Sunday, May 27, 2012

အိုးသစ်အိမ်သစ်

 

- မေ့မေတ္တာမောင်ယုံကိုးကာနဲ့

  မောင့်သစ္စာ မေယုံကိုးကာနဲ့

  ဇွတ်တိုးကာ အားမာန်သစ်ပါမို့

  အိုးအိမ်သစ် ထူခဲ့ပြန်။      



- နှစ်ယောက်တစ်ဘ၀ရယ်ပေါ့

  လျှောက်ကြမယ် တစ်သက်မခွဲပြီဘု

  လက်တွဲကာ အတူတူနွှဲမယ်ပ

  အခက်ခဲတွေ တာစူစမ်းစေတော့

  မငြူစူ ကြည်ဖြူအသည်းတွေနဲ့

  ဘ၀ နေပူပူမှာလည်း

  မာနတွေ တံခွန်ထူလို့

  ကျရာဝန် သွေမပျက်ပါငဲ့

  ရေစက်ကယ်ဖန်။



- တစ်အိုးတစ်အိမ်

  ချစ်မိုးတွေ အကြိမ်ကြိမ်နဲ့

  မေတ္တာအိမ် ဂုဏ်ရှိန်မလက်ပေမဲ့

  မေရွက်ယင် မောင်တစ်ထမ်းသာပေါ့

  မောင်ထမ်းယင် မေတစ်ရွက်သာပေါ့

  စီးတဲ့ရေ ဆည်တဲ့ကန်သင်းလိုပ

  ဘ၀ နှစ်ကိုယ်ယှဉ်လို့

  တို့ကြင်ဖော် အနာဂတ်ခရီးမှာလ

  သမီးသား စုံလင်စွာနဲ့

  ခုံမင်ကာ မညည်းတွားပါမို့

  အဆီးအတားတွေ ဘယ်ပုံများသော်လည်း

  ဒူးမတုန် ကြောက်စိတ်မပွားသာဘု

  ကြိုးစားကြ အတန်တန်

  မာန်တွေက တစ်သွေးသွေး။          



- ပုဆိုးတန်းတင်

  ချစ်ပန်းပင် ရင်မှာဖြိုးစွေခဲ့

  အသစ်ဆန်းမမင် ကြင်နာမိုးတွေနဲ့

  ဘိုးဘွားအမွေ မခွဲယူစတမ်းရယ်မှ

  နိုးကြားနေ အသည်းဖြူပန်းတွေနဲ့

  အမြဲယူကမ်းကာ အိမ်အသစ်မှာလ

  ကျမ်းသစ္စာ ဆိုစကားတွေနဲ့

  အပိုမကြွားပါ တို့မဖောက်ြပားတာမို့

  နှစ်ကိုယ်ကြားမှာ ကြားလေမသွေးပါဘု

  (အချစ်ရေ) အားတွေကမွေး။         



(ရွှေမြိုင်မောင်ဖူးဝါ)

No comments: