Saturday, May 2, 2020

ပါမစ်သက်တမ်းကုန်တော့မယ့်သူတွေ ဆေးစစ်ဖို့နဲ့ သင်တန်း တက်ဖို့ကိစ္စ

စင်ကာပူမှာ ပါမစ်သက်တမ်းကုန်ရင် သက်တမ်းတိုးဘို့အတွက် ဆေးစစ်ရပါတယ်၊ သင်တန်းထပ် တက်ရပါတယ်။
အခု ကိုဗစ်ကာလမှာ ဆေးစစ်တာတွေ၊ သင်တန်းပေးတာတွေ အကုန်ရပ်ထာပါတယ်။
အဲတော့ ဘယ့်နှာလုပ်ကြမတုံး။

မိတ်ဆွေတစ်ယောက်က မေးလာလို့ တခြားသူတွေလည်း သိရအောင် ရေးပေးလိုက်ပါတယ်ခင်ဗျား -

လိုရင်းလောက်ပဲဖော်ပြထားတာဖြစ်ပြီး အပြည့်အစုံကို အောက်မှာပေးထားတဲ့ MOM link မှာ ဖတ်လို့ရပါတယ်။

၁။ ကိုဗစ်၁၉ Circuit Breaker period ကို ဇွန်လ ၁ ရက်နေ့ထိ တိုးလိုက်တဲ့အတွက် ဒီအတောအတွင်း MOM ရဲ့ Work Pass ဌာနကို ပိတ်ထားအုံးမှာ ဖြစ်ပါတယ်။ မကြာမီသက်တမ်းကုန်တော့မယ့် သတိပေးအကြောင်းကြားစာ (Notification letter) တွေ ကိုတော့ အလိုအလျောက် သက်တမ်းတိုးပေးပါမယ်။ သက်တမ်းကုန်တော့မှာမို့ သက်တမ်းတိုးပေးဘို့အကြောင်း ထပ်မံ လျှောက်ထားစရာမလိုပါ။ သက်တမ်းတိုးစာရွက် (hard copy) လည်း ထုတ်ပေးမှာ မဟုတ်ပါ။ Circuit Breaker ကာလ ကုန်သွားရင် ဘာဆက်လုပ်ရမယ်ဆိုတာ MOM website မှာ လာဖတ်ကြည့်ကြပါ။

၂။ သက်တမ်းတိုးထားတဲ့ ကဒ်တွေလည်း ပေးအုံးမှာမဟုတ်သေးပါဘူး။ ဘယ်တော့ပေးမယ်ဆိုတာ ထပ်ကြေငြာပါမယ်။

၃။ အောက်မှာပြထားတဲ့ ပါမစ်အမျိုးအစားတွေကလွဲလို့ ကျန်တဲ့ပါမစ်တွေ (6 May 2020 ကနေ 5 June 2020 အတွင်း) သက်တမ်းကုန်ခဲ့ရင် ဇူလိုင်လ ၁၊ ၂၀၂၀ အထိ အလိုအလျောက် သက်တမ်းတိုးပေးပါလိမ့်မယ်။

  • Work Permit for Performing Artiste
  • Training Work Permit
  • Training Employment Pass
  • Personalised Employment Pass and their dependants
  • Work Holiday Pass
  • Confinement nannies
  • Non-Malaysian foreign domestic workers (FDWs) below 50 years old (employers may proceed to renew their Work Permits)


ပါမစ်သက်တမ်းကုန်ပြီး သက်တမ်းတိုးတဲ့အချိန်မှာ (ကိုဗစ်ကြောင့် အလုပ်မလုပ်ရသေးပေမယ့်)  အလုပ်ရှင်တွေအနေနဲ့ လခ ပေးရပါမယ်။ မပေးရင် အရေးယူခံရပါမယ်။

၄။ သက်တမ်းကုန်လို့ သက်တမ်းတိုးတဲ့အခါ ဆေးစစ်ဖို့လိုပါတယ်။ ဒါပေမယ့် အခုကာလမှာ ဆေးစစ်လို့မရသေးပါ။ အဲဒီအတွက် workpass သမားများနဲ့ သူတို့ရဲ့မှီခို (dependant) တွေ၊ အိမ်အကူတွေကို ဆေးစစ်တာ ၃ လ ကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒါပေမယ့် Circuit Breaker period ကျော်သွားရင်တော့ ဆေးပြန်စစ်ဘို့လိုပြီး အဲဒီ ဆေးစစ်ရလဒ်ကို MOM ကို တင်ပြရပါမယ်။
အိမ်အကူတွေအနေနဲ့. ၆ လတစ်ကြိမ်လုပ်ရတဲ့ ဆေးစစ်ချက်တွေကိုလည်း ၃ လအထိ ရက်တိုးပေးထားပါတယ် (extend)။

၅။ ဝပ်ပါမစ်သမားတွေ မဖြစ်မနေတက်ရတဲ့ သင်တန်းတွေကိုလည်း အခု ဆိုင်းငံ့ထားပါတယ်။ ဒါပေမယ့် Circuit Breaker period ကျော်သွားပြီး ၁ လအတွင်း သင်တန်းတက်ရပါမယ်။

၆။ အိမ်အကူတွေတက်ရတဲ့ SIP သင်တန်းတွေကိုလည်း ရပ်ထားပါတယ်။ Circuit Breaker period ကျော်သွားရင်တော့ ပြန်တက်ရပါမယ်။ ဘယ်တော့တက်ရမယ်ဆိုတာ ထပ် အကြောင်းကြားပါမယ်။

၇။ ထုတ်ပေးထားတဲ့ IPA letter တွေ Circuit Breaker period အတွင်း  သက်တမ်းကုန်သွားမယ်ဆိုရင် အသစ်ထပ်လျှောက်စရာ မလိုပါ။ MOM website ကနေ WP Online, FDW eService, EP Online စတဲ့နေရာတွေကနေ print ထုတ်ယူလို့ရပါတယ်။

၈။ Circuit Breaker period ကာလအတွင်း ပါမစ်ကို cancel လုပ်ခဲ့တဲ့သူတွေရှိရင် ခရီးသွားလာခွင့်တွေ ကန့်သတ်ထားလို့မို့ အိမ်ပြန်လို့ မရသေးပါဘူး။ အဲဒီအတွက် စင်ကာပူမှာဆက်နေခွင့် (extension of stay) ကို online ကနေ လျှောက်ထားရပါမယ်။

၉။ အလုပ်ရှင်တွေအနေနဲ့ အခုကာလမှာ နိုင်ငံခြားသားအလုပ်သမားတွေ စင်ကာပူကို သွင်းလာဘို့ workpass အသစ်လျှောက်တာတွေ မလုပ်ပါနဲ့အုံး။ အသစ်လျှောက်တာတွေကို ကန့်သတ်ထားပါတယ်။ စင်ကာပူထဲမှာရှိနေတဲ့ အလုပ်သမားတွေအတွက်ပဲ လျှောက်ပါ။

ကျွန်တော် ဒီမှာရှင်းပြထားတာတွေဟာ အတော်ပြည့်စုံပါတယ်။
နောက်ထပ် ပိုသိချင်သူတွေ အောက်က MOM link မှာ ဖတ်နိုင်ပါတယ်။


ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၂ မေလ၊ ၂၀၂၀

No comments: