Monday, March 17, 2025

IPA (In Principal Approval) Letter

Ref:

https://www.mom.gov.sg/passes-and-permits/work-permit-for-foreign-worker/sector-specific-rules/in-principle-approval

 

စင်ကာပူက အလုပ်ရှင်များသည် နိုင်ငံခြားသား အလုပ်သမားများကို အလုပ်ခန့်ထားရာ၌ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှ​ဖြစ်စေ၊ မိမိကိုယ်တိုင် မြန်မာပြည်သွားပြီး အင်တာဗျူး၍ဖြစ်စေ ခေါ်နိုင်၏။

 

အလုပ်သမားများကို ရွေးပြီးပြီဆိုလျှင် MOM Website, myMOM Portal, new Work Permit eService ၌ Work Permit လျှောက်ရ၏။ အလုပ်ရှင် (သို့) အေးဂျင့်များသည် မိမိတို့၏ Singpass သုံးလျက် Work Permit လျှောက်နိုင်၏။

 

WP လျှောက်ပြီး ၁ ပတ်အတွင်း approve ဖြစ်ပါသည်။ WP Approve ဖြစ်ပြီဆိုလျှင် IPA Letter ထုတ်ပေး၏။

အလုပ်ရှင်သည် အလုပ်သမား သူ့နိုင်ငံက ထွက်မလာမီ အနည်းဆုံး (၃) ရက်ကြို၍ IPA Letter ကို ပို့ပေးရမည်။ IPA Letter ပေါ်တွင် စင်ကာပူကို မည်သည့်နေ့ရက် နောက်ဆုံးထားလာပါ ဟု ပါရှိလေရာ ထိုရက်အတွင်း ရောက်အောင် လာရပါမည်။ သို့မဟုတ်ပါက ထုတ်ပေးထားသည့် IPA Letter ကို cancel လုပ်မည်။

 

IPA Letter ရပြီးသော အလုပ်သမားသည် ထို IPA Letter ကိုကိုင်လျက် စင်္ကာပူနိုင်ငံသို့ ဝင်ရောက်လာနိုင်၏။ မည်သည့် ဗီဇာမှ မလို။

 

IPA Letter မှာ အလုပ်ရှင်အတွက် တစ်စုံ၊ အလုပ်သမားအတွက် တစ်စုံဖြစ်၏။ အလုပ်ရှင်အတွက် IPA Letter ထဲ၌ အလုပ်သမား စင်ကာပူရောက်မလာမီ ဘာတွေလုပ်ရမည်၊ စင်ကာပူရောက်လာပြီးနောက် မည်သည်တို့ကို လုပ်ရမည် စသဖြင့် အလုပ်ရှင်တို့ လုပ်ရမည်များကို အသေးစိတ် ညွှန်ကြားထား၏။ ပုံမှန်အားဖြင့် ၃ မျက်နှာခန့်ရှိ၏။

 

အလုပ်သမားအတွက် IPA Letter မှာ ၆ မျက်နှာခန့်ရှိ၏။ (အခြား စာရွက်စာတမ်းများနှင့်ပါဆို ၁၆ မျက်နှာခန့်ရှိ၏။) ထိုအထဲ၌ အသေးစိတ်ညွှန်ကြားချက်များ ပါရှိလေရာ အလုပ်သမားများသည် ထိုအချက်များကို သိသင့်လှ၏။

 

ထို့ကြောင့် IPA Letter နမူနာယူ၍ ထိုအချက်များကို ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၆ မတ်လ၊​ ၂၀၂၅

၀၀း၁၂ နာရီ

 







No comments: