Friday, March 14, 2025

လခ နှင့် လခပြေစာ (Pay Slip)

လခ

-----

https://www.mom.gov.sg/employment-practices/salary/paying-salary

 

လခဟူသည် ကန်ထရိုက်ချုပ်ဆိုလုပ်ကိုင်သည့် အလုပ်ကို လုပ်ခြင်းအတွက် ပေးသော အခကြေးငွေနှင့် ခံစားခွင့် (allowance) တို့ ဖြစ်၏။

 

လခတွင် အောက်ပါတို့မပါ။

§  အိမ်ငှားခ၊ ရေမီးစရိတ်၊ အခြား လေအေးစက်တပ်ခြင်း၊ အင်တာနက်တပ်ခြင်း

§  ပင်စင်ငွေ

§  ခရီးစရိတ်

§  အလုပ်လုပ်ကိုင်ခြင်းအတွက် ကုန်ကျစရိတ်များ

§  ဘောက်ဆူး

§  ခံစားခွင့်ကို ဖြတ်တောက်ခြင်း

 

လခကို အနည်းဆုံး တစ်လတစ်ခါ ပေးရမည်။ 

လခကို လခထုတ်ရက်မှ​ (၇) ရက်အတွင်း ပေးရမည်။ အချိန်ပိုကြေးကို လခထုတ်ရက်မှ​ (၁၄) ရက်အတွင်း ပေးရမည်။

 

နောက်ဆုံးထုတ်လစာကို ပေးချေခြင်း

--------------------------------------------

 

အခြေအနေ

နောက်ဆုံးထုတ်လစာ ပေးချေရမည့်ရက်

သတိပေးကာလကုန်ဆုံးပြီးချိန်၌ အလုပ်ထွက်ခြင်း

အလုပ်ခန့်ထားသည့် နောက်ဆုံးရက်

သတိပေးကာလ မကုန်ဆုံးမီ အလုပ်ထွက်ခြင်း

အလုပ်ခန့်ထားသည့် နောက်ဆုံးရက်မှ (၇) ရက်အတွင်း

အလုပ်ဖြုတ်လျှင်

အလုပ်ခန့်ထားသည့် နောက်ဆုံးရက် (သို့)

အလုပ်ဖြုတ်သည့်ရက်မှ (၃) ရက်အတွင်း

 

လခကို မည်ကဲ့သို့ပေးရမည်

------------------------------

အလုပ်လုပ်သည့်နေရာ၌ အလုပ်လုပ်သည့်ရက်၊ အလုပ်လုပ်ချိန်အတွင်း ပေးရမည်။

အလုပ်သမား၏ Bank Account ထဲသို့ ထည့်ပေးရမည်။ (သို့)​ ချက်လက်မှတ်ဖြင့် ပေးနိုင်သည်။ 

 

လခမပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။

အလုပ်ရှင်သည် လခကို လခပေးရက်အတွင်း ပေးရမည်။

အကယ်၍ လခပေးရက်အတွင်း လခမရခဲ့ပါက မည်သည့်နေ့၌ လခပေးမည့်အကြောင်း အလုပ်ရှင်ကို မေးပါ။ သို့နှင့်မှ လခမရသေးပါက TADM (Tripartite Alliance Dispute Management) ကို ချဉ်းကပ် အကူအညီတောင်းပါ။ TADM သည် MOM Hall A ၌ရှိ၏။ 

လခမရတာကို စောစီးစွာတောင်းပါ။ လပေါင်းများစွာ စုမထားပါနှင့်။ လခပြန်တောင်းသည့် အချိန်နှင့် ပြန်ပေးမည့်ငွေ အကန့်အသတ်ရှိ၏။

 ဤကုမ္ပဏီတွင် ဆက်လက်အလုပ်လုပ်နေသေးလျှင် လခမရတော့သည့်အချိန်မှ (၁) နှစ်အတွင်း တောင်းရမည်။

ဤကုမ္ပဏီတွင် ဆက် အလုပ်မလုပ်တော့လျှင် အလုပ်ထွက်လာသည့်ရက်မှ (၆) လအတွင်း တောင်းရမည်။

အများဆုံး (၂) သောင်းထိ၊ Tripartite Mediation Framework အောက်ကတောင်းလျှင် (၃) သောင်းထိ တောင်းနိုင်၏။

PME များသာ Tripartite Mediation Framework အောက်က တောင်းနိုင်သည်။

 

လခပြေစာ

-----------

 

https://www.mom.gov.sg/employment-practices/salary/itemised-payslips

 

၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစကာ အလုပ်ရှင်များသည် အလုပ်သမားများအား အသေးစိတ်ဖော်ပြထားသော လခပြေစာ (itemised pay slip) ကို ထုတ်ပေးရမည်။

 

လခပြေစာကို လခနှင့်အတူ ပေးရမည်။

လခနှင့်အတူမပေးနိုင်လျှင် လခပြေစာကို လခထုတ်ရက်မှ ၃ ရက် (3 working days) အတွင်း ပေးရမည်။

အလုပ်ထွက်/အလုပ်ထုတ်ပါက ကျန်ရှိနေသေးသော လခနှင့်အတူ လခပြေစာကို အတူတကွ ပေးရမည်။

Soft copy (သို့) Hard copy ဖြင့် ပေးနိုင်၏။ Hard copy ဆိုပါက လက်ရေးနှင့်လည်း ပေးနိုင်သည်။

 

လခပြေစာ၌ အောက်ပါတို့ ပါရမည်။

 

၁။ အလုပ်ရှင်နာမည် အပြည့်အစုံ

၂။ အလုပ်သမားနာမည် အပြည့်အစုံ

၃။ လခပေးသည့်ရက်

၄။ အခြေခံလစာ (အခြေခံလစာသည် တနာရီမည်မျှ၊ တစ်ရက်လျင် မည်မျှ၊ ပုတ်ပြတ်နှုန်းထားတို့ ဖြစ်နိုင်၏။)

၅။ လခပေးသည့်ကာလ စသည့်ရက်နှင့် ဆုံးသည့်ရက်

၆။ လခပေးသည့်ကာလအတွင်း ခံစားခွင့် (allowance) များ (ဥပမာ - သွားလာစရိတ်၊ ဝတ်စုံစရိတ် စသည်)

၇။ လခပေးသည့်ကာလအတွင်း အခြား ထပ်ဆောင်းပေးငွေများ (ဥပမာ - ဆုကြေး၊ နားရက်အတွက် ပေးခြင်း၊ အများပြည်သူရုံးပိတ်ရက်အတွက် ပေးခြင်း စသည်)

၈။ လခပေးသည့်ကာလအတွင်း ဖြတ်တောက်ငွေများ 

(ပုံသေဖြတ်တောက်ငွေ - ဥပမာ - CPF ထည့်ဝင်ငွေ၊ 

တစ်ကြိမ်တည်း ဖြတ်တောက်ငွေ - ဥပမာ - ခွင့်မတိုင်ဘဲ အလုပ်ပျက်ခြင်း၊ လစာမဲ့ခွင့်ယူထားခြင်း)

၉။ လုပ်ခဲ့သော အချိန်ပိုနာရီစုစုပေါင်း

၁၀။ အချိန်ပိုကြေး

၁၁။ အချိန်ပိုကြေးပေးသည့်ကာလ စသည့်ရက်နှင့် ဆုံးသည့်ရက် (အကယ်၍ အချိန်ပိုကြေးပေးသည့်ကာလသည် နံပါတ် ၅ ၌ ပြထားသည့် လခပေးသည့်ကာလနှင့် မတူခဲ့လျင်)

၁၂။ စုစုပေါင်း အသားတင်ပေးသည့် လခ

 



 

 

အလုပ်ရှင်သည် လခပြေစာများကို အနည်းဆုံး (၂) နှစ် သိမ်းထားရမည်။

 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၄ မတ်လ၊ ၂၀၂၅

No comments: