Friday, January 31, 2020

ကျွန်ုပ်နှင့် ဆာဂျစ်ကယ် မာ့က်စ် (Surgical Mask)

မနေ့မနက်က သားကို ကျောင်းကားဂိတ်လိုက်ပို့ရင်း စကားစနေပြောဖြစ်၏။
န်ုပ် - သားရေ - ကြည့်ပါဦးကွာ။ လူဆယ်ယောက်မှာ တစ်ယောက်တောင် နှာခေါင်းအုပ် (surgical mask) ဝတ်တာ မတွေ့ရဘူး။ 
သား - ဖေကြီးရ - Mask ဝတ်တာနဲ့ မဝတ်တာ အတူတူပါဘဲ။ ဝတ်စရာမှ မလိုဘဲဟာ။
န်ုပ် - ဟေ - ဘာကြောင့်တုံးကွ။ 
သား - Surgical mask က ကိုယ့်ဆီကပိုး တခြားသူဆီမကူးအောင်ပဲ ဝတ်ရတာ။ အဲဒီ mask က တခြားသူဆီကပိုး ကိုယ့်ဆီ ကူးမလာအောင် မတတ်နိုင်ဘူး။
သူပြောလို့ ကျွန်တော် လိုက်ရှာကြည့်ရာ နေရာ (၃) နေရာတွင် အောက်ပါအတိုင်း တွေ့ပါသည်။
၁။ Wikipedia
၂။ The Strait Times
၃။ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန
နှာရည်ယိုနေသူများ၊ နှာချေသူများ surgical mask ကို ဝတ်ကြပါ . . . ဟူ၏။






အေးငြိမ်း
၃၁ ဇန္နဝါရီလ၊ ၂၀၂၀

No comments: