Tuesday, May 29, 2012

ယောက်ျား ဂုဏ်ရည်

 

ဆူးခက်ထူပြွမ်း၊ ခရောင်းလမ်းကို

ဖြတ်သန်းလျှောက်သွား၊ မငြီးတွား၍

ယောက်ျားပီသ၊ ဂုဏ်ရည်လှခဲ့။



ကျားရဲခြင်္သေ့၊ ရင်ဆိုင်တွေ့လည်း

ကွေ့ရှောင်မသွား၊ တိုက်ခိုက်သွား၍

ယောက်ျားပီသ၊ ဂုဏ်ရည်လှခဲ့။



အခက်အခဲ၊ ဂယက်ဝဲကို

ဇွဲနှင့်တွန်းလှန်၊ ရုန်းကန်ကျော်လွှား

ရှာမှရှားဟု၊ ယောက်ျားမာန်နှင့်

ဂုဏ်ယူဝင့်လည်း။



ကိုယ့်ထက်သာသူ၊ တစ်ဖက်လူကို

မနာလိုစိတ်၊ စဉ်ယိုဖိတ်လျှက်

ကိုယ့်ထက်နိမ့်သူ၊ နွမ်းချို့သူအား

ထောက်ထားညှာတာ၊ စာနာမရှိ

အသိအမြင်၊ မကြည်လင်ပဲ

ထင်ရာလုပ်တတ်၊ ပြောဆိုတတ်သည့်

စိတ်ဓါတ်ရှိငြား၊ ထိုလူစားမူ

ယောက်ျားပီသ၊ ဂုဏ်ရည်လှနှင့်

လုံးဝ မထိုက်တန်ပြီတကား။            



မြေလတ် မောင်မြင့်သူ

ငွေတာရီ မဂ္ဂဇင်း (ဇန္န၀ါရီ၊ ၁၉၈၃)

No comments: