Friday, April 24, 2009

Living in Singapore XXII (Eating Style III)

Hawker Centre များရှိ အစားအသောက် စာရင်းများမှာ ဆိုင် အလိုက် အောက်ပါအတိုင်း ဖြစ်ပါ၏။ သို့သော် ဤစာရင်း မှာ အပြည့်အစုံ မဟုတ်ပါ။ အစားအသောက် အမယ် စုံလှသလို ဟင်းလျာ အမည်များမှာလည်း များပြားလှ၏။ နမူနာ မျှ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။



Chicken Rice Shops

1. Roasted Chicken Rice
2. Roasted Duck Rice
3. Roasted Pork Rice
4. Steamed Chicken Rice
5. Roasted Chicken Noodle
6. Shredded Chicken Hot Fun
7. Char Siew Roasted Pork Rice
8. Char Siew Rice

Soups

1. Fish Ball Noodle
2. Fish Ball Noodle Soup
3. Fish Ball Minced Meat Noodle
4. Miniwork Noodle
5. Wanton Noodle
6. Wanton Soup
7. Dumpling Noodle
8. Dumpling Soup
9. Fried Dumpling
10. Fried Wanton
11. Thai Style Beancurd
12. Oyster Sauce Vegetable
13. Old Cucumber Porkrib Soup
14. Sweet Corn Soup
15. Peanut Soup
16. Winter Melon Soup

Fish Soup Ramen

1. Chicken Tomato Ramen
2. Hearty Mushroom Ramen
3. Meat with Special Sauce Ramen
4. Hot & Spicy Beef Ramen
5. Spicy Seafood Ramen
6. Cryspy Chicken Ramen

Western Food

1.Spring Chicken
2. Fried Wings Set (Chicken)
3. Chicken Cullet
4. Chicken Cullet Rice
5. Chicken Chop
6. Lamb Chop
7. Beef Steak
8. Fish & Chips
9. Lamb Chop hot plate
10. Prime Quality .......Steak
11. Happiness Plate (3 pcs of chicken)
12. Chicken / Fish Burger
13. Black Pepper Chicken with Rice
14. Black Pepper Fixh with Rice

1. Mee Rebus
2. Mee Siam
3. Traditional Chicken Laksa
4. Fried Fish Dumpling
5. Handmade Otah
6. Cray Fish Prawn Horfun
7. Nasi Lemak

1. Fried Rice
2. Fried Noodle
3. Hong Kong Noodle
4. Fish Head Curry
5. Curry Chicken

Mc Donald, KFC, Pizza Hut နှင့် Restaurants များ

စင်ကာပူသည် နိုင်ငံငယ်သလောက် လူမျိုးလည်း စုံလှကာ၊ လူမျိုးစုံ ရှိသည့်အတွက် ပင် အစားအသောက် မျိုးစုံ လည်း ရပါ၏။ ဥရောပမှ အီတလီစာ၊ တူရကီစာ၊ ပြင်သစ်စာ၊ အင်္ဂလိပ်စာ၊ အာရှမှ ကိုးရီးယားစာ၊ ဂျပန်စာ၊ ထိုင်းစာ၊ အိန္ဒိယစာ၊ မလေးစာ၊ တရုပ်စာ၊ ဖိလစ်ပိုင်စာ၊ မြန်မာစာ၊ ကြံကြံဖန်ဖန် ဗီယက်နမ်စာ ပင် ရနိုင်ပါသေးသည်။
ကမ္ဘာတစ်ဝှမ်း ခေတ်စားနေသည့် Mc Donald, KFC နှင့် Pizza Hut ဆိုင်များမှာမူ စင်ကာပူ တစ်နိုင်ငံလုံး မှိုလို ပေါက် နေပါသည်။







မြန်မာ အစားအစာများ

မြန်မာ စားသောက်ဆိုင် အများစုမှာ စင်ကာပူရှိ မြန်မာဆိုင်များ စုဝေးရာ ပင်နင်စူလာ ပလာဇာတွင် ရှိပါသည်။ အင်းလေး မြန်မာ စားသောက်ဆိုင်၊ မြနန္ဒာ စားသောက်ဆိုင်၊ ရွှေဝါမြေ စားသောက်ဆိုင်၊ ရဲရင့်၊ ၀င်းမြန်မာ စသဖြင့် ယခု အခါ မြန်မာ စားသောက်ဆိုင်များ အများ အပြား ရှိလာပြီ ဖြစ်ပါသည်။ မြန်မာ စားသောက် ဆိုင်များ ဖြစ်သည့် အတွက် မြန်မာ အစားအစာ များသာ ရောင်းချပါ၏။ လဖက်ရည် သည် ပင်လျှင် မြန်မာပြည်မှ လဖက်ရည် အရသာ အတိုင်း ဖြစ်ပါသည်။ မြန်မာပြည် အလွမ်းပြေ မြန်မာစာ စားသောက်လိုသူများ အတွက် အလွန် အဆင်ပြေပါသည်။
သို့သော် စင်ကာပူ ဆိုင်များနှင့် ကွာသည်မှာ စင်ကာပူမှ မြန်မာဆိုင် များသည်လည်း ဗမာပြည်မှ ဆိုင်များ ကဲ့သို့ ပင် ဟင်းဗန်းများကို သည် အတိုင်း ထားရာ ထမင်းအေး၊ ဟင်းအေး များကိုသာ စားရပါသည်။ စင်ကာပူ မှ ဆိုင်များ ကဲ့သို့ ရေနွေးမြောင်းများ ထည့်ရန် မစဉ်းစားသည်လား။ ဗမာများသည် ထမင်းပူ၊ ဟင်းပူကို မကြိုက်သဖြင့် တမင် မထည့်ပဲ ထားလေသလား။ ကျွန်တော် သေသေချာချာ မသိပါ။
ထို ဆိုင်များတွင် ဟင်း အမယ်ပေါင်းစုံကို ရနိုင်ပါသည်။
မြင်းခွါရွက်သုတ်၊ ရှောက်သီးသုပ်၊ ခရမ်းချဉ်သီး သုပ်၊ လဖက် သုပ်၊ သရက်ချဉ် သုပ်၊ ငါးချဉ် သုပ်၊ ပုဇွန်ချဉ် သုပ် စသည့် အသုပ် ပေါင်းစုံ။
ဝက်သား အချို၊ အစပ်၊ ၀က်သား မျှစ်ချဉ်၊ ၀က်ကလီစာ၊ ဆိတ်သား၊ ဆိတ်ကလီစာ၊ ကြက်ကြော်၊ ကြက်သား အစပ်ချက်၊ အချိုချက်၊ အမဲနှပ် စသော အသားဟင်း ပေါင်းစုံ။
ငါးဖယ်ငါးဆုပ်၊ ငါးမြင်း၊ ငါးခူနှပ်၊ ငါးရံ့အူ၊ ငါးသလဲထိုး၊ ငါးသလောက်ပေါင်း၊ ငါးကြီးခြောက် ကြပ်တိုက်ကြော် စသည့် ငါးဟင်း အမယ်မျိုးစုံ။
ပဲပြုပ်၊ ချဉ်ပေါင်ရွက်ကြော်၊ ဟင်းသီးကုလားဟင်း၊ ပဲသီးကြော်၊ ရုံးပတီသီးကြော်၊ ခရမ်းချိုသီး သုပ် စသည့် ဟင်းသီး ဟင်းရွက် ကြော်၊ ချက် များ။

ယခုအခါတွင်မူ စင်ကာပူတွင် လာရောက် အလုပ်လုပ်သူ၊ အမြဲ နေထိုင်သူ၊ နိုင်ငံသားခံ ယူသူများ စသဖြင့် တစ်နေ့ထက် တစ်နေ့ တိုးတက်များ ပြားလာသည် ဖြစ်ရာ မြန်မာဆိုင်များမှာလည်း စင်ကာပူ နိုင်ငံ အနှံ့အပြားတွင် ပေါ်ပေါက် တိုးပွား လာလျှက် ရှိပါသည်။ Boon Lay Place Shopping Centre တွင် လည်းကောင်း၊ Clementi တွင် လည်းကောင်း မြန်မာ စားသောက်ဆိုင်များကို တွေ့လာရပါသည်။
မြန်မာ ငါး များကို ရောင်းသည့်ဆိုင်လည်း ပင်နင်စူလာ တွင် ရှိပါသည်။ အခြား ထွေလီကာလီ မြန်မာ ချက်ပြုတ် စရာများ ၀ယ်လိုလျှင် Golden Mile ရှိ ယိုးဒယား ဆိုင်များသို့ သွားပါ။ ဆူးပုပ်ရွက် နှင့် ပတတ်စာ၊ ဖားလတက် စသော ဗမာများ စားတတ်သည့် အစာမှန်သမျှ (ငါးပိ၊ ငံပြာရည် အပါအ၀င်) ရနိုင်ပါသည်။

No comments: