Sunday, May 3, 2020

ကိုဗစ် ၁၉ ဗိုင်းရပ်

ဗိုင်းရပ်ဆိုတာ အင်မတန်သေးငယ်တဲ့ အဖွဲ့အစည်းလေး (structure) တစ်ခုဖြစ်ပြီး အီလက်ထရွန်မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်နိုင်ပါတယ်။ အတွင်းပိုင်းမှာ နျူးကလစ်အက်စစ် (nucleic acid)(RNA or DNA) ရှိပြီး အဲဒါကို ပရိုတိန်းနဲ့လုပ်ထားတဲ့ ကက်ပ်ဆစ် (capsid) အခွံနဲ့ ဖုံးထားပါတယ်။ နျူးကလစ်အက်စစ်ကို ကက်ပ်ဆစ်ဖုံးထားတဲ့ အဲသဟာလေးကိုတော့ ဗိုင်းရပ်စ် (virus) ဒါမှမဟုတ် ဗိုင်ရွန် (viron) လို့ ခေါ်ပါသတဲ့။

ရောဂါကို ဖြစ်စေတာကတော့ နျူးကလစ်အက်စစ်ပါ။ အခု ကိုဗစ်၁၉ ဟာ RNA အမျိုးအစား ဖြစ်ပါတယ်။
အီလက်ထရွန်မိုက်ခရိုစကုပ်နဲ့ကြည့်လိုက်ရင် ကိုရိုနာဗိုင်းရပ် (corona virus) ရဲ့ အပြင်မှာ ပရိုတိန်းမျက်နှာပြင်ကနေ ဆူးလိုအတက်ကလေးတွေ ထွက်နေတာ တွေ့နိုင်ပါတယ်။
အဲဒီအတက်ကလေးတွေဟာဖြင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ သွင်ပြင်လက္ခဏာပါဘဲ။



+++++++++++++++++++++++++++++++++++++

အဲဒါကတော့ -
ကျွန်တော့်မိတ်ဆွေ ဒေါ်မို့မို့ ရှင်းပြတဲ့ ဗိုင်းရပ်အကြောင်းပါ။
မိတ်ဆွေတို့ သိရအောင် ပြန်တင်ပေးလိုက်ပါတယ်။
စာအုပ်ထဲမှာ ကျွန်တော် ဘာသာပြန်ထားတာကိုလည်း ပြန်ပြင်လိုက်ပါမယ်။
ကျေးဇူးပါ ဒေါ်မို့မို့ခင်ဗျား -

ကျွန်တော်က သင်္ချာတွဲယူခဲ့တော့ ဇီဝဗေဒဆိုင်ရာဗဟုသုတ လုံးဝမရှိပါဘူး။
ကျွန်တော်တို့ ၉ တန်း ၁၀ တန်းတုံးကလည်း ဇီဝဗေဒ မသင်ခဲ့ရပါဘူး။
အဲဒါကြောင့် ကိုဗစ် ဗိုင်းရပ်ကို ဘာသာပြန်ရာမှာ အခက်အခဲဖြစ်ပါတယ်။
အခုတော့ သူပြောပြလို့ ရေးရေး သဘောပေါက်လာပါပြီ။
နောက်တစ်ခုက ကျွန်တော် သက်ရှိနဲ့ သက်မဲ့ဆိုတာကို ကွဲကွဲပြားပြားနားမလည်ပါဘူး။
ဘယ်ဟာကို သက်ရှိလို့သတ်မှတ်ပြီး ဘယ်ဟာကို သက်မဲ့လို့သတ်မှတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိပါဘူး။
ဥပမာပြရရင် သစ်ပင်တွေဟာ သက်ရှိလား သက်မဲ့လား။ တကယ်လို့ သက်မဲ့ဆိုရင် ဘာလို့ ကြီးထွားလာရသလဲ။
သစ်တုံးကတော့ ရှင်းတယ်။ သက်မဲ့ပဲ။ အဲဒါကြောင့် သူတို့က ကြီးထွားမလာဘူး . . စသဖြင့်ပေါ့။
ဗိုင်းရပ်စ်က သက်ရှိလား သက်မဲ့လား ကျွန်တော်မသိပါဘူး။
သူတို့ကတော့ ကိုဗစ်၁၉ ဗိုင်းရပ်ဟာ သက်ရှိမဟုတ်ဘူး လို့ ဆိုပါတယ်။

သိသူများ ဆက်ငြင်းကြဘို့ လမ်းဖွင့်ပေးလိုက်တာပါခင်ဗျား။
(ဖေ့စ်ဘုတ်မှာ ငြင်းရတာ အားမရရင် အပြင်မှာချိန်းပြီး ရိုက်ကြပေါ့နော။ စဒါဘာ စဒါဘာ)

အေးငြိမ်း
၃ မေလ၊ ၂၀၂၀

No comments: