Sunday, February 2, 2020

How to Use the Mask

သည်ကနေ့ စင်ကာပူအစိုးရက တစ်အိမ်ထောင်လျှင် mask လေးခု ဝေပါသည်။
Mask များနှင့်အတူ လက်ကမ်းစာစောင်လေးလည်း ပေးလိုက်၏။
ထိုလက်ကမ်းစာစောင်တွင် အောက်ပါအတိုင်း ရေးထားပါသည်။
- ဤ mask များကို နေကောင်းနေလျှင် ဝတ်စရာမလို။
- ဖျားနာနေလျှင်၊ ချောင်းဆိုးနေလျှင်၊ နှာရည်ယိုနေသည့်အခါများမှသာ ဝတ်ပါ။
- နေထိုင်မကောင်းဖြစ်ပြီး နလန်ထစမှာ ဝတ်ပါ။
ဝတ်ဆင်သည့်အခါ -
- အရောင်ပါသည့်ဘက်ကို အပြင်ဘက်ထားဝတ်ပါ။
- ဝတ်လျှင် နှာခေါင်း၊ ပါးစပ်၊ မေးစေ့များကို အုပ်မိပါစေ။
- နှာတံပေါ်မှ သံကလစ်ကလေးကို ညှစ်ပြီး နှာခေါင်းနှင့်ကပ်နေအောင် လုပ်ပါ။
- ဝတ်ပြီးသား mask ကို ချွတ်သည့်အခါ သားရေကွင်းမှသာ ကိုင်ချွတ်ပါ။
- သင်၏လက်များကို ဆပ်ပြာ၊ ရေတို့ဖြင့် မကြာခဏ ဆေးပါ။




No comments: