Wednesday, August 14, 2013

3 in 1, Safety စာအုပ်


  • OSHAS 18001 မြန်မာပြန်ကို ပထမပိုင်း
  • Safety Management System for SME မြန်မာပြန်ကို ဒုတိယပိုင်း
  • လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) ကို တတိယပိုင်း


ဆိုပြီး -

3 in 1, Safety စာအုပ်ထုတ်ပါမယ်။ 
သုံးလေးလအတွင်း ပြီးလောက်ပါရဲ့။

စောင့်မျှော်အားပေးကြဘို့ပါခင်ဗျား။

မြန်မာပြည်မှာ လူဦးရေ သန်း ၆၀ နီးပါးလောက်ရှိတယ်။
လူဦးရေရဲ့ ၇၀ ရာနှုန်းလောက်က တောမှာနေတယ်ဆိုရင် မြို့နေလူတန်းစားက ၁၈ သန်းလောက်ရှိမှာပေါ့။
တခြားမြို့တွေကို နှုတ်ပါ။ ရန်ကုန်နေ လူဦးရေတင် ၄ သန်းကျော်ရှိတယ်။

ဒါပေမဲ့ စာအုပ်တစ်အုပ်ထုတ်ရင် အုပ်ရေ ၁၀၀၀ လောက်ကုန်အောင် မနည်း ဗျစ်ဗျစ်မြည်အောင် ရောင်းယူရတယ်။
စာအုပ်တိုက်တွေက ဂိုဒေါင်တွေထဲ သွားကြည့်ရင် တိုက်လက်ကျန်စာအုပ်တွေ ဘယ်လောက်တောင် ရှိနေမလဲမသိ။

အင်မတန်ကောင်းတဲ့ ကားတာယာစာအုပ်တောင် အုပ် ၁၀၀၀ ကုန်အောင် အသည်းအသန်ရောင်းရတယ် ဆိုတော့ -
စာအုပ်ထုတ်မယ်ကြံတိုင်း စိတ်ကတော့ ခပ်ပျက်ပျက်ပဲ။

ဒါပေမဲ့ ဒီနှစ် ကျွန်တော် သုံးအုပ်ထုတ်ဘို့မှန်းထားပါတယ်။
မြန်မာပြက္ခဒိန် - စာစီနေပြီ။ ဘယ်တော့ပြီးမယ်မှန်းမသိ။ (ဖြေးဖြေးပေါ့ဗျာ။ ရောင်းလို့ကောင်းမဲ့စာအုပ်မှ မဟုတ်တာ နော။)
3 in 1, Safety စာအုပ် - နောက်တစ်ပတ်ထဲ စကိုင်ကြလိမ့်မယ် ထင်ပါရဲ့။ 
ခရစ္စတိုဖာ ပုံပြင်စာအုပ်ကတော့ ခပ်ဖြည်းဖြည်း လုပ်နေကြတယ်။
မြန်မာပြက္ခဒိန်စာအုပ်ကို အီးမေးပို့လိုက်ပြီး တစ်လကျော်ကြာတော့မှ အကြောင်းပြန်လာတယ်။ စာစီမလို့ လုပ်နေပါတယ် ဆိုလားပဲ။
(အိပ်ရေးပျက်ရကျိုး မနပ်လိုက်တာ။)

မိတ်ဆွေများသိအောင် ပြောပြတာပါ ခင်ဗျား။

အေးငြိမ်း
၁၄၊ သြဂုတ်၊ ၂၀၁၃။ ၀၀း၀၈ နာရီ




2 comments:

Anonymous said...

မြန်မာတို့အတွက် အကျိုးများတဲ့စာစုများကို အပင်ပမ်းခံပြုစုပေးနေတဲ့ ဆ၇ာ့ကို အ၇မ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။

Anonymous said...

Thanks for all your effort and good wills .