Student Pass အကြောင်း အတော်များများ မေးနေကြ၍ အပြည့်အစုံ
ရေးသား ဖော်ပြလိုက်ပါသည်။ ဤတွင်ဖော်ပြထားသည့် အချက်အလက်အားလုံးမှာ ICA
(Immigration & Checkpoints Authority) website မှ ရယူထားခြင်းဖြစ်၏။
ပထမဦးစွာ မှာလိုသည်မှာ အလုပ်လုပ်ရန် ရည်ရွယ်ချက်နှင့်တော့
Student pass ယူပြီး စင်ကာပူသို့ ကျောင်းတက်လာရန် မကြိုးစားပါနှင့် ဆိုတာ ဖြစ်၏။ ကျောင်းတက်ရင်း
ပိုက်ဆံရှာဘို့ဆိုတာ အပြောသာလွယ်ပြီး အလုပ်ခက်ပါသည် ခင်ဗျား။ အချိန်ပိုင်းလုပ်လို့ရသည့်တိုင်
ကိုယ်သုံးဘို့လောက်သာ ရပါလိမ့်မည်။ 
စင်ကာပူတွင် အလုပ်လုပ်နေရင်း ကျောင်းတက်တာ ဘာမှ မထောင်းတာပါ။
ဝင်ငွေက သေချာနေသဖြင့် ပူစရာမလို။ နောက်တစ်ခုက စင်ကာပူမှ ကျောင်းစရိတ်များမှာ အလွန်ကြီး၏။
အချိန်ပိုင်းလုပ်ရုံမျှနှင့် ကျောင်းစရိတ်ကာမိလိမ့်မည် မထင်ပါနှင့်။ နောက်ပြီး
Student pass ရဘို့ဆိုတာ ခဏတဖြုတ်၊ အချိန်ပိုင်းတက်သည့် သင်တန်းလောက်ကို ပေးတာမဟုတ်။
အချိန်ပြည့် ၁ နှစ်သင်တန်းမျိုးမှ ချပေးတာဖြစ်၏။ 
၁။ ဘယ်သူတွေ Student Pass လျှောက်နိုင်သလဲ
ကျောင်းများမှလက်ခံသဖြင့် အချိန်ပြည့်ကျောင်းတက်ရေးအတွက်
စင်ကာပူတွင်နေထိုင်ရန်လိုသူများသည် Student Pass လျှောက်ထားရမည်။ သို့သော် အောက်ပါသူများသည်
Student Pass လျှောက်ရန် မလိုပါ။
၁။ Dependant’s pass ရပြီး အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း
စသည်များ၌ တက်နေသူများ
၂။ Immigration Exemption Order ရထားသူများ
၃။ ရက် ၃၀ သို့မဟုတ် ထို့ထက်ပိုနည်းသော သင်တန်းများတက်ရန်
လ.၀.က က လေဆိပ်အ၀င်၌ တစ်လတုံး (white card) 
ထုပေးလိုက်သူများ။ ထိုသင်တန်းသည် -
Ø သင်တန်းတစ်ခုလျှင် သင်ရိုး (module) တစ်ခုသာ ဖြစ်ရမည်။ သင်တန်းတစ်ခု၌
သင်ရိုးများစွာ ပါနေသော သင်တန်းမျိုး အတွက် ဤ pass (white card) သည် အကျုံးမ၀င်ပါ။
Ø လက်တွေ့သင်တန်းများနှင့် တကယ့်အလုပ်ရုံများတွင် သင်ကြားပေးသူများ
(ဥပမာ - ဆံသဆိုင်၊ အလှပြင်ဆိုင်) စသည်တို့ မပါပါ။ 
၂။ Student Pass ကို ဘယ်လို လျှောက်ရမလဲ
မည်သည့်ကျောင်းကို တက်မည်နည်း ဆိုသည့်အပေါ်မူတည်ကာ
Student Pass လျှောက်ပုံလျှောက်နည်း ကွာသွားပါသည်။
ကျောင်းအမျိုးအစား (၆) မျိုးရှိရာ အောက်ပါတို့ ဖြစ်၏။
၁။ အတည်ပြုထားသော ပုဂ္ဂလိက ကျောင်းများ
၂။ MSF (Ministry of Social and Family Development) တွင်
မှတ်ပုံတင်ထားသော မူကြိုနှင့် ကလေးစောင့်ရှောက်ရေး ဌာန 
    များ
၃။ နိုင်ငံခြားကျောင်းများ
၎။ ITE (Institute of Technical Education)
၅။ အစိုးရ/အစိုးရအထောက်အပံ့ခံ နှင့် သီးခြားလွတ်လပ်သောကျောင်းများ
၆။ ပိုလီတက္ခနစ် နှင့် တက္ကသိုလ်များ
Student Pass ကို online မှ လျှောက်လို့ရ၏။ ၎င်းကို SOLAR ဟု
ခေါ်၏။ အရှည်မှာ Student’s Pass On-Line Application and Registration ဖြစ်သည်။
ပိုလီတက္ခနစ် နှင့် တက္ကသိုလ်များအတွက် အောက်ပါ link မှ
online လျှောက်လို့ရပါသည်။ (link ကို ကွန်မင့်တွင် ကြည့်ပါ။)
အခြားကျောင်းများအတွက် အောက်ပါ link မှ online လျှောက်လို့ရပါသည်။
(link ကို ကွန်မင့်တွင် ကြည့်ပါ။)
Student’s Pass လျှောက်၍ရသော IHL (Institute of Higher
Learning) ကျောင်းများမှာ အောက်ပါတို့ ဖြစ်၏။
 Digipen
Institute of Technology Singapore
      
Digipen
Institute of Technology Singapore Singapore
Institute of Technology
      
Singapore
Institute of Technology Ecole
Superieure Des Sciences Economiques
      
Ecole
Superieure Des Sciences Economiques Et
Commerciales (ESSEC)
      
Et
Commerciales (ESSEC) Singapore
Polytechnic
      
Singapore
Polytechnic German
Institute of Science and Technology (GIST)
      
German
Institute of Science and Technology (GIST) Insead
(Singapore)
      
Insead
(Singapore) Singapore
Management University
      
Singapore
Management University Singapore
University of Technology and Design
      
Singapore
University of Technology and Design Nanyang
Polytechnic
      
Nanyang
Polytechnic Sorbonne
Assas International Law School
      
Sorbonne
Assas International Law School S P Jain
School of Global Management
      
S P Jain
School of Global Management Nanyang
Technological University
      
Nanyang
Technological University National
University of Singapore
      
National
University of Singapore Temasek
Polytechnic
      
Temasek
Polytechnic Ngee Ann
Polytechnic
      
Ngee Ann
Polytechnic University
of Chicago Booth School of Business
      
University
of Chicago Booth School of Business University
of Nevada, Las Vegas (UNLV) Singapore
      
University
of Nevada, Las Vegas (UNLV) Singapore NYU Tisch
School of the Arts Asia
      
NYU Tisch
School of the Arts Asia Republic
Polytechnic
      
Republic
Polytechnic
ထိုကျောင်းများတွင်တက်ရန် Student’s Pass ကို ကျောင်းကသော်လည်းကောင်း၊
ကျောင်းသားကသော်လည်းကောင်း လျှောက်၍ရသည်။
Student’s Pass လျှောက်၍ရသော အခြားကျောင်းများမှာ အောက်ပါတို့
ဖြစ်၏။
 EduTrusted
Private Education Organisation (PEO)
      
EduTrusted
Private Education Organisation (PEO) ပညာရေးဝန်ကြီးဌာန
(MOE - Ministry of Education) နှင့်/သို့မဟုတ် MSF (Ministry of Social and
Family Development) တွင် မှတ်ပုံတင်ထားသော မူကြိုနှင့် ကလေးစောင့်ရှောက်ရေးဌာနများ
(KID)
      
ပညာရေးဝန်ကြီးဌာန
(MOE - Ministry of Education) နှင့်/သို့မဟုတ် MSF (Ministry of Social and
Family Development) တွင် မှတ်ပုံတင်ထားသော မူကြိုနှင့် ကလေးစောင့်ရှောက်ရေးဌာနများ
(KID) နိုင်ငံခြားကျောင်းများ
(FSS)
      
နိုင်ငံခြားကျောင်းများ
(FSS) Institute of
Technical Education (ITE)
      
Institute of
Technical Education (ITE) အစိုးရကျောင်းများ
သို့မဟုတ် အစိုးရအထောက်အပံ့ခံ နှင့် သီးခြားလွတ်လပ်သောကျောင်းများ (GOV)
      
အစိုးရကျောင်းများ
သို့မဟုတ် အစိုးရအထောက်အပံ့ခံ နှင့် သီးခြားလွတ်လပ်သောကျောင်းများ (GOV)
ထိုကျောင်းများတွင်တက်ရန် Student’s Pass ကို ကျောင်း၏ အုပ်ချုပ်ရေးအဖွဲ့ကသော်လည်းကောင်း၊
ကျောင်းသားက သော်လည်းကောင်း လျှောက်ထားနိုင်သည်။ ITE နှင့် အစိုးရကျောင်းများ
(GOV) ကို တက်မည့်သူများအတွက်  လွှဲအပ်ထား သည့်
စင်ကာပူနိုင်ငံသား သို့မဟုတ် PR က လျှောက်၍ရသည်။ 
 ကျောင်းတက်ရန် ကျောင်းကလက်ခံပြီဆိုသည့်အခါ
ထိုစာနှင့် Student Pass လျှောက်ရပါသည်။
      
ကျောင်းတက်ရန် ကျောင်းကလက်ခံပြီဆိုသည့်အခါ
ထိုစာနှင့် Student Pass လျှောက်ရပါသည်။  လျှောက်၍ approve
ဖြစ်သည့်အခါ SOLAR (Student’s Pass On-Line Application and Registration) နံပါတ်ပေးပါလိမ့်မည်။
ထို့ပြင် IPA (In-Principal Approval) လည်း ပေးပါလိမ့်မည်။
      
လျှောက်၍ approve
ဖြစ်သည့်အခါ SOLAR (Student’s Pass On-Line Application and Registration) နံပါတ်ပေးပါလိမ့်မည်။
ထို့ပြင် IPA (In-Principal Approval) လည်း ပေးပါလိမ့်မည်။  ထို့နောက် လိုအပ်သော
စာရွက်စာတမ်းများတင်ပြရန် (Completion of Formalities) SOLAR နံပါတ်ဖြင့် ICA
website တွင် register လုပ်ပါ။
      
ထို့နောက် လိုအပ်သော
စာရွက်စာတမ်းများတင်ပြရန် (Completion of Formalities) SOLAR နံပါတ်ဖြင့် ICA
website တွင် register လုပ်ပါ။  ထို့နောက် online
မှပင် appointment ယူပါ။ Appointment ယူထားသောနေ့တွင် ICA သို့ သွားပါ။
      
ထို့နောက် online
မှပင် appointment ယူပါ။ Appointment ယူထားသောနေ့တွင် ICA သို့ သွားပါ။  ICA building, ၄ ထပ်တွင်
တိုကင်ယူပါ။ သွားသည့်အခါ မူရင်းစာရွက်စာတမ်းများ ယူဆောင်သွားရန် လိုပါသည်။ လက်မှတ်အစစ်အမှန်ဖြစ်ကြောင်း
စစ်ဆေးရန်ဖြစ်၏။ ထို့နောက်တွင်တော့ Student’s Pass ထုတ်လို့ရပါပြီ။ S$30 ပေးရသည် ထင်ပါ၏။
      
ICA building, ၄ ထပ်တွင်
တိုကင်ယူပါ။ သွားသည့်အခါ မူရင်းစာရွက်စာတမ်းများ ယူဆောင်သွားရန် လိုပါသည်။ လက်မှတ်အစစ်အမှန်ဖြစ်ကြောင်း
စစ်ဆေးရန်ဖြစ်၏။ ထို့နောက်တွင်တော့ Student’s Pass ထုတ်လို့ရပါပြီ။ S$30 ပေးရသည် ထင်ပါ၏။ Student’s Pass ကို
ICA ရုံးတွင် လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ မှာယူ၍ဖြစ်စေ ထုတ်ယူနိုင်ပါသည်။
      
Student’s Pass ကို
ICA ရုံးတွင် လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ မှာယူ၍ဖြစ်စေ ထုတ်ယူနိုင်ပါသည်။
မှတ်ချက်။            ။
မြန်မာပြည်မှ လာမည့်သူများ - IPA letter ရလျှင် ဗီဇာလျှောက်ရန် မလိုပါ။ ထိုစာနှင့်လာလို့ရပါသည်။
၃။ Student Pass နှင့် ပတ်သက်၍ သိစရာ၊ မှတ်စရာများ
Ø Student’s Pass လျှောက်ရန် (မြန်မာပြည်တွင်ဖြစ်စေ၊ စင်ကာပူတွင်ဖြစ်စေ)
ဆေးစစ်ဖို့ လိုပါသည်။
Ø Student’s Pass ကို သက်တမ်းတိုးရန်လိုသည့်အခါလည်း ဆေးစစ်ရသည်။
Ø ဆေးစစ်လက်မှတ်သည် သက်တမ်း ၃ လအတွင်း ဖြစ်ရမည်။ ရက်လွန်နေသော
သက်တမ်း ၃ လထက်ပိုနေသော ဆေးစစ်လက်မှတ်များကို လက်ခံလိမ့်မည် မဟုတ်ပါ။
Ø Student’s Pass ရသည့်အခါ မိမိ၏ ဇနီး/ခင်ပွန်း၊ သားသမီးများအတွက်
၆လ သက်တမ်းရှိနေခွင့် (Social Visit Pass) လျှောက်ထားနိုင်ပါသည်။ 
Ø Student’s Pass ဖြင့် အလုပ်လုပ်ခွင့်မပြု။ သို့သော် ပိုလီနှင့်
တက္ကသိုလ်များတွင် အချိန်ပြည့်ကျောင်းတက်နေသူများအား တစ်ပတ်လျှင် ၁၆ နာရီထိ အချိန်ပိုင်း
အလုပ်လုပ်ခွင့်ပြုပါသည်။ ထိုမျှသာမက ကျောင်းပိတ်ရက်များတွင် full time အလုပ်လုပ်နိုင်ပါသည်။
ထိုသို့အလုပ်လုပ်ခြင်းအတွက် MOM သို့ မည်သည့် pass မှ လျှောက်ထားစရာ မလိုပါ။ ထို့ပြင်
မိမိတက်နေသည့်ကျောင်းမှလည်း အလုပ်လုပ်ရန် ခွင့်ပြုမိန့် တောင်းနေစရာ မလိုပါ။
Ø Student’s Pass လျှောက်ရန် local sponsor မလိုပါ။
Ø ရက် (၃၀) ထက်နည်းသော ရက်တိုသင်တန်းများ၊ သင်တန်းတစ်ခုလျှင်
module တစ်ခုသာရှိသော သင်တန်းများတက်ရန် Student’s Pass မလိုပါ။
Ø မိမိ၏ ပညာအရည်အချင်း အောင်လက်မှတ်များအတွက် Certify True
copy ကို (မိမိတက်ခဲ့သော) ကျောင်းမှ ထောက်ခံ ပေးနိုင်ပါသည်။
Ø အချို့သောအခြေအနေများအတွက် လိုအပ်ပါက Security Deposit စင်ကာပူဒေါ်လာ
၅၀၀၀ တင်ရပါမည်။ သို့သော် ကျောင်းပြီးသွားသည့်အခါ ထိုပိုက်ဆံကို ပြန်ထုတ်၍ရပါသည်။ ကျောင်းတက်နေစဉ်
ပြစ်မှုတစ်ခုခုကျူးလွန်ပါက ထိုပိုက်ဆံ ဆုံးပါမည်။ Student Pass ကို cancel လုပ်အပြီး
ထို Security Deposit ပြန်ပေးပါသည်။ Processing time - ၆ ပတ်လောက်ကြာပါမည်။
Ø Student Pass လျှောက်၍ approve မဖြစ်လျှင် appeal လုပ်၍ရပါသည်။
သို့သော် appeal ကို မိမိတက်မည့်ကျောင်းကသာ လုပ်ပေးလို့ရ၏။ Appeal processing time
မှာ ၄ ပတ်မှ ၈ ပတ်ထိ ကြာပါသည်။
Ø Student Pass လျှောက်သူများသည် approve ဖြစ်မဖြစ်ကို ICA
website ==> SOLAR+ တွင် စစ်ကြည့်နိုင်ပါသည်။
Ø မူကြိုကျောင်းထားရန် Student Pass လျှောက်သူများအနေနှင့်
လျှောက်ပြီး ၄ ပတ်ကြာသည်ထိ သတင်းပလင်းမကြားရသေး ပါက ကျောင်းကိုမေးကြည့်နိုင်ပါသည်။
သို့မဟုတ် ICA - 6391 6100 ကိုလည်း ဖုံးဆက်မေးနိုင်ပါသည်။
Ø လေဆိပ်အ၀င်တွင် ထုပေးလိုက်သောတုံးအရ စင်ကာပူတွင် နေခွင့်တစ်လသာရှိသည်ဖြစ်အံ့။
သင်တက်မည့် သင်တန်းသည် ထိုကာလထက်ကျော်လွန်နေပါက နေခွင့်သက်တမ်းထပ်တိုးနိုင်သည်။ သို့သော်
ရမည်မရမည်မှာ ICA ၏ အဆုံးအဖြတ်သာ ဖြစ်ပြီး သင်တန်းတက်မည့်အတွက် ကျိန်းသေနေခွင့်ရမည်ဟု
တွက်လို့မရနိုင်ပါ။
Ø Visit Pass နှင့် အလုပ်မရှာရဟု ကန့်သတ်မထားပါ။ မည်မျှသက်တမ်းပေးမည်ဆိုသည်မှာ
ICA ပေါ်မူတည်ပါသည်။
အပြည့်အစုံကို ICA website ==> Student Pass တွင် ဖတ်နိုင်ပါသည်။
မှတ်ချက်။            ။
ကျွန်တော့်ဆီမေးလာသော မေးခွန်းများတွင် Student Pass ယူပြီး
ကျောင်းကိုဟန်ပြတက်ကာ အလုပ်လုပ်လိုသူများ အတော်များများ ပါပါသည်။ ဤကဲ့သို့လုပ်ရန် ယောင်လို့မှ
မစဉ်းစားပါနှင့်ဟု အကြံပေးပြစေ။ စင်ကာပူတွင် ကျောင်းတက်ရတာ ခပ်လွယ်လွယ်လေး မအောက်မေ့ပါနှင့်။
ကျောင်းလခလည်း ဈေးကြီးသလို ကျောင်းတစ်ဖက်နှင့် အလုပ်လုပ်ရန်လည်း မလွယ်လှပါ။ 
စင်ကာပူတွင် ကျောင်းတက်လိုသူများ -
မိမိ၏ သားသမီးများအား စင်ကာပူတွင် ကျောင်းထားလိုသူများအတွက်
-
ဆက်ရေးပါမည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄ ဇူလိုင်၊ ၂၀၁၅။ နေ့လည် ၁ နာရီ
ပိုလီတက္ခနစ် နှင့် တက္ကသိုလ်များအတွက် အောက်ပါ link မှ
online လျှောက်လို့ရပါသည်။
အခြားကျောင်းများအတွက် အောက်ပါ link မှ online လျှောက်လို့ရပါသည်။
 
 
No comments:
Post a Comment