Wednesday, January 29, 2014

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

မိတ်ဆွေများခင်ဗျား -

မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့အားလုံး ကိုယ်တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြဘို့ လိုအပ်ပါတယ်။

စင်ကာပူမှာ Myanmar Transitional Platform လို့ စုစည်းပြီး မြန်မာနိုင်ငံ တည်ဆောက်ရေးအတွက် ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်နေကြပါတယ်။ ဒါပေမဲ့ တကယ်လုပ်ကြတဲ့သူအရေအတွက်ဟာ လက်ချိုးရေလို့ ရတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။

စင်ကာပူမှာ တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေ၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့သူတွေ ထောင်နဲ့ချီရှိပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဘို့ ဖိတ်ခေါ်ပါတယ် ခင်ဗျား။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
ဖုံးနံပါတ် - ၉၇၃၀၃၀၂၇

No comments: