Thursday, July 16, 2015

Employment Pass (EP)

အောက်ပါ နိုင်ငံခြားသားတို့သည် EP လျှောက်ထားနိုင်၏။

Ø  မန်နေဂျာ၊ အမှုဆောင်၊ လုပ်ငန်းတစ်ခု၌ အထူးကျွမ်းကျင်သူ (Managerial, executive, specialised job) ရာထူးများ၌
Ø  အနည်းဆုံး လခ ၃၃၀၀ ရသူ (ပိုမိုကျွမ်းကျင်သူ၊ လုပ်သက်ရင့်သူများအဖို့ ထို့ထက် ပိုရသင့်သည်။)
Ø  တက္ကသိုလ်မှ ဘွဲ့ကောင်းတစ်ခုခုရသူ၊ ပရော်ဖက်ရှင်နယ် အရည်အသွေးရှိသူ၊ အထူးကျွမ်းကျင်သူ
Ø  မည်သည့်လူမျိုးမဆို လျှောက်နိုင်သည်။

EP လျှောက်ရန် အရည်အသွေး ပြည့်မီခြင်း ရှိမရှိ SAT (Self-Assessment Tool) ဖြင့် မိမိဘာသာ စစ်ဆေးနိုင်သည်။
(SAT Link ကို ကွန်မင့်တွင် ပေးထားပါသည်။)

Self-Assessment Tool ဖြင့် စစ်ဆေးပြီး အရည်အချင်း မပြည့်မီဟု အဖြေထွက်လာပါက မလျှောက်ပါနှင့်။ Reject ဖြစ်ဘို့ များပါသည်။ အကယ်၍ အရည်အချင်း ပြည့်မီသည်ဟု အဖြေထွက်လာလျှင် ကျဘို့ ၉၀% သေချာပါသည်။

တက္ကသိုလ်ကောင်းများမှ ဆင်းလာသော ဘွဲ့ရစ အလုပ်သင်များသည်လည်း လခ ၃၃၀၀ ရလျှင် EP လျှောက်နိုင်ပါသည်။
အသက်ကြီးပြီး အတွေ့အကြုံရင့်သူများသည် EP ရရန် လခ ပိုရသင့်ပါသည်။

မှတ်ချက်

v  အတည်ပြုထားသော တက္ကသိုလ်များဟူ၍ စာရင်းလုပ်မထားပါ။ သို့တိုင် တက္ကသိုလ်များ၏ အဆင့်အတန်း၊ နိုင်ငံ၏ အဆင့်အတန်း စသည်တို့အပေါ်မူတည် စဉ်းစားပါမည်။
v  သတ်မှတ်ထားသော ပညာအရည်အချင်းမပြည့်မီသည့်တိုင် ငြင်းပယ် (reject) လိမ့်မည် မဟုတ်ပါ။ ထို့အတူ ပညာ အရည်အချင်းပြည့်မီတိုင်းလည်း EP ရ ကို ရ-ရမည်ဟု အာမမခံပါ။
v  ပညာအရည်အချင်းတစ်ခုတည်းသာမက သူလုပ်ကိုင်ခဲ့သော လုပ်ငန်းအတွေ့အကြုံ စသည်တို့ကိုလည်း လျှောက်ထားလာသူ တစ်ဦးချင်းစီကို သေချာစွာ စစ်ဆေးကြည့်မည် ဖြစ်ပါသည်။

မည်သူလျှောက်နိုင်သနည်း

နိုင်ငံခြားသားများအား EP အလုပ်မခေါ်မီ အလုပ်ရှင်သည် Jobs Bank မှ အနည်းဆုံး ၂ ပတ်ထိ စင်ကာပူနိုင်ငံသားများအတွက် ကြော်ငြာခေါ်ရမည်။ 
အလုပ်ရှင် သို့မဟုတ် အခွင့်အာဏာလွှဲအပ်ထားသည့် အခြားအဖွဲ့တစ်ခုခု က EP လျှောက်ထားနိုင်သည်။

လခ ၄၀၀၀ အထက်ရသူ EP holder သည် မိမိ မိသားစုဝင်တို့အတွက် အောက်ပါ pass များ လျှောက်ထားပေးနိုင်သည်။

မိသားစုဝင်
Pass type
တရားဝင်လက်ထပ်ထားသည့် အိမ်ထောင်ဖက်
Dependant's Pass
တရားဝင်မွေးစားသားသမီးအပါအ၀င် အသက် ၂၁ နှစ်အောက် လက်မထပ်ရသေးသော သားသမီးများ
Dependant's Pass
ရပ်ဓလေ့ရွာဓလေ့အရ လက်ထိပ်ထိမ်းမြားထားသူ
Long Term Visit Pass
လက်မထပ်ရသေးသော အသက် ၂၁ နှစ်အထက် မသန်မစွမ်း သားသမီးများ
Long Term Visit Pass
လက်မထပ်ရသေးသော အသက် ၂၁ နှစ်အောက် လင်ပါ/မယားပါ သားသမီးများ
Long Term Visit Pass
မိဘများ (EP holder သည် အနည်းဆုံး လခ ၈၀၀၀ ရရမည်။)
Long Term Visit Pass

အလုပ်ရှင်သည် မိသားစုဝင်တစ်ဦးစီအတွက် လျှောက်လွှာတစ်စောင်စီ တင်ရမည်။ ထိုလျှောက်လွှာများကို EP လျှောက်လွှာ နှင့် အတူသော်လည်းကောင်း၊ သီးခြားစီသော်လည်းကောင်း လျှောက်ထားနိုင်သည်။

EP လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ

လျှောက်ထားသူ၏ ဓာတ်ပုံပါသော ပတ်စ်ပို့စာမျက်နှာ မိတ္တူ
ကုမ္ပဏီ၏ နောက်ဆုံး Business profile
လျှောက်ထားသူ၏ ပညာအရည်အချင်းအောင်လက်မှတ်များ (လက်မှတ်များသည် အခြားဘာသာနှင့်ဖြစ်နေပါက အင်္ဂလိပ်ဘာသာပြန် (Notri Public) ပေးရပါမည်။)

လျှောက်လွှာတင်ခများ

Ø  လျှောက်ထားခြင်းအတွက် - $70
Ø  Pass ထုတ်ပေးလျှင် - $150
Ø  Multiple Journey Visa လိုမည်ဆိုပါက - $30 ထပ်ပေးရမည်။

မည်မျှကြာမည်နည်း

Online လျှောက်ခြင်းအတွက် - ၇ ရက်
လူကိုယ်တိုင် လျှောက်ထားခြင်းအတွက် - ၅ ပတ်

လျှောက်ထားခြင်း အဆင့်ဆင့်

Ø  EP Online မှ တင်ပါ။
Ø  လျှောက်လွှာတင်ခ $70 ပေးပါ။ Visa/Master Card or eNets များဖြင့် ပေးချေနိုင်ပါသည်။
Ø  (ရုံးဖွင့်ရက်) ၇ ရက်ကြာသောအခါ လျှောက်ထားမှုအခြေအနေကို စစ်ဆေးနိုင်ပါသည်။
Ø  Pass approve ဖြစ်လျှင် IPA (In-Principle Approval) letter ကို ပရင့်ထုတ်ပါ။ ထိုစာရွက်ဖြင့် ဗီဇာမလိုဘဲ စင်ကာပူနိုင်ငံ အတွင်း ၀င်လာလို့ ရသည်။
Ø  IPA ရပြီး ၆ လအတွင်း စင်ကာပူနိုင်ငံသို့ လာရမည်။

EP Online တွင် လိုအပ်သော စာရွက်စာတမ်းများ တင်ပါ။
ပိုက်ဆံ $150 ပေးပါ။
Multiple Journey Visa လိုမည်ဆိုပါက - $30 ထပ်ပေးပါ။
Pass ထုတ်ပေးပြီဆိုပါက notification letter ကို ပရင့်ထုတ်ပါ။ Pass ရရန် စောင့်နေစဉ် ထို notification letter ဖြင့် စင်ကာပူနိုင်ငံအတွင်း ၀င်/ထွက် ၍ ရသည်။
ထို့နောက် လက်ဗွေနှိပ်၊ ဓာတ်ပုံရိုက်ပါ။
notification letter သည် တစ်လသက်တမ်းသာ ရှိ၏။ ကိစ္စများမပြီးပြတ်သေးပါက extend လုပ်ရပါမည်။

Pass ထုတ်ရန် အောက်ပါ အချက်အလက်များလိုပါသည်။
Ø  လျှောက်ထားသူ၏ ပတ်စ်ပို့အချက်အလက်များ
Ø  လောလောဆယ်ကိုင်ထားသည့် short term visit pass အချက်အလက်များ
Ø  စင်ကာပူတွင် နေထိုင်နေသည့် လိပ်စာ
Ø  ကဒ်ရသည့်အခါ ပို့ပေးရမည့်လိပ်စာ
Ø  ကဒ်ရသည့်အခါ အကြောင်းကြားရမည့် သူတစ်ဦးဦး၏ ဖုံးနံပါတ်၊ အီးမေး

အောက်ပါစာရွက်စာတမ်းများကို pdf format ဖြင့်ပို့ပေးရန် လိုကောင်းလိုပါလိမ့်မည်။
Ø  White Card
Ø  ဆေးစစ်ချက်မှတ်တမ်း သို့မဟုတ် ကျန်းမာရေးကောင်းကြောင်း မိမိဘာသာ ၀န်ခံချက်
Ø  IPA letter နှင့်တွဲပေးလိုက်သော ဖြည့်ထားသည့် declaration form

Pass ရပြီး ၂ ပတ်အတွင်း appointment ယူပါ။
Appointment ရက်တွင် အောက်ပါစာရွက်စာတမ်းများ ယူဆောင်သွားပါ။
·       Appointment letter.
·       Notification letter.
·       Documents listed in the IPA letter and notification letter.

စာရွက်စာတမ်းများ စစ်ဆေးအတည်ပြုပြီး (အလုပ်လုပ်ရက်) လေးရက်အကြာတွင် ကဒ်ပို့ပေးရန်ဖော်ပြခဲ့သည့် လိပ်စာသို့ ကဒ်ပို့ပေးပါလိမ့်မည်။

Employment of Foreign Manpower Act (Work Passes) Regulations

Third Schedule

Part I

၁။ အလုပ်ရှင်သည် အလုပ်ခန့်ထားခြင်းအတွက် အလုပ်သမားထံမှ အကျိုးအမြတ် တစုံတရာ မတောင်းခံရ။

Sixth Schedule

Part I

၁။ အလုပ်ရှင်သည် အလုပ်ခန့်ထားခြင်းအတွက် အလုပ်သမားထံမှ အကျိုးအမြတ် တစုံတရာ မတောင်းခံရ။
၂။ အလုပ်ရှင်သည် ပုံသေလစာ (Fixed monthly salary = Basic monthly salary + fixed monthly allowances) ကို လစာထုတ်ရက်မှ ၇ ရက်ထက်နောက်မကျစေဘဲ ပေးရမည်။
၅။  Fixed monthly allowances တွင် အချိန်ပိုဆင်းခ၊ ဘိုးနပ်၊ ကော်မရှင်၊ နှစ်တိုးလစာ၊ ဆုကြေး၊ ပင်စင် စသည်တို့မပါစေရ။



Part II

၂။ EP လျှောက်စဉ်က ကြေငြာထားသော လခထက် လျှော့မည်ဆိုလျှင် အလုပ်ရှင်သည် MOM သို့ တင်ကြို အကြောင်းကြား ရမည်။
၃။ အကယ်၍ လျှော့လိုက်သော လခသည် ဥပဒေတွင်ဖော်ပြထားသောလခ (S$3300) ထက် လျော့နည်းနေသည် ဆိုပါက EP အဖြစ် ဆက်လက်ခန့်ထားနိုင်ခွင့်မရှိ။ အခြား သင့်တော်သော Pass တစ်ခုခုကို ပြောင်းလဲလျှောက်ထားရမည်။
၃က။ အကယ်၍ မိမိဝန်ထမ်းသည် EP အရည်အချင်းနှင့် ကိုက်ညီသေးသည်ဆိုလျှင် လျှော့လိုက်သော လခသည် ၃၃၀၀ ထက် မနည်းစေရ။

Part III

၁။ EP တစ်ဦးသည် မိမိနေထိုင်သည့် လိပ်စာကို MOM သို့ အကြောင်းကြားရမည်။ နောက်ထပ် လိပ်စာပြောင်းတိုင်းလည်း လိပ်စာ ပြောင်းပြီး ၁၄ ရက်ထက် နောက်မကျစေဘဲ MOM သို့ အကြောင်းကြားရမည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂ ဇူလိုင်၊ ၂၀၁၅။ နေ့လည် ၁၂း၅၀ နာရီ


Ref:

No comments: