Tuesday, July 21, 2015

မီးဖွားခွင့်အကြောင်း သိကောင်းစရာ

မကြာခဏ မေးလာကြသဖြင့် မီးဖွားခွင့်အကြောင်း ရေးသားလိုက်ရပါကြောင်း။ ဤတွင်ရေးထားသည်များအားလုံးမှာ MOM website, Maternity Leave အကြောင်းမှ ဖြစ်ပါသည်။

မွေးလာမည့်ကလေးသည် စင်ကာပူနိုင်ငံသားဖြစ်ပါက အလုပ်လုပ်နေသောမိခင်သည် မီးဖွားခွင့် ၁၆ ပတ်ရသည်။ ထိုခွင့်ရက်များအတွက် အစိုးရက လခပေးသည်။

အောက်ဖော်ပြပါအချက်များနှင့် ကိုက်ညီပါက (မွေးလာမည့်ကလေးသည် စင်ကာပူနိုင်ငံသားမဟုတ်ပါက) အလုပ်လုပ်နေသော မိခင်သည် (Employment Act အရ) မီးဖွားခွင့် ၁၂ ပတ် ခံစားခွင့်ရ၏။

ü မိခင်သည် Employment Act အောက်တွင် အကြုံးဝင်ရမည်။
ü ကလေးမီးမဖွားမီ မိခင်သည် လက်ရှိအလုပ်ရှင်ထံတွင် အနည်းဆုံး ၃ လ တစ်ဆက်တည်း အလုပ်လုပ်ထားသူ ဖြစ်ရမည်။

အကယ်၍ မိခင်သည် -

Ø  ကလေးမီးမဖွားမီ မိခင်သည် လက်ရှိအလုပ်ရှင်ထံတွင် အနည်းဆုံး ၃ လ တစ်ဆက်တည်း အလုပ်လုပ်ထားသူ။
Ø  ကလေးမီးဖွားသည့်အချိန်တွင် အတူနေ မိမိ၏သားသမီးအရင်း ၂ ယောက်ထက်ပိုနည်းသူ။
-       ဖြစ်ပါက အလုပ်ရှင်သည် မီးဖွားခွင့် ၁၂ ပတ်မှ ပထမ ၈ ပတ်အတွက် လခပေးရမည်။

v  မိခင်သည် မိမိ မီးဖွားခွင့်မယူမီ အနည်းဆုံး တစ်ပတ်ကြိုတင်၍ အလုပ်ရှင်ကို အကြောင်းကြားရမည်။ အကယ်၍ အကြောင်းကြားရန် ပျက်ကွက်ပါက အလုပ်ရှင်အနေနှင့် လခ၏ ထက်ဝက်ကိုသာ ပေးနိုင်သည်။
v  စာချုပ်ချုပ်ထားသည့်ကိစ္စများမှလွဲ၍ မီးဖွားခွင့် ၁၂ ပတ်မှ ကျန်သည့် ၄ ပတ်ကို လခပေးရန်မလို။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၉ ဇူလိုင်၊ ၂၀၁၅

No comments: