Saturday, May 9, 2020

အလုပ်လုပ်ခွင့်ရှိသလား၊ မရှိဘူးလား

မိမိဝပ်ပါမစ်ကဒ် သက်တမ်းကို SGWorkPass Apps ဖြင့်စစ်လို့ရကြောင်း ယခင်က ကျွန်ုပ် ရေးခဲ့ပါသည်။
ယခု ကိုဗစ်၁၉ Circuit Breaker ကာလမှာ အလုပ်လုပ်လို့ ရမရကို အနှီ SGWorkPass Apps ဖြင့် စစ်လို့ရကြောင်း ရေးပြပါမည်။ (SGWorkPass Apps သည် MOM က လုပ်ထားသည့် phone application တစ်ခုဖြစ်ပြီး App Store, Google Play, Play Store တို့တွင် အခမဲ့ download လုပ်ယူနိုင်ပါသည်။ WorkPass ကိုင်ထားသူအားလုံး install လုပ်ထားသင့်ပါသည်။ ဤကား စကားချပ်)



Circuit breaker ကာလတွင် မရှိမဖြစ် လုပ်ငန်းများမှအပ လုပ်ငန်းအားလုံးကို အလုပ်လုပ်ခွင့် ရပ်ဆိုင်းထားခဲ့ပါသည်။
MOM ၏ ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ခဲ့သော ကုမ္ပဏီနှင့် လုပ်ငန်းခွင် ၁၉၉ ခုကို ဒဏ်ငွေ S$45000 တပ်ရိုက်ခဲ့ပြီး အလုပ်သမား ၂၉ ယောက်ကို အလုပ်လုပ်ခွင့်ပါမစ်များ ရုပ်သိမ်းခဲ့၏။

Source:

ထို့ကြောင့် အလုပ်သမားများအနေနှင့် မိမိတို့ အလုပ်လုပ်ခွင့်ရှိမရှိ၊ မိမိတို့ဘာသာ စစ်ဆေးကြည့်ရန် လိုပါသည်။ အကယ်၍ အလုပ်လုပ်ခွင့်မရှိသည်ကို အလုပ်ရှင်က ခိုင်းလာပါကလည်း မလုပ်ပါနှင့်။ MOM ကို တိုင်ပါ။ MOM Hotline ဖုန်းနံပတ် 6438 5122 ဖြစ်ပါသည်။ အလုပ်ရှင်က ခိုင်းလို့ဆိုပြီးသွားလုပ်လို့ MOM က မိလျှင် သက်ညှာပေးလိမ့်မည် မဟုတ်ပါ။ မိမိတို့ workpass များ cancel လုပ်ခံရပါလိမ့်မည်။

(မှတ်ချက်။        ။ Workpass တွင် ဝပ်ပါမစ်၊ S Pass, EP အားလုံးပါပါသည်။)

စစ်ရတာ လွယ်ပါသည်။
SGWorkPass Apps ကိုဖွင့်ပြီး ICA မှ ထုတ်ပေးထားသည့် IC များပေါ်မှ barcode ပေါ်တွင်လည်းကောင်း၊ MOM မှ ထုတ်ပေးထားသည့် Workpass, longterm pass များပေါ်ရှိ QR code ပေါ်တွင်လည်းကောင်း scan လုပ်လိုက်ပါ။ ချက်ချင်း သိရပါလိမ့်မည်။

အကယ်၍ QR Code မရှိလျှင်လည်း ကိစ္စမရှိပါ။ ကဒ်ပေါ်မှ မိမိ၏ Card serial number ကို ရိုက်ထည့်ပြီး စစ်ဆေးနိုင်ပါသည်။

iOS သမားများ barcode ကို ဒေါင်လိုက် scan လုပ်ပါ။
Android သမားများ barcode ကို အလျားလိုက် scan လုပ်ပါ။

အကယ်၍ scan လုပ်လို့မရပါက မိမိ၏ NRIC or FIN No.  ကို ရိုက်ထည့်ပါ။
ထိုအခါ ပူးတွဲပါပုံတွင် ဖော်ပြထားသည့်အတိုင်း အလုပ်လုပ်လို့ ရမရ ပေါ်လာပါလိမ့်မည်။

အစိမ်းရောင် ‘Can work on site.’ ဆိုလျှင် အလုပ်လုပ်လို့ရသည်။
အနီရောင် ‘Cannot work on site.’ ဆိုလျှင် အလုပ်လုပ်လို့မရ။




မှတ်ချက်။      ။ Workpass သမားများအတွက် ပထမပုံအတိုင်း မြင်ရမည်ဖြစ်ပြီး IC သမားများအတွက် ဒုတိယပုံအတိုင်း မြင်ရပါမည်။ အလုပ်လုပ်ရန် MTI (Ministry of Trade & Industry) တွင် လျှောက်ထားခြင်းမရှိပါက No record found. ဟု ပြပါလိမ့်မည်။

SafeEntry
========

နောက်တစ်ခုမှာ SafeEntry ဖြစ်၏။
ကုမ္ပဏီ / လုပ်ငန်းခွင်ထဲဝင်လာသူများမှာ မိမိတို့၏ နာမည်၊ မှတ်ပုံတင်နံပတ်၊ ဖုန်းနံပတ် စသည်တို့ကို ပေးရန်လို၏။
လုပ်ငန်းခွင်ထဲဝင်သွားလျှင် Check-in လုပ်ရပြီး ပြန်ထွက်လာလျှင် Check-out လုပ်ရသည်။ ပုံဖြင့် ပြထားပါသည်။






လုပ်ရတာလွယ်ပါသည်။
SafeEntry website မှ QR code ကို scan လုပ်လိုက်ပါ။
ထို့နောက် check-in or check-out ကို ပုံတွင်ပြထားသည့်အတိုင်း လုပ်ပါ။
ထိုအခါ နောက်တစ်ပုံတွင် ပြထားသည့်အတိုင်း check-in or check-out ကို တွေ့ရပါလိမ့်မည်။

မှတ်ချက်။          ။ SafeEntry မှာ လုပ်ငန်းခွင်များအတွက်သာဖြစ်ပြီး MRT, Park စသည့် အများပြည်သူသုံး နေရာများနှင့် မသက်ဆိုင်ပါ။

Sources:




ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၉ မေလ၊ ၂၀၂၀

No comments: