


ကျွန်တော် တွေးမိသလို ပြောဆိုပါမည် version အဆင့်ဆင့်မြင့်လာပြီးသကာလ စာရေးသူက သူ့စာ တွေကိုဖတ်လည်း ဖတ်ပါ၊ ဝေဖန်ချက်လည်းပေးပါဟု ပြောလာပါသည်။ ဟုတ်လည်းဟုတ်ပါသည်။ တကယ်တော့ ပြည်သူ့ဝန်ထမ်း၊ အစိုးရ၊ ပညာရေး၊ ဘသာရေး နှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးပါမကျန်၊ သူ့လို ၃၆၀. နီးပါး ထောင့်စုံအောင် (စီးပွားရေးလောက်ပဲ ကျန်သည်ဟု ထင်ပါသည်) တွေးမိ ရေးမိရန်မှာ တော်တော်တန်တန် ဗဟုသုတရှိရုံ၊ စေတနာရှိရုံ မျှနှင့် မဖြစ်နိုင်ပါ။ အသောကလေးတွေ ညှပ်ထားပြန်တော့ ဖတ်ရတာ ပိုသွက်ပါသည်။
အထက်ပါ နှိုင်းယှဉ်ချက်များကို သီအိုရီတစ်ခုအဖြစ် ဖော်ထုတ်သူမှာ မာရီယာနို ဂရွန်ဒိုနာ (Mariano Grondona) ဆိုသည့် အာဂျင်တိုင်းလူမျိုး ပညာရှင်ဖြစ်ပါသည်။ “လူ့ဘောင်နှစ်ခုကို စံနမူနာပြ တည်ဆောက် နိုင်ပါတယ်။ တစ်ခုက စီးပွားရေး ဖွံ့ဖြိုးမှုကို အားပေးတဲ့ ဓလေ့တွေချည်းပါတဲ့ လူ့ဘောင်ရယ်၊ နောက်တစ်ခုက ဆန့်ကျင်တဲ့ ဓလေ့တွေချည်းပါတဲ့ လူ့ဘောင်တွေပါပဲ....(သို့သော်) လက်တွေ့မှာတော့ တစ်ဖက်ထဲမှာပဲ လုံးဝဥဿုံချွန်နေတဲ့ တိုင်းပြည်ရယ်လို့ မရှိပါဘူး။ ဒါပေမဲ့ တစ်ဖက်ဖက်မှာ သိသိသာသာ အားကောင်းနေတဲ့ တိုင်းပြည်တွေတော့ ရှိပါတယ်” ဟု ဂရွန်ဒိုနာက ပြောသည်။ နိုင်ငံရေးသိပ္ပံပညာရှင် ရိုနယ်လ်ဒိ အင်ဂယ်လ် ဟာ့တ် (Ronald Inglehart) ကလည်း ဂရွန်ဒိုနာ၏ ယဉ်ကျေးမှု အခြေခံ ၂၅ ချက်ကို “ကမ္ဘာ့စံထားချက်များ စစ်တမ်း (World Values Survey)” နှင့် မှတ်ကျောက်တင် စစ်ဆေးကြည့်ခဲ့သည်။ ထိုစစ်တမ်းများမှာ အနှစ် ၂၀ ကျော်ကြာ ပုံမှန်ကောက်ယူခဲ့ပြီး ယခုဆိုလျှင် နိုင်ငံအားဖြင့် ၈၁ နိုင်ငံ၊ လူဦးရေအားဖြင့် ကမ္ဘာ့လူဦးရေ၏ ၈၅ ရာခိုင်နှုံး အတွင်း လူမှုရေးစံများနှင့် ခံစားတုန့်ပြန်မှုများကို လေ့လာသည်။ အဆိုပါ စစ်ဆေးချက်အရ လက်တွေ့ လေ့လာချက်များက ဂရွန်ဒိုနာ၏ သီအိုရီကို ထောက်ခံကြောင်း (အခြေခံ ၂၅ ချက်အနက် ၁၁ ချက် ကို အထူး ထောက်ခံ၊ ၃ ချက်ကို အသင့်အတင့် ထောက်ခံပြီး၊ ၂ ချက်တွင် မသိသာ၊ ၉ ချက်မှာ နှိုင်းယှဉ်မရ) အဖြေထွက်ခဲ့သည်။
ရောသမမွှေ၏ စာထဲကအတိုင်း ဖြစ်နေသော ကျွန်တော်တို့တိုင်းပြည်ကို အထက်ပါဇယားနှင့် ချိန်ထို့ကြည့်ပါက ဘယ်ဖက်ခြမ်းမှာ အလေးသာနေသလဲ ဆိုတာ ဘွင်းဘွင်းကြီးပေါ်လာပါလိမ့်မည်။ တဆက် တည်းမှာပင် ဘာတွေကို ဘယ်လို ပြုပြင်ရမည် ဆိုသောလမ်းစကိုလည်း တွေ့လာမည် ဟု ထင်ပါသည်။ အစိုးရပိုင်း အပါအ၀င်၊ NGO များ၊ တစ်သီးပုဂ္ဂလများမှ ကိုယ်စိတ်ဝင်စားရာ၊ ကျွမ်းကျင်ရာကို တတ်နိုင် သလောက် လုပ်ကြဖို့ပဲ ဖြစ်ပါသည်။
သို့သော် လက်တွေ့ ကြုံလာနိုင်သောပြဿနာမှာ အဆိုပါ ပြုပြင်ရေး အမြင်များကို နားဝင်အောင် ချပြရေးနှင့် ထိရောက်အောင် အကောင်အထည်ဖော်ရေး ပဲ ဖြစ်ပါလိမ့်မည်။ ဘုန်းကြီးများဖြစ်နေကြသော ကျွန်တော်တို့ မြန်မာလူမျိုးများကို နားဝင်အောင်စာချဖို့၊ ကိုအေးငြိမ်းတို့ ကိုရောင်နီဆန်းတို့လို လူစွမ်းကောင်း တွေ အများကြီးလိုပါကြောင်း။
၁။ ဆောင်းပါးမူရင်း Disaggregating “Culture” ကို Lawrence Harrison ၏ The Central Liberal Truth: How Politics Can Change a Culture and Save It from Itself, Oxford University Press, 2006 တွင် ဖတ်နိုင်ပါသည်။
No comments:
Post a Comment