Thursday, July 2, 2015

Dependant Pass and Long-Term Visit Pass

၁။ Dependant Pass

Dependant Pass သည် MOM (Ministry of Manpower) ၀န်ကြီးဌာနအောက်မှဖြစ်၏။

စဉ်
အကြောင်းအရာ
Dependant Pass
မည်သူတို့လျှောက်ထားနိုင်သနည်း
လခ ၄၀၀၀ နှင့်အထက်ရသူ S Pass holder, EP စသူတို့၏ တရားဝင် လက်ထပ်ထားသော ခင်ပွန်း/ဇနီး နှင့် လက်မထပ်ရသေးသည့် အသက် ၂၁ နှစ်အောက် သားသမီးများ။ တရားဝင် မွေးစားသားသမီးများအတွက်လည်း လျှောက်နိုင်သည်။
ဤတွင်ဖော်ပြထားသည့် တရားဝင်လက်ထပ်ထားသော ခင်ပွန်း/ဇနီးဆိုသည်မှာ တရားရုံးတွင် လက်မှတ် ထိုး၍ လက်ထပ်ထားသည့် ခင်ပွန်း/ဇနီး ဖြစ်၏။ ၎င်းတို့တွင် လက်ထပ်စာချုပ်ရှိသည်။
မှတ်ချက်။   ။ လျှောက်ထားရန်အတွက် အလုပ်ရှင်က sponsor ပေးရမည်။
အကယ်၍ Dependant pass လျှောက် မရပါက Long-Term Visit Pass လျှောက်နိုင်သည်။
မည်သူက လျှောက်ထားရမည်နည်း
အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်က ခန့်ထားသည့် အေးဂျင့်
အလုပ်လုပ်နိုင်သည့် အခွင့်အရေး
EP ၏ Dependant pass holder သည် အလုပ် လုပ်ရန် letter of Consent လျှောက်ထားရမည်။
S Pass ၏ Dependant pass holder သည် အလုပ်လုပ်ရန်အတွက် Work Permit, S Pass, EP စသည် လျှောက်ထားရမည်။ ဤကဲ့သို့ လျှောက်ထားရာတွင် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီရမည်။
အကယ်၍ Work Permit, S Pass, EP စသည် ရပါက Dependant pass ကို cancel လုပ်ရမည်။
Dependant သမား၏ Work Permit သက်တမ်း သည် မိမိမှီခိုနေသော S Pass သမား၏ S Pass သက်တမ်းအတိုင်းသာဖြစ်သည်။

Quota and Levy
Dependant pass အတွက် quota ။ levy စသည်တို့မလိုပါ။

၂။ Long-Term Visit Pass (LTVP)

Long-Term Visit Pass တွင် MOM ၀န်ကြီးဌာနအောက်မှ နှင့် လ.၀.က (ICA - Immigration and Check Point Authority) အောက်မှဟု နှစ်ခုရှိ၏။ ဤနှစ်ခု ကွာခြားပုံတို့ကိုသိနိုင်ရန် နှိုင်းယှဉ်ဖော်ပြလိုက်ပါသည်။

စဉ်
အကြောင်းအရာ
MOM မှ ထုတ်ပေးသော Pass
ICA မှ ထုတ်ပေးသော Pass
မည်သူတို့ လျှောက်ထားနိုင်သနည်း
၁။ လခ ၄၀၀၀ နှင့်အထက်ရသူ S Pass holder, EP စသူတို့၏ ခင်ပွန်း/ဇနီး1 နှင့် လက်မထပ်ရသေး သည့် အသက် ၂၁ နှစ် အောက် မွေးစား သားသမီးများ။ လက်မထပ်ရသေးသည့် အသက် ၂၁ နှစ်အထက် မသန်မစွမ်း သားသမီးများ။
၂။ မိဘများအတွက် လျှောက်ထားလိုလျှင် လခ အနည်း ဆုံး ၈၀၀၀ ရ ရပါမည်။
မှတ်ချက်။   ။ လျှောက်ထားရန်အတွက် အလုပ်ရှင်က sponsor ပေးရမည်။

1. ဤတွင်ဖော်ပြထားသည့် ခင်ပွန်း/ဇနီး တို့ကို common law spouse ဟု ဖော်ပြထား၏။ ထို ခင်ပွန်း /ဇနီးတို့မှာ ရိုးရာအရ လက်ထပ်ပြီး အသိုင်း အ၀ိုင်းက လင်မယားအဖြစ် အသိအမှတ် ပြုထားသူများ ဖြစ်၍ လက်ထပ်စာချုပ်မရှိ။
၁။ စင်ကာပူနိုင်ငံသား၊ SPR တို့၏ ခင်ပွန်း/ဇနီး နှင့် အသက် ၂၁ နှစ် အောက် သားသမီးများ
၂။ အသက် ၂၁ နှစ်အထက် စင်ကာပူနိုင်ငံသား၊ SPR တို့၏ မိဘများ
၃။ စင်ကာပူနိုင်ငံမှ တက္ကသိုလ်၊ ပိုလီ စသည့်ကျောင်း တက်လိုသည့် ကျောင်းသားများ (ကျောင်းစာရင်း အပြည့်အစုံကို ICA website တွင် ကြည့်နိုင်ပါသည်။)
၎။ Student Pass ဖြင့် စင်ကာပူတွင် ကျောင်းတက် နေသူ၏ မိခင် သို့မဟုတ် အဖွားအေ (အဖေနှင့် အဖိုးအေ မပါပါ။)
၅။ စင်ကာပူနိုင်ငံတွင် ကလေးမွေးလိုသူ
မည်သူက လျှောက်ထားရမည်နည်း
အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်က ခန့်ထားသည့် အေးဂျင့်
Long-Term Visit Pass  လျှောက်သူ ကိုယ်တိုင်သော် လည်းကောင်း၊ လက်မှတ်ရ အေးဂျင့်ဖြင့်သော် လည်းကောင်း လျှောက်နိုင်သည်။
Pass ၏ သက်တမ်း
၂ နှစ်ဖြစ်၏။ မှီခိုသူ S Pass, EP ၏ လက်မှတ်သက်တမ်းပေါ် မူတည်သည်။
ပထမအကြိမ် ၃ နှစ်၊ နောက်အကြိမ်များတွင် ၅ နှစ်
အလုပ်လုပ်နိုင်သည့် အခွင့်အရေး
Long-Term Visit Pass holder သည် အလုပ်လုပ်ရန် အတွက် Work Permit, S Pass, EP စသည် လျှောက်ထား ရမည်။ ဤကဲ့သို့ လျှောက်ထားရာတွင် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီရမည်။
သို့သော် ကချေသည်၊ အနှိပ်သည် စသည့်အလုပ်များ လုပ်ခွင့်မပြု။
Long-Term Visit Pass holder သည် အလုပ်လုပ်ရန် အတွက် MOM တွင် Letter of Consent (LOC) လျှောက် ရမည်။ LOC ရသည့်အခါမှသာ စတင်အလုပ်လုပ်နိုင်သည်။
Quota and Levy
Long-Term Visit Pass အတွက် quota ။ levy စသည်တို့မလိုပါ။



၃။ လျှောက်ပုံလျှောက်နည်း

၃၊ ၁။ Dependant Pass

Dependant Pass လျှောက်ရန် အောက်ပါ စာရွက်စာတမ်းများလိုသည်။

v လျှောက်ထားသူ၏ ဓာတ်ပုံပါ ပတ်စ်ပို့စာမျက်နှာ မိတ္တူ
v မိဘ၏ပတ်စ်ပို့တွင်တွဲထားသော ကလေးဖြစ်ပါက မိဘ၏ ပတ်စ်ပို့မိတ္တူ
v ဇနီး/ခင်ပွန်းအတွက်လျှောက်ထားခြင်းဖြစ်ပါက လက်ထပ်စာချုပ်မိတ္တူ
v လက်မထပ်ရသေးသော အသက် ၂၁ နှစ်အောက် သားသမီးဖြစ်ပါက မိဘနာမည်ဖော်ပြထားသည့် မွေးစာရင်း၏ မိတ္တူ
v လက်မထပ်ရသေးသော အသက် ၂၁ နှစ်အောက် တရားဝင် မွေးစားသားသမီးဖြစ်ပါက မွေးစားအေကြောင်း အထောက်အထား မိတ္တူ

အကယ်၍ အထက်ဖော်ပြပါ စာရွက်စာတမ်းများသည် အင်္ဂလိပ်ဘာသာဖြင့်မဟုတ်ပါက အင်္ဂလိပ်ဘာသာပြန် (Notri Public) ပေးရမည်။
            Dependant Pass ကို အလုပ်ရှင် သို့မဟုတ် မိမိတို့ခန့်အပ်ထားသော အေးဂျင့်က လျှောက်ထားနိုင်သည်။ online မှ လျှောက်ထားနိုင်၏။ သို့သော် EP များကလျှောက်ထားမည်ဆိုလျှင် လူကိုယ်တိုင် လျှောက်ထားရန်လိုပါသည်။ လျှောက်ထားခမှာ စင်းဒေါ်လာ ၆၀ ဖြစ်ပြီး Pass approve ဖြစ်ပြီး ထုတ်ယူလျှင် နောက်ထပ် ၁၅၀ ထပ်ပေးရမည်။ (Multiple journey visa ရပါက တစ်ခုလျှင် ၃၀ စီပေးရမည်။
            Online မှ လျှောက်လျှင် (အလုပ်လုပ်ရက်) ၇ ရက်ကြာမည်။ လူကိုယ်တိုင်လျှောက်လျှင် ၅ ပတ်ကြာမည်။ (ဤတွင် အလုပ်လုပ်ရက် ဆိုသည်မှာ စနေ၊ တနင်္ဂနွေနေ့များကို ထည့်မတွက် ဟု ဆိုလိုခြင်းဖြစ်၏။)
            Pass approve ဖြစ်လျှင် IPA (In-Principle Approval letter) ထုတ်ပေးပါလိမ့်မည်။ ထိုစာသည် single entry visa ဖြစ်၍ ထိုစာဖြင့် စင်ကာပူသို့ လာနိုင်သည်။
            IPA letter ရပြီး ၆ လအတွင်း စင်ကာပူသို့ လာရမည်။ ထို့နောက် ကဒ်ထုတ်ရန် ပိုက်ဆံ ၁၅၀ ကို eNETS, credit or debit, GIRO စသည့် နည်းများဖြင့် ပေးရပါမည်။ (ငွေသားဖြင့်ပေးချေခြင်း လက်မခံပါ။) ထို့နောက် လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ပါ။
ထို့နောက် Notification Letter ကို ပရင့်ထုတ်ကာ Pass Card ကို စောင့်ပါ။ Pass Card မရမီစပ်ကြား Notification Letter ဖြင့် စင်ကာပူသို့ ၀င်/ထွက်ခြင်း ပြုနိုင်သည်။

Pass ထုတ်ရန် အောက်ပါ အချက်အလက်များလိုပါသည်။
  • လျှောက်ထားသူ၏ ပတ်စ်ပို့အချက်အလက်များ
  • လောလောဆယ်ကိုင်ထားသည့် short term visit pass အချက်အလက်များ
  • စင်ကာပူတွင် နေထိုင်နေသည့် လိပ်စာ
  • ကဒ်ရသည့်အခါ ပို့ပေးရမည့်လိပ်စာ
  • ကဒ်ရသည့်အခါ အကြောင်းကြားရမည့် သူတစ်ဦးဦး၏ ဖုံးနံပါတ်၊ အီးမေး


အောက်ပါစာရွက်စာတမ်းများကို pdf format ဖြင့်ပို့ပေးရန် လိုကောင်းလိုပါလိမ့်မည်။
Ø  White Card
Ø  ဆေးစစ်ချက်မှတ်တမ်း သို့မဟုတ် ကျန်းမာရေးကောင်းကြောင်း မိမိဘာသာ ၀န်ခံချက်
Ø  IPA letter နှင့်တွဲပေးလိုက်သော ဖြည့်ထားသည့် declaration form

ထို့နောက် S Pass dependant အတွက် တစ်ပတ်အတွင်း၊ EP dependant အတွက် နှစ်ပတ်အတွင်း -
Ø  လက်ဗွေနှိပ်ပါ။ ဓာတ်ပုံရိုက်ပါ။
Ø  MOM တွင် appointment ယူပါ။
Ø  Appointment ရက်တွင် အောက်ပါစာရွက်စာတမ်းများ ယူဆောင်သွားပါ။
·       Appointment letter.
·       Notification letter.
·       Documents listed in the IPA letter and notification letter.

စာရွက်စာတမ်းများ စစ်ဆေးအတည်ပြုပြီး (အလုပ်လုပ်ရက်) လေးရက်အကြာတွင် ကဒ်ပို့ပေးရန်ဖော်ပြခဲ့သည့် လိပ်စာသို့ ကဒ်ပို့ပေးပါလိမ့်မည်။

           
၃၊ ၂။ Long-Term Visit Pass (MOM)

Long Term Visit Pass လျှောက်ရန် အောက်ပါ စာရွက်စာတမ်းများလိုသည်။

v လျှောက်ထားသူ၏ ဓာတ်ပုံပါ ပတ်စ်ပို့စာမျက်နှာ မိတ္တူ
v ဇနီး/ခင်ပွန်းဖြစ်သူအတွက် လျှောက်လျှင် လက်ထပ်စာချုပ်၊ သို့မဟုတ် လင်မယားဖြစ်ကြောင်း သံရုံးမှထောက်ခံစာ သို့မဟုတ် လျှောက်ထားသူသည် မိမိ၏ လင်/မယား ဖြစ်ကြောင်း ကျမ်းကျိန်လွှာ
v လက်မထပ်ရသေးသည့် အသက် ၂၁ နှစ်အထက် မသန်မစွမ်းသားသမီးများအတွက် လျှောက်လျှင် ကလေး၏ ကျန်းမာရေးအခြေအနေကို ဖော်ပြထားသော ဆရာဝန်၏ ဆေးစာ
v လက်မထပ်ရသေးသည့် အသက် ၂၁ နှစ်အောက် မွေးစားသားသမီးများအတွက် လျှောက်လျှင် မွေးစားကြောင်းအထောက်အထားစာရွက် စာတမ်း နှင့် မိခင်ဘခင်အရင်းများ၏ စင်ကာပူသို့ခေါ်ယူခြင်းအတွက် ငြင်းရန်အကြောင်းမရှိပါကြောင်း ဖော်ပြထားသောစာ
v မိဘများအတွက် လျှောက်လျှင် မိဘများအမည်ကို  ဖော်ပြထားသည့် ခေါ်ယူသူ၏ မွေးစာရင်း

အကယ်၍ အထက်ဖော်ပြပါ စာရွက်စာတမ်းများသည် အင်္ဂလိပ်ဘာသာဖြင့်မဟုတ်ပါက အင်္ဂလိပ်ဘာသာပြန် (Notri Public) ပေးရမည်။
Long Term Visit Pass ကို အလုပ်ရှင် သို့မဟုတ် မိမိတို့ခန့်အပ်ထားသော အေးဂျင့်က လျှောက်ထားပေးနိုင်သည်။ online မှ လျှောက်ထားနိုင်၏။ သို့သော် EP များကလျှောက်ထားမည်ဆိုလျှင် လူကိုယ်တိုင် လျှောက်ထားရန်လိုပါသည်။
လျှောက်ထားခမှာ စင်းဒေါ်လာ ၃၀ ဖြစ်ပြီး Pass approve ဖြစ်ပြီး ထုတ်ယူလျှင် နောက်ထပ် ၆၀ ထပ်ပေးရမည်။ (Multiple journey visa ရပါက တစ်ခုလျှင် ၃၀ စီပေးရမည်။
            Online မှ လျှောက်လျှင် (အလုပ်လုပ်ရက်) ၇ ရက်ကြာမည်။ လူကိုယ်တိုင်လျှောက်လျှင် ၅ ပတ်ကြာမည်။ Pass approve ဖြစ်လျှင် IPA (In-Principle Approval letter) ထုတ်ပေးပါလိမ့်မည်။ ထိုစာသည် single entry visa ဖြစ်၍ ထိုစာဖြင့် စင်ကာပူသို့ လာနိုင်သည်။
            IPA letter ရပြီး ၆ လအတွင်း စင်ကာပူသို့ လာရမည်။ ထို့နောက် ကဒ်ထုတ်ရန် ပိုက်ဆံ ၆၀ ကို eNETS, credit or debit, GIRO စသည့် နည်းများဖြင့် ပေးရပါမည်။ (ငွေသားဖြင့်ပေးချေခြင်း လက်မခံပါ။) ထို့နောက် လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ပါ။
ထို့နောက် Notification Letter ကို ပရင့်ထုတ်ကာ Pass Card ကို စောင့်ပါ။ Pass Card မရမီစပ်ကြား Notification Letter ဖြင့် စင်ကာပူသို့ ၀င်/ထွက်ခြင်း ပြုနိုင်သည်။

Pass ထုတ်ရန် အောက်ပါ အချက်အလက်များလိုပါသည်။
  • လျှောက်ထားသူ၏ ပတ်စ်ပို့အချက်အလက်များ
  • လောလောဆယ်ကိုင်ထားသည့် short term visit pass အချက်အလက်များ
  • စင်ကာပူတွင် နေထိုင်နေသည့် လိပ်စာ
  • ကဒ်ရသည့်အခါ ပို့ပေးရမည့်လိပ်စာ
  • ကဒ်ရသည့်အခါ အကြောင်းကြားရမည့် သူတစ်ဦးဦး၏ ဖုံးနံပါတ်၊ အီးမေး


အောက်ပါစာရွက်စာတမ်းများကို pdf format ဖြင့်ပို့ပေးရန် လိုကောင်းလိုပါလိမ့်မည်။
Ø  White Card
Ø  ဆေးစစ်ချက်မှတ်တမ်း သို့မဟုတ် ကျန်းမာရေးကောင်းကြောင်း မိမိဘာသာ ၀န်ခံချက်
Ø  IPA letter နှင့်တွဲပေးလိုက်သော ဖြည့်ထားသည့် declaration form

ထို့နောက် S Pass dependant အတွက် တစ်ပတ်အတွင်း၊ EP dependant အတွက် နှစ်ပတ်အတွင်း -
Ø လက်ဗွေနှိပ်ပါ။ ဓာတ်ပုံရိုက်ပါ။
Ø MOM တွင် appointment ယူပါ။
Ø Appointment ယူရာတွင် အောက်ပါစာရွက်စာတမ်းများ ယူဆောင်သွားပါ။
·       Appointment letter.
·       Notification letter.
·       Documents listed in the IPA letter and notification letter.

စာရွက်စာတမ်းများ စစ်ဆေးအတည်ပြုပြီး (အလုပ်လုပ်ရက်) လေးရက်အကြာတွင် ကဒ်ပို့ပေးရန်ဖော်ပြခဲ့သည့် လိပ်စာသို့ ကဒ်ပို့ပေးပါလိမ့်မည်။


၃၊ ၃။ Long-Term Visit Pass (ICA)

၃၊ ၃ ၊၁။ Singapore PR ၏ ဇနီး/ခင်ပွန်းအတွက် လျှောက်ခြင်း

လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

  • လျှောက်ထားသူ၏ သက်တမ်း ၆ လရှိသေးသော ပတ်စ်ပို့မိတ္တူ (ဓာတ်ပုံပါသည့်စာမျက်နှာ)
  • White Card
  • Sponsor ဖြစ်သူ၏ PR card မိတ္တူ
  • လက်ထပ်စာချုပ်
  • ကိုယ်ဝန်ဆောင်ဖြစ်လျှင် မည်သည့်ရက်တွင် မွေးမည်ဟူသည့် ဆရာဝန်၏ထောက်ခံစာ
  • ကလေး၏မွေးစာရင်းလက်မှတ် (ရနိုင်လျှင်)
  • Sponsor ဖြစ်သူ၏ အမြင့်ဆုံး ပညာအရည်အချင်းအောင်လက်မှတ် မိတ္တူ
  • Sponsor ဖြစ်သူ၏ အလုပ်စတင်ခန့်သည့်ရက်၊ လစာ စသည်တို့ဖော်ပြထားသည့် အလုပ်ခန့်စာမိတ္တူ
  • Sponsor ဖြစ်သူ၏ ၃ နှစ်စာ Income Tax Assessment နှင့် ၁၂ လစာ CPF Contribution history
  • Form 14 အပေါ်ဆုံး ညာဘက်ထောင့်တွင်ကပ်ရန် မကြာသေးမီက ရိုက်ထားသည့် ပတ်စ်ပို့ဓာတ်ပုံတစ်ပုံ


မှတ်ချက်။             ။ လျှောက်ထားသူအား မိမိ၏ ဇနီး/ခင်ပွန်းက sponsor ပေးရမည်။

လျှောက်ထားပုံ

e-VP ဖြင့် Online လျှောက်နိုင်ပါသည်။ (e-VP link ကို comment တွင် ကြည့်ပါ။)

အရေးကြီးသော မှတ်သားရန် အချက်များ

  •  လျှောက်ထားသူသည် စင်ကာပူတွင်နေထိုင်ရန် valid visit pass ရှိနေရမည်။
  • လျှောက်ထားသူ၏ပတ်စ်ပို့ကို လျှောက်ထားသူတစ်ဦးတည်းကသာ ပိုင်ဆိုင်ထားခြင်း ဖြစ်စေရမည်။
  • လျှောက်ထားသူနှင့် Sponsor ဖြစ်သူအား အင်တာဗျူးခေါ်ချင်ခေါ်မည်။
  • တင်ထားသည့် စာရွက်စာတမ်းအားလုံး၏ မူရင်းကို မှန်ကန်ကြောင်းစစ်ဆေးရန် တင်ပြရမည်။ ထိုလက်မှတ်များသည် မြန်မာဘာသာနှင့်ဖြစ်နေပါက အင်္ဂလိပ်ဘာသာပြန်ဆို (Notri Public) ထားရမည်။
  • လိုအပ်ပါက လျှောက်ထားသူနှင့် Sponsor တို့သည် အခြားစာရွက်စာတမ်းများကိုပါ တင်ပြရမည်။
  • LTVP လျှောက်ထားခြင်း approve ဖြစ်ပါက IPA (In-principle Approval) letter ကို ICA website; e-VP’s status enquiry မှ print out ထုတ်ယူနိုင်သည်။
  • ထို့နောက် ဆေးစစ်ဆေးမှု ခံယူရမည်။ (အသက် ၁၅ နှစ်အောက်ဆိုလျှင်မူ မလိုပါ။)(Medical report ကို ၃ လ သာ သုံးနိုင်ပါသည်။)


  • လျှောက်လွှာကြေး - S$30
  • Extension Fee - S$40
  • Issuance Fee - S$60
  • Visa လိုပါက နောက်ထပ် ၃၀ ထပ်ပေးရမည်။


လျှောက်လွှာတင်သည်မှ approve ဖြစ်သည်ထိ ကြာမြင့်ချိန် - ၆ ပတ်
Sponsor ဖြစ်သူသည် security deposite တင်ရန် လိုချင်လိုပါလိမ့်မည်။ security deposite ကို Banker’s Guarantee, Cashier’s Order သို့မဟုတ် NETS တို့ဖြင့် ပေးနိုင်ပါသည်။

Completion of Formalities (Issuance of Long-Term Visit Pass)

နောက်ဆုံးအဆင့် လိုအပ်သည်များပြုလုပ်ရန် appointment ယူရပါသည်။ မိမိအဆင်ပြေမည့်ရက်ကို ICA website; e-Appointment တွင် ရွေးရ၏။ Appointment ရက်တွင် ICA ရုံး၊ လေးထပ်တွင် Self-Service Ticketing Kiosk ၌ Q နံပါတ် (တန်းစီလက်မှတ်) ယူပါ။ ထို့နောက် လိုအပ်သည်များကို သူတို့ပြောသည့်အတိုင်း လုပ်သွားရုံသာ ဖြစ်ပါသည်။
ဤအဆင့်မှာ LTVP ရရန် နောက်ဆုံးအဆင့် ဖြစ်၏။

သားသမီး/မိဘ စသည်တို့အတွက် လျှောက်ရာတွင်လည်း အတူတူပင်ဖြစ်၍ ထပ်မံ မဖော်ပြတော့ပါ။

ကျေးဇူးတင်ပါသည်။


အေးငြိမ်း
၃၀ ဇွန်၊ ၂၀၁၅။ ည ၁၁း၂၀ နာရီ


Reference Links:


No comments: