Friday, August 3, 2012
မြန်မာ ပြက္ခဒိန် တွက်နည်း (၁၀)
၁၊ ၁၀။ နေကြတ်၊ လကြတ်ခြင်းအကြောင်း
မြန်မာပြက္ခဒိန်တွက်ရာတွင် နေကြတ်၊ လကြတ်ခြင်းသည်လည်း အရေးကြီးပါသည်။ လက်ရှိသုံးနေသော ပြက္ခဒိန် မှန်၊ မမှန်ကို မည်သည့်နေ့တွင် နေကြတ်၊ လကြတ်သည် ဆိုသည်ကိုကြည့်ပြီး ခန့်မှန်းနိုင်ပါသည်။ အဘယ်ကြောင့် နေကြတ်၊ လကြတ်ခြင်း အရေးကြီးရသနည်းဟူမူ နေကြတ်ခြင်းသည် လကွယ်ရက်များတွင်လည်းကောင်း၊ လကြတ်ခြင်းများသည် လပြည့်နေ့များတွင်လည်းကောင်း ဖြစ်ရပါမည်။ သို့သော် ဆရာဦးအုန်းကြိုင်ကမူ ဒေသကွာခြားမှုကြောင့် လဆန်း ၁ ရက်တွင် နေကြတ်ခြင်း၊ လပြည့်ကျော် တစ်ရက်တွင် လကြတ်ခြင်းများကိုလည်း လက်ခံနိုင်ရမည်ဟု ဆိုပါသည်။ သူ့အဆို သင့်မြတ် လှ၏။ သို့သော် လဆန်း ၂ ရက်၊ ၃ ရက်၊ လဆုတ် ၂ ရက်၊ ၃ ရက်နေ့များ၌ နေကြတ်၊ လကြတ်သည်ဆိုလျှင် ထိုပြက္ခဒိန် မှားနေပြီဖြစ်၏။
ကမ္ဘာ၏အရံဂြိုဟ် လ သည် ကမ္ဘာကိုပတ်နေစဉ် ကမ္ဘာသည် နေကို ပတ်နေသည်။ ထိုအခါ တစ်လလျှင် နှစ်ကြိမ် နေ၊ ကမ္ဘာ၊ လ တို့ တစ်တန်းတည်းကျသည်။ တစ်ကြိမ်မှာ လပြည့်နေ့တွင်ဖြစ်ပြီး နောက်တစ်ကြိမ်မှာ လကွယ်အခါတွင် ဖြစ်သည်။ လကွယ်အခါ လ သည် နေနှင့် ကမ္ဘာအကြားရောက်သွားချိန်၌ နေကို ကွယ်မိသောအခါ နေကြတ်ခြင်း ဖြစ်သည်။ လပြည့်အခါ ကမ္ဘာသည် နေနှင့်လအကြား ရောက်နေစဉ် ကမ္ဘာ၏အရိပ် လပေါ် ဖုံးသွားသည့်အခါ လကြတ်သည်။ သို့မဟုတ် လငပုပ်ဖမ်းသည်။
လ၏အရိပ် ကမ္ဘာပေါ်ကျလျှင် ထိုအရိပ်ထဲရောက်နေသူများသည် နေကိုမမြင်ရတော့သဖြင့် ထိုဒေသမှလူများအဖို့ နေကြတ်ခြင်းကို တွေ့နိုင်သည်။ ထို လ၏အရိပ်မှာ အလျား မိုင် ၁၀၀၀၀၊ အနံ မိုင် ၁၀၀ ခန့်ရှိ၏။ ထိုဧရိယာမှာ ကမ္ဘာမြေ ဧရိယာ၏ ၁ % မျှပင်မရှိပါ။ ထို့ကြောင့် နေကြတ်ခြင်းကို မြင်နိုင်သည့် ဧရိယာမှာ အလွန်နည်းပါသည်။
လသည် နေလမ်းကြောင်းအတွင်း ကျရောက်ခဲ့သော် လကွယ်နေ့ သို့မဟုတ် နေနှင့်လတစ်ဖက်တည်းတွင်ရှိနေစဉ် သို့မဟုတ် နေနှင့်လသည် ရာသီတစ်ခုတည်းတွင် အတူရပ်တည်စဉ် ကမ္ဘာပေါ်ရှိ အထက်ပါ ပုံ (၃) ၏ ဧရိယာ (ဂ) အတွင်းမှ လူများ နေကြတ်ခြင်းကို မြင်ရပါမည်။
ကမ္ဘာ၏အရိပ်သည် လပေါ်ကျရောက်ခဲ့သော် လပြည့်နေ့ သို့မဟုတ် နေနှင့်လ တစ်ဖက်တစ်ချက်ရှိနေစဉ် သို့မဟုတ် နေနှင့်လသည် ရာသီစက်၌ သမသတ်ရပ်စဉ် ကမ္ဘာပေါ်ရှိ အထက်ပါ ပုံ (၂) ၏ ဧရိယာ (ခ) အတွင်းမှ လူများ လကြတ်ခြင်းကို မြင်ရပါမည်။
လကြတ်နိုင်သော ဧရိယာမှာ လပြည့်အချိန်ကာလတွင် နေသွားလမ်းနှင့် လသွားလမ်းတို့ဆုံမှတ် မှ ဟိုဘက်၊ သည်ဘက် ၁၁ ဒီဂရီအတွင်းရှိ လသွားလမ်းကြောင်း အလျားအတွင်း ဖြစ်ပါသည်။ လသည် တောင်မှမြောက်သို့အသွား နေသွားလမ်း နှင့် လသွားလမ်းတို့ (အတက်) ဆုံမှတ်ကို “ရာဟု” ဟူ၍လည်းကောင်း၊ လသည် မြောက်မှတောင်သို့အသွား နေသွားလမ်း နှင့် လသွားလမ်းတို့ (အဆင်း) ဆုံမှတ်ကို “ကိတ်” ဟူ၍လည်းကောင်းခေါ်၏။ ရာဟုနှင့် ကိတ်သည် ၁၈၀ ဒီဂရီ တိတိကွာသည်။
ကမ္ဘာကိုလပတ်သည့်လမ်းကြောင်းမှာ ကမ္ဘာက နေကိုပတ်သည့်လမ်းကြောင်းနှင့် ၅ ဒီဂရီခန့်စောင်းနေသဖြင့် နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်းကျတိုင်းတော့ နေကြတ်၊ လကြတ်မဖြစ်ခြင်းဖြစ်၏။ သို့သော် လပတ်လမ်းနှင့် နေပတ်လမ်း ဆုံမှတ် (ရာဟု နှင့် ကိတ်) သည် နောက်ပြန်သွားသည်ဖြစ်ရာ ထိုဆုံမှတ်သည် နေ၊ လ၊ ကမ္ဘာတို့ တစ်တန်းတည်းကျချိန် သို့မဟုတ် သမသတ် ကျချိန်နားနီးလာလျှင် နေကြတ်လကြတ်ဖြစ်သည်။
အတိအကျပြောရလျှင် လဆန်းတစ်ရက်နေ့သည် ရာဟု သို့မဟုတ် ကိတ်မှ ၁၈.၅ ဒီဂရီအတွင်းရှိလျှင် နေကြတ်မည်။ အကယ်၍ လပြည့်ချိန်တွင် လမင်းသည် ရာဟု သို့မဟုတ် ကိတ်မှ ၉.၅ ဒီဂရီအတွင်းရှိလျှင် လကြတ်မည်။ သို့ဖြစ်ရာ လမင်း သည် ရာဟုအတွင်းဝင်သွားသောကြောင့် လငပုပ်ဖမ်းသည်ဟု ခေါ်ခြင်းဖြစ်၏။
            သို့ဖြစ်ရာ နေကြတ်ချိန်တွင် နေ၊ လ နှင့် ရာဟု သို့မဟုတ် ကိတ်သည် ရာသီတစ်ခွင်တည်း ကျနေပါသည်။ လကြတ်ချိန်တွင် နေ နှင့်လသည် ၁၈၀ ဒီဂရီကွာလျှက် သို့မဟုတ် ရာသီခွင်တွင် သမသတ်ရပ်လျှက် နေ နှင့် လ ရပ်တည်ရာ ရာသီများတွင် ရာဟု နှင့် ကိတ်တို့ အတူရပ်တည်ပါသည်။
နေကြတ်ခြင်းမှာ တောင်နှင့်မြောက်ဝင်ရိုးစွန်းများအပါအ၀င် ကမ္ဘာပေါ်မှ မည့်သည့်နေရာတွင်မဆို ဖြစ်နိုင်သည်။ တစ်နှစ်လျှင် အများဆုံး နေကြတ် လေးကြိမ် သို့မဟုတ် ငါးကြိမ်။ လကြတ် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ဖြစ်နိုင်ပါသည်။  နှစ်နှစ်လျှင်တစ်ခါ နေကြတ်သည်။ သို့သော်လည်း ဤကဲ့သို့နေကြတ်ခြင်းမှာ ကမ္ဘာပေါ်ရှိ အရပ်ဒေသပေါင်းစုံတွင် လှည့်လည် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နေလုံးဝကြတ်ခြင်းကို တစ်နေရာတည်းမှနေပြီး မြင်နိုင်ရန် ပျမ်းမျှခြင်းအားဖြင့် ၃၇၅ နှစ်ခန့် စောင့်ရမည်ဖြစ်၏။
            နေကြတ်၊ လကြတ်ခြင်းများမှာ အချိန်မှန်ဖြစ်ပေါ်လျှက်ရှိရာ အတိတ်ကာလမှ နေလကြတ်ရက်များ၊ အနာဂတ်ကာလ မှ နေလကြတ်ရက်များ၊ တစ်စိတ်တစ်ပိုင်းကြတ်မည်၊ အပြည့်ကြတ်မည်၊ မည်မျှကြာမည်၊ မည်သည့်ဒေသများမှ မြင်ရမည် စသည်တို့ကို တွက်ယူရရှိနိုင်ပါသည်။
            ကျွန်တော့်ထံတွင် ဦးကျော်ငြိမ်း ၏ သူရိယသိဒ္ဓန္တ နေကြတ်၊ လကြတ် သရတွက်ရိုကျမ်း ဟူသောစာအုပ် ရှိပါသည်။ ဤစာအုပ်ကို စတင်ဝယ်ယူစဉ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှ စတင်လေ့လာခဲ့ပါသည်။ သို့သော် နေကြတ်၊ လကြတ်ခြင်း အကြောင်းကို ခြေခြေမြစ်မြစ်၊ ကျကျနန ရှင်းပြထားသည်မဟုတ်ဘဲ ဘယ်ကိန်းကိုတည်၊ ဘယ်ကိန်းဖြင့်မြှောက်၊ ဘယ်ကိန်း ဖြင့်စား စသည်ဖြင့်ဖော်ပြထားရုံမျှဖြစ်ရာ နေကြတ်၊ လကြတ်သဘောတရားကို နားမလည်ခဲ့ပါ။ ထို့ပြင်တ၀ အရေးအသားများ မှာ ရှေးအရေးအသားများဖြစ်ပြီး ကိန်းများမှာလည်း ရှေးကိန်းများ၊ နာရီမှာလည်း မြန်မာနာရီ စသည်ဖြင့်ဖြစ်လေရာ ခေတ်ဟောင်းကျမ်းစာအဖြစ် အမှတ်တရ သိမ်းထားရုံမှလွဲ၍ ယခုခေတ်အတွက် အသုံးမတည့်လှပါ။
            သာမန်လူများကိုမဆိုထားဘိ။ နက္ခတ္တဗေဒနှင့် ဗေဒင်ပညာကို အတော်အတန်လေ့လာလိုက်စားဖူးသော ကျွန်ုပ် ပင်လျှင် အားလုံးအပြည့်အစုံ နားလည်သဘောပေါက်ခြင်း မရှိပါ။ အမှန်ဆိုရလျှင် ရာဟု နှင့် ကိတ်ကိုပင်လျှင် ယခင် ဗေဒင် ပညာများ လေ့လာလိုက်စားစဉ်က ဘာကိုဆိုလိုမှန်း နားမလည်၊ သဘောမပေါက်ခဲ့ပါ။ ထို့ပြင် ရာဟုနှင့် ကိတ်ကို ကျမ်းစာများ၊ ဗေဒင်ဆရာများက ဂြိုဟ် ဟု သုံးနှုံးထားသည်ဖြစ်ရာ ပို၍ နားရှုပ်စရာ ဖြစ်သွားပါသည်။ ယခု ဤပြက္ခဒိန်စာအုပ်ကို ရေးရန် အင်တာနက် စာမျက်နှာပေါင်းများစွာကို မွှေနှောက်ဖတ်ရှုသည့်အခါကျမှ ကောင်းကင်နက္ခတ်စက်၊ ဂြိုဟ်များတည်နေရာ၊ နေလ၊ နက္ခတ်တာရာတို့ လှည့်လည်သွားလာပုံ နှင့်တကွ နေကြတ်၊ လကြတ် အခြင်းအရာတို့ကို အနည်းငယ်ရိပ်မိ သိရှိရပါ တော့သည်။
ဤအင်တာနက် စာမျက်နှာများကို ဖတ်ရသည့်အခါမှ ကျွန်ုပ်တို့မြန်မာများ၏ နက္ခတ္တဗေဒပညာမှာ အလွန့်အလွန် ခေတ်နောက်ကျနေမှန်း သိရပါသည်။ သို့ဖြစ်လေရာ အင်ဂျင်နီယာစာအုပ်များကိုလည်းရေးရင်းမှ တစ်ဖက်တွင်လည်း နက္ခတ္တ ဗေဒဆိုင်ရာ စာအုပ်စာတမ်းများ ပြုစုရေးသားသွားရလျှင် မြန်မာလူငယ်များအတွက် အကျိုးရှိလိမ့်မည်ဟု ယူဆရပါသည်။ ရှေးခေတ်က ဆရာကြီး၊ သမားကြီးများ၊ ဆရာတော် သံဃာတော်များကား သူတို့တာဝန် ကျေခဲ့ကြသည်။ ယခင်က ထုတ်ဝေခဲ့ သော ဗေဒင်စာအုပ်၊ နက္ခတ္တဗေဒဆိုင်ရာ စာအုပ်စာတမ်းများမှာ သူ့ခေတ်နှင့်သူ မနည်းလှပါ။
ဘိုးတော်ဘုရား၊ ပုဂံမင်းတရား လက်ထက်မှစပြီး လွတ်လပ်ရေးခေတ်ရောက်သည့်တိုင် ရဟန်းပညာရှိ၊ လူပညာရှိ စသည့် မြန်မာပညာရှိအများ ရေးသားခဲ့သော ကျမ်းစာများ အတော်များများရှိပါသည်။ သို့သော် ကျွန်တော်တို့ခေတ်တွင်မူ နက္ခဗေဒပညာကို လိုက်စားသူ၊ စာအုပ်ရေးသားသူ မရှိသလောက် ဖြစ်သွားပါပြီ။ ဗေဒင်အဟောပိုင်းအတွက်မူ ရေးသားသူများ ရှိ၏။ ထိုအထဲမှ ဒေါက်တာဗိုလ်လေးကား မြန်မာဗေဒင်လောကအတွက် အလွန်ကျေးဇူးများသူ ဖြစ်ပါသည်။ သူက ခေတ်ပညာ တတ်ဖြစ်သဖြင့် အရေးအသားရှင်းသည်။ ဖတ်ရလွယ်သည်။ ကျွန်တော်ဗေဒင်ပညာ လေ့လာလိုက်စားစဉ် ၁၉၈၇၊ ၈၈ ကာလ များက တစ်နေ့ ၆ ကျပ်၊ နေ့စားဘ၀ဖြင့် ရသမျှလုပ်ခကလေးထဲမှ ထမင်းဘိုးမျှချန်ထားလျှက် ကျန်ပိုက်ဆံအားလုံးကို ဒေါက်တာဗိုလ်လေး၏ ထွက်သမျှစာအုပ်အားလုံး မမောနိုင်မပန်းနိုင်၊ ၀ယ်ယူစုဆောင်းခဲ့ပါသည်။ 
နက္ခတ္တဗေဒပညာကို ဗေဒင်ဆရာများ၏ အလုပ်ဟု သဘောထားလျှက် ပညာရပ်တစ်ခုအနေနှင့် သီးသီးသန့်သန့် လေ့လာလိုက်စားသူ ရှားပါသည်။ ကျွန်တော့်သဘောအားဖြင့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် သင်ရိုး ဘာသာရပ်တစ်ခုအနေနှင့် သင်ကြားပေးစေလိုသော ဆန္ဒရှိပါသည်။ သို့သော် ကျွန်တော်တို့နိုင်ငံမှ ပညာရေးကား အမှန်တကယ် ပညာတတ်ဖို့၊ ပညာသင်ယူဘို့ မဟုတ်။ ထမင်းစားလက်မှတ်တစ်ခုအတွက်သာ မတတ်သာ၍ သင်ကြား နေကြရသဖြင့် ကျောင်းစာအုပ်မှာ ဘာတွေပြဌာန်းထားပြီး မိမိတို့ ဘာတွေသင်ယူနေရသည် ဆိုတာအရေးမကြီး။ အချိန်တန်လျှင် လက်မှတ်တစ်ခု ရဘို့သာဖြစ်လေရာ ဘွဲ့လက်မှတ်ပိုက်လာသူ အနှီကောင့်သား၊ သကောင့်သမီးကလေးများကို မင်းတို့ကျောင်းမှာ ဘာတွေသင်ခဲ့ရသလဲကွဲ့ ဟုသာ ကျကျနန သေသေချာချာ မေးကြည့်ပါက ပြန်ဖြေနိုင်မည့်သူ အတော် ရှားပေမည်။ ဘာတွေသင်ခဲ့ရသလဲဆိုတာ အသာထားပြီး ဘယ်နှဘာသာသာရှိသလဲ။ အဲဒီဘာသာတွေမှာ ဘာတွေပြဌာန်း ထားသလဲ ဆိုတာပင် သေသေချာချာ သိပါမည်လား။
ထို့အတွက် အကယ်၍သာ နက္ခတ္တဗေဒကို တက္ကသိုလ်များ၌ ပြဌာန်းလိုက်ပြီ ဆိုပါစို့။ ဘာလဲကွ နက္ခတ္တ၊ ဘာလုပ်ဖို့လဲ၊ ဗေဒင်ဟောစားဘို့လား ဟု မေးမည့်သူများပါလိမ့်မည်။ သည်ဘာသာတွဲကို လျှောက်မည့်သူရော ဘယ်နှဦးရှိပါမည်နည်း။ အဲဒီ ဘွဲ့နဲ့ ဘယ်မှာအလုပ်ရမလဲ၊ ဘာလုပ်စားလို့ရမလဲ ဟု မေးလာခဲ့လျှင် မည်သို့ပြန်ဖြေပါမည်နည်း။ သိထားတော့ ကောင်းတာ ပေါ့ကွာ ဟု ဆိုရအောင်ကလည်း ဘာတွေကောင်းတာလဲဗျ ဟု မေးခဲ့သော် ဘယ်လိုပြန်ဖြေရပါမည်နည်း။ ငါ ဘယ်နေ့ နေကြတ်မလဲ၊ လကြတ်မလဲ အတိအကျတွက်တတ်တယ်ကွ ဟု ဆိုသည်ဖြစ်အံ့။ မင်း အဲဒီ နေကြတ်တာ၊ လကြတ်တာ တွက်ပြီး ထမင်းစားလို့ရသလား ဟု မေးလာခဲ့သော် မခက်ပါလား။
သို့တပြီးကား ကျောင်းများတွင် နက္ခတ္တဗေဒပညာရပ် ထည့်သွင်းပြဌာန်းရန်အကြံကို မကြံမီကပင် စွန့်လွှတ်လိုက်ပါပြီ။
နက္ခတ္တဗေဒစာအုပ်အကြောင်းရေးလျှင် မည်မျှစီးပွားရေး အကျိုးအမြတ်ရပါမည်နည်း။ သည်စာအုပ်မျိုးဆိုတာ လူကြိုက်များမည့် စာအုပ်မဟုတ်။ အားအားလျားလျား မည်သူဈေးကြီးပေးပြီး ၀ယ်ဖတ်ပါမည်နည်း။ အုပ် ၁၀၀၀ ရိုက်လျှင် တောင် ကုန်ချင်မှကုန်မည်။ အရင်းကျေဘို့တောင် မသေချာ။ သည်တော့ သည်လောက်မိုက်မဲသည့်အလုပ်မျိုး မည်သူလုပ်ပါ မည်နည်း။ ကျွန်တော်ကား ကုသိုလ်ကံကလေး ကောင်းနေသဖြင့် အလုပ်ကောင်းကလေးရကာ ထမင်းစား ဘို့အတွက် မပူရ သောကြောင့် သည်စာအုပ်မျိုးများကို အိပ်ပျက်ခံ၊ ဇက်ညောင်းခံကာ ရေးပါအံ့။ အကယ်၍ ဖတ်ရှုလေ့လာ လိုသော သကောင့်သား၊ သကောင့်သမီးကလေးများရှိပါက ဖတ်ရှုလေ့လာနိုင်စေရန်၊ ငါတို့ဆီမှာလည်း ဒီလိုစာအုပ်တွေ ရှိပါတယ်ကွ ဟု ပြနိုင်စေရန်၊ အနာဂတ်မျိုးဆက်သစ်တို့ နက္ခတ္တဗေဒပညာရပ်ကို စိတ်ဝင်စားလာကြစေရန် ဖြစ်ပါသည်။
နေကြတ်၊ လကြတ်အကြောင်းရေးနေရင်းမှ ဘေးချော်သွားသည်။ ဆိုင်တာများရော၊ မဆိုင်တာများပါ ရောပါ သွားသည်။ သည်းခံပါခင်ဗျား။ နေကြတ်၊ လကြတ်ကို ပြန်ကောက်ပါမည်။ (ဤကား စကားချပ်)
နေကြတ်လကြတ်ခြင်းကို တွက်ယူသောကိန်းမှာ ဆရိုးစ် (Saros) ဖြစ်သည်။ ဆရိုးစ် ဟူသည် စန္ဒြမာသ ၂၂၃ လ ကိုခေါ်ခြင်းဖြစ်သည်။ တန်ဖိုးအားဖြင့် ၆၅၈၅ ရက်၊ ၇ နာရီ၊ ၄၂ မိနစ်၊ ၂၆ စက္ကန့် (၁၈ နှစ်နှင့် ၁၁ရက်ကျော်) ရှိသည်။ မြန်မာ ဝေါဟာရပြက္ခဒိန်၏ ၁၈ နှစ်နှင့် ညီမျှသည်။ ဆိုလိုသည်မှာ ဤကာလရောက်တိုင်း နေလကြတ်ခြင်း တစ်ကြိမ်ဖြစ်မည် ဆို၏။
            ဥပမာ - ၁၃၂၄ ခု၊ ၀ါဆိုလပြည့်ကျော် တစ်ရက်၊ ညနေ ၆ နာရီ၊ ၁၁ မိနစ်တွင် လကြတ်၍ ၀ါဆိုလကွယ် နေ၀င် ၆ နာရီ ၅၅ မိနစ်၌ နေကြတ်သည်။ ဤသည်မှာ သက္ကရာဇ် ၁၃၀၆ ခုနှစ်တွင် ဖြစ်ခဲ့သော နေလကြတ်ကိန်း ဖြစ်၏။ ထိုကိန်းသည် ၁၃၀၆ ခုနှစ်မတိုင်မီ ၁၂၈၈ ၊၁၂၇၀၊ ၁၂၅၂၊ ၁၂၃၄၊ ၁၂၁၆၊ ၁၁၉၈ စသောနှစ်များက နေလကြတ်ခဲ့ဖူးသော ကိန်းဖြစ်၏။ ထို့အတူပင် နောင်လာမည့် ၁၃၄၂၊ ၁၃၆၀၊ ၁၃၇၈၊ ၁၃၉၆၊ ၁၄၁၄ စသောနှစ်များ၌လည်း နေလကြတ်ဦးမည် ဖြစ်သည်။
            နေလကြတ်ခြင်းကို နှစ်အလိုက် စီစဉ်ထားရှိသည်။ ဤသည်ကို ဆရိုးကိန်းစဉ် (Saros series) ဟုခေါ်၏။ လကြတ်ခြင်းအတွက် ဆရိုးစီးရီး ၁၈၀ ရှိသည်။ စီးရီးတစ်ခုလျှင် ၁၂ ရာစုမှ ၁၅ ရာစုထိ သုံးလို့ရသည်။ ထိုစီးရီးတစ်ခုအတွင်း လကြတ်ခြင်း အကြိမ် ၇၀ နှင့်အထက်ရှိသည်။ ဆရိုးစီးရီးတစ်ခု နှင့်တစ်ခုအကြား လထပ်ခြင်းသဘာဝမှာ ဂျီသြမေတြီ သဘောအရ ထပ်တူညီလုနီးပါး ရှိသည်။
နေကြတ်လကြတ်ခြင်းအကြောင်း နက္ခတ္တဗေဒ ဆောင်းပါးများတွင် အကျယ်ရေးသား ဖော်ပြပါမည်။
            ယခု ဦးအုန်းကြိုင်၏ မြန်မာပက္ခဒိန် သုတေသနကျမ်း မှ ၁၈ နှစ် နေလကြတ်ကိန်း သဘောတရားကို ကူးယူဖော်ပြ လိုက်ပါသည်။ (ကျွန်တော်က ဒသမဂဏန်း ၁၂ လုံးထိယူပြီးတွက်ထားသဖြင့် ကိန်းများမှာ မူလ ဦးအုန်းကြိုင် စာအုပ်မှ ကိန်းများနှင့် အနည်းငယ်ကွဲပြားပါသည်။ သို့သော် မပြောပလောက်ပါ။)
၁၊ ၁၀၊ ၁။ ၁၈ နှစ် နေလကြတ်ကိန်း သဘောတရား
သာဝနတစ်ရက်၏ နေသွားအံသာ = ၃၆၀ ÷ ၃၆၅.၂၅၈၇၅၆ = ၀.၉၈၅၆၀၂၆၅၆ အံသာ
သာဝနတစ်ရက်၏ ရာဟုသွားအံသာ = ၃၆၀ x ၃ ÷ ၂၀၃၈၃ = ၀.၀၅၂၉၈၅၃၃၁ အံသာ
တနင်္ဂနွေ နှင့် ရာဟုသွား အံသာ = ၀.၉၈၅၆၀၂၆၅၆ + ၀.၀၅၂၉၈၅၃၃၁ = ၁.၀၃၈၅၈၇၉၈၇ အံသာ
တနင်္ဂနွေ နှင့် ရာဟုသည် ၁၂ ရာသီတစ်ပါတ် (တစ်ဘဂဏ) (အံသာ ၃၆၀) သွားသောရက်ပေါင်း
= ၃၆၀ ÷ ၁.၀၃၈၅၈၇၉၈၇ = ၃၄၆.၆၂၄၄၅၉၉ သာဝနရက်ပေါင်း
၁၈ နှစ်နေလကြတ်ကိန်းတွင် သူရိယမာသ၊ စန္ဒြမာသ နှင့် တနင်္ဂနွေ နှင့် ရာဟုသွားတို့၏ သာဝနရက်ပေါင်း
(က) သူရိယမာသနှစ် (၁၈ နှစ် နေလကြတ်ကိန်းမှ နှစ်ပေါင်း = ၁၈)
       ၁၈ x ၃၆၅.၂၅၈၇၅၆ = ၆၅၇၄.၆၅၇၆၀၈
(ခ) စန္ဒြမာသလ (ဆရိုးစ် ကိန်းစဉ်မှ စန္ဒြမာသ လပေါင်း = ၂၂၃ လ)
      ၂၂၃ x ၂၉.၅၃၀၅၈၈ = ၆၅၈၅.၃၂၁၁၂၄
(ဂ) (တနင်္ဂနွေ + ရာဟု) ဘဂဏ (၁၉ နှစ်လထပ်ကိန်းမှ နှစ်ပေါင်း = ၁၉)
      ၁၉ x ၃၄၆.၆၂၄၄၅၉၉ = ၆၅၈၅.၈၆၄၇၃၈
(က) နှင့် (ခ) တို့ခြားနားသော ရက်ပိုင်း = ၁၀.၆၆၃၅၁၆
(ခ) နှင့် (ဂ) တို့ ခြားနားသော ရက်ပိုင်း = ၀.၅၄၃၆၁၄၄
            ဤသည်ကိုကြည့်ခြင်းဖြင့် ၁၈ နှစ် နေလကြတ်ကိန်းတစ်ကြိမ်သည် (တနင်္ဂနွေ+ရာဟု) သွားဘဂဏတစ်ခုထက် ၀.၅၄၃၆၁၄၄ ရက် လျော့သည်။ နေလကြတ်ကိန်းတစ်ကြိမ်ကျပြီးသော် တနင်္ဂနွေဂြိုဟ်သည် ၀.၅၄၃၆၁၄၄ x ၀.၉၈၅၆၀၂၆၅၆ = ၀.၅၃၅၇၈၇၈ အံသာလွန်ပြီးသွားသည်။ ဆိုလိုသည်မှာ နေလကြတ်ကိန်းတစ်ကြိမ်တွင် တနင်္ဂနွေဂြိုဟ်သည် ၃၂ လိတ္တာ၊ ၉ ၀ိလိတ္တာ လွန်၏။ ထို့အတွက် နေကြတ်တစ်ကြိမ်နှင့်နောက်တစ်ကြိမ် အချိန်ကာလများ မတူ၊ အနည်းငယ်ကွဲပြားသည်။ နေလကြတ်ချိန်အတိအကျကို သိလိုပါက တနင်္ဂနွေနှင့်တနင်္လာဖုဋဂြိုဟ်စင် (တည်နေရာအတိအကျ) နှင့် တွက်ယူ ရပါမည်။
            ၁၈ နှစ်နေလကြတ်ကိန်းတစ်ခု၏ သာဝနရက် ၆၅၈၅.၃၂၁၁၂၄ ကို ဝေါဟာရပြက္ခဒိန်စီစဉ်လျှင် အောက်ပါအတိုင်း ရပါမည်။
            သာမန်နှစ် ၁၁ နှစ် = ၁၁ x ၃၅၄ = ၃၈၉၄ ရက်
            ရက်ငင်အကြိမ်ပေါင်း ၃ ကြိမ်      =      ၃ ရက်
            စုစုပေါင်း                                = ၆၅၈၅ ရက်          
            ၁၉ နှစ်လထပ်ကိန်း၏ သာဝနရက်                 = ၆၉၃၉
            ၁၈ နှစ် နေလကြတ်ကိန်း၏ သာဝနရက်          = ၆၅၈၅
            ခြားနားချက်                                             =   ၃၅၄ (သာမန်နှစ်)
            ထို့ကြောင့် ၁၈ နှစ်နေလကြတ်ကိန်းနှင့် ပြက္ခဒိန်စီစဉ်လျှင် ၁၉ နှစ်စာ ကြိုတင်စိစဉ်ရမည်။ ထို ၁၉ နှစ်တွင် သာမန်နှစ် ၁၂ နှစ်နှင့် ၀ါထပ်နှစ် ၇ နှစ်ရှိပြီး ထိုဝါထပ်နှစ်သုံးနှစ်တွင် ရက်ငင် ၃ ကြိမ် ပါသည်။ တစ်နည်းအားဖြင့် သာမန်နှစ် ၁၂ နှစ်၊ ၀ါငယ်ထပ် ၄ နှစ်၊ ၀ါကြီးထပ် ၃ နှစ် ပါသည်။ သို့သော်လည်း နေလကြတ်ကိန်းတွင် နာရီ စွန်းများရှိနေသဖြင့် ရက်ငင်ခြင်းကို ၃ ကြိမ် သို့မဟုတ် ၄ ကြိမ် ငင်ရန် တိုင်းဆဆုံးဖြတ်ရပါမည်။ သို့သော် နေလကြတ်ကိန်း သည် သာမန်နှစ် ၁၁ နှစ်၊ ၀ါထပ်နှစ် ၇ နှစ် နှင့် ရက်ငင် ၃ ကြိမ်အတွင်း၌သာ ဖြစ်ရမည်။
၁၊ ၁၀၊ ၂။ ၁၈ နှစ်နေလကြတ်ကိန်း ကို ၁၉ နှစ်လထပ်ကိန်းနှင့် ညှိယူခြင်း
            ၁၉ နှစ်လထပ်ကိန်းတွင် စန္ဒြမာသ ၂၃၅ လ (သာဝနရက်ပေါင်း ၆၉၃၉.၆၈၈၁၆၇၃၂၆၈၅) ရှိသည်။
            ၁၈ နှစ်လထပ်ကိန်းတစ်ကြိမ်တွင် သာဝနရက်ပေါင်း ၆၅၈၅.၃၂၁၁၂ ရှိသည်။
၁၉ နှစ် လထပ်ကိန်း ၃ ကြိမ်             = ၃ x ၆၉၃၉.၆၈၈၁၆၇၃၂၆၈၅        = ၂၀၈၁၉.၀၆၄၆၉
၁၈ နှစ် နေလကြတ်ကိန်း ၃ ကြိမ်       = ၃ x ၆၅၈၅.၃၂၁၁၂                    = ၁၉၇၅၅.၉၆၃၃၇၂
ဒဿမရက်ပိုင်းများပယ်သော် -
၁၉ နှစ် လထပ်ကိန်း ၃ ကြိမ် = ၂၀၈၁၉
၁၈ နှစ် နေလကြတ်ကိန်း ၃ ကြိမ်       = ၁၉၇၅၆
ခြားနားသောရက်                          =   ၁၀၆၃
ထိုခြားနားသောရက်ကား သာမန်နှစ် သုံးနှစ် (၃ x ၃၅၄ = ၁၀၆၂) နှင့် ရက်ငင် ၁ ရက် ဖြစ်၏။ ထို့ကြောင့် ၁၈ နှစ် နေလကြတ် ကိန်း ၃ ကြိမ်၏ ၅၄ နှစ်၌ သာဝနရက်ပေါင်း ၁၉၇၅၇ ရှိရမည်။ ၎င်းကို ပြက္ခဒိန်စီစဉ်သော် -
            ဝေါဟာရပြက္ခဒိန် ၅၄ နှစ်၌ -
သာမန်နှစ် ၃၃ နှစ်
=
၃၃
x
၃၅၄
=
၁၁၆၈၂
ရက်
ဝါထပ်နှစ် ၂၁ နှစ်
=
၂၁
x
၃၈၄
=
၈၀၆၄
ရက်
ရက်ငင်ကြိမ်ပေါင်း
=
=
၁၁
ကြိမ်
စုစုပေါင်း
=
၁၉၇၅၇
ရက်
သာမန်နှစ် ၃ နှစ်
=
x
၃၅၄
=
၁၀၆၂
ရက်
(၁၉နှစ်လထပ်ကိန်းနှင့်ညီရန် ထပ်ဖြည့်သောနှစ်များ)
စုစုပေါင်း
=
၂၀၈၁၉
ရက်
            ထို့ကြောင့် ၁၉ နှစ်လထပ်ကိန်း ၃ ကြိမ်တွင် ၁၈ နှစ်နေလကြတ်ကိန်း ၃ ကြိမ်၏ သာမန်နှစ် ၃၃ နှစ်၊ ၀ါထပ်နှစ် ၂၁ နှစ်၊ ရက်ငင် ၁၁ ကြိမ်အပြင် သာမန်နှစ် ၃ နှစ်ပါ ရှိရပါမည်။
            ဤသည်မှာ ဆရာဦးအုန်းကြိုင်တွက်ပြခဲ့သည့်ကိန်းကို သဘောကျသဖြင့် ကျွန်တော် ထည့်သွင်းဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ထို့ပြင် ရှေးက နေလကြတ်နည်းများကို တွက်ဆနိုင်ရန် နှစ်ရှည် နေလကြတ်ကိန်းအဖြစ် ၅၂၁ နှစ် နေလကြတ် ကိန်းကိုပါ တွက်ပြထားပါသည်။
၁၊ ၁၀၊ ၃။ ၅၂၁ နှစ်နေလကြတ်ကိန်း
သူရိယမာသ ၅၂၁ နှစ်၏ သာဝနရက်များ
=
၅၂၁
x
၃၆၅.၂၅၈၇၅၆
=
၁၉၀၂၉၉.၈၁၂၁၂၇
စန္ဒြမာသ ၆၄၄၄ လ၏ သာဝနရက်များ
=
၆၄၄၄
x
၂၉.၅၃၀၅၈၈
=
၁၉၀၂၉၅.၁၀၈၇၂၄
(တနင်္ဂနွေ + ရာဟု) ဘဂဏ ၅၄၉ ကြိမ်
=
၅၄၉
x
၃၄၆.၆၂၄၄၅၉၉
=
၁၉၀၂၉၆.၈၂၈၄၉၄
၎င်းကို ဝေါဟာရပြက္ခဒိန်စီစဉ်သော် -
သာမန်နှစ်
၃၂၉
x
၃၅၄
=
၁၁၆၄၆၆
ဝါငယ်ထပ်နှစ်
၉၁
x
၃၈၄
=
၃၄၉၄၄
ဝါကြီးထပ်နှစ်
၁၀၁
x
၃၈၅
=
၃၈၈၈၅
စုစုပေါင်း
=
၁၉၀၂၉၅
            ထို့ကြောင့် ၅၂၁ နှစ်နေလကြတ်ကိန်းအတွင်း သာဝန ၁၉၀၂၉၅ ရက်ရှိပြီး မြန်မာဝေါဟာရပြက္ခဒိန် ၅၂၁ နှစ်တွင် သာမန်နှစ် ၃၂၉ နှစ်၊ ၀ါငယ်ထပ် ၉၁ နှစ်၊ ၀ါကြီးထပ် ၁၀၁ နှစ်ရှိ၏။ နေကြတ်၊ လကြတ်ရက်များသည် လပြည့်၊ လကွယ်၊ ဥပုသ်နေ့များ၌ဖြစ်ရမည်။ ထို့ပြင် ရက်ငင်အကြိမ်၊ ၀ါထပ်အကြိမ်၊ ၀ါငယ်ထပ်၊ ၀ါကြီးထပ်များမှာ အထက်ပါကိန်းများနှင့် ညီညွတ်ရမည်။ မညီညွတ်ခဲ့သော် ထုတ်ပြန်ထားသော ပြက္ခဒိန်မှာ မှားယွင်းချွတ်ချော်နေသော ပြက္ခဒိန်သာ ဖြစ်သည်ဟု တစ်ထစ်ချ မှတ်ယူနိုင်ပါသည်။
နေလကြတ်ရက်များတွက်ရာတွင် လွယ်ကူစေရန် သာဝနရက်များကို မူတည်တွက်ပါသည်။ သာဝနရက်များနှင့် သုဒ္ဓဒိန်ရက် တွက်နည်းများကို မြန်မာပြက္ခဒိန်တွက်နည်း အခန်းတွင် အပြည့်အစုံ ဖော်ပြပါမည်။
၁၊ ၁၀၊ ၄။ နေလကြတ်ရက် တွက်နည်းဥပမာ -
ဤဥပမာမှာလည်း ဆရာဦးအုန်းကြိုင်၏ စာအုပ်မှပင် ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။ တွက်နည်းမှာ မခဲယဉ်းပါ။ ယခင် နေလကြတ်ခဲ့သည့်ရက်အား ၁၈ နှစ်နေလကြတ်ကိန်းဖြစ်သည့် ၆၅၈၅.၃၂၁၁၂၄ ရက်နှင့် ပေါင်းယူခြင်းပင် ဖြစ်ပါသည်။
ပထမနေကြတ်ရက်                        = သက္ကရာဇ် ၁၂၈၉၊ ၀ါဆိုလဆန်း ၁ ရက်
သက္ကရာဇ် ၁၂၈၉ ၏ သာဝနရက်       = ၆၉၀၅၇
ထိုနေ့၏ သုဒ္ဓဒိန်                           =       ၇၄
နေကြတ်သာဝနရက်                      = ၆၉၁၃၁                                  
၁၈နှစ်နေလကြတ်ကိန်း                   =   ၆၅၈၅.၃၂၁၁၂၄
                                                = ၇၅၇၁၆.၃၂၁၁၂၄
နောက်တစ်ကြိမ် နေကြတ်မည့်ရက်    = ၇၅၇၁၇   (ဒသမစွန်းကို ၁ တိုးယူပါသည်။)
သက္ကရာဇ် ၁၃၀၇ ၏ သာဝနရက်       = ၇၅၆၃၁
နေကြတ်မည့်နေ့၏ သုဒ္ဓဒိန်              =      ၈၆
၁၃၀၇ ခုနှစ်၏ သုဒ္ဓဒိန် ၈၆ နေ့မှာ ပထမ၀ါဆိုလဆုတ် ၁၅ ရက်ဖြစ်၏။
နောက်တစ်ကြိမ်နေကြတ်မည့်ရက်ကိုလည်း ဤနည်းအတိုင်း ဆက်တွက်နိုင်ပါသည်။
ယခင်နေကြတ်ခဲ့သော သာဝနရက်     = ၇၅၇၁၆.၃၂၁၁၂၄
၁၈နှစ်နေလကြတ်ကိန်း                   =   ၆၅၈၅.၃၂၁၁၂၄
                                                = ၈၂၃၀၁.၆၄၂၂၄၈
နောက်တစ်ကြိမ် နေကြတ်မည့်ရက်    = ၈၂၃၀၂   (ဒသမစွန်းကို ၁ တိုးယူပါသည်။)
သက္ကရာဇ် ၁၃၂၅ ၏ သာဝနရက်       = ၈၂၂၀၆
နေကြတ်မည့်နေ့၏ သုဒ္ဓဒိန်              =      ၉၆
၁၃၂၅ ခုနှစ်၏ သုဒ္ဓဒိန် ၉၆ နေ့မှာ ၀ါခေါင်လဆန်း ၁ ရက်ဖြစ်၏။ ခရစ်နှစ် ၁၉၆၃၊ ဇူလိုင်လ ၂၁ ရက်၊ ည ၈ နာရီ ၄၅ မိနစ်။
ဤနည်းအတိုင်း ဆက်လက်တွက်ယူနိုင်ပါသည်။
၁၊ ၁၀၊ ၅။ ၁၈ နှစ် နေလကြတ်ကိန်း၏ နေကြတ်သောရက်များ       
၁၂၇၇
ဝါခေါင်
ဆန်း
၁၂၈၃
တော်သလင်း
ဆုတ်
၁၅
၁၂၉၀
နယုန်
ဆန်း
၁၂၇၇
ပြာသို
ဆုတ်
၁၅
၁၂၈၃
နှောင်းတန်ခူး
ဆန်း
၁၂၉၀
ဝါဆို
ဆန်း
၁၂၇၈
ဝါခေါင်
ဆန်း
၁၂၈၄
တော်သလင်း
ဆုတ်
၁၅
၁၂၉၀
နတ်တော်
ဆန်း
၁၂၇၈
ပြာသို
ဆန်း
၁၂၈၄
နှောင်းတန်ခူး
ဆန်း
၁၂၉၁
နယုန်
ဆန်း
၁၂၇၈
တပို့တွဲ
ဆန်း
၁၂၈၅
ဝါခေါင်
ဆုတ်
၁၅
၁၂၉၁
သီတင်းကျွတ်
ဆန်း
၁၂၇၉
ဝါဆို
ဆန်း
၁၂၈၅
နှောင်းတန်ခူး
ဆန်း
၁၂၉၂
ကဆုန်
ဆန်း
၁၂၇၉
ဝါခေါင်
ဆန်း
၁၂၈၆
ဝါခေါင်
ဆန်း
၁၂၉၂
သီတင်းကျွတ်
ဆန်း
၁၂၇၉
ပြာသို
ဆန်း
၁၂၈၆
တော်သလင်း
ဆန်း
၁၂၉၃
ကဆုန်
ဆန်း
၁၂၈၀
ပ-၀ါဆို
ဆန်း
၁၂၈၆
တပို့တွဲ
ဆန်း
၁၂၉၃
တော်သလင်း
ဆန်း
၁၂၈၀
နတ်တော်
ဆန်း
၁၂၈၇
ဝါခေါင်
ဆန်း
၁၂၉၃
တော်သလင်း
ဆုတ်
၁၅
၁၂၈၁
နယုန်
ဆန်း
၁၂၈၇
တပို့တွဲ
ဆန်း
၁၂၉၃
တပေါင်း
ဆန်း
၁၂၈၁
နတ်တော်
ဆန်း
၁၂၈၈
ပ-၀ါဆို
ဆုတ်
၁၅
၁၂၉၄
တော်သလင်း
ဆန်း
၁၂၈၂
နယုန်
ဆန်း
၁၂၈၈
ပြာသို
ဆန်း
၁၂၉၄
တပေါင်း
ဆန်း
၁၂၈၂
သီတင်းကျွတ်
ဆုတ်
၁၄
၁၂၈၉
ဝါဆို
ဆန်း
၁၂၉၅
တော်သလင်း
ဆန်း
၁၂၈၂
နှောင်းတန်ခူး
ဆန်း
၁၂၈၉
ပြာသို
ဆန်း
၁၂၉၅
တပေါင်း
ဆန်း
၁၂၉၆
ဝါခေါင်
ဆန်း
၁၃၀၂
သီတင်းကျွတ်
ဆန်း
၁၃၀၈
တန်ဆောင်မုန်း
ဆုတ်
၁၅
၁၂၉၆
ပြာသို
ဆန်း
၁၃၀၂
တပေါင်း
ဆန်း
၁၃၀၉
နယုန်
ဆန်း
၁၂၉၆
တပို့တွဲ
ဆန်း
၁၃၀၃
သီတင်းကျွတ်
ဆန်း
၁၃၀၉
တန်ဆောင်မုန်း
ဆန်း
၁၂၉၇
ဝါဆို
ဆန်း
၁၃၀၃
နှောင်းတန်ခူး
ဆန်း
၁၃၁၀
နယုန်
ဆန်း
၁၂၉၇
ဝါခေါင်
ဆန်း
၁၃၀၄
ဝါခေါင်
ဆန်း
၁၃၁၀
တန်ဆောင်မုန်း
ဆန်း
၁၂၉၇
ပြာသို
ဆန်း
၁၃၀၄
တော်သလင်း
ဆန်း
၁၃၁၁
ကဆုန်
ဆန်း
၁၂၉၈
ဝါဆို
ဆန်း
၁၃၀၄
တပို့တွဲ
ဆန်း
၁၃၁၁
တန်ဆောင်မုန်း
ဆန်း
၁၂၉၈
ပြာသို
ဆန်း
၁၃၀၅
ဝါခေါင်
ဆန်း
၁၃၁၁
တပေါင်း
ဆန်း
၁၂၉၉
ပ-၀ါဆို
ဆန်း
၁၃၀၅
တပို့တွဲ
ဆန်း
၁၃၁၂
တော်သလင်း
ဆန်း
၁၂၉၉
နတ်တော်
ဆန်း
၁၃၀၆
ဝါဆို
ဆန်း
၁၃၁၂
တပေါင်း
ဆန်း
၁၃၀၀
နယုန်
ဆန်း
၁၃၀၆
ပြာသို
ဆန်း
၁၃၁၃
တော်သလင်း
ဆန်း
၁၃၀၀
နတ်တော်
ဆန်း
၁၃၀၇
ပ-၀ါဆို
ဆုတ်
၁၅
၁၃၁၃
တပေါင်း
ဆန်း
၁၃၀၁
ကဆုန်
ဆန်း
၁၃၀၇
ပြာသို
ဆန်း
၁၃၁၄
တော်သလင်း
ဆန်း
၁၃၀၁
တော်သလင်း
ဆုတ်
၁၅
၁၃၀၈
နယုန်
ဆန်း
၁၃၁၄
တပေါင်း
ဆန်း
၁၃၀၁
နှောင်းတန်ခူး
ဆန်း
၁၃၀၈
ဝါဆို
ဆန်း
၁၃၁၅
ပ-၀ါဆို
ဆုတ်
၁၅
၁၃၁၅
ဒု-၀ါဆို
ဆုတ်
၁၄
၁၃၂၂
သီတင်းကျွတ်
ဆန်း
၁၃၁၅
ပြာသို
ဆန်း
၁၃၂၂
တပေါင်း
ဆန်း
၁၃၁၆
နယုန်
ဆုတ်
၁၄
၁၃၂၃
ဒု-၀ါဆို
ဆုတ်
၁၅
၁၃၁၆
ပြာသို
ဆန်း
၁၃၂၃
တပို့တွဲ
ဆန်း
၁၃၁၇
ပ-၀ါဆို
ဆန်း
၁၃၂၄
ဒု-၀ါဆို
ဆုတ်
၁၅
၁၃၁၇
တန်ဆောင်မုန်း
ဆုတ်
၁၅
၁၃၂၄
တပို့တွဲ
ဆန်း
၁၃၁၈
ကဆုန်
ဆုတ်
၁၅
၁၃၂၅
ဝါခေါင်
ဆန်း
၁၃၁၈
တန်ဆောင်မုန်း
ဆုတ်
၁၅
၁၃၂၅
တပို့တွဲ
ဆန်း
၁၃၁၉
ကဆုန်
ဆန်း
၁၃၂၆
ပ-၀ါဆို
ဆန်း
၁၃၁၉
တန်ဆောင်မုန်း
ဆန်း
၁၃၂၆
ပ-၀ါဆို
ဆုတ်
၁၅
၁၃၂၀
ကဆုန်
ဆန်း
၁၃၂၆
တန်ဆောင်မုန်း
ဆုတ်
၁၅
၁၃၂၀
သီတင်းကျွတ်
ဆန်း
၁၃၂၀
နှောင်းတန်ခူး
ဆန်း
၁၃၂၁
သီတင်းကျွတ်
ဆန်း
၁၃၂၁
နှောင်းတန်ခူး
ဆန်း
  ၁၊ ၁၀၊ ၆။ ၁၈ နှစ် နေလကြတ်ကိန်း၏ လ ကြတ်သောရက်များ
၁၂၈၂
ကဆုန်
ဆုတ်
၁၂၉၁
နှောင်းတန်ခူး
ဆုတ်
၁၃၀၁
ကဆုန်
ဆုတ်
၁၂၈၂
သီတင်းကျွတ်
ပြည့်
၁၅
၁၂၉၂
နှောင်းတန်ခူး
ဆုတ်
၁၃၀၁
သီတင်းကျွတ်
ဆုတ်
၁၂၈၃
တန်ခူး
ပြည့်
၁၅
၁၂၉၃
တော်သလင်း
ဆုတ်
၁၃၀၂
တပေါင်း
ဆုတ်
၁၂၈၃
သီတင်းကျွတ်
ပြည့်
၁၅
၁၂၉၃
တပေါင်း
ဆုတ်
၁၃၀၃
တော်သလင်း
ဆုတ်
၁၂၈၄
တပေါင်း
ဆုတ်
၁၂၉၄
တော်သလင်း
ဆုတ်
၁၃၀၃
တပေါင်း
ဆုတ်
၁၂၈၅
ဝါခေါင်
ပြည့်
၁၅
၁၂၉၅
တပို့တွဲ
ဆုတ်
၁၃၀၄
ဝါခေါင်
ပြည့်
၁၅
၁၂၈၅
တပို့တွဲ
ဆုတ်
၁၂၉၆
ဒု-၀ါဆို
ဆုတ်
၁၃၀၄
တပို့တွဲ
ဆုတ်
၁၂၈၆
ဝါခေါင်
ဆုတ်
၁၂၉၆
ပြာသို
ဆုတ်
၁၃၀၅
ဝါခေါင်
ဆုတ်
၁၂၈၆
တပို့တွဲ
ဆုတ်
၁၂၉၇
ဝါဆို
ဆုတ်
၁၃၀၆
-
၁၂၈၇
ဝါခေါင်
ဆုတ်
၁၂၉၇
ပြာသို
ဆုတ်
၁၃၀၇
့ပ-၀ါဆို
ဆုတ်
၁၂၈၈
-
၁၂၉၈
ဝါဆို
ဆုတ်
၁၃၀၈
နယုန်
ဆုတ်
၁၂၈၉
နယုန်
ဆုတ်
၁၂၉၉
တန်ဆောင်မုန်း
ဆုတ်
၁၃၀၈
နတ်တော်
ဆုတ်
၁၂၉၀
နယုန်
ဆုတ်
၁၃၀၀
ကဆုန်
ဆုတ်
၁၃၀၉
နယုန်
ဆုတ်
၁၂၉၀
နတ်တော်
ဆုတ်
၁၃၀၀
တန်ဆောင်မုန်း
ဆုတ်
၁၃၁၀
ကဆုန်
ဆုတ်
၁၃၁၀
နှောင်းတန်ခူး
ဆုတ်
၁၃၁၉
ကဆုန်
ဆုတ်
၁၃၁၁
သီတင်းကျွတ်
ဆုတ်
၁၃၁၉
တန်ဆောင်မုန်း
ဆုတ်
၁၃၁၁
နှောင်းတန်ခူး
ဆုတ်
၁၃၂၀
တပေါင်း
ဆုတ်
၁၃၁၂
တော်သလင်း
ပြည့်
၁၅
၁၃၂၁
တပေါင်း
ဆုတ်
၁၃၁၃
တပို့တွဲ
ဆုတ်
၁၃၂၂
တော်သလင်း
ဆုတ်
၁၃၁၄
တော်သလင်း
ဆုတ်
၁၃၂၂
တပေါင်း
ဆုတ်
၁၃၁၄
တပို့တွဲ
ဆုတ်
၁၃၂၃
ဝါခေါင်
ပြည့်
၁၅
၁၃၁၅
ဒု-၀ါဆို
ပြည့်
၁၅
၁၃၂၄
-
၁၃၁၅
ပြာသို
ပြည့်
၁၅
၁၃၂၅
ပြာသို
ဆုတ်
၁၃၁၆
ဝါဆို
ဆုတ်
၁၃၂၆
့ပ-၀ါဆို
ဆုတ်
၁၃၁၇
တန်ဆောင်မုန်း
ပြည့်
၁၅
၁၃၂၆
နတ်တော်
ပြည့်
၁၅
၁၃၁၈
ကဆုန်
ပြည့်
၁၅
၁၃၁၈
တန်ဆောင်မုန်း
ဆုတ်
No comments: