်ပိုင်း ဖြစ်ပါ၏။ မနက်ပိုင်း အတန်းများကို မနက် ၇နာရီလောက် တွင်စပြီး နေ့လည် ၁နာရီလောက် တွင် ဆင်းပါသည်။ ကြားထဲ တွင် မုံ့စားချိန် ၁နာရီ ပေးပါသည်။ အတန်းချိန် တစ်ချိန်လျှင် မြန်မာပြည် မှာကဲ့သို့ပင် ၄၅မိနစ် မှ ၁နာရီ ကြာပါ၏။
တစ်ပတ်တစ်ခါ PE (Physical Education) လည်း လုပ်ရပါ သေးသည်။ ကိုယ်လက် လေ့ကျင့်ခန်း အရင်လုပ်ပြီး နောက် ကျောင်းကို ပတ်ပြေးရသည်။ ထို့နောက် မိမိကြိုက်ရာ အားကစား တစ်မျိုးမျိုး ကို ကစားနိုင် ပါသည်။ တစ်နှစ်လျှင် တစ်ကြိမ် Physical Fitness Test ရှိပါသည်။ ထိုအခါ ကျောင်းသားတိုင်း ၂.၄ကီလို မီတာ ပြေးခြင်း၊ sit-ups, pull-ups, broad jump စသည့် အားကစား များလုပ်ကာ အမှတ်ယူရ ပါသည်။ အောက်ပါ ဇယားတွင် မိမိကြိုက်သလို ပြောင်းတက်ခွင့် ရသော အထက်တန်း ပညာရေး ကို ရှင်းပြထား ပါသည်။
ပညာရေး အပြင် အောက်ပါ မိမိ ကြိုက်နှစ်သက်ရာ ဘာသာရပ် တစ်ခုကို ပူးတွဲပြီး သင်ကြားရ ပါသည်။ အကယ်၍ ကျောင်းသား၊ ကျောင်းသူသည် ကျောင်းမှ ချပေးသော ဘာသာကို မကြိုက်ပါက မိမိ စိတ်ကြိုက် အခြား တစ်ခုကိုလည်း ရွေးချယ်၍ ရပါသေးသည်။
ထို့အပြင် လူ့အဖွဲ့အစည်းနှင့် ပတ်သက်၍လည်း တာဝန် ယူတတ်သောစိတ် မွေးမြူလာ နိုင်စေရန်၊ လူ့ဘောင်
အတွက် အကျိုး ဆောင်တတ်သူများ ဖြစ်လာစေရန်၊ သူငယ်ချင်း ကောင်း စိတ်ဓါတ် မွေးမြူနိုင်ရန် လည်း သင်ကြား ပေးပါသည်။
အထက်တန်း စာမေးပွဲ အောင်မြင်သော အခါ School Graduation Certificate ကို ထုတ်ပေး ပါသည်။ ထို လက်မှတ်တွင် အတန်း စာမေးပွဲ ရမှတ်များ သာမက လူမှုရေး ဆောင်ရွက်ချက်နှင့် ကိုယ်ရည် ကိုယ်သွေး အကဲဖြတ်မှု များ ကိုပါ ထည့်သွင်း ဖော်ပြထား ပါသည်။
Secondary School တွင် အထက် ဖော်ပြပါ အတန်းများ သာမက အခြား သင်တန်း အစီအစဉ် များလည်း ရှိပါ သေးသည်။ ၎င်းတို့မှာ -
v Integrated Programmes (IPs)
v Bicultural Studies Programme (CHINESE)[BSP(C)] & Special Assistance Plan (SAP) Scholarship
v Elective Programme In Malay Language For Secondary Schools (EMAS)
v Malay (Special Programme)/Chinese (Special Programme) [M(SP)/C(SP)]
v Foreign Language Programme
v Art Elective Programme (AEP)
v Music Elective Programme (MEP) - တို့ ဖြစ်ပါသည်။

Secondary School တွင် သင်ရသည့် ဘာသာခွဲ များမှာ အလွန် များပြား လှပါသည်။ တစ်ခုချင်း ဖော်ပြရလျှင်

၅၊ ၃၊ ၁။ SPECIAL/EXPRESS COURSE CURRICULUM

GCE ‘O’ စာမေးပွဲဝင်မည့် ကျောင်းသား ကျောင်းသူများ သည် ဘာသာရပ် ၇ ခုမှ ၈ ခု ထိ ယူရပါသည်။
၅၊ ၃၊ ၂။ NORMAL (ACADEMIC) COURSE CURRICULUM

Normal (Academic) course ယူသူများသည် GCE ‘N’ စာမေးပွဲအတွက် ဘာသာရပ် ၆ ခုမှ ၈ ခုထိ ယူရသည်။
၅၊ ၃၊ ၃။ NORMAL (TECHNICAL) COURSE CURRICULUM

Normal (Technical) course ယူသူများ သည် GCE ‘N’ စာမေးပွဲ အတွက် ဘာသာရပ် ၅ ခုမှ ၇ ခုထိ ယူရသည်။
GCE “O” subject များမှာ -

GCE ‘O’ Level အောင်ပြီးလျှင် အခြေခံ ၅ဘာသာ (Polytechnic) သို့မဟုတ် ၆ဘာသာ (JC) ၏ စုစုပေါင်း ရလဒ်ကို ကြည့်ပြီး ၂မျိုး ရွေးချယ်နိုင် ပါသည်။ ပထမ တစ်မျိုးမှာ Polytechnic ကို ၃နှစ် တက်ပြီး ဒီပလိုမာ တစ်ခု ယူလို့ ရသည်။ သို့မဟုတ် Junior College ကို ၂နှစ် ဆက်တက်ပြီး သို့မဟုတ် Pre-University သို့ ၃နှစ် ဆက်တက် ပြီး GCE ‘A’ Level စာမေးပွဲ ကို ဖြေဆိုနိုင် ပါသည်။ Polytechnic မှ ဒီပလိုမာ ရပြီးလျှင် professional တစ်ယောက် အနေနှင့် အလုပ် ၀င်၍ ရပြီ ဖြစ်ပါသည်။ စာကျက် ပျင်းသူများ ကောလိပ်၊ တက္ကသိုလ် များကို ဆက်မတက် ကြတော့ပဲ ခပ်လွယ်လွယ် ပိုလီ တက်ပြီး အလုပ် ၀င်လိုက်ကြ ပါသည်။
GCE ‘O’ Level အောင်ပြီး သောအခါ ကောလိပ် သို့မဟုတ် polytechnic ကိုတက်ရန် အတွက် point system ကို သုံးပါသည်။ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ science, arts & humanities စသည့် မပါမဖြစ် ဘာသာရပ်လေးခု၊ နောက်ထပ် ဘာသာ နှစ်ခုကို ပေါင်းပြီး point တွက်ပါသည်။ Grade ပေးရာတွင် A1, A2, B3, B4, C5, C6, D7, F9 ဟု ပေးပါသည်။ D7 နှင့် F9 ရလျှင်မူ စာမေးပွဲ ကျပါသည်။ Grade A1 ဆိုလျှင် ၇၅မှတ် အထက် ဖြစ်ပါ၏။ ၆ဘာသာလုံး၌ အမှတ် အမြင့်ဆုံး ရသူများကို ၆ဘာသာ ပေါင်း 6 points ရသည်ဟု ခေါ်ပါသည်။ ၆ဘာသာပေါင်း total number of points နည်းလေ ကောင်းလေ ဖြစ်ပါသည်။

ကောလိပ်သို့ ၀င်မည်ဆိုလျှင် ၆ဘာသာ ပေါင်း အမှတ် ၂၀ အောက် (below 20 points) ရမှ ၀င်နိုင် ပါသည်။ သို့သော် ဤ သတ်မှတ်ချက် မှာ တစ်နှစ်နှင့် တစ်နှစ် ပြောင်းနေသကဲ့သို့ ကောလိပ် တစ်ကျောင်းနှင့် တစ်ကျောင်းလည်း မတူပါ။ နာမည်ကြီး ကောလိပ်ကျောင်း တစ်ခုတွင် 10 points ထက် ကျော်လျှင် ၀င်ခွင့် မရသော်လည်း သိပ်နာမည် မကြီးသည့် ကောလိပ်ကျောင်း တွင် ၀င်၍ရပါသည်။ သို့သော် polytechnic ကို ၀င်မည် ဆိုလျှင် ပျမ်းမျှ ၅ ဘာသာ ပေါင်း 36 points ထက် မကျော်ရပါ။ ယခင်က polytechnic သည် နာမည် သိပ်မရခဲ့ သော်လည်း ယနေ့ခေတ်တွင် အချို့သော နာမည်ကြီး course များ၏ ၀င်ခွင့် သတ်မှတ်ချက် မှာ 10 points အောက် ရောက်သည် အထိ မြင့်သွားပါသည်။

၅၊ ၄။ Post Secondary Education – JC (Junior College) or Polytechnic or ITE (Institute of Technical Education)

Secondary ပြီးသွားလျှင် နောက် ဆက်တက်ရန် သုံးမျိုး ရှိပါ၏။ ၎င်းတို့မှာ -
Ø Junior Colleges (JCs) and Centralised Institute (CI)
Ø Polytechnics
Ø Institute of Technical Education (ITE) တို့ ဖြစ်ပါသည်။

Secondary school တွင် အမှတ် ကောင်းသူများ Junior College (JC) သို့ တက်နိုင်ပါ သည်။ JC တွင် ၂နှစ် သို့မဟုတ် Centralised Institute (CI) တွင် ၃ နှစ် တက်ပြီး GCE ‘A’ Level ဖြေကာ ထိုမှ တစ်ဆင့် တက္ကသိုလ် တက်နိုင်မည် ဖြစ်ပါသည်။

‘O’ Level တွင် အမှတ်သိပ် မကောင်းသူ များသည် Polytechnic တွင် တက်ရောက် သင်ကြားနိုင် ပါသည်။ သို့ သော် ယခုသော် အမှတ်ကောင်း သူများရော၊ မကောင်းသူ များပါ Polytechnic တက်နေသည် ကို တွေ့ရ ပါ၏။ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ စသည့် ဘာသာရပ်များ ကိုသာ စာတွေ့ ဖြေရပြီး ကျန် ဘာသာများ မှာမူ လုပ်ငန်းပိုင်း ဆိုင်ရာများ သင်ကြားပေး သဖြင့် လူငယ်များ ပိုမို စိတ်ဝင်စား လာကြသောကြောင့် ဖြစ်ပါသည်။ Polytechnic ၃ နှစ် တက်ပြီးပါက အမှတ်ကောင်း လျှင် စင်္ကာပူနိုင်ငံ မှတက္ကသိုလ် တစ်ခုခုကို ဖြစ်စေ နိုင်ငံခြားမှ တက္ကသိုလ် တစ်ခုခု သို့ဖြစ်စေ လျှောက်နိုင် ပါသည်။

‘O’ Level တွင် အမှတ် အနည်းဆုံး ရသူများ သို့မဟုတ် GCE ‘N’ ပြီးသူများ ITE ကို ဆက်တက်နိုင် ပါသည်။ ITE တွင် စာပိုင်းဆိုင်ရာ ဘာသာရပ်များ အစား အလုပ်နှင့် ပတ်သက်သော လက်တွေ့ ဘာသာရပ်များ သင်တာ များပါသည်။ ITE တွင် ၁ နှစ် သို့မဟုတ် ၂ နှစ် သင်တန်းများ ရှိပါ၏။ ITE တွင် အမှတ် ကောင်းလျှင် Polytechnic မှ မိမိနှင့် သက်ဆိုင်ရာ လိုင်းကို လျှောက်ခွင့် ရှိပါသည်။
ရည်ညွှန်း။ ။ http://www.moe.gov.sg/education/secondary/

၅၊ ၅။ တက္ကသိုလ်ဝင်တန်း ပညာရေး GCE ‘A’
Junior College (JC) ၂နှစ် သို့မဟုတ် Centralised Institute (CI) ၃ နှစ် ပြီးသောအခါ GCE ‘A’ Level တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေရပါသည်။
GCE A မှ ဘာသာရပ်များမှာ အလွန်များပြား လှပါသည်။ စုစုပေါင်း ၇ ဘာသာ ယူရမည်ဖြစ်ပြီး ဘာသာရပ် များကို မိမိစိတ်ကြိုက် တွဲနိုင်ပါသည်။ ၎င်း ဘာသာရပ် များမှာ - Art, Biology, Chemistry, Chinese Language, Chinese Language & Literature, Computing, Economics, French, General Paper (GP), General Studies in Chinese, Geography, German, History, History (Chinese), History of Chinese Literature, Japanese, Knowledge & Inquiry (KI), Literature in English, Malay Language, Malay Language & Literature, Management of Business, Mathematics, Music, Physics, Principles of Accounting, Project Work (PW), Tamil Language, Tamil Language & Literature, Theatre Studies and Drama တို့ ဖြစ်ပါသည်။
၂ နှစ်မှ ၃ နှစ်သင်တန်း ဖြစ်ပြီး သင်တန်းကြေး မှာ (၂၀၀၆ ခုနှစ်) (နိုင်ငံသားများ အတွက်) တစ်လလျှင် S$ ၂၂၅ မှ ၄၀၀ ထိ ဖြစ်ပါသည်။ ထိုသင်တန်း ပြီးပါက School Graduation Certificate လက်မှတ် ရပါသည်။
အသေးစိတ် သိလိုသူများ အောက်ပါ ရည်ညွှန်း web site တွင်လေ့လာ နိုင်ပါသည်။

ရည်ညွှန်း။ ။ http://www.moe.gov.sg/education/pre-u/

မြန်မာပြည်မှ ကျောင်းသူ ကျောင်းသား များ စင်ကာပူ နိုင်ငံရှိ Primary, Secondary School များသို့ တက်ရောက် လိုပါက ကျောင်း တော်တော် များများ လက်ခံသည့် Private မှ ကျင်းပ ပေးသော PAC မှ ၀င်ခွင့် စာမေးပွဲကို ဖြေဆိုနိုင် ပါ သည်။ သို့မဟုတ် ပါကလည်း မိမိ ကြိုက်နှစ်သက်ရာ ကျောင်းသို့ သွားပြီး ၀င်ခွင့် စာမေးပွဲ ဖြေဆိုခွင့် တောင်းနိုင် ပါသည်။PAC အောင်ပြီးလျှင် ထို အောင်မှတ်နှင့် စင်ကာပူမှ Primary, Secondary School ကျောင်း တော်တော် များများသို့ သွား လျှောက်ကြည့်နိုင် ပါသည်။ အသေးစိတ် သိလိုသူများ http://www.pai.sg/pact_cert.html နှင့် http://www.moe.gov.sg/education/admissions/international-students/ များတွင် ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

၅၊ ၆။ အထူးပညာသင် ကျောင်းများ (Special Education in Singapore)

ပညာရေးဝန်ကြီးဌာနနှင့် National Council of Social Service မှ အထောက် အပံ့ဖြင့် လူမှုရေး အဖွဲ့အစည်း များမှ ဖွင့်လှစ် ထားသော မသန်မစွမ်း ကလေးများအတွက် အထူး ပညာသင်ကျောင်း များလည်း ရှိပါ သေးသည်။ ကျွန်တော် အသေးစိတ် မရေးပြတော့ပါ။ သိလိုသူများ http://www.moe.gov.sg/education/special-education/ တွင် ၀င်ရောက် ဖတ်ရှုနိုင် ကြပါသည်။

အစိုးရ ကျောင်းများအပြင် စင်ကာပူတွင် ပညာရေး ၀န်ကြီးဌာန တွင် မှတ်ပုံတင် ထားသော ပုဂ္ဂလိက ကျောင်းများ လည်း ရှိပါသေး၏။

No comments: