Wednesday, March 9, 2016

အလုပ်ရုံနှင့် အလုပ်သမားဆိုင်ရာ ဥပဒေများ

ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၁၆ နေ့က ကျွန်တော် ရန်ကုန်သို့အလည်ပြန်ပါသည်။ ရောက်တုံးရောက်ခိုက် မြန်မာပြည်တွင်းမှ Safety professional များ၊ safety အကြောင်း စိတ်ဝင်စားသော အခြားမိတ်ဆွေများနှင့် တွေ့ဆုံကာ ကိုအောင်ကိုးတို့ AK Safety သင်တန်းကျောင်းတွင် ဆွေးနွေးပွဲ စကားဝိုင်း လုပ်ခဲ့ပါသည်။ သူတို့ဆီမှ ဗဟုသုတများစွာ ရခဲ့၏။

အရင်တုံးက ကျွန်တော်ပြောခဲ့သလို ကျွန်တော်တို့မှာ နိုင်ငံခြားသွားတော့ မြန်မာနိုင်ငံသားမို့လို့ အနှိမ်ခံရသည်။ မြန်မာပြည်ထဲမှာ လုပ်ပြန်တော့လည်း မြန်မာနိုင်ငံသားမို့လို့ပဲ အနှိမ်ခံရပြန်သည်။ ဤသည်မှာ အဖေလုပ်သူအသုံးမကျ၍ သားသမီးများ မျက်နှာငယ်ရခြင်းဖြစ်၏။ တခြားဟာတွေအသာထားလို့ ကျွန်တော်တို့က Safety အကြောင်းပြောတာဆိုတော့ safety နှင့် ပတ်သက်တာပဲ အနည်းအကျဉ်းပြောပြပါမည်။

ကိုဟိုနင်းတို့ဆိုဒ်မှာ နိုင်ငံခြားသားတစ်ဦးက (နေပါဦး Safety အကြောင်းပြောရအောင် မင်းတို့ဆီမှာ ဘာဥပဒေတွေများ ပြဌာန်းထားလို့တုံး) ပြောသည် ဆို၏။ ဤသည်မှာ ကိုယ့်အားနည်းချက်ကို အခွင့်ကောင်းယူကာ လူလည်ကျခြင်းဖြစ်၏။

ထို့ပြင် လေယာဉ်ကွင်းအသစ် ပရောဂျက်၌လည်း အလုပ်သမားတစ်ယောက် လက်လေးချောင်းပြတ်သွားတာကို လျော်ကြေးဥပဒေပြပါ ဟု အရေးဆိုလာသည် ဆို၏။

ထို့ကြောင့် အင်ဂျင်နီယာ ညီငယ်၊ ညီမငယ်၊ တူ၊ တူမငယ်များ သိစေရန် ကျွန်တော့်တွင်ရှိသမျှ ဝေမျှပေးပါမည်။

အလုပ်သမားများနှင့်ပတ်သက်၍ ပြဌာန်းထားရှိပြီးဖြစ်သော မြန်မာနိုင်ငံ ဥပဒေများမှာ အောက်ပါတို့ ဖြစ်၏။ အချို့မှာ safety နှင့် သက်ဆိုင်သလို အချို့လည်း မသက်ဆိုင်ပါ။ သက်ဆိုင်ရာဥပဒေကို ရှာဖွေ ကိုးကားနိုင်ပါသည်။

၁။ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ (1951 Factory Act) - လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ ဤဥပဒေကို ကိုးကားနိုင်ပါသည်။ ထိုဥပဒေကို ၂၀၁၆၊ ဇန္န၀ါရီလ ၂၀ ရက်နေ့က ပြန်လည်ပြင်ဆင်ထားတာရှိ၏။ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်ပါသည်။

၂။ အလုပ်သမား လျော်ကြေး ဥပဒေ - The Workmen’s Compensation Act, 1923. လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုများနှင့် ပတ်သက်၍ ဤဥပဒေကို ကိုးကားနိုင်သည်။ ထိုဥပဒေကို The Law Amending the Workmen’s Compensation Act, 1923 ဆိုပြီး ၂၀၀၅ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ပြန်လည်ပြင်ဆင်သည့်ဥပဒေ ထုတ်ခဲ့သည်။

အခြားဥပဒေများမှာ -

၃။ ၁၉၅၄ လူမှုဖူလုံရေး အက်ဥပဒေ
၎။ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ
၅။ ဆိုင်များနှင့် အလုပ်ဌာနများ အက်ဥပဒေ
၆။ အနည်းဆုံး အခကြေးငွေ အက်ဥပဒေ
၇။ အလုပ်အကိုင်နှင့် သင်ကြားလေ့ကျင့်ရေး အက်ဥပဒေ
၈။ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှု ကန့်သတ်ရေး အက်ဥပဒေ
၉။ ၁၉၆၄ ခုနှစ်၊ ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များ ပြဌာန်းသည့် ဥပဒေ
၁၀။ ရေနံမြေ (အလုပ်သမားများနှင့် သက်သာချောင်ချိရေး) အက်ဥပဒေ
၁၁။ လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ
12. The Dock Workers
13. The Dock Labours Act
14. The Oilfields Act
15. The Trade Disputes Act
16. The Trade Unions Act စသည်တို့ ဖြစ်ပါသည်။
 
ထိုဥပဒေအားလုံးကိုစုစည်းကာ ဦးကျော်ဇေယျက စက်ရုံ အလုပ်ရုံများ၊ ဆိုင်များ၊ အလုပ်ဌာနများနှင့် အလုပ်သမားဥပဒေများ အကြောင်း သိကောင်းစရာ ဟု  ထုတ်ဝေခဲ့၏။ ၂၀၀၃ ခုနှစ် သြဂုတ်လက ဖြစ်သည်။
ဦးကျော်ဇေယျ၏စာအုပ်ကို ကျွန်တော် scan ဆွဲကာ dropbox ၌ ထည့်ထားပေးပါသည်။ ဒေါင်းကြ၊ ဖတ်ကြ၊ မှတ်ကြပါကုန်။



၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ


The Workmen’s Compensation Amendment Act, 2005


ထို ဥပဒေများကို အင်တာနက်၌ အလွယ်တကူဖတ်ရှုလေ့လာ၊ download လုပ်၍လည်း ရပါသည်။

Myanmar Laws - Download links:

မိတ်ဆွေများခင်ဗျား -

ကိုယ့်တိုင်းပြည်ထဲလာပြီး အကျောမခံရစေရန် မိမိတို့၏ အသိပညာ ဗဟုသုတများကို အဆင့်မြှင့်ထားကြပါ ဟု တိုက်တွန်းပါသည်။
နောက်ပြီး မြန်မာပြည်ကြီးကို တည်ဆောက်ရန် အရည်အသွေးမြင့် အင်ဂျင်နီယာများ လိုပါသည်။ အရည်အသွေးမြင့်ရန် စာများများ ဖတ်ရမည်၊ မှတ်ရမည်၊ လေ့လာရမည်၊ မေးမြန်းရမည်။ စူးစမ်းရမည်။ ကျက်မှတ်ရမည်။

ဖတ်လိုသည့်စာအုပ်များရှိပါက ကျွန်တော့်ထံ လှမ်းတောင်းလိုက်ပါ။ ကျွန်တော်ရှာပေးပါမည်။ ကျွန်တော့်မှာ မရှိလျှင်တောင် Amazon မှာ ၀ယ်လို့ရသည်။ ဘာမှ မခဲယဉ်းပါ။ မတ်လပြန်သည့်အခါ ကျွန်တော့်ရှိသမျှစာအုပ်များ (ebooks) ကို external hard disk ဖြင့် ကော်ပီကူးကာ စက်မှုတက္ကသိုလ်အတွက် တစ်စုံ၊ MES သို့တစ်စုံ၊ ကိုတင်လတ်တို့ကျောင်းဘို့ တစ်စုံပေးမည်ဟု ပြောထားပါသည်။ ထိုနေရာများ၌လည်း သွားရောက် ကူးယူနိုင်ကြပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၃ ဖေဖော်ဝါရီ၊ ၂၀၁၆၊ ည ၁၁း၂၃ နာရီ

2 comments:

Unknown said...

Tax နဲ့ ပတ်သတ်တဲ့ စာအုပ်လေးများ ရှိရင် ဖတ်ချင်ပါတယ်ဗျာ. nyanooyan@gmail.com

အေးငြိမ်း said...

Already send by email. Check please.