Monday, June 9, 2014

မကြာမီ စာပြန်ရေးပါမည် ဆိုသည့်အကြောင်း

ကျွန်တော့်မှာ မိတ်ဆွေများကို ပြောပြစရာ ပုံပြင်ရှည်ကြီးတစ်ပုဒ်ရှိပါသည်။ သို့သော် များပြားလှစွာသော စာရွက်စာတမ်းများပြင်ဆင်မှုမှာ မပြီးတတ် ပြီးတတ် ဖြစ်နေသဖြင့် လက်စသပ်လိုက်ပါဦးမည်။ နောက်တစ်ရက်နှစ်ရက်လောက်ကြာလျင်တော့ အားလုံးပြီးသွားလိမ့်မည် ထင်ပါ၏။

ထိုပုံပြင်သာမက အခြားအကြောင်းအရာများလည်း တန်းစီစောင့်ဆိုင်းလျက်ရှိ၏။ လက်စမသပ်ရသေးသော safety စာအုပ်ကိုလည်း ဆက်ရဦးမည်။ Welding Technology စာအုပ်ဆိုတာ ကိုင်ကို မကိုင်နိုင်သေး။

သို့သော် နောက်တစ်ပတ်လောက်ဆိုလျှင် ပုံမှန်အတိုင်း ဆက်သွားနိုင်တော့မည်ဟု မျှော်လင့်ပါသည်။ 

No comments: