Saturday, August 4, 2012

မြန်မာ ပြက္ခဒိန် တွက်နည်း (၁၀-ခ)

၁၊ ၁၀၊ ၇။ ဆရိုးစ် စီးရီး (Saros Series)
            တိုးတက်လှသော အနောက်တိုင်းနက္ခတ္တဗေဒတွင်မူ နေကြတ်လကြတ်အတွက် ပရိုဂရမ်များ၊ ရည်ညွှန်းဇယားများ၊ တွက်ကိန်းများ၊ တွက်ပြီးဇယားများ အလွန်ပြည့်စုံစွာ ရှိပါသည်။ လေ့လာလိုသူများ နာဆာ (NASA) ၏ နေကြတ်လကြတ် Website ဖြစ်သည့် http://eclipse.gsfc.nasa.gov/lunar.html တွင် လေ့လာနိုင်ကြပါသည်။
            နေကြတ်လကြတ်အကြောင်းကို နက္ခတ္တဆောင်းပါးများရေးသည့်အခါ အပြည့်အစုံ ရေးသားသွားပါမည်။ ယခုမူ မူရင်း ပြက္ခဒိန်တွက်နည်းများမှ ဘေးချော်သွားမည်စိုးပါသဖြင့် မဖော်ပြတော့ပါ။ ထို အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် အချို့နှစ်များ၏ နေလကြတ်သည့်ရက်များကို ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ပါသည်။
 လကြတ်ရက်များ (၁၉၈၁ မှ ၂၀၂၀ ထိ)








No comments: