Monday, August 12, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၂)

အခန်း (၂)


လုပ်ငန်းခွင်အန္တရာယ်ကင်းရေး မူဝါဒနှင့်ရည်မှန်းချက် ချမှတ်ခြင်း (Workplace Safety and Health Policy and Objectives)

မှတ်ချက်။            ။ ယခုမှစ၍ နောက်ပိုင်းတွင် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး အား လ.အ.က ဟု လည်းကောင်း၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှု အား လ.အ.က.စ ဟုလည်းကောင်း၊ အတိုကောက် ခေါ်ဝေါ်သုံးစွဲပါမည်။

ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့သည် လအကမူဝါဒကို အဓိပ္ပါယ်သတ်မှတ်ပြီး အခွင့်အာဏာပေးထားရမည်။ ၎င်းသည် လအကစ၏ သတ်မှတ်ထားသော နယ်ပယ်အတွင်းရှိစေရန် သေချာစေရမည်။ အကျဉ်းချုပ်ပြောရလျှင် ချမှတ်ထားသော မူဝါဒ သည် မိမိတို့လုပ်ငန်းနှင့် သင့်လျော်လျှောက်ပတ်ရမည်။ မိမိတို့ကုမ္ပဏီဝန်ထမ်းများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းစေရေးကို အကာအကွယ်ပေးရမည်။ မိမိတို့မူဝါဒအကြောင်း ၀န်ထမ်းများကို သေသေချာချာရှင်းပြရမည်။ မိမိနှင့် ပတ်သက်ဆက်နွယ်နေသူများအားလည်း ပြောပြရမည်။ မိမိတို့မူဝါကို စာဖြင့်ရေးသားမှတ်တမ်းတင်ထားရမည်။ အမြင့်ဆုံး တာဝန်ရှိသူမှ လက်မှတ်ရေးထိုးရမည်။ ထို့ပြင် အခါအားလျော်စွာ ပြန်လည်သုံးသပ်နေရမည်။
            အောက်တွင် နမူနာ မူဝါဒနှင့် ရည်မှန်းချက်ကို ဖော်ပြထားပါသည်။

၂၊ ၁။ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးမူဝါဒ

မူဝါဒဟူသည် မိမိတို့ စီမံကိန်းသွားမည့် ခရီးပန်းတိုင် ဖြစ်၏။ ဤခရီးပန်းတိုင်ရောက်ရန် ရည်မှန်းချက်များ ထားရှိရ သည်။ ထိုရည်မှန်းချက်များမှာ ပြတ်သားရသည်။ ရေတွက်၍ ရရမည်။ လက်တွေ့အကောင်အထည်ဖော်ရန် ဖြစ်နိုင်သည့် အတိုင်းအတာထဲမှ ဖြစ်ရမည်။
            အရေးကြီးသည်မှာ မိမိတို့ချမှတ်ထားသော မူဝါဒ နှင့် ရည်မှန်းချက်ကို မိမိတို့ကိုယ်တိုင် လေးစားလိုက်နာကာ ရည်မှန်းထားသည့်အတိုင်း ပြည့်မီအောင် ဖြစ်နိုင်သမျှနည်းလမ်းများသုံးလျှက် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။ အောက်တွင် စီမံကိန်း ရည်မှန်းချက် နမူနာကို ဖော်ပြထားပါသည်။



၂၊ ၂။ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ရည်မှန်းချက်များ


၂၊ ၃။ ထိုမူဝါဒနှင့်ရည်မှန်းချက်များ ရရှိအောင် အကောင်အထည်ဖော်ရေး လုပ်ငန်းအစီမံများ

၂၊ ၃၊ ၁။ အသက်ဆုံးရှုံးခြင်း လုံးဝမရှိစေရေး စီမံချက်
လ.အ.က ရည်မှန်းချက်များ။            ။ အသက်ဆုံးရှုံးခြင်း လုံးဝမရှိစေရန်

လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ရာမှ မတော်တဆဖြစ်ပြီး သေဆုံးမှု လုံးဝမရှိစေရေးဖြစ်၏။ သို့သော် ဤသေဆုံးမှု တွင် လုပ်ငန်းခွင်နှင့် မပတ်သက်သော မမာမကျန်းဖြစ်ပြီး သေဆုံးမှုနှင့် အခြားသေဆုံးမှုများ မပါဝင်ပါ။








No comments: