Wednesday, September 21, 2016

Travel Restraint System

၁။ ဖောင်ဝပ်၏ ပွင့်နေသော ကြမ်းစွန်းအားလုံးကို လက်ရမ်းတန်းများဖြင့် ကာရံထားရမည်။ လက်ရမ်းတန်းများကို အောက်ပါ စံနှုန်းအတိုင်း တပ်ဆင်ရမည်။

(Credit: CP_Working Safely at Height)



ဖောင်ဝပ်၏ အစွန်းအားလုံးအား ကာရံထားသည်ကို တွေ့ရပုံ

၂။ ဖောင်ဝပ်ပေါ် တက်/ဆင်းရန် လှေခါး ဆင်ပေးထားရမည်။ လှေခါးဆိုသည်မှာ အထစ်လှေခါး (step ladder) မဟုတ်ပါ။ Staircase လှေခါးကို ဆိုလိုပါသည်။ Staircase လှေခါးကို ငြမ်းဆင်၍ ပြုလုပ်လို့ ရပါသည်။ အောက်တွင် ငြမ်းလှေခါးဆင်ရန် နမူနာအချို့ကို ဖော်ပြလိုက်ပါသည်။





၃။ ဖောင်ဝပ်ပတ်လည် လက်ရမ်းတန်းများတပ်ဆင်ရာတွင် တပ်ဆင်သူအား အစွန်းမှ ပြုတ်မကျ အောင် အကာအကွယ် (preventive measure) ပြုလုပ်ပေးထားရမည်။ ထိုအကာအကွယ်ကို ရွေ့လျားခြင်းကို ထိန်းချုပ်သည့်စနစ် (travel restraint system) ဟု ခေါ်၏။

Travel restraint system အတွက် အောက်ပါပစ္စည်းများ လိုပါသည်။
1.     Safety harness or restraint belt
2.     Life line

Travel restraint system ဆိုသည်မှာ အစွန်းတွင် အလုပ်လုပ်နေသူအဖို့ အစွန်းမှကျော်ပြီး အောက်သို့ ပြုတ်မကျစေရန် နောက်မှ ကြိုးဖြင့် ဆွဲထားသည့်စနစ်ကို ခေါ်ပါသည်။ အောက်ပါပုံတွင် ကြည့်ပါ။ (Credit: CP_Working Safely at Height)


Travel restraint system သုံးရာတွင် အဓိကအရေးကြီးသည့်အချက်မှာ နောက်မှဆွဲထားသည့် ကြိုးသည် ကြမ်းပြင်အစွန်းထက် ပိုရှည်မနေစေရန် ဖြစ်၏။ ကြိုးသည် ကြမ်းပြင်အစွန်းမရောက်မီ လက်တကမ်းအလိုတွင် အလုပ်သမားကို ဆွဲထားစေရမည်။

၎။ အောက်တွင် travel restraint system သုံးပြီး ဖောင်ဝပ်အား လက်ရမ်းတန်းများ တပ်ဆင်ခြင်းကို သရုပ်ဖော်ပုံများဖြင့် ရှင်းလင်းဖော်ပြထားပါသည်။

၁။ ဖောင်ဝပ်ပေါ်တက်ရန် လှေခါးထောင်ပါ။


၂။ လှေခါးအခြေကို မရွေ့အောင် သစ်သားပြားကိုသံရိုက်၍ ထိန်းထားပါ။


၃။ လှေခါးထိပ်ကိုလည်း မရွေ့နိုင်စေရန် ကြိုးဖြင့် တုပ်နှောင်ထားပါ။


၎။ အသက်ကယ်ကြိုးများကို ခိုင်ခံ့သောနေရာတွင် ချည်နှောင်ပါ။


၅။ လှေခါးသည် ဆင်းမည့်ကြမ်းပြင်အထက် အနည်းဆုံး ၁ မီတာ (၃ ပေ) မြင့်နေရမည်။ အပေါ်ရောက်သည်နှင့် ကိုယ်သိုင်းကြိုးကို အသက်ကယ်ကြိုးတွင် ချိတ်ပါ။


၆။ အသက်ကယ်ကြိုးသည် အစွန်းမရောက်မီထိသာ ရှည်ရမည်။ အစွန်းထက် ပိုမနေစေရ။ အစွန်းနှစ်ဖက်မှ ပြုတ်ကျခြင်းကို ကာကွယ်ရန် အသက်ကယ်ကြိုး နှစ်ချောင်း သုံးရပါမည်။


၇။ ထို့နောက် လက်ရမ်းတန်းများ တပ်ဆင်ပါ။





၈။ လက်ရမ်းတန်းများ တပ်ဆင်ပြီးသွားလျှင် ပစ္စည်းများ လိမ့်ကျခြင်းမှ ကာကွယ်ရန် ခြေကာပြား (Toe board) များလည်း တပ်ဆင်ပါ။


ထို့ထက်ပိုပြီး သိလိုသေးပါက Working Safely At Height သင်တန်းပေးရန် ကျွန်တော့်ကို ဖိတ်ခေါ်လိုက်ပါ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၆ သြဂုတ်လ၊ ၂၀၁၆ နေ့လည် ၁၂း၄၂ နာရီ


No comments: