Saturday, January 14, 2012

လူတစ်ဦးသေလျှင် စင်ကာပူ၌ မည်ကဲ့သို့ ဆောင်ရွက်ကြရသနည်း ဆိုခြင်းအကြောင်း

အောက်ပါအကြောင်းအရာ၊ အချက်အလက်များကို စင်ကာပူအစိုးရ web site ဖြစ်သော - http://www.nea.gov.sg/,  http://www.ica.gov.sg, http://mycpf.cpf.gov.sg  နှင့် အခြား သုဘရာဇာ web site များဖြစ်သော http://www.singaporecasket.com.sg/ , http://fcd.ecitizen.gov.sg/  တို့မှ ရယူထားခြင်းဖြစ်ပါသည်။
ကျေးဇူးစကား

ကျွန်တော် စင်ကာပူနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရေးသားလာခဲ့သည်မှာ အတော်လေးများနေပြီဖြစ်ပါသည်။ ထိုအထဲမှ တစ်ခုကို Myanmar In Singapore တွင်တင်လိုက်သောအခါ စာဖတ်သူတစ်ဦးက စင်ကာပူတွင် လူများသေသော အခါ မည်ကဲ့သို့ သဂြိုဟ်သည်ကို သိလိုပါသည်ဟု တောင်းဆိုလာပါ၏။

ဟုတ်ပါ့။ သည်ကိစ္စ ကျွန်တော်မစဉ်းစားမိခဲ့။ လူများသေသောအခါ စီမံရခြင်းသည်လည်း အရေးကြီးသော အကြောင်းတစ်ခု ဖြစ်ပါ၏။ အထူးသဖြင့် ပိုက်ဆံပါးရှားသူများအတွက် အလွန်ခေါင်းစားသော ကိစ္စဖြစ်သည်။ မြန်မာပြည်တွင်တော့ ဦးကျော်သူ တို့ နာရေးကူညီမှုအသင်းရှိနေခြင်းအတွက် ဆင်းရဲနွမ်းပါးသူတို့အဖို့ အတော်လေး ခေါင်းစားသက်သာသွားပါသည်။ ထို့အတွက် ဦးကျော်သူတို့အဖွဲ့အား ကျွန်တော်အပါအ၀င် မြန်မာပြည်သူပြည်သားအပေါင်းတို့က (၂၀၁၀ မတိုင်မီက စံလွဲလူတချို့မှလွဲ၍) ကျေးဇူးအထူးတင်လျှက်ရှိပါသည်။

သို့ဆိုလျှင် နာရေးကူညီမှုအသင်းမရှိသော စင်ကာပူတွင် လူများသေသောအခါ မည်ကဲ့သို့ စီမံသနည်း။ စိတ်ဝင်စားဘို့ မကောင်းပါသလော။ ဤကိစ္စအစဖော်ပေးသူအား ကျေးဇူးအထူးတင်ပါသည်။ (နာမည်မှတ်မထားမိခြင်းအတွက် တောင်းပန်ပါ၏။) အကယ်၍ ကျွန်တော့်ကို မေးလာခဲ့သူသည် ဤစာကိုဖတ်မိပါက ဤကိစ္စတောင်းဆိုသူမှာ ကျွန်တော် မောင်ဘယ်သူ ဖြစ်ပါသည်ခင်ဗျား ဟု ဖော်ပြပေးပါရန် မေတ္တာရပ်ခံပါသည်။

အတန်ပြည့်စုံအောင် ဖော်ပြမည်ဖြစ်သဖြင့် စာရှည်ပါမည်။ သည်းခံဖတ်ပါရန် ကြိုတင်မေတ္တာရပ်ခံထားပါ၏။

သတ္တ၀ါမှန်သမျှ သေမျိုးချည်းဖြစ်၏။ မသေချင်လို့မရ။ သေစကား နားခါးချင်လို့မရ။ မည်သူမဆို တစ်နေ့နေ့တစ်ချိန်ချိန် သေကြမည့်သူချည်း ဖြစ်သည်။ သည့်အတွက် အသေမဦးခင်၊ ဉာဏ်ဦးအောင် (ဟုတ်ပေါင်၊ ဘုန်းကြီးတွေဟောတဲ့ တရားနဲ့ ရောကုန်ပြီ) အသေမဦးခင် ကြိုတင်ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ထားရန် လိုပါသည်။ မဟုတ်က သားသမီးပေါင်း ၅၀ လောက် မွေးထားသော မင်းတုန်းမင်းကြီးလို ပြဿနာ ကောင်းကောင်းတက်သွားမည်။

၁။ သေပြီဆို အရင်ဆုံး ဘာလုပ်ရမည်နည်း။

လူတစ်ဦးသေပြီဆိုလျှင် ပထမဆုံးလုပ်ရမည်မှာ သေဆုံးလက်မှတ် (Death Certificate) လုပ်ရမည်ဖြစ်၏။ စင်ကာပူနိုင်ငံအတွင်း သေလျှင် စင်ကာပူနိုင်ငံသားရော၊ နိုင်ငံခြားသားများပါ သေပြီး ၂၄ နာရီအတွင်း ဤလက်မှတ်ရယူရန် လိုပါသည်။

၂။ သေဆုံးလက်မှတ်အတွက် ဘာစာရွက်စာတမ်းတွေ လိုသနည်း။

i)              သေဆုံးကြောင်း ဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာ အာဏာပိုင်အရာရှိ၏ ထောက်ခံစာ

ii)             သေဆုံးသူ၏ နိုင်ငံသားကဒ် (သို့မဟုတ်) Passport (ပယ်ဖျက်ရန်ဖြစ်သည်။)

iii)            သေဆုံးကြောင်းအကြောင်းကြားသူ၏ နိုင်ငံသားကဒ် (သို့မဟုတ်) Passport

၃။ သေဆုံးလက်မှတ်အတွက် မည်မျှပေးရမည်နည်း။

တစ်ပြားမှ ပေးစရာမလိုပါ။ အခမဲ့ဖြစ်၏။

၎။ သေဆုံးလက်မှတ်လုပ်ရန် မည်မျှကြာသနည်း။

-       ရဲစခန်းတွင်လုပ်လျှင် ၄၅ မိနစ်

-       Citizen Service Centre, ICA Building မှ ဆောင်ရွက်ပေးလျှင် နာရီဝက်

မှတ်ချက်။    ICA ကို မသိသူများ Lavendar MRT သို့သွားပါ။ ဘူတာမှထွက်လိုက်သည်နှင့် ICA Building ကြီးကို ဘွားကနဲတွေ့ရမည်။

၅။ လုပ်ရမည့် အစီအစဉ်

သေဆုံးကြောင်းမှတ်ပုံတင်ရန် -

-       သေဆုံးကြောင်း အကြောင်းကြားမည့်သူသည် သေဆုံးကြောင်း ဆရာဝန်ထောက်ခံစာ၊ သေဆုံးသူ၏ နိုင်ငံသားကဒ်/Passport စသည်တို့ ပြသရမည်။

-       ယူဆောင်သွားသည့် စာရွက်စာတမ်းများ မှန်မမှန်စစ်ဆေးကာ အရာရှိက သေဆုံးကြောင်းလက်မှတ် ထုတ်ပေးမည်။

-       ထိုအခါ ထိုစာရွက်ပေါ်မှ အချက်အလက်များ မှန်မမှန် သေသေချာချာ စစ်ဆေးရမည်။

-       အားလုံးမှန်ကန် ပြည့်စုံပြီဆိုလျှင် သေဆုံးကြောင်း ထောက်ခံစာ စာရွက် ထုတ်ပေးပါလိမ့်မည်။

၆။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် သေသနည်း။

က) ဆေးရုံတွင် သေဆုံးလျှင်

၁) မည်သည့်ရောဂါဖြင့် မည်ကဲ့သို့သေဆုံးကြောင်း ရှင်းရှင်းလင်းလင်းသိပါက သက်ဆိုင်ရာဆရာဝန်က Certificate of Cause of Death (CCOD) ကို သူနာပြုဆရာမအား ထုတ်ပေးလိမ့်မည်။ ထိုဆရာမထံတွင် သေဆုံးသူ၏ နိုင်ငံသားကဒ်ပြကာ CCOD ကို ယူရပါမည်။

မှတ်ပုံတင်အရာရှိက CCOD ကို ယူထားလိုက်ပြီး သေဆုံးကြောင်းလက်မှတ် (Death Certificate) ကို ထုတ်ပေးပါလိမ့်မည်။ ဤ Death Certificate ဖြင့်သာ ရုပ်ကလပ်ကို ရင်ခွဲရုံတွင်ထားခွင့်ပြုသည်။ ထိုရင်ခွဲရုံမှသာ လိုအပ်သော သဂြိုဟ်ခြင်း ကိစ္စ တို့ကို စီမံရမည် ဖြစ်ပါသည်။

အကယ်၍ ဘယ့်အတွက် သေဆုံးရသည်ကို (ဥပမာ - ခွဲစိတ်မှုမှားယွင်း၍သော်လည်းကောင်း၊ ထိခိုက်ဒါဏ်ရာ၊ သို့မဟုတ် ခိုက်ရန်ဒေါသဖြစ်ခြင်းမှ ရသောဒါဏ်ရာ စသည်) ကွဲကွဲပြားပြား မဖော်ပြနိုင်ပါက ရုပ်ကလပ်ကို ဆေးရုံမှ ရဲလက်သို့ အပ်လိမ့်မည်။ ထိုအခါ ရဲက ကာယကံရှင်များသို့ ရင်ခွဲရုံ (အဆောင် ၉) သို့လိုက်ခဲ့ပါရန် အကြောင်းကြားလိမ့်မည်။ ဤကိစ္စ မိမိက ဘာမှလုပ်စရာမလို။ ဆေးရုံနှင့် ရဲများ သူတို့ဟာ သူတို့လုပ်သွားပါလိမ့်မည်။ သူတို့ချိန်းလိုက်သော အချိန်တွင် မိမိက ရင်ခွဲရုံသို့ လိုက်သွားရုံဖြစ်၏။ ထိုနေ့မှာ များသောအားဖြင့် နောက်တစ်ရက် ဖြစ်တတ်ပါသည်။

ဤကဲ့သို့ ရင်ခွဲရုံသို့လိုက်ရမည်ဆိုပါက သေဆုံးသူ၏ဆေးမှတ်တမ်းအားလုံး၊ သေဆုံးသူသောက်ခဲ့သော ဆေးအားလုံး၊ သေဆုံးသူ၏ နိုင်ငံသားကဒ်/WP/EP/Birth Certificate စသည်တို့ ယူသွားရန် လိုပါသည်။

၂) CCOD ရပြီဆိုပါက ကာယကံရှင်များသည် သုဘရာဇာအရာရှိ (funeral director) ထံ ဆက်သွယ်ရန် လိုကောင်းလိုပါ လိမ့်မည်။ ထိုအရာရှိက ရုပ်ကလပ်ကို -

i) အိမ် သို့မဟုတ် ဆေးရုံမှ လာယူလိမ့်မည်။

ii) လိုအပ်လျှင် ဆေးထိုးလိမ့်မည်။ (မပုပ်သိုးစေရန်)

iii) ရုပ်ကလပ်ကို အသုဘအခမ်းအနားလုပ်မည့်နေရာသို့ ပို့ပေးလိမ့်မည်။

၃) သေဆုံးကြောင်းမှတ်ပုံတင်ခြင်း (ဤအဆင့်ကို အဆင့် ၂ နှင့် တစ်ပြိုင်တည်းလုပ်ရန်လိုပါသည်။)

မှတ်ပုံမတင်မီ မိသားစုသည် ရုပ်ကလပ်ကို မီးသင်္ဂြိုဟ်မည်လား၊ ဂူသွင်း၊ မြေမြှုပ်မည်လား ဆုံးဖြတ်ရပါမည်။ အဘယ်ကြောင့်ဆိုသော် သေဆုံးကြောင်း မှတ်ပုံတင်ရာတွင် ဖော်ပြရန်လိုသောကြောင့် ဖြစ်၏။

သေဆုံးကြောင်းမှတ်ပုံတင်ခြင်းကို ရဲစခန်း (Police Divisional Headquarters, Neighbourhood Police Centre, Neighbourhood Police Post) တစ်ခုခုတွင် သော်လည်းကောင်း၊

Registry of Births & Deaths
3rd floor, ICA Building
10 Kallang Road S(208718)
Tel: 6391 6100

- တွင် သော်လည်းကောင်း လုပ်နိုင်ပါသည်။

မှတ်ချက်။            ။ အကယ်၍ ရုပ်ကလပ်သည် ရဲမှုဖြစ်ကာ ရင်ခွဲရုံသို့ပို့လိုက်ပါက သေဆုံးမှတ်ပုံတင်ကို ထိုရင်ခွဲရုံ၌ပင် လုပ်ရပါမည်။

သေဆုံးကြောင်းမှတ်ပုံတင်ခြင်း လုပ်လျှင် ယူသွားရမည့်စာရွက်စာတမ်းများ

i) Certificate of Cause of Death (CCOD)

ii) သေဆုံးသူ၏ နိုင်ငံသားကဒ်/WP/EP/Birth Certificate စသည်


ခ) အိမ်တွင်သေဆုံးလျှင်

၁) မိသားစုဆရာဝန်ထံမှ Certificate of Cause of Death (CCOD) ရယူပါ။ မိသားစုဆရာဝန်မရှိပါက နီးရာဆေးခန်းမှ ဆရာဝန် ပင့်ပြီး လုပ်ခိုင်းပါ။ သေရိုးသေစဉ်သေခြင်းဖြစ်အံ့။ ဆရာဝန်သည် CCOD ကို အခက်အခဲမရှိ ချက်ချင်း ထုတ်ပေး ပါလိမ့်မည်။ အကယ်၍ ဆရာဝန်က ဘာကြောင့်သေမှန်းမသိပါ ဆိုလျှင် ရဲကိုခေါ်ကာ ပြည်သူ့ဆေးရုံကြီး၊ အဆောင် ၉ ရှိ ရင်ခွဲရုံသို့ ပို့လိမ့်မည်။ ထို့နောက် မည်သည့်နေ့တွင် ရင်ခွဲရုံသို့သွားပါဟု ကာယကံရှင်များသို့ ရဲက ပြောလိမ့်မည်။

အကယ်၍ CCOD ယူရန် ဆရာဝန်ခေါ်မရပါက ရဲသို့အကြောင်းကြားပါ။ ရဲက ပြည်သူ့ဆေးရုံကြီး၊ အဆောင် ၉ ရှိ ရင်ခွဲရုံသို့ ပို့လိမ့်မည်။ ထို့နောက် မည်သည့်နေ့တွင် ရင်ခွဲရုံသို့သွားပါဟု ကာယကံရှင်များသို့ ရဲက ပြောလိမ့်မည်။

ဤကဲ့သို့ ရင်ခွဲရုံသို့လိုက်ရမည်ဆိုပါက သေဆုံးသူ၏ဆေးမှတ်တမ်းအားလုံး၊ သေဆုံးသူသောက်ခဲ့သော ဆေးအားလုံး၊ သေဆုံးသူ၏ နိုင်ငံသားကဒ်/WP/EP/Birth Certificate စသည်တို့ ယူသွားရန် လိုပါသည်။

ရင်ခွဲရုံသည် တနင်္လာမှ သောကြာထိ - နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲထိ နှင့် စနေ၊ တနင်္ဂနွေ၊ အများပြည်သူရုံးပိတ်ရက်များ ၌ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီခွဲ ထိဖွင့်ပါသည်။

ရင်ခွဲရုံ၌ ကိစ္စမပြီးဘဲ တရားရုံးသို့သွားရန်လိုပါကလည်း သူတို့က တရားရုံးသို့ ဘယ်နေ့လာခဲ့ပါ ဟု ချိန်းပါလိမ့်မည်။

အဆင့် ၂ နှင့် ၃ မှာ ဆေးရုံတွင် သေဆုံးခြင်း နှင့် အတူတူပင်ဖြစ်၏။


ဂ) ပင်လယ်ရပ်ခြား၌ သေဆုံးခြင်း

ပင်လယ်ရပ်ခြားတွင် သေဆုံးခဲ့သည်ဖြစ်အံ့။ သေဆုံးသောနိုင်ငံမှ အာဏာပိုင်အဖွဲ့အစည်း၏ သေဆုံးကြောင်းမှတ်ပုံတင် လက်မှတ် ယူခဲ့ရမည်။

က) စင်ကာပူနိုင်ငံသားများ နှင့် Singapore Permanent Residents (SPR)

မြေမြှုပ်ခြင်း သို့မဟုတ် မီးသင်္ဂြိုလ်ခြင်းအတွက်

စင်ကာပူနိုင်ငံသားများ နှင့် Singapore Permanent Residents (SPR) များ စင်ကာပူနိုင်ငံပြင်ပတွင် သေဆုံးလျှင် မြေမြှုပ်ခြင်း သို့မဟုတ် မီးသင်္ဂြိုဟ်ခြင်းပြုလုပ်ရန် အလောင်းကို စင်ကာပူနိုင်ငံအတွင်း ပြန်သယ်လာနိုင်သည်။ သို့သော် ဤသို့သယ်ရန် Coffin (Import) Permit (ရုပ်ကလပ်တင်သွင်းခွင့် အမိန့်) လို၏။ ဤကိစ္စများဆောင်ရွက်ရန် သုဘရာဇာအရာရှိက ကူညီပါ လိမ့်မည်။

Coffin (Import) Permit (ရုပ်ကလပ်တင်သွင်းခွင့် အမိန့်) လျှောက်ခြင်း

က) Coffin (Import) Permit (ရုပ်ကလပ်တင်သွင်းခွင့် အမိန့်) ကို အောက်ပါနေရာများတွင် အချိန်မရွေးလျှောက်ထားနိုင် ပါသည်။

i) Port Health Office
4545 Jalan Bukit Merah
Singapore 159466
Tel: 6222 2585, Fax: 6222 8543

ii) Airport Health Office
Singapore Changi Airport
Tel: 6543 2515, Fax: 6543 1973

ခ) Coffin (Import) Permit (ရုပ်ကလပ်တင်သွင်းခွင့် အမိန့်) လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ

၁) သေဆုံးသောနိုင်ငံမှထုတ်ပေးသည့် သေဆုံးကြောင်းအတည်ပြုလက်မှတ် (Death Certificate)

    သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှထုတ်ပေးသော မည်သို့သောအကြောင်းကြောင့် သေဆုံးရသည် ဟူသော

    ထောက်ခံစာ။

    ဤလက်မှတ်သည် အခြားဘာသာဖြင့်ဖြစ်နေပါက အင်္ဂလိပ်ဘာသာသို့ ပြန်ဆို (Notral Translation) ရမည်။

၂) ရုပ်အလောင်းထုပ်ပိုးလက်မှတ် (Sealing Certificate for the coffin)

၃) ရုပ်အလောင်းမပုပ်သိုးစေရန် ပြုပြင်ထားသော (ဆေးထိုးခြင်းစသည်) လက်မှတ် (Embalming Certificate) (ရနိုင်လျှင်)

၎) သေဆုံးသည့်နိုင်ငံမှ ထုတ်ပေးသော ရုပ်အလောင်းတင်ပို့ခွင့်လက်မှတ် (Coffin Export Permit)

၅) လေကြောင်းဖြင့် ပို့ခြင်းဖြစ်ပါက AWB (Air Way Bill)

အကယ်၍ Coffin (Import) Permit (ရုပ်ကလပ်တင်သွင်းခွင့် အမိန့်) အတွက် သုဘရာဇာအရာရှိအား လျှောက်ခိုင်းပါက သေသူနှင့် အနီးစပ်ဆုံးဆွေမျိုးတော်သူသည် သုဘရာဇာအရာရှိကို ဂူသွင်းခွင့်၊ မီးသင်္ဂြိုဟ်ခွင့် ကိုယ်စားလှယ်လွှဲစာ (Letter of Authorization) ထုတ်ပေးရပါမည်။

ဂ) Coffin Permit လျှောက်ထားခ မှာ စင်းဒေါ်လာ ၁၀ ဖြစ်ပါသည်။ ထိုပါမစ်နှင့်အတူ မြေမြှုပ်ခွင့်/မီးသင်္ဂြိုဟ်ခွင့်ပါမစ်များပါ ထုတ်ပေးလိုက်ပါ။ ဤသည်တို့အတွက် ပိုက်ဆံထပ်ပေးစရာ မလိုပါ။

မှတ်ချက်။            HIV ရောဂါနှင့်သေဆုံးသော စင်ကာပူနိုင်ငံသားတစ်ဦး၏ ရုပ်ကလပ်ကို စင်ကာပူနိုင်ငံအတွင်း သွင်းလာလိုပါက NEA (National Environment Agency), Environmental Health Department ဌာနမှ စာဖြင့် ရေးထားသော ကြိုတင်ခွင့်ပြုမိန့် လိုပါသည်။


သေဆုံးကြောင်းမှတ်ပုံတင်ခြင်း

လူတစ်ဦးသေဆုံးလျှင် ICA ရုံး၊ ၃ ထပ်တွင်ရှိသော၊ Citizen Centre, စင်ကာပူနိုင်ငံဖွားသေစာရင်း မှတ်ပုံတင်ဌာန (Singapore’s Registry of Birth & Deaths) သို့ သေဆုံးသူ၏ အနီးစပ်ဆုံးဆွေမျိုး (မိဘ၊ ညီအစ်ကို မောင်နှမအရင်း အချာ၊ ဇနီး၊ သားသမီးစသည်) က လူကိုယ်တိုင် သွားရောက် အကြောင်းကြားရ၏။ အကယ်၍ ဆွေမျိုးအရင်းခေါက်ခက်တို့ မသွားနိုင်ဘူး ဆိုငြားအံ့။ အခြားသူတစ်ဦးကို ကိုယ်စားလှယ်လွှဲစာဖြင့် လွှတ်နိုင်ပါသည်။

ဤသို့သွားလျှင် အောက်ပါစာရွက်စာတမ်းများ ယူဆောင်သွားပါ။

၁။ သေဆုံးခဲ့သောနိုင်ငံမှ အာဏာပိုင်များထုတ်ပေးထားသော သေဆုံးကြောင်းလက်မှတ် (အင်္ဂလိပ်ဘာသာဖြင့်မဟုတ်လျှင် အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပါ။)

၂။ ရုပ်အလောင်း တင်ပို့ခွင့်၊ တင်သွင်းခွင့် လက်မှတ်များ

၃။ မြေမြှုပ်ခွင့်/မီးသင်္ဂြိုဟ်ခွင့်ပါမစ်

၎။ သေဆုံးသူ၏ နိုင်ငံသားကဒ်၊ ပတ်စ်ပို့၊ နိုင်ငံသားဖြစ်ကြောင်းလက်မှတ် စသည်

၅။ သေဆုံးကြောင်း အကြောင်းကြားသူ၏ နိုင်ငံသားကဒ်

ခ) စင်ကာပူနိုင်ငံပြင်ပတွင် သေဆုံးသော နိုင်ငံခြားသားများ၏ ရုပ်အလောင်းများကိုလည်း သင်္ဂြိုဟ်ရန် စင်ကာပူနိုင်ငံအတွင်း သွင်းလာလို့ရပါသည်။ ဤသို့သွင်းရန် Coffin Permit လိုသည်။ မိမိမသိသော ကိစ္စများ ဆောင်ရွက်ရန် သုဘရာဇာအရာရှိနှင့် ဆက်သွယ်ဘို့ လိုကောင်းလိုပါလိမ့်မည်။ ဆောင်ရွက်ပုံများမှာ အထက်တွင် ဖော်ပြခဲ့သည့် စင်ကာပူနိုင်ငံသားများနှင့် SPR  များအတွက် ဆောင်ရွက်ပုံနှင့် အတူတူပင်ဖြစ်ပါသည်။

နိုင်ငံခြားသားများကို စင်ကာပူနိုင်ငံတွင် သဂြုင်္ိဟ်၍ရပါ၏။ သို့သော် အစိုးရပိုင် အရိုးအိုးများ ထားရှိရာဌာနများ၌ နေရာ ၀ယ်ခွင့်မရှိပါ။ ပုဂ္ဂလိကပိုင် နေရာများတွင်မူ ၀ယ်နိုင်ပါသည်။

မှတ်ချက်။            ။ နိုင်ငံခြားသား ဆိုရာတွင် ဆွေမျိုးအရင်းအချာ (next of kin) သည် စင်ကာပူနိုင်ငံသား သို့မဟုတ် SPR ဖြစ်မှသာ နိုင်ငံခြားသားရုပ်အလောင်းကို သင်္ဂြိုဟ်ရန် စင်ကာပူနိုင်ငံတွင်း သွင်းခွင့်ပြုသည်။ စင်ကာပူ၌ နေရာ အကန့်အသတ်ရှိသဖြင့် အခြား နိုင်ငံခြားသား ရုပ်အလောင်းများကိုမူ NEA က တင်သွင်းခွင့် မပြုပါ။

၇။ မီးသင်္ဂြိုဟ်ရန် စီစဉ်ခြင်း

မီးသင်္ဂြိုဟ်ရန် သုဘရာဇာအရာရှိနှင့် ဆက်သွယ်နိုင်ပါသည်။ သုဘရာဇာအရာရှိများစာရင်းကို

http://www.nea.gov.sg/passesaway/afd.htm တွင် ကြည့်နိုင်ပါသည်။

သင်္ဂြိုဟ်ခြင်းကိစ္စအတွက် ပိုက်ဆံမည်မျှ ကုန်မည်နည်း။

ဤသည်မှာ သင်အဘယ်မျှ ဇာချဲ့မည်နည်း ဆိုခြင်းအပေါ်မူတည်ပါသည်။ သင်္ဂြိုဟ်ရာတွင် ဘာသာ၊ ဓလေ့ထုံးစံ၊ ရိုးရာ စသည် တို့နှင့် များစွာပတ်သက်ဆက်နွယ်နေရာ ရှုပ်ထွေးပါသည်။ အလောင်းမြေကျရင် ပြီးရောဟေ့ ဆိုသူတွေအတွက်တော့ ရှင်းပါ သည်။ သုဘရာဇာ (under taker) လက်ထဲ ထည့်လိုက်ရုံဖြစ်၏။ နောက်ပြီး ကျသမျှရှင်းပေးလိုက်။

အသုဘရှုခြင်း

အကယ်၍ နာရေးအခမ်းအနားကို မိမိနေထိုင်ရာ HDB တွင်ပင် ကျင်းပမည်ဆိုပါက သက်ဆိုင်ရာ Town Council မှ ခွင့်ပြုချက် ရယူရပါမည်။ (အယ်မယ်လေးဟဲ့။ သူတို့ဟာကလည်း ဘာလေး မထိလိုက်နဲ့၊ ထိပြီဆိုတာနဲ့ ပါမစ်က အရင်ပဲ။) အကယ်၍ သင်ပိုင်သော မြေပေါ်တွင်လုပ်မည်။ သို့သော် မဏ္ဍပ်က လမ်းပေါ်ရောက်သွားပြီ ဆိုလျှင်တော့ LTA (Land Transport Authority) ထံမှ ပါမစ်ယူရမည်။ မလုပ်တတ်ဘူးလား။ သုဘရာဇာဆရာကို အပ်လိုက်ပါလေ။ သူကြည့်လုပ်သွားလိမ့်မည်။

သံယောဇဉ်ကြီးသူများ နာရေးအခမ်းအနားကို ၇ ရက်ထက်ပိုလုပ်ချင်သည် ဆိုပါစို့။ NEA မှ ခွင့်ပြုမိန့်ကို စာဖြင့်ရေးပြီး တောင်းခံရမည်။ စာပို့ရန်လိပ်စာမှာ -

National Environment Agency
Environmental Health Department
40 Scotts Road,
Environment Building, #21-00
Singapore 228231
 - ဖြစ်၏။

သုဘရာဇာအရာရှိက မြေမြှုပ်ရမည့် သို့မဟုတ် မီးသင်္ဂြိုဟ်ရမည့်ရက်ချိန်းကို ယူပေးပါလိမ့်မည်။ သင်ကိုယ်တိုင်လုပ်လိုပါက လည်း လုပ်နိုင်ပါ၏။ http://app1.env.gov.sg/atad/JSP/ilsc/security/start.jsp တွင် အင်တာနက်မှလျှောက်နိုင် (online apply) ပါသည်။ ဤသို့လျှောက်ရာတွင် လျှောက်ထားသူ နှင့် သေဆုံးသူနှင့် အနီးဆုံးဆွေမျိုး၏ နိုင်ငံသားမှတ်ပုံတင်ကဒ်၊  သေဆုံးကြောင်းမှတ်ပုံတင်လက်မှတ်၊ မြေမြှုပ်ခွင့်လက်မှတ်၊ မီးသင်္ဂြိုဟ်ခွင့်လက်မှတ် စသည်တို့ကိုပါ တင်ပြရမည်။

မှတ်ချက်။            ။ အလောင်းကို မီးသင်္ဂြိုဟ်မည်ဆိုလျှင် ခေါင်းအတွင်းထည့်သွင်းထားသော အဖိုးတန် ရွှေ၊ ငွေ၊ လက်ဝတ် ရတနာများကို ပြန်ရရန် မမျှော်လင့်ပါနှင့်။ မီးသင်္ဂြိုဟ်သည့် အပူချိန်မြင့်တွင် အားလုံးပျက်စီးသွားပါလိမ့်မည်။


၈။ နာရေးကြော်ငြာထည့်သွင်းခြင်း

နာရေးကြော်ငြာ ထည့်လိုပါက အင်္ဂလိပ်လို The Straits Times and The Sunday Times, Today တို့တွင်လည်းကောင်း၊ မလေးလို ထည့်လိုပါက Berita Harian and Berita Minggu တွင်လည်းကောင်း၊ တရုတ်လို ထည့်လိုပါက Lianhe Zaobao, Lianhe Wanbao and Shin Min Daily News တွင်လည်းကောင်း၊ တမီလို ထည့်လိုပါက Tamil Murasu တွင်လည်းကောင်း ထည့်နိုင်ပါသည်။

ကြော်ငြာထည့်ရန် လိုအပ်သောစာရွက်စာတမ်းများ

v  သေလက်မှတ် မူရင်း (Original Death Certificate)

v  ကြော်ငြာထည့်မည့်သူ၏ နိုင်ငံသားကဒ်ပြား

ပိုက်ဆံကို Credit card ဖြင့်သော်လည်းကောင်း၊ NETS ဖြင့်သော်လည်းကောင်း၊ ရုံးချိန်အတွင်း ရုံးသို့သွား၍ ငွေသားဖြင့် သော်လည်းကောင်း ပေးချေနိုင်ပါသည်။ 

ရုံးချိန်အတွင်းသွားလိုပါက သတင်းစာတိုက်လိပ်စာများမှာ အောက်ပါအတိုင်းဖြစ်ပါ၏။

Newspapers
Address
Operating hours
Contact number
The Straits Times, The Sunday Times, Lianhe Zaobao, Lianhe Wanbao, Shin Min Daily News, Berita Harian, Berita Minggu
Singapore Press Holdings, News Centre
1000 Toa Payoh North
(S) 318994
Mon – Fri:
8:30am to 5:30 pm
Please call 1800-289 9988 during office hours for more information.
Tamil Murasu
Singapore Press Holdings, 118 Race Course Road, #03-01 (S) 218581
Mon – Sat:
10:00am to 6:00pm
Please Please call 6341-7333 for more information during operating hours. .
Today
20 Pickering Street, #03-00, Pickering Operations Complex,
(S) 048658
Mon – Fri:
9:00am to 6:00pm
Please call 1800-252 7723 during office hours for more information.


ရုံးချိန်ကျော်သွားလျှင်မူ အောက်ပါလိပ်စာ များသို့သွားထည့်ပါ။

Newspapers
Address
Operating hours
The Straits Times, The Sunday Times
Singapore Press Holdings News Centre
1000 Toa Payoh North
(S) 318994
Mon – Fri:
5:30pm to 9:45 pm
Sat, Sun & Public Holidays:
12:30pm to 9:45pm

Lianhe Zaobao, Lianhe Wanbao, Shin Min Daily News
Singapore Press Holdings News Centre
1000 Toa Payoh North
(S) 318994
Sat, Sun & Public Holidays:
12:30pm to 4:00pm


နာရေးကြော်ငြာခ နှုံးထားများ

Straits Times တွင် ကြော်ငြာပါက - ၁ ကော်လံအကျယ်၊ ၁ စင်တီမီတာအရှည် = ၄၃ ကျပ် ဖြစ်ပါသည်။

နာရေးကြော်ငြာတွင် ပါဝင်ရမည့်အချက်အလက်များ

၁။ သေဆုံးသူ၏ ဓါတ်ပုံ

၂။ သေဆုံးသူ၏ နာမည်ရင်း နှင့် နာမည်ခွဲများ

၃။ သေဆုံးသည့် နေ့ရက်၊ အချိန်ကိုမူ ထည့်လိုလျှင်လည်းရသည်။ မထည့်ချင်လည်း ရပါသည်။

၎။ သေဆုံးသူ၏ ဆွေမျိုးသားချင်းများ (မိဘများ၊ လင်ယောက်ျား၊ ဇနီးမယား၊ သမီးသားများ၊ မွေးစားသားသမီးများ၊ ယောက်ခမ၊ ယောက်ဖ၊ ညီအစ်ကိုမောင်နှမ၊ တူ၊ တူမ၊ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေး၊ မြေး၊ မြစ်၊ တီ၊ ကျွတ် စသည် . . .)

၅။ နာရေးကျင်းပမည့်နေရာ

၆။ အသုဘရှု တရားနာမည့် နေ့ရက်၊ အချိန်

၇။ အသုဘချမည့် နေ့ရက်၊ အချိန်

၈။ မီးသင်္ဂြိုဟ်မည့် သချိုင်းအမည်


၉။ အရိုးပြာအိုးများကို သိမ်းဆည်းခြင်း သို့မဟုတ် ပင်လယ်၊ မြစ်ချောင်းများအတွင်း စွန့်ကြဲခြင်း

မီးသင်္ဂြိုဟ်ပြီးနောက် ပြာအိုးကို မိမိအိမ်တွင်သော်လည်းကောင်း၊ အစိုးရ၏ ပြာအိုးများသိမ်းဆည်းရာဌာနတွင် သော်လည်းကောင်း သိမ်းနိုင်ပါသည်။ အစိုးရဌာနတွင် သိမ်းလိုပါက Death Certificate နှင့် လျှောက်ထားသူ၏ NRIC ပြကာ  online မှ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရမည့် လိပ်စာမှာ - http://app1.env.gov.sg/atad/JSP/ilsc/security/start.jsp ဖြစ်၏။

အစိုးရပိုင် အရိုးအိုးများ သိမ်းဆည်းရာ နေရာဌာန ၄ ခု ရှိ၏။

၁။ Mandai Crematorium and Columbarium Complex
300 Mandai Road
Singapore 779393
Telephone : 655 45 655
Fax : 645 95 228
 
၂။ Choa Chu Kang Columbarium
51 Chinese Cemetery Path 4
Singapore 698932
Telephone : 6795 9731
Fax : 6795 0885

 
၃။ Yishun Columbarium
Yishun Ring Road
(niches for Yishun Columbarium are to be booked from Mandai Cremation and
Columbarium Complex)
Telephone : 655 45 655
Fax : 645 95 228



ပြာများကို ပင်လယ်ထဲချလိုလျှင်မူ စင်ကာပူတောင်ဘက် 2.8 km ခန့်အကွာရှိ Pulau Semakau  ကျွန်းတွင် ချနိုင်ပါသည်။ ပြာလက်ခံချိန် နံက် ၇ နာရီမှ ည ၇ နာရီထိဖြစ်၏။ အသေးစိတ်သိလိုသူများ ဖုံးနံပါတ် - 6325 2488, Port Marine Safety Control Centre သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အရိုးအိုးများ သိမ်းဆည်းခွင့်လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

v  Original Death Certificate - သေလက်မှတ်မူရင်း

v  အနီးစပ်ဆုံးဆွေမျိုးများ၏ နိုင်ငံသားလက်မှတ်၊ ပတ်စ်ပို့ စသည်

v  အနီးစပ်ဆုံးဆွေမျိုးများမလာနိုင်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ တစ်ယောက်ယောက်ကို လွှတ်လုပ်ခိုင်း၍လည်း ရပါသည်။

အရိုးအိုးများ သိမ်းဆည်းခ

NICHE FEES (FOR ALL GOVERNMENT COLUMBARIA)
Niche (standard)
$500*
Niche (family)
$900*

 အရိုးအိုးများကို အစဉ်အတိုင်းထည့်သွင်းသွားပါမည်။ နေရာရွေးချယ်လိုလျှင် နောက်ထပ် S$၂၅၀ ထပ်မံပေးရပါမည်။

၁၀။ ရုပ်ကလပ်ကို မြေမြှုပ်ခြင်း


မြေနေရာအခက်အခဲကြောင့် စင်ကာပူတွင် ရုပ်အလောင်းများ မြှုပ်နှံခြင်းကို Choa Chu Kang Cemetery Complex ၌သာ လက်ခံပါသည်။ လိပ်စာမှာ -

Choa Chu Kang Cemetery Booking Office
910 Choa Chu Kang Road
Singapore 699819
Telephone : 6793 7428
Fax : 6793 7400 -
ဖြစ်၏။

မြေမြှုပ်ရန်  booking လုပ်ခြင်းကိုလူကိုယ်တိုင် ရုံးသို့သွား၍သော်လည်းကောင်း၊ online မှသော်လည်းကောင်းလုပ်နိုင်ပါသည်။ လိပ်စာမှာ -

http://app1.env.gov.sg/atad/JSP/ilsc/security/start.jsp ဖြစ်၏။ နံနက် ၈နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း လုပ်နိုင်သည်။ ငွေကိုမူ မြေမမြှုပ်မီ ကြိုတင်ချေရသည်။


မြေမြှုပ်ရန် လိုအပ်သော စာရွက်စာတမ်းများ

v  Original Death Certificate - သေလက်မှတ်မူရင်း

v  Permit to Bury (Original) - မြေမြှုပ်ခွင့်လက်မှတ်

v  အနီးစပ်ဆုံးဆွေမျိုးများ၏ နိုင်ငံသားလက်မှတ်၊ ပတ်စ်ပို့ စသည်

v  အနီးစပ်ဆုံးဆွေမျိုးများမလာနိုင်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ တစ်ယောက်ယောက်ကို လွှတ်လုပ်ခိုင်း၍လည်း ရပါသည်။

ကျသင့်ငွေချေခြင်း

ကျသင့်ငွေကို -

NETS (preferred)
• Cash Card
• Cash
• Cheque (crossed and made payable to National Environment Agency)

-       တစ်နည်းနည်းဖြင့် ပေးချေနိုင်ပါသည်။

မြေမြှုပ်ခြင်းအတွက် ကုန်ကျငွေမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။

Burial
Child under 10 years old
Adult
Choa Chu Kang Muslim Cemetery
$140
$315
Choa Chu Kang Ahmaddiya Jama'at Cemetery
$140
$315
Choa Chu Kang Jewish Cemetery
$140
$315
Choa Chu Kang Parsi Cemetery
$140
$315
Choa Chu Kang Bahai Cemetery
$140
$315
All other cemeteries at Choa Chu Kang other than
those listed above e.g. Christian, Chinese, Hindu, Lawn
$420
$940

မိမိ booking ကို ပယ်ဖျက်လိုလျှင်လိုသော်လည်းကောင်း၊ အတည်ပြုလိုလျှင်သော်လည်းကောင်း လျှောက်ထားသူ သို့မဟုတ် အနီးစပ်ဆုံးဆွေမျိုးက booking office တွင် သက်ဆိုင်ရာစာရွက်စာတမ်း အပြည့်အစုံနှင့် လူကိုယ်တိုင် သွားရောက် လုပ်ရန်လိုပါသည်။

မှတ်ချက်။            ။ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ မြေမြှုပ်ခြင်းကာလကို ၁၅ နှစ်ဟု သတ်မှတ်ထားပါသည်။ ၁၅ နှစ်ပြည့်သည်နှင့် ခေါင်းကိုပြန်ဖော်ကာ ကျန်ရှိသော အရိုးစုကို မီးသင်္ဂြိုဟ်ကာ ပြာအိုးများအဖြစ် သိမ်းရပါမည်။ အကယ်၍ ဘာသာရေး ယုံကြည်ကိုးကွယ်မှုများအရ မြေမြှုပ်ထားမှဖြစ်မည်ဆိုလျှင် ပိုမိုသေးငယ်သော မြေကျင်းကလေးများဖြင့် မြှုပ်နှံခွင့် ပေးပါလိမ့်မည်။


၁၁။ မီးသင်္ဂြိုဟ်ခြင်း

စင်ကာပူတွင် အစိုးရပိုင် မီးသင်္ဂြိုဟ်စက် ၁ လုံး နှင့် ပုဂ္ဂလိကပိုင် မီးသင်္ဂြိုဟ်ပေးခြင်း ၂ နေရာရှိ၏။

အစိုးရပိုင် မီးသင်္ဂြိုဟ်စက်

Mandai Crematorium and Columbarium Complex
300 Mandai Road
Singapore 779393
Telephone : 655 45 655
Fax : 645 95 228


ပုဂ္ဂလိကပိုင် မီးသင်္ဂြိုဟ်ပေးသည့် ၂ နေရာ မှာ ဘုန်းကြီးကျောင်းများ ဖြစ်၏။

Private
crematoria
Address & Contact Numbers
Operating
hours
Cremation
Fees
Kong Meng San
Phor Kark See
Monastery
88 Bright Hill Drive
Tel: 6849 5333
Fax: 6459 2258
Mon - Sun:
9:00am to
3:00pm
$300
(cremation only)

$400*
(cremation + urn storage)
Tse Toh Aum Temple
601 Sin Ming Drive
Tel: 6454 7666
Mon - Sun:
9:00am to
3:00pm
$400
(cremation only)

$500*
(cremation + urn storage)

မှတ်ချက်။            ။ ကုန်ကျစရိတ်မှာ မည်သည့်အရိုးအိုးများ သုံးလိုသည်။ မည်သည့်နေရာတွင် သိမ်းလိုသည် စသည့်အပေါ် မူတည်ကာ ကွာသွားနိုင်ပါသည်။

မီးသင်္ဂြိုဟ်ရန် online booking လုပ်နိုင်ပါသည်။ လိပ်စာမှာ http://app1.env.gov.sg/atad/JSP/ilsc/security/start.jsp မှာ ဖြစ်ပါ၏။ လူကိုယ်တိုင် Booking office သို့သွားပြီးလည်း လုပ်နိုင်ပါသည်။ ရုံးဖွင့်ချိန် နံက် ၈း၃၀ မှ ညနေ ၄း၃၀ ထိ ဖြစ်ပါသည်။ ထိုရုံးတွင်ပင် မီးသင်္ဂြိုဟ်ခ ပိုက်ဆံပေးရပါမည်။

မီးသင်္ဂြိုဟ်ခွင့် လျှောက်ထားရန် အောက်ပါ စာရွက်စာတမ်းများလိုပါသည်။

v  Original Death Certificate - သေလက်မှတ်မူရင်း

v  Permit to Cremate (Original) - မီးသင်္ဂြိဟ်ခွင့်လက်မှတ်မူရင်း

v  အနီးစပ်ဆုံးဆွေမျိုးများ၏ နိုင်ငံသားလက်မှတ်၊ ပတ်စ်ပို့ စသည်

v  အနီးစပ်ဆုံးဆွေမျိုးများမလာနိုင်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ တစ်ယောက်ယောက်ကို လွှတ်လုပ်ခိုင်း၍လည်း ရပါသည်။

မီးသင်္ဂြိုဟ်ရန် ကျသင့်ငွေချေခြင်း

ကျသင့်ငွေကို အောက်ပါနည်းများဖြင့် ပေးချေနိုင်ပါသည်။

NETS (preferred)
• Cash Card
• Cash
• Cheque (crossed and made payable to National Environment Agency)

-       တစ်နည်းနည်းဖြင့် ပေးချေနိုင်ပါသည်။

မီးသင်္ဂြိုဟ်ခြင်းအတွက် ကုန်ကျငွေမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။

Cremation Fee
Adult
$100
Child under 10 years old
$ 50

မိမိ booking ကို ပယ်ဖျက်လိုလျှင်လိုသော်လည်းကောင်း၊ အတည်ပြုလိုလျှင်သော်လည်းကောင်း လျှောက်ထားသူ သို့မဟုတ် အနီးစပ်ဆုံးဆွေမျိုးက booking office တွင် သက်ဆိုင်ရာစာရွက်စာတမ်း အပြည့်အစုံနှင့် လူကိုယ်တိုင် သွားရောက် လုပ်ရန်လိုပါသည်။

၁၂။ နာရေးဈေးနှုံးများ

ကုမ္ပဏီကိုလိုက်ပြီး ဈေးကွာသွားပါသည်။ အင်တာနက်၌ သုဘရာဇာကုမ္ပဏီ အတော်များများ တွေ့သည့်တိုင် ဈေးနှုံးများကို ဖော်ပြမထားပါ။ ဤတွင် ရှာလို့ရသမျှ အချို့ဈေးနှုံးများကို ဖော်ပြလိုက်ပါ၏။

Casket Fairprice

3 Days Christian Funeral @ HDB Void Deck - $3,600
3 Days Freethinker Funeral @ HDB Void Deck - $3,500
Direct Cremation (including coffin, hearse transport and manpower) - $1,000



Funeral Solutions

3days $5888.00
5days $6888.00 ( No GST, No Service Charge)

၁၃။ အခေါင်းများ


၁၄။ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်း နှင့် ပန်းစီးများ


၁၅။ အရိုးအိုးများ


၁၆။ နိဗ္ဗာန်ယာဉ်များ


၁၇။ နာရေးအခန်းအနားကျင်းပခြင်း







၁၈။ စင်ကာပူမှ သင်္ချိုင်းများ








(အသုဘအခမ်းအနားပြီးနောက် ဆက်လက်ဆောင်ရွက်စရာ ရှိသည်များကို ဆက်လက်ရေးသားပါမည်။)
အေးငြိမ်း

၁၄ - ၁ - ၂၀၁၂ ည ၁၀ နာရီ မိနစ် ၂၀

3 comments:

Ei Swe said...

Thank you for sharing good knowledge.

Please continue for post-funeral procedure, for our info.

Ei Swe said...

Thanks for sharing the info. It's useful and we should know.

Please continue post - funeral procedures, for our info.

zy said...

Thank you very much.Please keep moving.