Sunday, September 18, 2011

ကြောင်ကို ဘယ်သူချူဆွဲပေးမလဲ

ယခုတလော ကျွန်တော်တို့မြန်မာများအကြား အရေးတကြီး ဆွေးနွေးစရာ  ဖြစ်နေသည့် ဧရာဝတီအရေးတွင် ကျွန်တော် နစ်မျောနေလိုက်သည်မှာ တစ်ပတ်မကတော့ပါ။ ဧရာဝတီနှင့်ပတ်သက်သည့် သတင်းများစု၊ ဧရာဝတီအကြောင်း ရေးထားသည့် အချက်အလက်များရှာ။ မြစ်ဆုံဆည်အကြောင်းလေ့လာ။ ဗီဒီယိုဖိုင်၊ အသံဖိုင်များ download လုပ် နှင့် တခြား ဘာမှမလုပ်ဖြစ်ပါ။ ကျွန်တော်သည်လည်း အခြားမြန်မာနိုင်ငံသားများနည်းတူ ဧရာဝတီကိစ္စကို သေရေးရှင်ရေးသဖွယ် ခံစားမိပါသည်။ ဧရာတီအကြောင်း ရေးကြ၊ ပြောကြ၊ လှုပ်ရှားကြ၊ တိုင်ပင်ကြ၊ အစိုးရကို ဖိအားပေးကြ လုပ်နေသူများ အားလည်း အထူးကျေးဇူးတင်မိပါ၏။ သူတို့ကြောင့်ပင် အစိုးရဆိုသူများကလည်း သူတို့ မဟားတရားခြေလွန်လက်လွန် လုပ်ထားသည်များကို ပြန်လည် စဉ်းစားပါမည် ဆိုသည်မဟုတ်ပါလော။

သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးမြင့်ဇော်ပြောသွားသည်မှာ အလွန်ကောင်းပါသည်။ သည်ကဲ့သို့သော ပညာရှင်များထံမှ အကြံဉာဏ်များယူရန် မသင့်ပါသလော။ အောက်ပါ လင့်ခ်တွင် download လုပ်ကာ နားဆင်ပါ။


ဧရာဝတီအကြောင်း ရေးကြ၊ သားကြ၊ ပြောဆိုဆွေးနွေးကြသည်မှာ အတော်များနေပြီဖြစ်ပါသဖြင့် ကျွန်တော် သည်နေရာတွင် အထွေအထူး ထပ်မံမရေးတော့ပါ။ သို့သော် ဖတ်လိုသူများအတွက် link လေးများ ပေးလိုက်ပါသည်။

ဧရာဝတီတော်လှန်ရေး (အောင်ဒင်)

ပင်လုံ စာချုပ်အတွက် ဦးဆောင်ခဲ့သူကချင်ခေါင်းဆောင် Howa Duwa M.Hkun Hpung ၏ သား၊ ကချင်ခေါင်းဆောင် ဟိုဝါးဒူဝါဇော်ဂမ်နှင့် ဆရာဦးမြင့်တို့ တွေ့ဆုံစဉ်က မြစ်ဆုံရေကာတာ စီမံကိန်း နှင့် ပတ်သက်၍ DuwaZau Gam ၏ အမြင်နှင့် ပြောဆိုချက်။

ငိုရှာလေပြီ ဧရာဝတီ- နီငြိမ်း (အညာတက္ကသိုလ်)



သည်တော့ ဘာကြောင့်သည်လိုဖြစ်ရသနည်း ဆိုသည်ကို ကျွန်တော်တွေးနေမိပါသည်။ အဘယ်ကြောင့်နည်း။

ဖြစ်နိုင်သည့်အချက်များအနက် အချို့မှာ နိုင်ငံ့အရေးမှန်သမျှ ဆုံးဖြတ်ဆောင်ရွက်နေကြသော အစိုးရအရာရှိကြီးများ၏ ပညာရေးနောက်ခံ၊ အုပ်ချုပ်သည့်နေရာတွင် အများပြောတာကို လက်ခံစဉ်းစားသည်ထက် ငါ့ထက်ပိုတတ်တဲ့လူ မရှိ၊ ငါပြောတာသာ အမှန်ဖြစ်ရမည် ဟူသော ဗျူရိုကရက်ဉာဉ်၊ နိုင်ငံတကာအခြေအနေများနှင့်ယှဉ်ပြီး ကျယ်ဝန်းစွာ ရှုမြင်သုံးသပ်တတ်မှု၊ မိမိမှားနေသည်ကို မှားသည်ဟု ၀န်မခံလိုမှု၊ အမှားထဲမှ သင်ခန်းစာယူရမည့်အစား အမှားကိုပင် အမှန် ထင်ကာ ထပ်ကာထပ်ကာ မှားယွင်းနေမှု၊ မည်သူ့ကိုမှ အထင်မကြီးဘဲ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု သွေးနထင်ရောက်နေ မှု စသည်တို့ ပါပါလိမ့်မည်။  

ကျွန်တော်တို့ကဲ့သို့ သာမညောင်ည လူများတောင်မှ ဆုံးဖြတ်ချက် တစ်ခုမှားလျှင် ဒုက္ခများစွာတွေ့ရတတ်ပေရာ နိုင်ငံခေါင်းဆောင်များအနေနှင့် ငါတကောကောမည်ထက် တတ်သိနားလည်သူများ၏ အကြံဉာဏ်များကိုယူ၊ သူတို့နှင့်တိုင်ပင် ကာ နှိုင်းနှိုင်းချိန်ချိန် လုပ်ရန်အရေးကြီးပေသည်။  

နိုင်ငံ့ခေါင်းဆောင်များ၏ စီမံခန့်ခွဲနိုင်မှုကို ဆန်းစစ်ရာတွင် အသုံးတည့်မည့် သူတို့၏ ပညာရေးနောက်ခံများကို တီးခေါက် ကြည့်ပါမည်။ ပထမဦးစွာ ကျွန်တော်နှင့်နီးကပ်ပတ်သက်နေသည့် စင်ကာပူ ခေါင်းဆောင်များ၏ ပညာရေးကို ကြည့်ပါမည်။ အဘယ်ကြောင့်ဆိုသော် စင်ကာပူခေါင်းဆောင်များကား စီမံခန့်ခွဲသည့်နေရာတွင် အတော်တော်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု ကျွန်တော်ယူဆသောကြောင့် ဖြစ်ပါသည်။

1.     Lee Hsien Loong (၀န်ကြီးချုပ်)

Cambridge University - First Class Honours (1974) Harvard University - Masters (1980)

2.     Goh Chok Tong (ယခင် ၀န်ကြီးချုပ်ဟောင်း)
University of Singapore - First Class Honours (1964)
Williams College , USA - Masters (1967)

3.     Lee Kuan Yew (ယခင် ၀န်ကြီးချုပ်ဟောင်း)
Cambridge University - First Class Honours (1949)

ယခင် စင်ကာပူကက်ဘိနက် အဖွဲ့ဝင် ၀န်ကြီးများ

4.     Minister for Law - Prof. S Jayakumar
University of Singapore - Bachelor of Law Honours (1963)
Yale Univerity - Masters (1966)

5.     Minister for Home Affairs - Wong Kan Seng
University of Singapore - Bachelor of Arts & Business Admin (1977)
London Business School - Masters (1979)

6.     Minister for Foreign Affairs - BG George Yeo
Cambridge University - Double First Class Honours (1976)
Harvard Business School - MBA w/ Distinction (1985)

7.     Minister for Trade and Industry - Lim Hng Kiang
Cambridge University - First Class Honours w/ Distinction (1976)
Harvard University - Masters (1986)

8.     Minister for Defence - Teo Chee Hean
University of Manchester - First Class Honours (1976)
Imperial College, London - Masters w/ Distinction (1977)

9.     Minister for Education - Tharman Shanmugaratnam
London School of Economics - Bachelor of Arts
Cambridge University - Masters
Harvard University – Masters

လက်ရှိ ကက်ဘိနက်အဖွဲ့ -

Prime Minister
Mr Lee Hsien Loong, MP
Cambridge University - First Class Honours (1974)
Harvard University - Masters (1980)

Deputy Prime Minister and Co-ordinating Minister for National Security and Minister for Home Affairs
Mr Teo Chee Hean, MP
University of Manchester - First Class Honours (1976)
Imperial College, London - Masters w/ Distinction (1977)


Deputy Prime Minister and Minister for Finance and Minister for Manpower
Mr Tharman Shanmugaratnam, MP
London School of Economics - Bachelor of Arts
Cambridge University - Masters
Harvard University – Masters


Minister for Trade and Industry
Mr Lim Hng Kiang, MP
Cambridge University - First Class Honours w/ Distinction (1976)
Harvard University - Masters (1986)


Minister, Prime Minister's Office
Mr Lim Swee Say, MP
Loughborough University (UK) with First Class Honours degree (1976)
Master's Degree in Management at Stanford University

Minister for Information, Communications and the Arts
Assoc Prof Dr Yaacob Ibrahim, MP
University of Singapore with an honours degree in civil engineering in 1980
PhD from Stanford University in 1989
National University of Singapore, becoming a faculty member (1991)

Minister for National Development
Mr Khaw Boon Wan, MP
University of Newcastle in Australia (1977)

Minister for Defence
Dr Ng Eng Hen, MP
M.B.B.S - National University of Singapore
Fellowship training in surgical oncology in the USA at the M. D. Anderson Cancer Center in Houston

Minister for the Environment and Water Resources
Dr Vivian Balakrishnan, MP
studied medicine at the National University of Singapore
Fellow of the Royal College of Surgeons of Edinburgh in 1991

Minister for Foreign Affairs and Minister for Law
Mr K Shanmugam, MP
study law at NUS , graduated with a First Class Honours degree in 1984
appointed a Senior Counsel of the Supreme Court of Singapore at the age of 38, one of the youngest   
lawyers

Minister for Health
Mr Gan Kim Yong, MP
Cambridge University in the United Kingdom

Minister for Transport and Second Minister for Foreign Affairs
RADM (NS) Lui Tuck Yew, MP
Trinity College, Cambridge University in 1983
Fletcher School of Law and Diplomacy in 1994

Minister, Prime Minister's Office and Second Minister for Home Affairs and Second Minister for Trade and Industry
Mr S Iswaran, MP

Minister for Education
Mr Heng Swee Keat, MP

စင်ကာပူဝန်ကြီးများ၏ CV ကိုတော့ စင်ကာပူ ကက်ဘိနက် website ဖွင့်ကြည့်လျှင် အလွယ်တကူ သိနိုင်ပါသည်။
မလေးရှားခေါင်းဆောင်များလည်း အနောက်နိုင်ငံများမှ ဘွဲ့ရသူ အတော်များပါသည်။

PM: Abdullah bin Haji Ahmad Badawi
University of Malaya - Bachelor of Arts Honours (1964)

Deputy PM: Dato' Sri Najib Razak
University of Nottingham - Bachelor of Arts Honours (1974)

Ministry of Works: Dato' Seri Samy Vellu
Royal Institute of British Architects, England

Ministry of International Trade & Industry; Rafidah binti Aziz
Universiti Malaya - Bachelor of Arts Honours

Minister of Education: Hishammuddin Hussein
LL.B (Hons) - University of Wales, Aberystwyth, United Kingdom (1981-1984)
English Bar, Lincolns Inn, London. (1984-1985)
Malaysian Bar (1984-1985)
LL.M (London) - Commercial & Corporate Law, London School of Economics, London (1985-1988)

Min. of Agriculture & Agro-Based Industry: Mohamed Yassin  
Bachelor of Economics & Malay Studies (Hons), Universiti Malaya

Min. of Domestic Trade & Consumer Affairs : Dato ' SHAFIE Apdal
Diploma in Management and in Shipping - London Business College
BA (Hons) Economic, Staffordshire University, England

Min. of Home Affairs : RADZI Sheikh Ahmad
Bachelor of Laws, Middle Temple, Luns of Court, London

Min. of Foreign Affairs : Syed HAMID bin Syed Jaafar Albar
Bachelor Barrister-At-Law, Middle Temple, United Kingdom

Minister Of Health : Dr.Chua Soi Lek
M.B.B.S (Universiti Malaya) (1963-1973)

Min. Of Culture, Arts and Heritage : Dr Rais Yatim
LL.B (Hons.) - University of Singapore
M.Phil degree - King's College, University of London
Ph.D Law - University of London

Minister of Science, Technology and Innovation : Dr. Jamaludin b Dato' Mohd Jarjis
Bachelor of Science (First class Honours) in Electrical Engineering - University of Manchester, Institute of Science and Technology (UMIST)
Masters of Science in Electrical Engineering - University of Manitoba, Canada
PhD in Electrical Engineering (Power System) - McGill University, Canada

Minister of Human Resources : DR. Fong Chan Onn
Bachelor (First class Honours) in Electrical Engineering - University of Canterbury, New Zealand
Masters in Business Administration - University of Rochester, New York
Doctorate in Operations Research/Industrial Economics - University of Rochester, New York

Minister In The Prime Minister's Department : Dr. Abdullah bin Md. Zin
Bachelor (Syariah) - Universiti Islam Madinah
Master (Syariah) - Universiti Al-Azhar, Mesir
Doktor Falsafah (Dakwah dan Tasawuf) - University Of Kent, England

Minister In The Prime Minister's Department : Dr. Maximus Johnity Ongkili
Bachelor of Agriculture Science - La Trobe University, Melbourne
Ph.D - La Trobe University, Melbourne

လက်ရှိမြန်မာနိုင်ငံခေါင်းဆောင်များ၏ ပညာရေးအရည်အချင်းကို မည်သည့်နေရာတွင် ကြည့်နိုင်ပါသနည်း။ ဘောင်းဘီချွတ်ကာ ပုဆိုးဝတ်လာသော ၀န်ကြီးများမှာမူ စစ်တက္ကသိုလ်ကျောင်ဆင်းများ ဖြစ်ဖို့များပါသည်။ အခြားအရပ်သား ၀န်ကြီးများကိုမူ မသိပါ။ လက်ရှိမြန်မာအစိုးရ ၀န်ကြီးများမှာ အောက်ပါအတိုင်းဖြစ်၏။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် -  ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

၁။ ဗိုလ်ချုပ်လှမင်း - ကာကွယ်ရေးဝန်ကြီးဌာန
၂။ ဒုဗိုလ်ချုပ်ကြီးကိုကို- ပြည်ထဲရေးဝန်ကြီးဌာန
၃။ ဗိုလ်ချုပ် သိန်းဌေး -နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန
၎။ ဦးဝဏ္ဏမောင်လွင်- နိုင်ငံခြားရေးဝန်ကြီးဌာန
၅။ ဦးကျော်ဆန်း- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
၆။ ဦးမြင့်လှိုင်-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၇။ ဦးဝင်းထွန်း -သစ်တောရေးရာဝန်ကြီးဌာန
၈။ ဦးလှထွန်း-ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန
၉။ ဦးခင်မောင်မြင့်-ဆောက်လုပ်ရေးဝန်ကြီးဌာန
၁ဝ။ ဦးတင်နိုင်သိန်း- အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၁၁။ ဦးဝင်းမြင့်- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
၁၂။ ဦးသိန်းထွန်း- ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၃။ ဦးအောင်ကြည် -အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၁၄။ ဦးသိန်းထိုက်- သတ္တုတွင်းဝန်ကြီးဌာန
၁၅။ ဦးအုန်းမြင့်- သမဝါယမဝန်ကြီးဌာန
၁၆။ ဦးဥာဏ်ထွန်းအောင်- ပို့ဆောင်ရေးဝန်ကြီးဌာန
၁၇။ ဦးတင့်ဆန်း- ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန
၁၈။ ဦးကျော်စွာခိုင်- အမှတ်(၁) စက်မှုဝန်ကြီးဌာန
၁၉။ ဦးစိုးသိန်း- အမှတ်(၂) စက်မှုဝန်ကြီးဌာန
၂ဝ။ ဦးအောင်မင်း- ရထားပို့ဆောင်ရေးဝန်ကြီးဌာန
၂၁။ ဦးသန်းဌေး- စွမ်းအင်ဝန်ကြီးဌာန
၂၂။ ဦးဇော်မင်း- အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၃။ ဦးခင်မောင်စိုး- အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
၂၄။ ဒေါက်တာမြအေး- ပညာရေးဝန်ကြီးဌာန
၂၅။ ဒေါက်ဖေသက်ခင်- ကျန်းမာရေးဝန်ကြီးဌာန
၂၆။ သူရဦးမြင့်မောင်- သာသနာရေးဝန်ကြီးဌာန
၂၇။ ဦးအေးမြင့် -သပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၂၈။ ဦးခင်ရီ- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၉။ ဦးသိန်းညွန့်- သမ္မတရုံးဝန်ကြီးဌာန
၃ဝ။ ဦးစိုးမောင်- သမ္မတရုံးဝန်ကြီးဌာန

MBA ဘွဲ့ပင်မရသော်ငြားလည်း စီမံခန့်ခွဲရေးပညာကို မြန်မာနိုင်ငံအား အုပ်ချုပ်နေသူ အရာရှိကြီးများ နှံ့စပ်လိမ့်မည်ဟု ယူဆပါသည်။

နောက်တစ်ခုမှာ သည်မြစ်ဆုံစီမံကိန်း၏ နောက်ကွယ်တွင် မခန့်မှန်းနိုင်သော လာဘ်ပေးလာဘ်ယူကိစ္စများ အတော်များများ ပါဝင်နေလိမ့်မည် ထင်ပါသည်။ သွားလေသူ ခေါင်းဆောင်ကြီးများလည်း ပါပါလိမ့်မည်။ အပြင်လူများ သိရန်မလွယ်လှပါ။ နောက်ဖြစ်လာမည့် အကျိုးဆက်ကို မှန်းဆမကြည့်ဘဲ၊ သို့မဟုတ် မှန်းဆကြည့်ရန်လည်း မတတ်နိုင်ဘဲ တိုင်းပြည်အတွက် စေတနာဟု အသံကောင်းဟစ်ကာ လက်တစ်ဆုပ်စာ လူတန်းစား အကျိုးစီးပွားအတွက် ကြည့်လုပ်ခြင်း ဖြစ်သည်ဆိုပါလျှင် အလွန်ဆိုးလှသော စေတနာပင်ဖြစ်ပါလိမ့်မည်။  

အရာရာကို စင်ကာပူနှင့် နှိုင်းယှဉ်တွက်ဆနေသည်ဟု မယူဆစေလိုပါ။ သို့သော် စင်ကာပူမှ လာဘ်ပေးလာဘ်ယူကိစ္စကို ထိန်းချုပ်ထားမှုအား အနည်းငယ် သာဓကပြပါမည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ထုတ် Straits Times သတင်းစာတွင် Senior Immigration Officer တစ်ဦးအား လာဘ်စားမှုဖြင့် တရားစွဲကြောင်း သတင်းပါလာသည်။ အသက် ၆၀ ရှိပြီဖြစ်သော Mr Chung မှာ ICA တွင် အလုပ်လုပ်လာတာ အနှစ် ၄၀ ရှိပြီ။ ၁၉၇၀ ခုနှစ်ကတည်းက ICA တွင် ပြာတာဘ၀ဖြင့်စတင်ခဲ့သည်။ ယခု အသက် ၃၆ နှစ်ရှိ တရုတ်မတစ်ဦးနှင့် အဆက်အသွယ်လုပ်ခဲ့သည့် hand phone မှ sms များကိုဖျက်ပေးရန် sex ဖြင့် အလဲအလှယ်လုပ်ခဲ့သည်။ သူ့အမေကိုလည်း အတူနေခွင့် ပေးခဲ့သေးသည်။ ထို့အတွက် ဂေလမ်းရှိ Bright Star ဟိုတယ်တွင် စုစုပေါင်း ၅ ကြိမ် နသားပါးယား လုပ်ခဲ့သည်။ ထို ၅ ကြိမ်အတွက် ထောင် ၆ လ နှင့် အလုပ်ပြုတ်၊ သူ့အမေကို အတူနေခွင့်ပြုခဲ့သည့်အတွက် နောက်ထပ် ၂ လ ထပ်မံထောင်ကျခဲ့သည်။

အခြား Senior ICA Officer တစ်ဦးဖြစ်သည့် အသက် ၅၆ နှစ်ရှိ Mr Dong အားလည်း social visit pass များ သက်တမ်းတိုး ပေးရန် နိုင်ငံခြားသားများထံမှ စင်းဒေါ်လာ တစ်သိန်းလေးသောင်း လာဘ်စားမှုအတွက် ဒါဏ်ငွေ တစ်သောင်းနှင့် ထောင် ၁၈ လ ကျခံစေရန် ရုံးတော်မှ ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ၎င်း၌ အခြား စင်းဒေါ်လာ ၇ သောင်း လာဘ်စားထားသော အမှု ၈ မှုလည်း ရှိသေးပြီး ထိုအမှုများအတွက် သီးသန့်ကျခံစေရမည် ဖြစ်သည်။

ထိုသတင်းအရ တစ်နှစ်လျှင် public officer ၂၀ ခန့် လာဘ်စားမှုဖြင့် အရေးယူခံရသည် ဆိုသည်။     

၂၀၁၀ စက်တင်ဘာ ၈ ရက်နေ့ သတင်းတွင်မူ NEA (National Environment Agency) မှ Technical Officer တစ်ဦးဖြစ်သူ အသက် ၄၆ နှစ်ရှိ Mr Oh အား စုစုပေါင်း ၁၅ မှုတွင် စင်းဒေါ်လာ ၁၂၈၉၈၀ လာဘ်စားမှုဖြင့် တရားစွဲသည့် သတင်းကို ဖတ်ရသည်။ လာဘ်စားမှုအတွက် အများဆုံး ဒါဏ်ကြေးမှာ စင်းဒေါ်လာ တစ်သိန်းနှင့် ထောင်ဒါဏ် ၅ နှစ်ဖြစ်၏။

စင်ကာပူတွင် လာဘ်စားမှုအတွက် ပြဌာန်းထားသော ဥပဒေမှာ PCA (Prevention of Corruption Act) ဖြစ်၏။ လာဘ်ပေး လာဘ်ယူမှုကို စုံစမ်းစစ်ဆေးရန် CPIB – Corruption Practices Investigation Bureau ကို ဖွဲ့စည်းထားပါသည်။

သို့သော် ဥပဒေသည် ဥပဒေမျှသာဖြစ်ပြီး ဥပဒေကို ကာကွယ်စောင့်ရှောက်သော သစ္စာရှိဥပဒေဘက်တော်သားများက ပိုအရေးကြီးပါသည်။ လာဘ်စားမှုကို တိုက်ဖျက်မည့် အရာရှိများက လာဘ်ယူနေလျှင် မည်ကဲ့သို့ ထိန်းပါမည်နည်း။ ထို့ထက် ထို လာဘ်ယူနေသော လာဘ်စားမှုတိုက်ဖျက်ရေးအရာရှိများကို အရေးယူရမည့် တရားသူကြီးက လာဘ်စားနေပါလျှင် ပိုဆိုးတော့မည်။

ကျွန်တော်တို့တိုင်းပြည်မှ လာဘ်စားမှုတိုက်ဖျက်ရေးဟု ကြွေးကြော်နေသည့် လာဘ်စားနေသော အရာရှိကြီးများကို မည်သူ အရေးယူပေးပါအံ့နည်း။

ဥပဒေကို ကာကွယ်စောင့်ရှောက်ရမည့်သူများက ဥပဒေအထက်တွင် ရှိနေသရွေ့ကာလပတ်လုံး မြစ်ဆုံဆည်များ စီမံကိန်း၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ဧရာဝတီမြစ်ကြောင်းကို တရုတ်တို့လက်သို့ လွှဲပေးရေးစီမံကိန်း၊ ကချင်ပြည်နယ်မြောက်ပိုင်းမှ သစ်များကို တရုတ်များ ခုတ်ချင်တိုင်းခုတ်၊ ထုတ်ချင်တိုင်းထုတ်နေသည်ကို မျက်စိမှိတ်ထားရေး စီမံကိန်း၊ ရွှေတူးဖော်ရေး စီမံကိန်း စသည့် တိုင်းပြည်ငါးပါးမှောက်စေမည့် ဘယ်သူသေသေ၊ ငတေမာပြီးရောစီမံကိန်းများ ဆက်လက်ရှိနေဦးမည်မှာ မလွဲပါကြောင်း -

တွေးမိသမျှ ရေးလိုက်ပါသည်။

အေးငြိမ်း
၁၈-၉-၂၀၁၁ ည ၁၁း၂၀ မိနစ်
Blk 663D, Jurong West St. 65
#15-233, Singapore 644663
Tel: 97303027

2 comments:

Ko Hein said...

ဆရာခင်ဗျာ။ ဒီဆိုက်ကို ဒီနေ့မှတွေ့တာပါ။ ပိုစ့် ၂ခုလောက်ဖတ်ရုံနဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ဘယ်လောက်အကျိုးများမလည်း သိသာလှပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုတနိဖိုးရှိတဲ့ပိုစ့်တွေကို လူအများကြားမှာပြန့်ပွားစေချင်စိတ် အလွန်ပဲဖြစ်မိပါတယ်။ အခုလက်ရှိမြန်မာနိုင်ငံမှာ လူအများဟာ ဘလော့ဖတ်တာထက်စာရင် ဖေ့စ်ဘွတ်သုံးတာပိုများလို့ ဖေ့စ်ဘွတ်မှာ နုတ်စ်အနေနဲ့ရေးရင် ဖေ့စ်ဘွတ်သုံးစွဲသူမြန်မာနိုင်ငံသူနိုင်ငံသားများအကြားမှာ ဘလော့ထက်ကျယ်ပြန့်လာနိုင်စရာ အကြောင်းရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဖေ့စ်ဘွတ်မှာလူငယ်လူရွယ်တွေ ဟာသပိုစ့်တွေ၊ သရဲပိုစ့်တွေ၊ အချစ်ရေးပိုစ့်တွေ၊ အီမိုပိုစ့်တွေ ဖတ်ကြရှယ်ကြတာ ကီးဘုတ်ပေါ်မှာပဲလက်သီးလက်မောင်းတန်းပြီး နိုင်ငံရေးဆော်ကြနှက်နေကြတာပဲတွေ့နေရပါတယ်။ အဲ့တာတွေလည်း ရှိပါစေ ဒီလိုစာတွေလည်းရှိလာရင် ပိုကောင်းမှာသေချာပါတယ်။

Ko Hein said...

ဆရာခင်ဗျာ။ ဒီဆိုက်ကို ဒီနေ့မှတွေ့တာပါ။ ပိုစ့် ၂ခုလောက်ဖတ်ရုံနဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ဘယ်လောက်အကျိုးများမလည်း သိသာလှပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုတနိဖိုးရှိတဲ့ပိုစ့်တွေကို လူအများကြားမှာပြန့်ပွားစေချင်စိတ် အလွန်ပဲဖြစ်မိပါတယ်။ အခုလက်ရှိမြန်မာနိုင်ငံမှာ လူအများဟာ ဘလော့ဖတ်တာထက်စာရင် ဖေ့စ်ဘွတ်သုံးတာပိုများလို့ ဖေ့စ်ဘွတ်မှာ နုတ်စ်အနေနဲ့ရေးရင် ဖေ့စ်ဘွတ်သုံးစွဲသူမြန်မာနိုင်ငံသူနိုင်ငံသားများအကြားမှာ ဘလော့ထက်ကျယ်ပြန့်လာနိုင်စရာ အကြောင်းရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဖေ့စ်ဘွတ်မှာလူငယ်လူရွယ်တွေ ဟာသပိုစ့်တွေ၊ သရဲပိုစ့်တွေ၊ အချစ်ရေးပိုစ့်တွေ၊ အီမိုပိုစ့်တွေ ဖတ်ကြရှယ်ကြတာ ကီးဘုတ်ပေါ်မှာပဲလက်သီးလက်မောင်းတန်းပြီး နိုင်ငံရေးဆော်ကြနှက်နေကြတာနဲ့စာရင် ဒီလိုစာမျိုးတွေ့ပြန့်တာ ပိုကောင်းမှာသေချာပါတယ်။