Tuesday, January 14, 2014

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) စာအုပ် အခြေအနေ

စာအုပ်အနေနှင့်ဆိုလျှင် ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စာအုပ်မှာအားလုံး ပြီးသွားပါပြီ။ သို့သော် လုပ်ငန်းထဲတွင် လက်တွေ့အသုံးချရာ၌ လွယ်ကူစေရန် ကျွန်တော်က အဆင်သင့်သုံးနိုင်သော စစ်ဆေးချက်ဇယား (Checklists)၊  မှတ်တမ်းမှတ်ရာများ၊ စည်းဝေးပွဲမှတ်တမ်းရေးပုံများ၊ အလုပ်လုပ်ခွင့် ခွင့်ပြုမိန့် ပုံစံများ၊ စက်ကိရိယာ၊ ငြမ်းစင် စသည်တို့ကို စစ်ဆေးရမည့် စစ်ဆေးချက်ဇယားများကိုပါ ထည့်သွင်းပေးလိုပါသေးသည်။ နောက်ထပ်ဘာမှ ထပ်မလိုရလေအောင်၊ သည်စာလုပ်လှန်လိုက်သည်နှင့် အကုန်ရနိုင်အောင် စီစဉ်လိုသောကြောင့် ဖြစ်ပါ၏။
ထိုဇယားများဆွဲရမည်မှာ အလွန်လက်ဝင်ပါသည်။ ထို့ပြင် ကျွန်တော့်မှာ CU4A သင်တန်းကလည်း တက်နေရသေးသည်က တစ်ကြောင်းကြောင့် အနည်းဆုံး တစ်လကျော်လောက်ကြာမှ အားလုံး အဆုံးသတ်နိုင်ပါလိမ့်မည်။
ယခုပြီးသမျှအားလုံး ရန်ကုန်သို့ပေးထားပါသည်။ ဆောင်ရွက်ပေးမည့်မိတ်ဆွေမှာ နိုင်ငံခြားခရီးယာယီရှိနေပါသဖြင့် နောက်တစ်ပတ်လောက်မှ စနိုင်ပါလိမ့်မည်။ စာအုပ်ရိုက်ဘို့စီစဉ်တာ အနည်းဆုံး ၃ လမှ ၅ လလောက်ကြာလိမ့်မည်ဟု မှန်းပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စာအုပ်ထုတ်ပေးနိုင်ရန် စီစဉ်နေပါသည်။


ကျေးဇူးတင်ပါသည်။

No comments: