Tuesday, January 24, 2012

CPF အကြောင်း သိကောင်းစရာ (၂)

CPF ထည့်ဝင်ခြင်း 



ပြန်နွှေးရလျှင် CPF ထည့်ဝင်ခြင်းကို အောက်ပါအတိုင်း ပိုင်းခြား တွက်ချက်၏။

CPF စုဆောင်းငွေ ထည့်ဝင်ငွေကို သုံးပိုင်းခွဲ၍ စုပေးထားကြောင်း အထက်တွင် ဆိုခဲ့ပြီ။ ၎င်းတို့မှာ -
၁။ သာမန် စုငွေ စာရင်း (Ordinary Account)
၂။ အထူး စုငွေ စာရင်း (Special Account)
၃။ ဆေးကုစရိတ် စုငွေ စာရင်း (Medisave Account) - တို့ဖြစ်၏။

CPF နှုံးထား သတ်မှတ်ရာတွင် -
(က) Singapore Citizen(SC) သို့မဟုတ် Singapore Permanent Resident(SPR)
(ခ) အလုပ်လုပ်နေသော အဖွဲ့အစည်း
(ဂ) အသက်အပိုင်း အခြား
(ဃ) စတင် အလုပ်လုပ်ကိုင်သည့် နှစ် - စသည်တို့ အပေါ် မူတည်ကာ သတ်မှတ်ပါသည်။
စင်ကာပူ နိုင်ငံသား(SC) နှင့် အမြဲနေထိုင်ခွင့် ရသူ (SPR) တို့အတွက် အချို့ CPF နှုံးထားများမှာ မတူပါ။ ထို့အတူ အလုပ် လုပ်ကိုင် နေသော အဖွဲ့အစည်း စသည် တို့အပေါ်လည်း မူတည်ကာ ကွဲသွားပါသည်။



အလုပ်လုပ်နေသော အဖွဲ့အစည်း ကို -

v  ပင်စင် ခံစားခွင့်ရှိသော အစိုးရ အဖွဲ့အစည်း

v  ပင်စင် ခံစားခွင့် မရှိသော အစိုးရ အဖွဲ့အစည်း

v  ပင်စင်ခံစားခွင့် ရှိသော အဖွဲ့အစည်း

v  ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း

v  ပုဂ္ဂလိက ကုမ္ပဏီ - ဟု ပိုင်းခြား တွက်ချက်ပါသည်။

အသက်အပိုင်းအခြား ကို -

v  အသက် ၃၅ နှစ်အောက်

v  ၃၅ မှ ၄၅ အကြား

v  ၄၅ မှ ၅၀ အကြား

v  ၅၀ မှ ၅၅ နှစ် အကြား

v  ၅၅ မှ အသက် ၆၀ အကြား

v  အသက် ၆၀ မှ ၆၅ နှစ် အကြား

v  အသက် ၆၅ နှစ် အထက် - ဟု ပိုင်းခြား တွက်ချက်ပါသည်။


အမြဲနေထိုင်ခွင့် ရသူ (SPR) တို့အတွက် -

v  ပုဂ္ဂလိက ကုမ္ပဏီ၊ ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်

v  ပုဂ္ဂလိက ကုမ္ပဏီ၊ ပင်စင်ခံစားခွင့် မရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်

v  ပင်စင် ခံစားခွင့်ရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်

v  ပင်စင် ခံစားခွင့်ရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်

v  ပင်စင် ခံစားခွင့် မရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်

v  ပင်စင် ခံစားခွင့် မရှိသော အစိုးရ အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်

v  ပင်စင်ခံစားခွင့် ရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ပထမနှစ် အတွက်

v  ပင်စင်ခံစားခွင့် ရှိသော အဖွဲ့အစည်း တို့တွင် အလုပ်လုပ်သော ဒုတိယနှစ် အတွက်

v  အလုပ်လုပ်သော တတိယနှစ် နှင့် အထက် အတွက် - ပိုင်းခြား တွက်ချက်ပါသည်။

သတိပြုရန် အချက်များ

CPF ပြန်ထုတ်ရန် အတည်ပြုချက်ရပြီဆိုလျှင် အောက်ပါအချက်များကို သတိပြုရန်လိုပါသည်။

၁။ CPF စုငွေကို အသုံးပြု၍ အိမ်ဝယ်ထားသူများအနေဖြင့် အိမ်ရောင်းချပြီးနောက် ထိုပမာဏကို CPF သို့ ပြန်လည်ထည့်သွင်း ရန် မလိုအပ်တော့ပါ။


၂။ သင့် CPF OA Account မှ ပိုက်ဆံများကို CPFIS-Ordinary Account ဖွင့်၍ စတော့ရှယ်ယာဈေးကွက်၌ ရင်းနှီးမြှုပ်နှံ ထားသည်ဆိုပါစို့။ ထို Investment Account မှာ အလိုလိုပိတ်သွားပါလိမ့်မည်။ စာရင်းလက်ကျန်ငွေကြေးရှိပါက သက်ဆိုင်ရာဘဏ်မှတစ်ဆင့် ပြန်ထုတ်ပေးပါလိမ့်မည်။ သင်ဝယ်ယူထားသည့် စတော့ရှယ်ယာစသည်တို့ကိုမူ သင့်ဆန္ဒ အလျှောက်စီမံနိုင်ပြီး ထုခွဲရောင်းချဖြစ်ပါက ရရှိငွေများကို သင့်အားတိုက်ရိုက်ထုတ်ပေးမည်ဖြစ်ပါသည်။

၃။ သင့် CPF SA Account မှ ပိုက်ဆံများကို CPFIS-Special Account အောက်၌ ရင်းနှီးမြှုပ်နှံထားပါက ဘုတ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာရင်းနှီးမြုပ်နှံမှုကိုယ်စားလှယ်များထံဆက်သွယ်ကာ ထိုအရင်းအနှီးများအား သင့်အမည်အောက်သို့ တိုက်ရိုက် လွှဲပြောင်းပေးရန် အကြောင်းကြားပါလိမ့်မည်။ ထိုရင်းနှီးမြုပ်နှံမှုများကို သင့်ဆန္ဒအလျှောက် စီမံနိုင်ပြီး ထုခွဲရောင်းချဖြစ်ပါက ရရှိငွေများကို သင့်အားတိုက်ရိုက်ထုတ်ပေးမည်ဖြစ်ပါသည်။

၎။ အကယ်၍ အခွန်ပေးဆောင်ရန် ကျန်သေးပါက ကျသင့်ငွေကို သင့် CPF ပိုက်ဆံထဲမှ နှုတ်ယူထားနိုင်ရန် CPF ဘုတ်အဖွဲ့က အခွန်ရုံး၏ကိုယ်စား လိုသလိုဆောင်ရွက်ပါလိမ့်မည်။
၅။ သင်သည် သင့်သားသမီး၏ ပညာရေးအတွက် CPF ထဲမှ သုံးခဲ့လျှင် သင် CPF ပြန်ထုတ်သည့်အခါ ထို ပညာရေး အသုံးစရိတ်များကို လျှော်ပေးပါရန် လျှောက်ထားနိုင်သည်။ သို့သော် ဤသို့လျှောက်ထားခြင်းမှာ ကလေးကျောင်းပြီးမှ သို့မဟုတ် ဘွဲ့ရသည့်အခါမှ လျှောက်နိုင်ပါသည်။

၆။ သို့သော် သင်ကိုယ်တိုင်၏ ပညာရေးအတွက် CPF ထဲမှ သုံးခဲ့လျှင်မူ သင် CPF ပြန်ထုတ်သည့်အခါ ထို ပညာရေး အသုံးစရိတ်များကို လျှော်ပေးပါရန် လျှောက်စရာမလိုပါ။ CPF Board က သင့်ပညာရေးအသုံးစရိတ်များကို လျှော်ပေးပါ လိမ့်မည်။

၇။ CPF အားလုံးထုတ်ပြီး မြန်မာပြည်ပြန်နေပြီးခါမှ စင်ကာပူသို့တစ်ဖန်ပြန်လာကာ PR ထပ်လျှောက်လိုလျှင် ယခင်ထုတ်ယူ သွားသော CPF ပိုက်ဆံအားလုံးပြန်သွင်းရန်လိုပါသည်။ ဤသို့သွင်းပြီးမှ Letter of Clearance ကို ထုတ်ပေးပါလိမ့်မည်။ ဤစာကို PR လျှောက်ရန် ICA သို့ ပြရမည်ဖြစ်ပါသည်။

CPF ပေးရန်လိုသူများ

၁။ အလုပ်လုပ်နေသူ စင်ကာပူနိုင်ငံသား

၂။ အလုပ်လုပ်နေသူ SPR

မှတ်ချက်။            ။ လူတစ်ဦးသည် ကုမ္ပဏီနှစ်ခုသုံးခုတွင် တစ်ပြိုင်နက် အလုပ်လုပ်နေသည်ဖြစ်အံ့။ ထိုသူလုပ်နေသော ကုမ္ပဏီများသည် သူ့အတွက် CPF ပေးရမည်ဖြစ်၏။ သို့သော် ထိုသူ၏ စုစုပေါင်းလခကို 5000 ဟု သတ်မှတ်ထားပါသည်။ ဆိုလိုသည်မှာ သူမည်မျှ ရသည်ဖြစ်စေ ၅၀၀၀ အတွက်သာ CPF ပေးရန်လိုပါသည်။  

ကုမ္ပဏီသည် CPF ကို လကုန်ပြီး ၁၄ ရက်အတွင်းပေးရပါမည်။ ထို ၁၄ ရက်မြောက်နေ့သည် စနေ၊ တနင်္ဂနွေ၊ ရုံးပိတ်ရက်များ နှင့် တိုက်ဆိုင်နေပါက နောက်အလုပ်ပြန်ဖွင့်ရက်တွင် ပေးရမည်။

CPF ပေးရန်မလိုသူများ

1.       Employment Pass (EP), S Pass, Miscellaneous Work Pass or Work Permit(WP)

2.       Partners, Sole-proprietors or Self-employed

3.       Employees Working Overseas  

EP, S Pass, WP များ၊ စီးပွားရေးလုပ်နေသော Self-employed စင်ကာပူနိုင်ငံသား နှင့် SPR များ၊ နိုင်ငံရပ်ခြားတွင် သွားရောက်လုပ်ကိုင်နေသူများ CPF ထည့်ရန် မလိုပါ။

သို့သော် Self-employed သမားများသည် သူတို့၏ တစ်နှစ်စာဝင်ငွေပေါ်မူတည်ကာ Medisave ကိုတော့ စုဆောင်းရပါ သည်။ နိုင်ငံခြားတွင် လုပ်ကိုင်နေသူများသည် CPF ထည့်ဝင်ကာစုချင်သပဆိုလျှင် လျှောက်လွှာတင်ကာ စုလို့ရ၏။

  

ကျန်းမာရေးနဲ့ CPF

ဒါတွေဘာကွာသလဲ

Medisave Contribution Ceiling                 

သင်၏ Medisave Account အတွင်း ထည့်ဝင်၊ ထိန်းထားရမည့် အမြင့်ဆုံးငွေပမာဏ

Medisave Minimum Sum                     

အသက် ၅၅ နှစ်ပြည့်၍ သင် CPF ပြန်မထုတ်မီ သင်၏ Medisave Account အတွင်း ရှိနေရမည့် အနည်းဆုံးငွေပမာဏ

Medisave Requirement                  

သင် CPF ပြန်ထုတ်တော့မည်ဆိုလျှင် သင်၏ Medisave Account အတွင်း ရှိနေရမည့် ငွေပမာဏ၊ အကယ်၍ ထိုပမာဏ မရှိခဲ့လျှင် သင်၏ OA Account/ SA Account များမှ လွှဲထည့်ပေးရန်လိုပါမည်။ ထိုပမာဏပြည့်မှသာလျှင် သင် OA နှင့် SA account များမှ ပိုက်ဆံကို ပြန်ထုတ်လို့ရမည်။

မှတ်ချက်။            ။ သင်အလုပ်လုပ်နေသရွေ့ကာလပတ်လုံး Medisave Contribution Ceiling ရောက်အောင် ထည့်ဝင်နေရပါမည်။ Medisave Contribution Ceiling မှာ စုစုပေါင်း $41,000  ဖြစ်၏။

Medisave ဆိုတာဘာလဲ?

ဆေးရုံတက်လျှင် B2 နှင့် C Class များ၌ တက်ခြင်းအတွက် Medisave ထဲမှ သုံးလို့ရ၏။ သင်ကိုယ်တိုင် သို့မဟုတ် သင့်အိမ်ထောင်ဖက်၊ သားသမီး၊ မိဘ၊ ယောက္ခမများအတွက် သုံးနိုင်သည်။ သင့်အိမ်ထောင်ဖက်၊ သားသမီး၊ မိဘ၊ ယောက္ခမများသည် မည်သည့်နိုင်ငံသားမဆို ဖြစ်နိုင်၏။ သို့သော် အဖိုး၊ အဖွားများအတွက် သုံးလိုလျှင် သူတို့သည် စင်ကာပူနိုင်ငံသား သို့မဟုတ် SPR ဖြစ်ရပေမည်။

မှတ်ချက်။            ။ ဆေးရုံတွင် အခန်းများကို A1+, A1, B1, B2+, B2, C စသဖြင့် အတန်းအစားအမျိုးမျိုးခွဲထား၏။ A1+, A1, B1, B2+ များတွင် တက်လျှင်CPF ဖြင့်ပေး၍မရ ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ထိုအခန်းများမှာ ဈေးကြီးပြီး ပိုက်ဆံတတ်နိုင်သူ များသာ တက်၏။

မည်သည့်အခများအတွက် ပေးနိုင်သနည်း။

ပေးနိုင်သော အခများကလည်း အကန့်အသတ်နှင့်ဖြစ်၏။ သူရို့လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များမှာ အလွန်ရှုပ်ထွေးလှ ပါသည်။ သာမန်လူတို့နားလည်ရန်မလွယ်။ သည့်အတွက် ကျွန်တော် အကုန်လျှောက်ရေးမနေတော့ပါ။ အသေးစိတ်သိလိုသူ များ http://mycpf.cpf.gov.sg/CPF/my-cpf/Healthcare/PvdHC3.htm တွင် ဖတ်ကြည့်ပါ။

အောက်ပါတို့အတွက် Medisave မှပေးနိုင်သည်။

v  နေ့စဉ် ဆေးရုံအခန်းခ

v  ဆရာဝန်ခ

v  ခွဲစိတ်ခြင်းများအတွက်

v  အတွင်းလူနာများအတွက် ဆေးဘိုးဝါးခ၊ စမ်းသပ်ခ၊ အစားထိုးကုသခ၊ နလံထလာအောင် စောင့်ရှောက်ခ စသည်။

ဤသို့ပေးနိုင်ရန် -

v  ဆေးရုံတွင် အနည်းဆုံး ၈ နာရီတက်ရောက်ကုသသူ ဖြစ်ရမည်။

v  သို့မဟုတ် ဆေးရုံတင်ပြီး ၈ နာရီအတွင်း သေဆုံးသူဖြစ်ရမည်။



မည်မျှ ထုတ်ယူသုံးစွဲနိုင်သနည်း။

သင်စုဆောင်းထားသည့် Medisave ပမာဏပေါ်မူတည်ကာ ပြန်လည်ထုတ်ယူသုံးစွဲနိုင်ပါသည်။ ဆရာဝန်ပြခ ၅၀ အပါအ၀င် ဆေးရုံကုန်ကျစရိတ်များအတွက် တစ်နေ့လျှင် ၄၅၀ ထိ ထုတ်ယူသုံးနိုင်၏။ သို့သော် ခွဲစိတ်ကုသမှုများအတွက်မူ မည်သည့်ခွဲစိတ်မှုကို မည်မျှပေးသည်ဟု ပုံသေသတ်မှတ်ထား၏။ ရောဂါအမျိုးအစားအလိုက် ထုတ်ယူခွင့်ကို ကန့်သတ်ထားရာ အလွန်များပြားရှုပ်ထွေးလှ၏။ ထို့ကြောင့် အသေးစိတ်မဖော်ပြတော့ပါ။ သိလိုသူများ http://www.moh.gov.sg/content/moh_web/home/costs_and_financing/schemes_subsidies/medisave/Withdrawal_Limits.html တွင် ဖတ်ရှုနိုင်ပါသည်။

တခြားဆွေမျိုးတွေအတွက် Medisave ထဲကနေ ပေးနိုင်သလား။

အောက်ပါ အခြေအနေတွင် မိမိ Medisave ထဲမှ သုံးခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။

၁။ လူနာသည် ဆေးရုံအခန်း Class C သို့မဟုတ် B2 တွင် တက်နေသူဖြစ်ရမည်။

၂။ လူနာသည် လက်ရှိ CPF ပေးဆောင်နေသူမဖြစ်ရ။

၃။ လူနာကို ဆေးဘိုးဝါးခ ထောက်ပံ့ပေးနိုင်သည့် ဆွေမျိုးသားချင်းအရင်းအချာ မရှိရ။

၎။ လူနာသည် သင့်မှီခိုသူ ဖြစ်ရမည်။

သိပ်မရှင်းသေးဘူးလား။ ဆေးရုံကောင်တာသို့ သွားမေးပါ။ အူမချေးခါးမကျန် ရှင်းပြပါလိမ့်မည်။

Bankrupt ဖြစ်ရင်ကော Medisave ကို ထုတ်သုံးနိုင်ပါသေးလား?

ဟုတ်ကဲ့၊ ရပါသည်ခင်ဗျား။

* ပိုမိုသိလိုသေးသူများ CPF FAQ ကဏ္ဍတွင် သွားဖတ်ပါ။ အများကြီး၊ အားကြီး ကျန်ပါသေးသည်။


MediShield ဆိုတာဘာလဲ ?

ဆေးရုံတက်ရောက်ကုသရာတွင် ကြီးလေးလှသော ဆေးကုသမှုစရိတ်များကို ကာမိစေရန် အကောင်အထည်ဖော်ထားသော စီမံကိန်းကား MediShield ဖြစ်၏။ ဤသည်မှာ အာမခံပေါ်လစီတစ်ခုပင်ဖြစ်ပါသည်။ သို့သော်လည်း တစ်ခုကောင်းသည်မှာ ဤအာမခံက သီးသန့်ပိုက်ဆံပေးရန်မလို။ မဖြစ်မနေပေးရမည့် MediSave ထဲမှ ပေး၍ရသည်။ MediShield အတွက် MediSave ထဲမှ တစ်နှစ်လျှင် ၈၀၀ ထိ ပေးလို့ရသည်။ အသက် ၈၁ နှစ်ကျော်သွားလျှင်မူ တစ်နှစ်လျှင် ၁၁၅၀ ထိ ပေးလို့ရပါသည်။

ဤအစီအစဉ်တွင် လူနာဆောင်အဆင့် Class B2/C များအတွက်သာအကြုံးဝင်ပါသည်။ Class A နှင့် B1 တို့အတွက်မူ Medisave-approved Integrated Shield Plan (IP) သီးသန့်ထပ်ဝယ်ရမည်။

MediShield အတွက် ဘယ်လောက်ပေးသွင်းရမလဲ ?

ပေးရမည့်ငွေမှာ အသက်ကိုလိုက်၍ များသွားသည်။ နှစ်စဉ် Medisave Account ထဲမှ ဖြတ်သွားလိမ့်မည်။ ပေးရမည့်နှုံးများ မှာ အောက်ပါအတိုင်းဖြစ်၏။ အကယ်၍ Medisave Account ထဲတွင် ပိုက်ဆံမလောက်ပါက ပိုက်ဆံပေးရန် စာနှင့် အကြောင်းကြားပါလိမ့်မည်။ ထိုအခါ ပိုက်ဆံပေးရန်လို၏။ အကယ်၍ ၂ လကြာသည်ထိ မပေးဘဲထားပါက သင့်   MediShield coverage ပျက်ပြယ်သွားပါလိမ့်မည်။

Age Next Birthday
Yearly Premium
(Inclusive of 7% GST)
Age Next Birthday
Yearly Premium
(Inclusive of 7% GST)
30 & below
$33
71 - 73
$390
31 - 40
$54
74 - 75
$462
41 - 50
$114
# 76 - 78
$524
51 - 60
$225
# 79 - 80
$615
61 - 65
$332
# 81 - 83
$1,087
66 - 70
$372
# 84 - 85
$1,123

 # For renewal of cover only, as the last entry age for MediShield is below 75.

သင့် Medisave Account ထဲမှလည်း သင့် ဇနီး၊ သားသမီးများ၏ MediShield အတွက် ပေးနိုင်ပါသည်။ ဤသို့ပေးရန် CPF သို့ လျှောက်ထားရ၏။  

စင်ကာပူတွင် နေရာတကာ discount ရှိ၏။ သည် MediShield ၌လည်း premium discount ရှိသည်။ discount ခံစားခွင့် နှုံးများမှာ အောက်ပါအတိုင်း ဖြစ်၏။

MediShield စတင်ယူသည့်အသက်
Premium discount amount for age band ($)

71 – 73
74 – 75
76 – 78
79 – 80
81 – 83
84 – 85
30 & Below
156
184
209
246
434
449
31 – 40
117
138
157
184
326
336
41 – 50
78
92
104
123
217
224
51 – 60
39
46
52
61
108
112

ဆိုလိုသည်မှာ သင်သည် MediShield ကို အသက် ၂၉ နှစ်တွင် စတင်ယူခဲ့ပါက အသက် ၇၁ မှ ၇၃ နှစ်တွင် ပေးရမည့် ပိုက်ဆံထက် ၁၅၆ ကျပ် လျှော့ပေးမည်ဖြစ်၏။ အသက် ၈၄၊ ၈၅ သို့ရောက်သော် ၄၄၉ ကျပ် လျှော့ပေးရမည်ဖြစ်သည်။ သို့အတွက် သင်သည် တစ်နှစ်လျှင် MediShield အတွက် ၈၀၀ ပေးဆောင်ရမည်ဆိုပါစို့။ အသက် ၇၂ နှစ်တွင် ၈၀၀ အစား ၆၄၄ ကျပ်သာ ပေးရပါမည်။ အသက် ၈၄ နှစ်ရောက်လျှင် ၃၅၁ ကျပ်သာပေးရပါတော့မည်။


MediShield ကနေ ဘာခံစားခွင့်တွေ ရှိသလဲ ?

အချို့သောရောဂါများ ဥပမာ -  kidney dialysis, chemotherapy and radiotherapy for cancer စသည်တို့အတွက် သုံးလို့ရသည်။ သို့ဆိုလျှင် မည်မျှ ထုတ်ယူသုံးစွဲနိုင်မည်နည်း။ (ပြန်ရိုက်ရမှာ ပျင်းလှသည့်အတွက် မူရင်းကို copy ကူးထည့် ပေးလိုက်ပါသည်။)


Table A – Benefits & Claims Limits

BENEFITS
CLAIM LIMITS
Inpatient/Day Surgery
Daily Ward and Treatment Charges1
- Normal ward
- ICU ward
- Community Hospital2
$450 per day
$900 per day
$250 per day
Surgical procedures3
- Table 1 (less complex procedures)
- Table 2
- Table 3
- Table 4
- Table 5
- Table 6
- Table 7 (more complex procedures)
$150
$360
$720
$800
$840
$960
$1,100
Implants4
$7,000 per treatment
Radiosurgery5
$4,800 per procedure
Outpatient Treatments
Chemotherapy for Cancer
- Per 7-day treatment cycle
- Per 21- or 28-day treatment cycle
$270
$1,240
Stereotactic Radiotherapy for Cancer
$1,800 per treatment
Radiotherapy for Cancer
- External or Superficial
- Brachytherapy with or without external
$80 per treatment day
$160 per treatment day
Kidney Dialysis
$1,000 per month
Immunosuppressants for Organ Transplant
$200 per month
Erythropoietin for Chronic Kidney Failure
$200 per month
Maximum Claim Limits
Per policy year
$50,000
Lifetime
$200,000
Last Entry Age
Below 75 when cover commences
Maximum Coverage Age
85 (age next birthday)

1 Includes meal charges, prescriptions, professional charges, investigations and other miscellaneous charges.

2 Claimable only upon referral from an acute hospital for further medical treatment.

3 Classified according to their level of complexity, which increases from Table 1 to Table 7. Details are available on CPF website at www.cpf.gov.sg.

4 Includes:

- Intravascular electrodes used for electrophysiological procedures.

- Percutaneous Transluminal Coronary Angioplasty (PTCA) Balloons.

- Intra-aortic balloons (or Balloon Catheters).

5 Includes Novalis radiosurgery and Gamma Knife treatments.

 သို့သော်လည်းပေါ့လေ။ MediShield ဖြင့် နေရာတကာလိုက် Claim လုပ်လို့မရ။ MediShield ဖြင့်ပေးလို့မရသော ကိစ္စများမှာ အောက်ပါတို့ ဖြစ်၏။

TREATMENTS AND EXPENSES EXCLUDED FROM CLAIMS


The following expenses are not covered by MediShield and cannot be claimed:

• Entire stay in hospital if the insured member is admitted to the hospital before his MediShield cover commences

• Treatment of any of the following categories of pre-existing illnesses or any other serious illnesses for which the insured member has received medical treatment in the 12 months preceding the start of his MediShield cover:

• Blood disorder

• Cancer

• Cerebrovascular accidents (stroke)

• Chronic liver cirrhosis

• Chronic obstructive lung disease

• Chronic renal disease, including renal failure

• Coronary artery disease

• Degenerative disease

• Ischaemic heart disease

• Rheumatic heart disease

• Systemic lupus erythematosus

• Ambulance fee

• Congenital anomalies, hereditary conditions and disorders e.g. hole-in-heart, hare lip

• Cosmetic surgery

• Maternity charges (including Caesarean operations) or abortions

• Dental work (except due to accidental injuries)

• Infertility, sub-fertility, assisted conception or any contraceptive operation

• Sex change operations

• Mental illness and personality disorders

• Optional items which are outside the scope of treatment

• Overseas medical treatment

• Private nursing charges

• Purchase of kidney dialysis machines, iron-lung and other special appliances

• Treatment which has received reimbursement from Workmen’s Compensation and other forms of insurance coverage

• Treatment of any illness, disability, injury or any condition arising from or due to the Acquired Immune Deficiency Syndrome (AIDS) virus

• Treatment for drug addiction or alcoholism

• Treatment of injuries arising directly or indirectly from nuclear fallout, war and related risk

• Treatment of injuries arising from direct participation in civil commotion, riot or strike

• Treatment of self-inflicted injuries or injuries resulting from attempted suicide

• Vaccination

သဟာဆို ဘယ်သူတွေ MediShield လျှောက်နိုင်သလဲ ?

CPF ပေးဆောင်နေသော စင်ကာပူနိုင်ငံသား၊ SPR များနှင့် သူတို့၏ မှီခိုသူများသည် အသက် ၈၅ နှစ်ထိ MediShield ခံစားခွင့်ရှိသည်။

၁။ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ စင်ကာပူတွင် သူတို့၏ မွေးစာရင်းကို မှတ်ပုံတင်ခဲ့ကြသူများ

၂။ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မေလတွင် အမျိုးသားကျောင်းများ၌ မှတ်ပုံတင်ခဲ့ကြသူများ

၃။ ၂၀၁၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် အသက် ၂၁ နှစ်အောက် ရှိသူများ

၎။ သူတို့၏ CPF ကို ပေးဆောင်နေသူ အသက် ၁၆ နှစ်အထက် ရှိသူများ

၅။ စင်ကာပူတွင် လက်ထပ်ကာ စင်ကာပူတွင် လက်ထပ်စာချုပ်မှတ်ပုံတင်ခဲ့ကြသူများ

မိတ်ဆွေများခင်ဗျား -

MediShield မှာလည်း အလွန်များပြားလှပါသည်။ ကျွန်တော် အကုန်မဖော်ပြတော့ပါ။ ခုတောင်တော်တော်လေး ပျင်းနေပါပြီ။ သည်လောက်ဆိုလျှင်လည်း တော်တော်လေး ခြုံမိငုံမိရှိသွားပါပြီ။ ထို့ကြောင့် သည်မျှနှင့်ရပ်ခွင့်ပြုတော်မူပါ။

အိမ်ဝယ်ခြင်း နဲ့ CPF

အိမ်ဝယ်ခြင်းကား ပိုက်ဆံအများကြီး သုံးရသောလုပ်ငန်းဖြစ်၏။ ထို့ကြောင့် ငွေရပေါက်ရလမ်း မည်သည့်နေရာများတွင်ရှိမည် ကို ဦးစွာစဉ်းစားရမည်။ ထိုအထဲမှ တစ်ခုမှာ CPF ဖြစ်၏။ CPF မှ Ordinary Account ၌ ပိုက်ဆံမည်မျှစုမိနေပြီလဲ ဦးစွာစစ်ပါ။

အိမ်ဝယ်ရန် ဘဏ်မှငွေချေးမည့်သူများသည် HBL/1 ပုံစံကိုဖြည့်ပြီး CPF Board သို့ ငွေချေရမည့်ရက်မတိုင်မီ အနည်းဆုံး ၃ ပတ်ကြို တင်ရပါမည်။ အိမ်ဝယ်ရန် CPF ပိုက်ဆံဖြင့် သင်ငွေချေမည့်ကိစ္စ အောင်မြင်၊ မအောင်မြင်ကို CPF မှ သင့်ထံ ၂ ပတ် အတွင်း အကြောင်းပြန်ပါလိမ့်မည်။

အိမ်ဝယ်ရန် ဘဏ်မှချေးထားသည့်ပိုက်ဆံကို CPF OA ထဲမှ လစဉ်ဆပ်လို့ရပါသည်။

Home Protection Scheme (HPS)  ဆိုတာ ဘာလဲ?

HPS မှာလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းပါ၏။ သူလည်း အာမခံတစ်မျိုးပင်ဖြစ်သည်။ သင်သည် CPF ပိုက်ဆံဖြင့် အိမ်ဘိုးဆပ်နေသူဖြစ်ပါက ထိုအာမခံကို ၀ယ်ရလိမ့်မည်။ ဤသည်မှာလည်း CPF ၏အစီအမံပင်ဖြစ်သည်။ ဤအာမခံက သင် အသက် ၆၅ နှစ်ပြည့်သည်ထိ သို့မဟုတ် သင်ဘဏ်ချေးငွေ ကျေသွားသည်ထိ (ဤနှစ်ခုအနက် စောရာ) အကြုံးဝင်ပါသည်။  သူ့ကောင်းချက်မှာ အကယ်၍ သင် အသက် ၆၅ နှစ်မတိုင်မီ သေဆုံးခဲ့လျှင် သို့မဟုတ် တစ်သက်တာ မသန်မစွမ်းဖြစ်ခဲ့လျှင် ဘဏ်သို့ဆပ်ရမည့်ပိုက်ဆံများကို ဆက်ဆပ်စရာမလိုတော့ဘဲ သင်၏ဇနီးက အိမ်ကို အပိုင်ရသွားမှာ ဖြစ်ပါသည်။ (သင်ကား တမလွန်တွင် ငိုနေပေရော့။)

အကယ်၍ သင်သည် ဘဏ်ချေးငွေကို CPF မှ မဟုတ်ဘဲ သင့်လခထဲမှငွေသားဖြင့် ပေးချေမည်ဆိုပါက HPS ကိုဝယ်ရန်၊ မ၀ယ်ရန်မှာ သင့်ဆုံးဖြတ်ချက်အတိုင်းဖြစ်သည်။ ၀ယ်ချင်ဝယ်၊ မ၀ယ်ချင်နေ။

မှတ်ချက်။            HPS လျှောက်ထားစဉ် CPF က သင့် medical status ကျန်းမာရေး အခြေအနေကိုမေးပါလိမ့်မည်။ ကျွန်တော် HPS လျှောက်စဉ်က ပုံစံထဲ၌ ကျွန်တော့်၌ ဆီးချိုနှင့် လည်ပင်းကြီးရှိကြောင်း ဖြည့်လိုက်သည်။ ထိုအခါ သူတို့က ကျွန်တော် ပြနေကျ Jurong Polinic မှ ကျွန်တော့်ဆေးမှတ်တမ်းများ တောင်းကြည့်ပါသည်။ နောက်တော့ စာပို့၏။ ၀မ်းနည်းပါသည်။ လူကြီးမင်းအတွက်HPS မပေးနိုင်ပါ ဟူသတည်း။ သို့သော် အမျိုးသမီးအတွက်တော့ ရ၏။  

 CPF ပိုက်ဆံကို အိမ်ဝယ်ရာမှာ ဘာတွေပေးချေလို့ရသလဲ ?

 ၁။ ပထမဆုံး တစ်လုံးတစ်ခဲတည်းပေးချေရမည့် အိမ်တန်ဘိုး၏ ၂၀% မျှသော ငွေသားများကို ပေးချေ၍ ရပါသည်။

၂။ နောက်လစဉ်ဆပ်ရမည့် ဘဏ်ကြွေးများကိုလည်း CPF မှပင် ပေးချေသွားလို့ ရပါသည်။

၃။ Stamp duty, legal fees စသဖြင့် အိမ်ဝယ်ခြင်းနှင့်ဆက်စပ် ပတ်သက်နေသည့် အခွန်အခများကိုလည်း ပေးချေနိုင် ပါသည်။

၎။ HDB upgrading လုပ်ခြင်း၊ Lift upgrading လုပ်ခြင်း၊ Renovation လုပ်ခြင်းတို့အတွက် ပေးရမည့်ကုန်ကျစရိတ်များ ကိုလည်း ပေးနိုင်ပါသည်။

အိမ်ဝယ်ခြင်းအတွက်CPF ပိုက်ဆံကို ဘယ်လောက်ထိ ထုတ်သုံးနိုင်သလဲ?

ထုတ်ယူခွင့်ပြုသလောက် CPF ပိုက်ဆံကို ကို ထုတ်ယူသုံးစွဲနိုင်ပါသည်။ ထုတ်ယူခွင့်ပြုသော ပမာဏမှာ အောက်ပါအတိုင်း ဖြစ်၏။


Date of Purchase (i.e. S&P agreement)
CPF Withdrawal Limit (WL)
1 Jan 2003 – 31 Dec 2003
150% of VL
1 Jan 2004 – 31 Dec 2004
144% of VL
1 Jan 2005 – 31 Dec 2005
138% of VL
1 Jan 2006 – 31 Dec 2006
132% of VL
1 Jan 2007 – 31 Dec 2007
126% of VL
1 Jan 2008 onwards
120% of VL

VL = Valuation Limit (အိမ်ဝယ်စဉ်က ရှိနေသော Valuation Price)

ဘဏ်ချေးငွေဆပ်ရာတွင် CPF မှ မည်သည့်ရက်၌ ပိုက်ဆံဖြတ်မည်နည်း?

လစဉ် ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရက်များတွင် ဖြတ်ပါမည်။

ဘဏ်မှမချေးပဲ ကိုယ့်ပိုက်ဆံနှင့်ကိုယ် အိမ်ဝယ်မည်ဆိုလျှင်

၁။ HDB မှတိုက်ရိုက်ဝယ်လျှင် အိမ်ဘိုးအားလုံးကို CPF မှ ပေးချေနိုင်သည်။

၂။ ပြန်ရောင်းသည့်အိမ်ကိုဝယ်လျှင် valuation price အားလုံးကို ပေးချေနိုင်သည်။

CPF နဲ့ ၀ယ်ထားတဲ့အိမ်ကို ပြန်ရောင်းရင် CPF ထဲကို ဘယ်လောက်ပြန်ထည့်ပေးရမလဲ?

အိမ်ပြန်ရောင်းလျှင် အောက်ပါတို့ကို ပေးချေရပါမည်။

1) Outstanding HDB loan (ဘဏ်သို့ဆပ်ရန်ကြွေးကျန်)
2) Required CPF refund (CPF
သို့ ပြန်ထည့်ရန်)
3) HDB resale levy (if any) (
အိမ်ပြန်ရောင်းသည့်အတွက် ပေးရမည့် Levy) (ရှိခဲ့လျှင်)

အကယ်၍ ဘဏ်သို့ဆပ်လိုက်ရသဖြင့် ပိုက်ဆံအားလုံးကုန်သွားသည်။ CPF အတွက် ပေးရန် ပိုက်ဆံမကျန်တော့ ဆိုလျှင် ငွေသားဖြင့် ပြန်ဆပ်ရန်မလိုတော့ပါ။

CPF သို့ ပြန်ထည့်ရမည့် ပမာဏ

အိမ်ကို A နှင့် B တို့ နှစ်ဦးစပ်တူ ၀ယ်သည်ဆိုပါစို့။ ထိုအခါ A က ပြန်ထည့်ရမည့် ငွေပမာဏမှာ -


ဖြစ်၍ Bက ပြန်ထည့်ရမည့် ငွေပမာဏမှာ -

ဖြစ်၏။

အိမ်ဝယ်ခြင်းတွင်လည်း ဖော်ပြခဲ့ပြီး ဖြစ်ပါသဖြင့် သည်မျှနှင့် နားပါမည်။

အေးငြိမ်း
၂၄-၁-၂၀၁၂ ညနေ ၇ နာရီ ၁၃ မိနစ်

No comments: