Tuesday, September 23, 2008

Environmental

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာ လူတိုင်းမှာ တာဝန်ရှိတယ်။ မဆင်မခြင် အရမ်း အရမ်း လုပ်ကြရင် ရှေ့ရှောက် ဒုက္ခရောက်ကြမယ်။ ခုဆိုပဲ ကမ္ဘာကြီးဟာ ဖျားနာနေပြီ။ နှစ်သန်းပေါင်းများစွာ ကြာပြီးမှ ရလာတဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မီးသွေး စတာတွေကို မတရား လောဘတွေနဲ့ မဆင်မခြင် အရမ်းကာရော ထုတ်နေကြရင် နောက်သိပ်မကြာခင် ကမ္ဘာကြီးဟာ အခွံပဲ ကျန်လိမ့်မယ်။ နှစ်ပေါင်းများစွာကြာမှ ဖြစ်လာတဲ့ သစ်ပင်ကြီးတွေကို မဆင်မခြင် သောက်ရမ်းကာရော ခုတ်ကြလို့ ခုပဲ ခင်ဗျားတို့ မတရားသဖြင့် ပူအိုက်လာပြီ၊ မိုးတွေခေါင်လာပြီ။ နောက် ဆူနာမီထက်ဆိုးတဲ့၊ နာဂစ်ထက် ဆိုးတဲ့ မုန်တိုင်းတွေ တွေ့ကြရလိမ့်မယ်။ အဲဒါ ဟာ ခင်ဗျားတို့ရဲ့ ၀ိသမလောဘတွေကြောင့် သဘာဝတရားကြီးက တန်ပြန်ပေးလိုက်တဲ့ မေတ္တာလက်ဆောင် တွေပဲ။ ခင်ဗျားတို့က သဘာဝလောကကြီးကို ချစ်ရင် သဘာဝလောကကြီးကလည်း ခင်ဗျားတို့ကို ပြန်ပြီး စောင့် ရှောက်ပါလိမ့်မယ်။ ဒါပါပဲ။ ဆရာ အော်ပီကျယ်ရဲ့ ကာတွန်းလေးတွေကို ခံစားကြည့်လိုက်ပါအုံး။



































No comments: