Thursday, May 9, 2019

ကြ်ႏု္ပ္ ဖေနာင့္ႏွင့္ေပါက္ခ်င္မိသူ တစ္ေယာက္အေၾကာင္း


ဤေလာကတြင္ လူသာျဖစ္လာၿပီး မိမိကိုယ္ကုိလည္း အက်ိဳးမျပဳ၊ မိမိ မိသားစုကုိလည္း အက်ိဳးမျပဳ၊ မိမိပတ္ဝန္းက်င္ကိုလည္း အက်ိဳးမျပဳ၊ ႏိုင္ငံကုိလည္း အက်ိဳးမျပဳ၊ လူ႔ေလာကကိုလည္း အက်ိဳးမျပဳ၊ မည္သူ႔ကိုမွ အက်ိဳးမျပဳေသာ လူ႔အမိႈက္မ်ားသည္ ရိွ၏။

ဟိေတာပေဒသတြင္ ထုိသူတို႔ကုိ ကန္းေနေသာ မ်က္လံုးႏွင့္ ပမာျပဳ၏။
ကန္းေနေသာမ်က္လံုးသည္ မ်က္လံုးပိုင္ရွင္ကို ဘာမွ အက်ိဳးမျပဳ။ နာက်င္က်ိန္းစပ္ရံုသက္သက္မွ်သာ ရိွသည္ . . . ဟု ဆို၏။
ေရွးလူႀကီးမ်ားကေတာ့ ထိုသူမ်ိဳးမ်ားကို ေမြးရေသာ မိခင္အေနႏွင့္ ဝမ္းေရစပ္ရံုသာရိွသည္ဟု ဆိုစမွတ္ျပဳၾကသည္။

အမိႈက္ဟူသည္ မရိွေလေကာင္းေလျဖစ္၏။ အမိႈက္မ်ားရိွျခင္းအားျဖင့္ စိတ္ညစ္ညဴးရ၏။ ခလုတ္တိုက္လဲျခင္း၊ ေရာဂါဘယမ်ား ျဖစ္ပြားျခင္း၊ မီးေလာင္ျခင္း စသည္တို႔ ျဖစ္တတ္၏။

လူ႔အမိႈက္မ်ားသည္လည္း ထိုနည္းလည္းေကာင္းပင္ျဖစ္၏။
လူ႔အမိႈက္မ်ားရိွေနျခင္းျဖင့္ ကြ်ႏ္ုပ္တို႔ အလိုလုိေနရင္း အကုသိုလ္ျဖစ္ရ၏။ စိတ္ညစ္ညဴးရ၏။ ၎တို႔ ေျပာပံု၊ ဆိုပံု၊ လုပ္ပံု၊ ကုိင္ပံုမ်ား ျမင္ရသည့္အခါ ေဒါသထြက္ရ၏။ ေသြးတက္ရ၏။
၎တို႔သည္ ျပႆနာကို မီးထြန္းရွာေနၾကသူမ်ားျဖစ္၏။ ျပႆနာမဟုတ္သည္မ်ားကို ျပႆနာလုပ္၏။ မီးေမႊး၏။ တို႔မီးရိႈ႔မီး လုပ္၏။

ကြ်ႏ္ုပ္ကေတာ့ ထုိအမိႈက္ကို မေကာင္းဆိုးဝါးတစ္ေကာင္ေကာင္ ပူးဝင္ေနသည္ဟုပင္ သံသယရိွ၏။
အဘယ္ေၾကာင့္ဆိုေသာ္ ၎၏ ျပဳမူ၊ ေျပာဆို၊ လုပ္ကိုင္ေနပံုမွာ သာမန္လူတစ္ေယာက္ ျပဳမူ၊ ေျပာဆို၊ လုပ္ကိုင္ေနပံုႏွင့္မတူ။
တစံုတေယာက္ ခုိင္းေစ၍ လုပ္ကိုင္ေနရပံုမ်ိဳးျဖစ္၏။
မိမိဦးေဏွာက္ႏွင့္ ခ်င့္ခ်ိန္စဥ္းစားႏိုင္သူသည္ ထုိအလုပ္မ်ိဳးမ်ားကို လုပ္ကိုင္ပါမည္လား။
အဲေလ အႏီွအမိႈက္မွာ ျပား ၈၀ မွ်သာရိွသျဖင့္ စဥ္းစားခ်င့္ခ်ိန္ႏိုင္စြမ္း မရိွတာလည္း ျဖစ္ႏိုင္ပါသည္။

သို႔တိုင္ ထိုအမိႈက္သည္ ကမၻာေက်ာ္အမိႈက္ျဖစ္၏။ မေကာင္းဆိုးဝါးလည္း မည္၏။
ေဆြမ်ိဳးစပ္လို္က္လွ်င္ ေဒဝဒတ္၏ ေယာကၹ၏ သူငယ္ခ်င္း၏ ျမစ္၏ ကြ်တ္၏ တီ၏ ေမွ်ာ့ ျဖစ္ႏိုင္ေလသည္။
ေဒဝဒတ္၏ ဓာတ္ပံုသာရိွခဲ့ပါက ထိုအမိႈက္၏ ဓာတ္ပံုႏွင့္ယွဥ္ထားၿပီး သားအဖဟုသာ ေျပာပါက လူတိုင္းယံုၾကမည္ျဖစ္၏။

အႏွီပုဂၢိဳလ္ကား မ်က္ႏွာျမင္ ဖေနာင့္ႏွင့္ေပါက္ခ်င္ပါေစ ဟူေသာ ဆုေတာင္း ျပည့္ဘိ၏။
အဘယ္ေၾကာင့္ဆုိေသာ ကြ်ႏ္ုပ္မွာ ၎ကိုျမင္သည့္အခါတုိင္း ဖေနာင့္ႏွင့္ေပါက္ခ်င္စိတ္မ်ား ထိန္းမႏိုင္ သိမ္းမရ ေပၚေပါက္လာ ေသာေၾကာင့္ ျဖစ္၏။

ထိုလူ႔အမိႈက္ကား ကြ်ႏု္ပ္ ဖေနာင့္ႏွင့္ေပါက္ခ်င္မိသူ ျဖစ္သတည္း။

သို႔ေသာ္ ထိုအမိႈက္ကို ဘုရားတစ္ဆူ၊ ဂူတစ္လံုး ကိုးကြယ္ေနသူမ်ားသည္လည္း ရိွေလေသး၏။
မည္သူမ်ားနည္း။
ထိုအမိႈက္ကဲ့သုိ႔ေသာ လူ႔အႏၶမ်ားပင္ မဟုတ္တံုေလာ။

ထူးဆန္းသည္မွာ အႏွီ လူ႔ဗာလနံတို႔သည္ တစ္ခ်ိန္က ႏိုင္ငံႀကီးတစ္ခု၌ ရာထူးႀကီးႀကီးမ်ား ယူထားသူမ်ား ျဖစ္သည္ဟူေသာ အခ်က္ပင္ျဖစ္၏။ ဦးေခါင္းမရိွသူမ်ားက ႏုိင္ငံအုပ္ခ်ဳပ္မင္းလုပ္ပါသည္ဆိုသည့္ သတင္းစကားကို ၾကားရခါစက ကြ်ႏ္ုပ္မွာ အိပ္မက္ မက္ေနသည္ထင္ကာ ကုိယ့္ကိုယ္ကိုယ္ပင္ ျပန္ဆိတ္ၾကည့္မိေသး၏။

၎တုိ႔ဖ်က္ဆီးခ်င္တိုင္း ဖ်က္ဆီးသြားေသာေၾကာင့္ ထိုႏိုင္ငံႀကီးမွာ ယခုအခါ စီးပြားေရး၊ ႏိုင္ငံေရး၊ ပညာေရး၊ လူတို႔၏ အက်င့္စာရိတၱ၊ အေတြးအေခၚ၊ အယူအဆ စသည့္ က႑အားလံုး၌ ပ်က္စီးခ်င္တိုင္း ပ်က္စီးေနေသာ ႏုိင္ငံႀကီးျဖစ္ေနသည္ဟု ကြ်ႏု္ပ္တို႔ ၾကားသိရေလသည္။ ၎တို႔လက္သံေျပာင္မႈေၾကာင့္ တစ္ခ်ိန္က ေရႊေရာင္ေတာက္ခဲ့သည့္ (အထင္ကို ေျပာတာပါ။ ဟုတ္ခ်င္မွလည္း ဟုတ္မွာေပါ့ေနာ။) ထိုေရႊႏိုင္ငံေတာ္ႀကီးမွာ ယခုအခါ ဒန္ႏိုင္ငံႀကီးျဖစ္ေနၿပီ ဆုိ၏။ ဝမ္းနည္းဖြယ္ ေကာင္းေလစြ။

အဲေလ ေခါင္းစဥ္ကုိသာ "ကြ်ႏု္ပ္ ဖေနာင့္ႏွင့္ေပါက္ခ်င္မိသူ တစ္ေယာက္အေၾကာင္း" ဟု ေပးရမည္။
အမွန္ဆို ျမန္မာႏိုင္ငံတြင္ ကြ်ႏု္ပ္ ဖေနာင့္ႏွင့္ေပါက္ခ်င္မိသူမ်ားမွာ အေတာ္မ်ားေလသည္။
ထိုသူမ်ားကား မည္သူတို႔ျဖစ္သည္ကို မိတ္ေဆြတို႔ သိပါသည္။
ထိုသူမ်ားကား အထက္တြင္ေဖာ္ျပခဲ့သည့္ မေကာင္းဆိုးဝါးေကာင္၏ ေနာက္လိုက္တပည့္မ်ားျဖစ္သတည္း။

သို႔ဆိုလွ်င္ မိတ္ေဆြတုိ႔က ကြ်ႏု္ပ္ကို "အသင္သည္ အသင္ ဖေနာင့္ႏွင့္ေပါက္ခ်င္မိသူကို ယခုထိတိုင္ မေျပာေသး။ ကြ်ႏု္ပ္တို႔ကို ပေဟဠိ ဝွက္လွ၏" ဟု အျပစ္တင္ၾကေရာ့မည္။

မိတ္ေဆြတုိ႔ခင္ဗ်ား -
ကြ်ႏု္ပ္က ပေဟဠိဝွက္ေနျခင္းမဟုတ္ပါ။
မိတ္ေဆြတို႔ စိတ္ထဲ၌ မိမိဖေနာင့္ႏွင့္ အေပါက္ခ်င္ဆံုးသူကို မိမိကုိယ္တိုင္ စူးစမ္းၾကည့္ပါဘိ။
ထိုသူပင္လွ်င္ ကြ်ႏု္ပ္ ဖေနာင့္ႏွင့္ေပါက္ခ်င္မိသူ ျဖစ္ေလသည္။
အဘယ္ေၾကာင့္နည္း။
ထိုသေကာင့္သားမွာ ကြ်ႏု္ပ္တို႔တစ္ႏိုင္ငံလံုးကို လွည့္ပတ္ဒုကၡေပးေနေသာေၾကာင့္ ျပည္သူ႔ခ်ဥ္ဖတ္ ျဖစ္ေနေသာေၾကာင့္တည္း။

ဖေနာင့္ႏွင့္ေပါက္ခ်င္ျခင္းကိစၥ ၿပီးပါၿပီ။
ထုိသူကား မည္သူျဖစ္မည္ကို ဆက္လက္ႀကံဆရန္မွာ အသင္တို႔တာဝန္သာျဖစ္ပါ၏။

ေက်းဇူးတင္ပါသည္။

ေအးၿငိမ္း
၉ ေမလ၊ ၂၀၁၉

++++++++++++++++++++++

ကျွနု်ပ် ဖနောင့်နှင့်ပေါက်ချင်မိသူ တစ်ယောက်အကြောင်း
===================================

ဤလောကတွင် လူသာဖြစ်လာပြီး မိမိကိုယ်ကိုလည်း အကျိုးမပြု၊ မိမိ မိသားစုကိုလည်း အကျိုးမပြု၊ မိမိပတ်ဝန်းကျင်ကိုလည်း အကျိုးမပြု၊ နိုင်ငံကိုလည်း အကျိုးမပြု၊ လူ့လောကကိုလည်း အကျိုးမပြု၊ မည်သူ့ကိုမှ အကျိုးမပြုသော လူ့အမှိုက်များသည် ရှိ၏။

ဟိတောပဒေသတွင် ထိုသူတို့ကို ကန်းနေသော မျက်လုံးနှင့် ပမာပြု၏။
ကန်းနေသောမျက်လုံးသည် မျက်လုံးပိုင်ရှင်ကို ဘာမှ အကျိုးမပြု။ နာကျင်ကျိန်းစပ်ရုံသက်သက်မျှသာ ရှိသည် . . . ဟု ဆို၏။
ရှေးလူကြီးများကတော့ ထိုသူမျိုးများကို မွေးရသော မိခင်အနေနှင့် ဝမ်းရေစပ်ရုံသာရှိသည်ဟု ဆိုစမှတ်ပြုကြသည်။

အမှိုက်ဟူသည် မရှိလေကောင်းလေဖြစ်၏။ အမှိုက်များရှိခြင်းအားဖြင့် စိတ်ညစ်ညူးရ၏။ ခလုတ်တိုက်လဲခြင်း၊ ရောဂါဘယများ ဖြစ်ပွားခြင်း၊ မီးလောင်ခြင်း စသည်တို့ ဖြစ်တတ်၏။

လူ့အမှိုက်များသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်၏။
လူ့အမှိုက်များရှိနေခြင်းဖြင့် ကျွန်ုပ်တို့ အလိုလိုနေရင်း အကုသိုလ်ဖြစ်ရ၏။ စိတ်ညစ်ညူးရ၏။ ၎င်းတို့ ပြောပုံ၊ ဆိုပုံ၊ လုပ်ပုံ၊ ကိုင်ပုံများ မြင်ရသည့်အခါ ဒေါသထွက်ရ၏။ သွေးတက်ရ၏။
၎င်းတို့သည် ပြဿနာကို မီးထွန်းရှာနေကြသူများဖြစ်၏။ ပြဿနာမဟုတ်သည်များကို ပြဿနာလုပ်၏။ မီးမွှေး၏။ တို့မီးရှို့မီး လုပ်၏။

ကျွန်ုပ်ကတော့ ထိုအမှိုက်ကို မကောင်းဆိုးဝါးတစ်ကောင်ကောင် ပူးဝင်နေသည်ဟုပင် သံသယရှိ၏။
အဘယ်ကြောင့်ဆိုသော် ၎င်း၏ ပြုမူ၊ ပြောဆို၊ လုပ်ကိုင်နေပုံမှာ သာမန်လူတစ်ယောက် ပြုမူ၊ ပြောဆို၊ လုပ်ကိုင်နေပုံနှင့်မတူ။
တစုံတယောက် ခိုင်းစေ၍ လုပ်ကိုင်နေရပုံမျိုးဖြစ်၏။
မိမိဦးဏှောက်နှင့် ချင့်ချိန်စဉ်းစားနိုင်သူသည် ထိုအလုပ်မျိုးများကို လုပ်ကိုင်ပါမည်လား။
အဲလေ အနှီအမှိုက်မှာ ပြား ၈၀ မျှသာရှိသဖြင့် စဉ်းစားချင့်ချိန်နိုင်စွမ်း မရှိတာလည်း ဖြစ်နိုင်ပါသည်။

သို့တိုင် ထိုအမှိုက်သည် ကမ္ဘာကျော်အမှိုက်ဖြစ်၏။ မကောင်းဆိုးဝါးလည်း မည်၏။
ဆွေမျိုးစပ်လိုက်လျှင် ဒေဝဒတ်၏ ယောက္ဖ၏ သူငယ်ချင်း၏ မြစ်၏ ကျွတ်၏ တီ၏ မျှော့ ဖြစ်နိုင်လေသည်။
ဒေဝဒတ်၏ ဓာတ်ပုံသာရှိခဲ့ပါက ထိုအမှိုက်၏ ဓာတ်ပုံနှင့်ယှဉ်ထားပြီး သားအဖဟုသာ ပြောပါက လူတိုင်းယုံကြမည်ဖြစ်၏။

အနှီပုဂ္ဂိုလ်ကား မျက်နှာမြင် ဖနောင့်နှင့်ပေါက်ချင်ပါစေ ဟူသော ဆုတောင်း ပြည့်ဘိ၏။
အဘယ်ကြောင့်ဆိုသော ကျွန်ုပ်မှာ ၎င်းကိုမြင်သည့်အခါတိုင်း ဖနောင့်နှင့်ပေါက်ချင်စိတ်များ ထိန်းမနိုင် သိမ်းမရ ပေါ်ပေါက်လာ သောကြောင့် ဖြစ်၏။

ထိုလူ့အမှိုက်ကား ကျွနု်ပ် ဖနောင့်နှင့်ပေါက်ချင်မိသူ ဖြစ်သတည်း။

သို့သော် ထိုအမှိုက်ကို ဘုရားတစ်ဆူ၊ ဂူတစ်လုံး ကိုးကွယ်နေသူများသည်လည်း ရှိလေသေး၏။
မည်သူများနည်း။
ထိုအမှိုက်ကဲ့သို့သော လူ့အန္ဓများပင် မဟုတ်တုံလော။

ထူးဆန်းသည်မှာ အနှီ လူ့ဗာလနံတို့သည် တစ်ချိန်က နိုင်ငံကြီးတစ်ခု၌ ရာထူးကြီးကြီးများ ယူထားသူများ ဖြစ်သည်ဟူသော အချက်ပင်ဖြစ်၏။ ဦးခေါင်းမရှိသူများက နိုင်ငံအုပ်ချုပ်မင်းလုပ်ပါသည်ဆိုသည့် သတင်းစကားကို ကြားရခါစက ကျွန်ုပ်မှာ အိပ်မက် မက်နေသည်ထင်ကာ ကိုယ့်ကိုယ်ကိုယ်ပင် ပြန်ဆိတ်ကြည့်မိသေး၏။

၎င်းတို့ဖျက်ဆီးချင်တိုင်း ဖျက်ဆီးသွားသောကြောင့် ထိုနိုင်ငံကြီးမှာ ယခုအခါ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူတို့၏ အကျင့်စာရိတ္တ၊ အတွေးအခေါ်၊ အယူအဆ စသည့် ကဏ္ဍအားလုံး၌ ပျက်စီးချင်တိုင်း ပျက်စီးနေသော နိုင်ငံကြီးဖြစ်နေသည်ဟု ကျွနု်ပ်တို့ ကြားသိရလေသည်။ ၎င်းတို့လက်သံပြောင်မှုကြောင့် တစ်ချိန်က ရွှေရောင်တောက်ခဲ့သည့် (အထင်ကို ပြောတာပါ။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့နော။) ထိုရွှေနိုင်ငံတော်ကြီးမှာ ယခုအခါ ဒန်နိုင်ငံကြီးဖြစ်နေပြီ ဆို၏။ ဝမ်းနည်းဖွယ် ကောင်းလေစွ။

အဲလေ ခေါင်းစဉ်ကိုသာ "ကျွနု်ပ် ဖနောင့်နှင့်ပေါက်ချင်မိသူ တစ်ယောက်အကြောင်း" ဟု ပေးရမည်။
အမှန်ဆို မြန်မာနိုင်ငံတွင် ကျွနု်ပ် ဖနောင့်နှင့်ပေါက်ချင်မိသူများမှာ အတော်များလေသည်။
ထိုသူများကား မည်သူတို့ဖြစ်သည်ကို မိတ်ဆွေတို့ သိပါသည်။
ထိုသူများကား အထက်တွင်ဖော်ပြခဲ့သည့် မကောင်းဆိုးဝါးကောင်၏ နောက်လိုက်တပည့်များဖြစ်သတည်း။

သို့ဆိုလျှင် မိတ်ဆွေတို့က ကျွနု်ပ်ကို "အသင်သည် အသင် ဖနောင့်နှင့်ပေါက်ချင်မိသူကို ယခုထိတိုင် မပြောသေး။ ကျွနု်ပ်တို့ကို ပဟေဠိ ဝှက်လှ၏" ဟု အပြစ်တင်ကြရော့မည်။

မိတ်ဆွေတို့ခင်ဗျား -
ကျွနု်ပ်က ပဟေဠိဝှက်နေခြင်းမဟုတ်ပါ။
မိတ်ဆွေတို့ စိတ်ထဲ၌ မိမိဖနောင့်နှင့် အပေါက်ချင်ဆုံးသူကို မိမိကိုယ်တိုင် စူးစမ်းကြည့်ပါဘိ။
ထိုသူပင်လျှင် ကျွနု်ပ် ဖနောင့်နှင့်ပေါက်ချင်မိသူ ဖြစ်လေသည်။
အဘယ်ကြောင့်နည်း။
ထိုသကောင့်သားမှာ ကျွနု်ပ်တို့တစ်နိုင်ငံလုံးကို လှည့်ပတ်ဒုက္ခပေးနေသောကြောင့် ပြည်သူ့ချဉ်ဖတ် ဖြစ်နေသောကြောင့်တည်း။

ဖနောင့်နှင့်ပေါက်ချင်ခြင်းကိစ္စ ပြီးပါပြီ။
ထိုသူကား မည်သူဖြစ်မည်ကို ဆက်လက်ကြံဆရန်မှာ အသင်တို့တာဝန်သာဖြစ်ပါ၏။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၉ မေလ၊ ၂၀၁၉

No comments: