Friday, June 27, 2014

စာမရေးဖြစ်ရခြင်းအကြောင်း

ခုနင်က ဂျစ်တူး (မုံရွာ) ဖုံးဆက်လာ၏။ ဘာကိစ္စများပါလိမ့်ဟု စပ်စုသော် သူက ခွေးဆွဲလို့ဆိုလား ပြော၏။ အယ်မယ်လေးဗျာ၊ ဘယ်လိုဖြစ်တာလဲဟု အလန့်တကြားမေးတော့ သူက ဘယ်လိုမှမဖြစ်ပါဘူး၊ ဘာလို့စာအရေးကျဲနေတာလဲ၊ နေမကောင်းလို့လား ဟု ပြောမှ ခုနက ဖုံးက ၀ူးဝါးဝူးဝါးဖြစ်နေသဖြင့် စာအရေးကျဲတာကို ခွေးဆွဲတာဟု နားကြားလွဲကြောင်း သဘောပေါက်ပြီး တစ်ယောက်တည်း ရှက်ပြုံးပြုံးမိ။

ကျွန်တော်တို့ သင်တန်းကျောင်းတစ်ခုဖွင့်ဘို့ ကြိုးစားနေကြောင်း မိတ်ဆွေများ သိပြီးဖြစ်ပါသည်။ စင်ကာပူ၌ သင်တန်းကျောင်းတစ်ခု တည်ထောင်ခြင်းအကြောင်းလည်း တို့စိတို့စိ ရေးခဲ့ပြီးပါပြီ။ အပြည့်အစုံမဟုတ်သည့်တိုင် အတော်အတန် စုံပါသည်။

အသည်းအသန်လုပ်တာတောင် ယခုမှ သုံးခုပဲ တင်ပြီးသေးသည်။ Work-At-Height for Workers, Work-At-Height for Supervisors, Construction Safety Orientation Course တို့ဖြစ်၏။ နောက် လေးခုလောက် ကျန်ပါသေးသည်။ Building Construction Supervisors Safety Course, Work-At-Height for Assessors, Shipyard Safety Induction Course for Workers နှင့် Shipyard Supervisor Safety Course တို့ဖြစ်၏။ ထိုအထဲမှ BCSS နှင့် SSSC မှာ မနည်းလှ။ ၅ ရက်သင်တန်းဖြစ်သဖြင့် အနည်းဆုံး ၂ ပတ်၊ ၃ ပတ်လောက် လုပ်ယူရလိမ့်မည်။ ထို့ကြောင့် သည်ဟာအားလုံးပြီးအောင်ဆို နောက်ထပ် အနည်းဆုံး တစ်လကျော်လောက် လုပ်ယူရပါလိမ့်မည်။

ယခင်က တစ်လကို အနည်းဆုံး စာ ၁၄ - ၅ ပုဒ်လောက် ရေးပါသည်။ ယခုတော့ တစ်လတစ်ပုဒ်တောင် ရေးမထုတ်အားပါ။
ဇူလိုင်လကုန်လောက်ဆိုလျင်တော့ ပုံမှန်အတိုင်း ဆက်ရေးနိုင်ပါလိမ့်မည်။

အားပေးသူအပေါင်းအား ကျေးဇူးတင်ပါ၏။

စိတ်ကျန်းမာ၍ ကိုယ်ချမ်းသာကြပါစေ။
(ကိုယ်ကျန်းမာဘို့ကလွယ်ပါတယ်ဗျာ။ စိတ်ကျန်းမာဘို့က ပိုအရေးကြီးတာပါ။ စိတ်ချမ်းသာတယ်ဆိုတိုင်း စိတ်ကျန်းမာတာမဟုတ်ကြောင်း ကိုယ့်ဘာသာကိုယ် တွေးကြည့်ကြပေါ့။)

အေးငြိမ်း

၂၆၊ ၆၊ ၂၀၁၄

No comments: