Wednesday, December 24, 2008

Working in Singapore Part XIII

၂၊ ၃၊ ၃။ ITE (Institute of Technical Education)

စင်ကာပူတွင် လုပ်စားကိုင်စား၍ ရသော သင်တန်းများ အမြောက်အများ ရှိပါသည်။ မိမိလေ့လာလျှင် လေ့လာသလို တက်လမ်းများလည်း ရှိပါ၏။ ၎င်းကို Continuous Education ဟု ခေါ်ပါသည်။ ပိုက်ဆံမရှိလျှင်လည်း ကိစ္စမရှိပါ။ အလုပ်လုပ်ရင်း ညနေပိုင်း သင်တန်းများ တက်နိုင်ပါသည်။ သို့သော် အခြေခံ ပညာတော့ ရှိထားမှ ရပါမည်။ သို့အတွက် မြန်မာပြည်မှ စင်ကာပူသို့လာလိုသူ လူငယ်များကို လောလောလတ်လတ် ပိုက်ဆံရရုံလောက် သာ သဘောမထားပဲ မိမိ၏ ဘ၀တစ်ခုလုံးအတွက်ပါ ထည့်သွင်းစဉ်းစားကြရန် တိုက်တွန်းလိုပါသည်။ အရေးကြီးသည်မှာ အခြေခံပညာကို ကောင်းစွာတတ်မြောက်အောင် အလျင်သင်ကြားဘို့ ဖြစ်ပါသည်။ အနည်းဆုံး ဆယ်တန်းကို အမှတ်ကောင်းကောင်း၊ ဂုဏ်ထူးများများနှင့် အောင်အောင် ကြိုးစားကြရန် ဖြစ်ပါသည်။ ပိုက်ဆံလိုချင် အလျင်လိုပြီး ဆယ်တန်းမှ အောင်အောင်မကြိုးစားချင်ပဲ ခုနစ်တန်းလောက်နှင့် ဆိုလျှင်တော့ တစ်သက်လုံး သူများခိုင်းတာပဲ လုပ်သွားရမည် ဖြစ်ပါသည်။

ITE ပညာရေးမှာ အထက်တွင် ဖော်ပြခဲ့သော သင်တန်းများထက် ပိုပြီး အခွင့်အလမ်းကောင်းသည် ဟု ဆိုချင် ပါသည်။ အထက်ပါ သင်တန်းများမှာ ရက်တိုတိုနှင့် ငွေပေါ်တက်သော သင်တန်းများဖြစ်ပြီး ITE ပညာရေးကိုမူ ရေရှည်အတွက် ရည်မှန်းသင့်ပါသည်။ ITE သင်တန်းပြီးသွားလျှင် မိမိ၏ကြိုးစားမှုပေါ်မူတည်ပြီး Polytechnic ဆက်တက်၍ ရပါသည်။ Poly မှ ကျောင်းပြီးသောအခါ မိမိ၏ကြိုးစားမှုပေါ်မူတည်ပြီး တက္ကသိုလ် ဆက်တက်၍ ရပါမည်။ သို့သော် တန်ဖိုးရှိသော မည်သည့်အရာကိုမှ လွယ်လွယ်နှင့် မရနိုင်။ နှစ်ပေါင်းများစွာ အပင်ပန်း၊ အဆင်းရဲ ခံပြီး ကြိုးစားမှ ရနိုင်ပါမည်။ စင်ကာပူတွင် ဇုံအလိုက် ခွဲခြားထားသော ITE ကျောင်းများ ရှိပါ၏။ ၎င်းတို့မှာ - 1. ITE College Central (စင်ကာပူ အလယ်ပိုင်းတွင် ITE ကျောင်း ၅ ကျောင်း ရှိပါသည်။)

2. ITE College East (အရှေ့ပိုင်းတွင်မူ တစ်ကျောင်းသာ ရှိပါ၏)။
ITE College East
10 Simei AveSingapore 486047
Telephone : (+65) 6544 9100
Fax : (+65) 6544 9111
General Enquiries / Services: college_east@ite.edu.sg
Student Admission Enquiries: training@ite.edu.sg

3. ITE College West (အနောက်ပိုင်းတွင် ကျောင်း ၅ ကျောင်း ရှိပါသည်။)
ITE ကျောင်းများတွင် အချိန်ပြည့် (Full Time) သင်တန်းများနှင့် အချိန်ပိုင်း သင်တန်းများ (Part Time) ဟူ ၍ ရှိရာ အလုပ်လုပ်ရင်း ကျောင်းတက်သူများအဖို့ Part Time သင်တန်းများက ပိုအဆင်ပြေပါသည်။ အလုပ်လုပ်ရင်း ကျောင်းတက်မည့်သူများအတွက် ဦးစားပေးဖော်ပြမည်ဖြစ်သဖြင့် Full Time သင်တန်းများကို ချန်လှပ်ခဲ့ပါမည်။

Part Time သင်တန်းများကို သုံးမျိုးသုံးစား ခွဲထားပါ၏။ ၎င်းတို့မှာ -

၁။ Skills Programmes (ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းများ)
Higher Nitec (Programmes for Higher National ITE Certificate)
Nitec & ISC (Programmes for National ITE Certificate and ITE Skills Certificate)
Short Courses (Continuing Training)
TTT (Train The Trainer)
ITE Online Knowledge
WSQ (Singapore Workforce Skills Qualifications)

၂။ ReNEW Initiative
Fast Track (Programmes for intensive training and certification)
Post-Nitec (Programmes for continuing updating and upgrading)
Top-up Certification Scheme (Programmes for reskilling and conversion)

၃။ Academic Programmes
GE (General Education)
WISE (Worker Improvement through Secondary Education)
BEST (Basic Education for Skills Training)
Short Courses (Functional English)

Short Courses သင်တန်းများထဲတွင် အောက်ပါသင်တန်းများ ပါဝင်ပါ၏။ (အပြည့်အစုံ မဟုတ်ပါ။ စိတ်ဝင်စားမည် ထင်သည့် သင်တန်းများကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်)။
v Automotive (မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှု သင်တန်း)
v Building Services (အဆောက်အဦ ပြုပြင်ထိန်းသိမ်းမှု သင်တန်း)
v Computer-Aided Drafting (ကွန်ပြူတာဖြင့် ပုံဆွဲခြင်း သင်တန်း)
v Electrical & Electronics (လျှပ်စစ်)
v Healthcare (ကျန်းမာရေး)
v Information Technology (သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ)
v Mechanical & Mechatronics (စက်မှု)
v Precision Engineering

Nitec & ISC သင်တန်းများထဲတွင် အောက်ပါသင်တန်းများ ပါဝင်ပါ၏။ (အပြည့်အစုံ မဟုတ်ပါ။ စိတ်ဝင်စားမည် ထင်သည့် သင်တန်းများကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်)။ သင်တန်းကြေးမှာ Nitec အတွက် Module တစ်ခုလျှင် S$993.00 ဖြစ်ပါသည်။ ISC အတွက် Module တစ်ခုလျှင် S$754.00 ဖြစ်ပါသည်။
v Nitec in Automotive Technology
v Nitec in Building Drafting
v Nitec in Communications Technology
v Nitec in Electrical Technology
v Nitec in Electronics
v Nitec in Mechanical-Electrical Drafting
v Nitec in Mechatronics
v Nitec in Mechanical Technology
v Nitec in Precision Engineering
v ISC in Electrical Wiring

Higher Nitec သင်တန်းများထဲတွင် အောက်ပါသင်တန်းများ ပါဝင်ပါ၏။(အပြည့်အစုံ မဟုတ်ပါ။ စိတ်ဝင်စားမည် ထင်သည့် သင်တန်းများကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်)။

v Higher Nitec in Business-Information Technology
v Higher Nitec in Electronics Engineering
v Higher Nitec in Electrical Engineering
v Higher Nitec in Information Technology
v Higher Nitec in Mechatronics Engineering
v Higher Nitec in Mechanical Engineering
v Higher Nitec in Mechanical & Electrical Engineering Design

သင်တန်းအလိုက် Modules နှင့် သင်တန်းကြေးများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ပညာအခြေခံ နည်းသူများအတွက်လည်း အခွင့်အလမ်းများ ဖွင့်ပေးထားရာ သာမန်ဆယ်တန်းအောင်ရုံမျှနှင့် ဘွဲ့ရ သည်ထိ မိမိကြိုးစားမှုအလိုက် တက်လမ်းရှိပါသည်။ မိမိစိတ်ဝင်စားရာ သင်တန်းတစ်ခုကိုရွေးချယ်ပြီး ITE သင်တန်း ကို တက်ရောက် သင်ကြားပါ။ တစ်ပြိုင်နက်ထဲမှာပင် ထိုသင်တန်းနှင့် ပတ်သက် ဆက်နွယ်နေသည့် အလုပ်ကို ကြိုးစား လုပ်ကိုင်ရင်း လုပ်ငန်းအတွေ့အကြုံရယူရပါမည်။ ထိုအခါ လက်တွေ့မှလည်း အသိပညာ ဗဟုသုတများ ရမည်။ ထိုမှ တစ်ဆင့် ITE ပြီးသွားသောအခါ Polytechnic ဆက်တက်၍ ရပါမည်။ Polytechnic ပြီးလျှင် NTU, NUS စသည့် တက္ကသိုလ်များသို့ တက်ရောက် ပညာသင်ယူကာ မိမိဘ၀တက်လမ်းကို မိမိဘာသာ ဖန်တီးယူနိုင်ပါသည်။

သို့သော် အထက်တွင်ဖော်ပြခဲ့သလို အလုပ်လုပ်ရင်း ပညာသင်ရမည်ဖြစ်ပေရာ အပင်ပန်းဒါဏ်ကိုတော့ ခံနိုင်ရပေ မည်။ ဤကဲ့သို့ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်းမှ ရာထူးကြီးများသို့ တက်လှမ်းသွားသူများလည်း မနည်းလှပါတော့ပေ။ သို့အတွက် နောင်လာနောက်သားများသည်လည်း မိမိတို့နောင်တော်ကြီးများကဲ့သို့ မိမိတို့ အနာဂါတ်ကို မိမိတို့ ဖန်တီး ယူနိုင်ကြပါစေသတည်း ဟု ဆန္ဒပြုလိုက်ပါသည်။

No comments: