Saturday, January 25, 2014

Work Permit ကိုင်ဆောင်ထားသူများ စင်ကာပူမှာ ဘယ်နှစ်နှစ် အလုပ်လုပ်နိုင်မလဲ

(၁)

Construction Safety စာအုပ်ကို book format လုပ်နေရခြင်းဖြင့် လောလောဆယ် ကျွန်ုပ်မှာ အလွန်အလုပ်များလျှက် ရှိ၏။ သို့တိုင် ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသည့်စကားအတိုင်း မေးမြန်းလာသူ အတော်များများရှိသဖြင့် ၀ပ်ပါမစ်သမားများ အတွက် ဤစာကို ရေးလိုက်ရခြင်း ဖြစ်ပေသည်။
သိတော်မူကြသည့်အတိုင်း စင်ကာပူအစိုးရမှာ ကျွန်ုပ်တို့ နိုင်ငံခြားသား အလုပ်သမားများအား တစ်ရစ်ပြီးတစ်ရစ် ကြပ်သထက် ကြပ်လာလေရာ ကျွန်ုပ်တို့မှာ အသက်ကိုပင် ရဲရဲမရှုရလောက်အောင် ရှိ၏။ သို့အတွက် ၀ပ်ပါမစ်ကိုင်ထားသူများမှာ ငါတို့များ ဘယ်တော့ ပြန်လွှတ်တော့မလဲဟု စိုးရိမ်သောကရောက်လျှက် ရှိလေသည်။ သို့တိုင် သူတို့အခြေနေကို ရေရေရာရာ ရှင်းလင်း ပြောပြနိုင်သူ ရှားလှသည်။ ထိုအခါ စင်ကာပူတွင် အလွတ်စုံထောက် (ဟုတ်ပေါင်) အလွတ်အကြံပေးအရာရှိ အဖြစ် အထူး သတင်းကြီးလှသူ (ကိုယ့်အထင်) ကျွန်ုပ်ထံ အီးမေးပို့၍တစ်ဖုံ၊ sms ပို့၍ တစ်နည်း၊ ဖုံးဆက်၍ တစ်သွယ်၊ လူကိုယ်တိုင် လာ၍ တစ်မျိုး နည်းအမျိုးမျိုးဖြင့် ဆက်သွယ်မေးမြန်းလာလေရာ ကျွန်ုပ်မှာ ၎င်းတို့အား တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်း ပြရခြင်းဖြင့် အလွန်ခေါင်းကိုက်လျှက် ရှိနေရလေ၏။
ထို့ကြောင့် ကျွန်ုပ်လည်း ခေါင်းကိုက်သက်သာစေ၊ ကျန်သည့်သူများလည်း သိစေ ဟု တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်ရွယ်ချက်ဖြင့် ဤစာကို ရေးသားရပါသတည်း။
အဓိကပြဿနာကား “စင်ကာပူမှာ ဘယ်လောက်ကြာကြာ အလုပ်လုပ်လို့ရမလဲ” ဟု ဖြစ်၏။

ဤအကြောင်း ယခင်က ကျွန်တော် အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် အကျယ်တ၀င့် ရေးသားခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အခြေအနေများမှာ ပြောင်းလဲလျှက်ရှိရာ ထိုစဉ်က (၂၀၀၉) ရေးသားခဲ့သည်များမှာ ယခုအခါ အတော်များများ ဒိတ်အောက်သွားပြီ ဖြစ်၏။ ယခင်အခါများက သာမန် (ဘာလက်မှတ်မှမရှိသူ) ၀ပ်ပါမစ်သမားတစ်ဦးကို စင်ကာပူတွင် ၆ နှစ်မျှသာ လုပ်ခွင့်ပြုသည်။ S Pass (နေရာတော်တော်များများတွင် S Pass ကို Special Pass ဟု ရေးသား ထားသည်များ တွေ့ရ၏။ အဘယ်သကောင့်သားက စထွင်လိုက်သည်မသိ။ S Pass သည် S Pass သာ ဖြစ်၏။ Special Pass မဟုတ်။ မြန်မာသံရုံးမှ ပတ်စ်ပို့သက်တမ်းတိုး လက်စွဲစာအုပ်မှာပင် Skill Pass ဟု ရေးထားပေလေသေး၏။


စင်ကာပူတွင် Work Pass များကို အတန်းအစားအမျိုးမျိုးခွဲထားရာ P1 Pass, P2 Pass, Q1 Pass, Q2 Pass, R Pass, EntrePass, DP/LOC, LTSVP စသဖြင့် ရှိ၏။ ထိုအထဲမှ R Pass ဆိုသည်မှာ Work Permit ဖြစ်ပြီး R Pass အစား WP ဟုသာ လူသိများသည်။ ထို့ပြင် Q2 Pass ကို ယခု S Pass ဖြင့် အစားထိုးလိုက်သည်။ အပြည့်အစုံကို MOM Website: http://www.mom.gov.sg တွင် ဖတ်ကြပါလေ။ မြန်မာလိုဖတ်လိုလျှင်ဖြင့် ကျွန်တော့်ထံတွင် အနာဂတ်တစ်ခု ဖန်တီး တည်ဆောက်ခြင်း စာအုပ်လာဝယ်ကြပါ။ အယ်မယ်လေး၊ ပြောရတာ လက်ဝင်လိုက်တာ၊ င့ါနှယ်။) အဲ အဲ - ဘယ်ရောက် သွားပါလိမ့်။
S Pass မှာ ယခင်က လခ ၁၈၀၀၊ ယခု လခ ၂၂၀၀။ EP များမှာ ယခင်က လခ ၂၅၀၀။ ယခု ၃၃၀၀။ ယခင် ၂၀၀၇၊ ၂၀၀၈ ကာလများက ဒီကနေ့ S Pass ကျလျှင် မနက်ဖြန် PR လျှောက်လို့ရသည်။ ရက်အတန်ငယ်စောင့်လိုက်ရုံမျှဖြင့် PR Approve ဖြစ်လေတော့၏။ သို့သော် သူရို့နိုင်ငံသားများက ဘတ်စ်ကားတွေ၊ ရထားတွေကျပ်တာ နင်တို့ကြောင့်။ နင်တို့က ငါတို့ အလုပ်တွေကို လုယူနေတယ် ဟု ပူညံပူညံလုပ်သည်နှင့် ယခင်က ဆွမ်းကြီးလောင်းထားသည်များကို ၂၀၀၉ လောက်မှစကာ နွားများ ဇက်ကြိုးအတင်းဆွဲ ရပ်လိုက်ဘိသကဲ့သို့ ဇပ်ကနဲ အတင်း ဒက်စတော့ ဘရိတ်အုပ်လိုက်လေရာ ယခင်က ကားရေဆေးနေသူပင် လက်မှတ်အတုဖြင့် S Pass ဖြစ်နိုင်သော်လည်း ယခု NTU မှ မာစတာဘွဲ့ပြီးလာသူပင် PR မရနိုင် ဖြစ်လေ တော့၏။
တစ်ခါ ၂၀၃၀ တွင် လူဦးရေကို ၆.၉ သန်းရောက်ဘို့ ရည်မှန်းထားကြောင်း ၂၀၁၃ နှစ်ဆန်းစက အစိုးရက ထုတ်ပြန် ကြေငြာလိုက်သောအခါ စင်ကာပူနိုင်ငံသားများ၏ နိုင်ငံခြားသား မုန်းတီးကြောက်ရွံ့မှုမှာ အထွတ်အထိပ်သို့ ရောက်လေ၏။ သို့နှင့် အစိုးရက နိုင်ငံခြားသားများအပေါ် အခြေခံလခများ တိုးမြှင့်သတ်မှတ်ခြင်း၊ လဲဗီးများ တိုးမြှင့်ကောက်ခံခြင်း၊ qualification requirement များကို တိုးမြှင့်ခြင်းများ အသားကုန် လုပ်လေတော့ရာ ကျွန်ုပ်တို့လို နိုင်ငံခြားသား အလုပ်သမားများအဖို့ ကိုယ့် ရပ်တည်ရေးအတွက် မျက်လုံးပြူး၊ မျက်ဆန်ပြူးဖြစ်ရသည်မှာ သိပ်ဆန်းလှသည်တော့ မဟုတ်ပါ။
           
(၂)

            အောက်ပါ ရေးသားဖော်ပြချက်များမှာ BCA website - Revision in Maximum POE မှ ဖြစ်ပါသည်။ သို့သော် ဤဖော်ပြချက်များမှာ ယခု စာရေးသားသည့်အချိန်အတွက်သာဖြစ်၍ အမြဲပြောင်းလဲနေသည်ကို သတိပြုရန်လိုပါသည်။


            POE ဟူသည် Period of Employment ဖြစ်၏။


အလုပ်သမား အတန်းအစား
လုပ်ခွင့်ရှိသော နှစ် အများဆုံး
(က) အဆင့်မြင့် ကျွမ်းကျင်သူများ
       ဤအထဲတွင် အလုပ်သမားသုံးမျိုး ပါသည်။
၁။ BCA တွင် CoreTrade (Construction Registration of Tradesman) အဖြစ် မှတ်ပုံတင်ထားသူ
၂။ Multi-Skilling အစီအစဉ်အောက်တွင် သတ်မှတ်ထား သည့်လက်မှတ်ရထားသူများ
၃။ စင်ကာပူတွင် လုပ်သက် ၄ နှစ်ရှိပြီး higher certificate များ ရရှိထားသူ

၁၈ နှစ်


(ခ) အခြေခံ ကျွမ်းကျင်သူများ
     ဤသူများမှာ BCA ကပေးသည့် SEC သို့မဟုတ် SEC
     (K) လက်မှတ် ရထားသူများဖြစ်၏။

၁၀ နှစ်


၁) လက်ရှိ - အခြေခံကျွမ်းကျင်သူများ
    စင်ကာပူတွင် ၁၊ ၁၊ ၂၀၁၂ မတိုင်မီက ၈ နှစ်ထိ လုပ်ကိုင်ခဲ့
    ဖူးသူများ
Ø ၂ နှစ်သက်တမ်းရှိ Work Permit ကို  
     တစ်ကြိမ်ထုတ်ပေးမည်။
Ø ၁ နှစ်သက်တမ်းရှိ Work Permit ကို နှစ်ကြိမ်ထုတ်ပေးမည်။

*    ၁၊ ၁၊ ၂၀၁၂ နောက်ပိုင်း လက်ရှိဝပ်ပါမစ်ကဒ် သက်တမ်း ကုန်ပြီးနောက် ၂ နှစ်ဖြစ်သည်။
*    စုစုပေါင်းတိုးသည့်သက်တမ်းသည် ၁၈ နှစ်ထက် မကျော်စေရ။
ဥပမာ - ယခင်က စင်ကာပူတွင် ၁၂ နှစ် လုပ်ခဲ့ဖူးသည့် အခြေခံကျွမ်းကျင်လုပ်သား၏ ၀ပ်ပါမစ်သည် ၁၊ ၆၊ ၂၀၁၂ တွင် သက်တမ်းကုန်မည်ဆိုပါက ၎င်းသည် ၃၁၊ ၅၊ ၂၀၁၄ ထိ ဆက်လုပ်နိုင်မည်။
၂) ပြန်လာသော အခြေခံကျွမ်းကျင်သူများ
    စင်ကာပူတွင် ၈ နှစ်ကျော်လုပ်ခဲ့ပြီး ၁၊ ၁၊ ၂၀၁၂ မှ
    ၃၁၊ ၁၂၊ ၂၀၁၃ အတွင်း ပြန်ဝင်လာသူများ

Ø ၂ နှစ်သက်တမ်းရှိ Work Permit ကို  
     တစ်ကြိမ်ထုတ်ပေးမည်။
Ø ၁ နှစ်သက်တမ်းရှိ Work Permit ကို နှစ်ကြိမ်ထုတ်ပေးမည်။

*    စုစုပေါင်းတိုးသည့်သက်တမ်းသည် ၁၈ နှစ်ထက် မကျော်စေရ။

ဥပမာ - ယခင်က စင်ကာပူတွင် ၁၂ နှစ် လုပ်ခဲ့ဖူးသည့် အခြေခံကျွမ်းကျင်လုပ်သားသည် ၎င်း၏တိုင်းပြည်သို့ ပြန်သွားပြီး စင်ကာပူသို့ ၁၊ ၆၊ ၂၀၁၃ တွင် ပြန်ဝင်လာ သည်ဆိုပါက ၎င်းသည် စင်ကာပူတွင် နောက်ထပ် ၂ နှစ်။ ၃၁၊ ၅၊ ၂၀၁၅ ထိ ဆက်လုပ်နိုင်မည် ဖြစ်၏။
အရေးကြီးသည့် မှတ်ချက်။

Ø ၁၊ ၁၊ ၂၀၁၄ မှစကာ ယခင်က အခြေခံကျွမ်းကျင်လုပ်သားအနေနှင့် စင်ကာပူတွင် အလုပ်လုပ်ခဲ့ပြီး လုပ်ခွင့် ၁၀ နှစ် သို့မဟုတ် ၁၀ နှစ်အထက် ပိုရခဲ့သူ ၀ပ်ပါမစ်တစ်ဦးသည် နောက်ထပ်စင်ကာပူသို့ ပြန်ဝင်လာလိုလျှင် အဆင့်မြင့် ကျွမ်းကျင် သူများအဖြစ် အရည်အချင်းတိုးမြှင့်ပြီးမှ လက်ခံမည်ဖြစ်၏။
Ø မလေးရှားနှင့် NAS (North Asian Source)* ဆောက်လုပ်ရေးလုပ်သားများအတွက် အလုပ်လုပ်ရန် ကန့်သတ်သည့် နှစ် အပိုင်းအခြားမရှိပါ။ ၎င်းတို့သည် အသက် ၆၀ ထိ လုပ်နိုင်သည်။



* မလေးရှားမဟုတ်သော ၀ပ်ပါမစ်အလုပ်သမားများအား လာရာဇုံသုံးခု ခွဲထားပါသည်။ (Ref: www.mom.gov.sg)
၁။ NAS (North Asian Source) - ဟောင်ကောင်၊ မကာအို၊ တောင်ကိုးရီးယား နှင့် ထိုင်ဝမ်
၂။ NTS (Non-Traditional Sources) - အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဖိလစ်ပိုင်
၃။ PRC – Peoples’s Republic of China - တရုတ်

အထက်ပါ လိုအပ်ချက်များကို တစ်ခုချင်း ထပ်ရှင်းပြပါမည်။

၁။ BCA တွင် CoreTrade (Construction Registration of Tradesman) အဖြစ် မှတ်ပုံတင်ထားသူ

            CoreTrade လုပ်သားကို အမျိုးအစား သုံးမျိုးခွဲခြားထားပါသည်။

  1. Construction Tradesman: တစ်ခုခုကိုကျွမ်းကျင်ပြီး ထိုအလုပ်ကို လက်ရှိလုပ်နေသူ
  2. Construction Foreman: လုပ်ငန်းတစ်မျိုးမျိုးတွင် လုပ်သားအဖွဲ့တစ်ခုကို ကြီးကြပ်သူ၊ ညှိနှိုင်းစေ့စပ်သူအဖြစ် လုပ်ကိုင်
                                 နေသူ
  1. Construction Supervisor: ဆောက်လုပ်ရေးလုပ်ငန်း အမျိုးအစားတစ်ခုခုကို ကြီးကြပ်ရသူ

            BCA တွင် CoreTrade အဖြစ် မှတ်ပုံတင်ရန် အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရပါမည်။


CoreTrade အဖြစ် မှတ်ပုံတင်ရန် လက်ခံသော သင်တန်းဆင်းလက်မှတ်များ

CONSTRUCTION TRADESMEN:






where

“BBC” means the Basic Builder Certificate issued by the Building and Construction Authority;
“NBQ” means the National Building Qualification issued by the Building & Construction Authority Academy.
“SEC” means the Skills Evaluation Certificate (Practical) issued by the Building and Construction Authority.
“SEC(K)” means the Skills Evaluation Certificate (written and practical) issued by the Building and Construction Authority;
“Trade Diploma” refers to a trade diploma issued by the Building and Construction Authority Academy.
၂။ Multi-Skilling ဆိုသူမှာ အဘယ်သူများနည်း

စင်ကာပူတွင် လုပ်သက် ၄ နှစ်ရှိပြီး အောက်ပါလက်မှတ် နှစ်မျိုးရရှိထားသူ
ပထမလက်မှတ် -
                 i.        Any SEC or SEC(K) certifications ; or
                ii.        Sijil Pelajaran Malaysia (SPM) certification - မလေးရှားအလုပ်သမားများအတွက်သာ

ဒုတိယလက်မှတ် -
                 i.        Any SEC(K) trade certification in a different trade from the first certification

မှတ်ချက်။          ။ လုပ်သက် ၄ နှစ်ဆိုသည်ကို အလုပ်ရှင်က ထောက်ခံစာ ထုတ်ပေးရမည်။

ဒုတိယလက်မှတ်များအတွက် အသိအမှတ်ပြုထားသော သင်တန်းများ

SEC(K) Trade Skills Recognised Under 2nd Certificate of the Multi-Skilling Scheme
1
Aluminium Formwork
31
Marine Driven Piling Operation
2
Asphalt Concrete Paving
32
Marine Sand Compaction Piling Operation
3
Bored Micro-Piling Operation
33
Metal Scaffold Erection
4
Bored Piling Operation 
34
Mobile Crane Operation
5
Bricklaying
35
Painting
6
Cladding Installation
36
Pipefitting
7
Construction Plant Operation  (Bulldozer Operation)
37
Plastering
8
Construction Plant Operation  (Excavator Loader Operation)
38
Plumbing & Pipefitting
9
Construction Plant Operation  (Track Shovel Operation)
39
Precast Concrete Component Erection
10
Crawler Crane Operation
40
Precast Kerb and Drain Laying
11
Crawler Drill Operation 
41
Prestressing
12
Curtain Wall Installation
42
Soil Drilling & instrumentation
13
Deep Cement Mixing Operation
43
Steel Reinforcement Work
14
Doors & Windows Installation (Timber)
44
Structural Steel Fitting
15
Doors and Windows Installation (Aluminium)
45
Suspended Ceiling Installation (Acoustical)
16
Driven Piling Operation
46
Suspended Ceiling Installation (Fibrous Plaster)
17
Ducting Installation for Air-Conditioning and Ventilation
47
System Formwork Installation
18
Electrical Wiring Installation
48
Telescopic Handler Operation
19
Fire Sprinkler Installation
49
Thermal Insulation
20
Gas Pipefitting
50
Tiling
21
Glazing
51
Timber Flooring
22
Guniting
52
Timber Formwork
23
Hydraulic Excavator Operation
53
Tower Crane (Luffing Jib) Operation
24
Interior Drywall Installation
54
Tower Crane (Saddle Jib) Operation
25
Interlocking Blocks Pavement Construction
55
Trenchless Pipe Installation
26
Jack-in Piling Operation
56
Tunnel Boring Machine (Earth Pressure Method)
27
Jet Grout Piling Operation
57
Tunnel Boring Machine (Slurry Method)
28
Joinery
58
Underground Pipe-Jacking
29
Lift Installation
59
Waterproofing
30
Marine Dredging Plant Operation
60
Welding

၃။ စင်ကာပူတွင် လုပ်သက် ၄ နှစ်ရှိပြီး higher certificate များ ရရှိထားသူ

Higher Certificate သင်တန်းများမှာ အောက်ပါတို့ဖြစ်၏။ (Ref: http://www.bcaa.edu.sg/ListCPCF.aspx)

Certification Courses


BCA မှ ပို့ချသည့် SEC သို့မဟုတ် SEC (K) သင်တန်းများ


MOM website (http://www.mom.gov.sg) တွင်လည်း ဖတ်နိုင်ပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၅ ဇန္န၀ါရီ၊ ၂၀၁၄။ ညနေ ၄း၄၈ နာရီ

No comments: