Friday, May 1, 2020

OSHA 3990-03 2020

ကျွန်တော် အသည်းအသန်လုပ်နေတဲ့ ပရောဂျက် ပြီးသွားပါပြီ။
မတ်လဆန်းက စလုပ်တာ၊ အခု ဧပြီလကုန်ဆိုတော့ ၂ လ ကွက်တိပေါ့။
ဒီကြားထဲ ဘာစာမှ မရေးနိုင်။
အခု အဲသဟာပြီးသွားပြီဆိုတော့ -
Covid19 အတွက် မြန်မာနိုင်ငံဘို့ ဘာမှ မလုပ်ပေးရသေးဘူး ဆိုတော့ -
အခုအချိန်ကစပြီး အမေရိကန် အလုပ်သမားဌာနက ထုတ်ထားတဲ့ OSHA 3990-03 2020_Guide on Preparing Workplaces for COVID-19 ကို ဘာသာပြန်ပါမယ်။
ပြီးသလောက်ကိုလည်း ကျွန်တော့် ဖေ့စ်ဘုတ်မှာ တင်ပေးသွားပါမယ်။
အဲဒါတွေကို WSH Myanmar ဂျာနယ်မှာလည်း ဖော်ပြပေးသွားပါမယ်။
စုစုပေါင်း ၃၅ မျက်နှာရှိပြီး ဘာညာသာရကာတွေ နုတ်လိုက်ရင် ၂၉ မျက်နှာ အသားတင်ကျန်ပါတယ်။
လုပ်စရာရှိရင် ကျွန်တော်က နောက်က လူလိုက်လာသလို လုပ်တတ်တဲ့အတွက် -
တစ်ပတ်အတွင်း ပြီးပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၁ မေလ၊ ၂၀၂၀


No comments: