Thursday, March 13, 2014

မအားသဖြင့် စာမရေးနိုင်ခြင်း ဖြစ်ပါကြောင်း

ဘလောက်ကြွလာမိတ်သဟာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ACTA training course၊ CU3A, CU4A သင်တန်းများအတွက် assignment များရေးရခြင်းကတစ်ကြောင်း၊ ၁၅ ရက်နေ့နှင့် ၁၈ ရက်နေ့ စာမေးပွဲများအတွက် ကြိုတင်ပြင်ဆင်ရသောကြောင့် တစ်ကြောင်းများကြောင့် ကျွန်ုပ်မှာ ဘာစာမှ မရေး၊ မဖတ်နိုင်အောင်ရှိ၏။ တစ်နည်းအားဖြင့်လည်း စာမေးပွဲဟူသောနတ်သည် မည်သူ့ကိုမဆို ခြောက်လှန့်တတ်သည်ဖြစ်ရကား ကျွန်ုပ်မှာ သင်တန်းမှစာများမှလွဲ၍ အခြားမည်သည့်စာကိုမှ မရေးချင်၊ မဖတ်ချင်အောင် ရှိနေရလေ၏။
ထို့ကြောင့် စာရေးစာဖတ်ခြင်းများကို ၁၅ ရက် သို့မဟုတ် ၁၈ ရက်နေ့နောက်ပိုင်းမှ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း။

ထိုစာမေးပွဲများပြီးသွားလျှင်တော့ ACTA အကြောင်း မိတ်ဆက် ရေးပါမည်။ စိတ်ဝင်စားဘွယ်၊ အတုယူဘွယ် အများအပြား ပါဝင်နေသောကြောင့် ဖြစ်ပါ၏။

ကျေးဇူးတင်ပါသည်။

No comments: