Saturday, December 15, 2018

စင်ကာပူတွင် အလုပ်လုပ်နေသူများ


မတော်တဆထိခိုက်မှု အာမခံကြေးနှင့် ပတ်သက်၍ မိမိကိုယ်တိုင် စုံစမ်းနိုင်ပါသည် ဆိုသည့်အကြောင်း

အကယ်၍ မတော်တဆ ထိခိုက်မှုဖြစ်ပါက အာမခံကြေးအခြေအနေ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကို ကိုယ့်ဘာသာ sms ပို့ပြီး မေးလို့ရပါ၏။

ပထမ မိမိ၏ case နံပါတ်ကို ရုံးတွင်မေးကြည့်ပါ။

Case နံပါတ်မှာ W-(Year)(Month)(00001) ဖြစ်၏။

အကယ်၍ -
ယခုနှစ်အတွက်ဆိုလျှင် Year မှာ 2018 ။
 ဒီဇင်ဘာလ၌တင်သည့်အမှုဖြစ်ပါက month မှာ 12 ။
မိမိအမှုတွဲအမှတ်မှာ နောက်ဆုံးဂဏန်း ၅ လုံးဖြစ်၏။

ဥပမာ -

၂၀၁၈ ခုနှစ် ဒီဇင်ဘာလက MOM သို့တင်ခဲ့သော မတော်တဆမှု အမှုတွဲအမှတ် -

W-20181200531

- စသဖြင့် ဖြစ်၏။

အောက်တွင်ပြထားသည့်အတိုင်း sms ရိုက်၍  9617 5993 ကို ပို့လိုက်ပါ။

CS(space ခြား)W-20181200531
 
တစ်နည်းအားဖြင့် -

CS W-20181200531

ထိုအခါ MOM က မည်သည့်အခြေအနေရှိသည်ကို အကြောင်းပြန်ပါလိမ့်မည်။

ဤသည်မှာ တစ်ကြိမ်အတွက်သာ ဖြစ်၏။

အာမခံကုမ္ပဏီမှာ နစ်နာကြေးရရန်မှာ ၆ လမှ တစ်နှစ်လောက်ထိ စောင့်ရ၏။

သို့အတွက် မိမိတို့တင်ထားသော နစ်နာကြေးအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေရန် အောက်ပါအတိုင်း sms ပို့၍  subscribe လုပ်ထားလို့ရ၏။

SUBCS W-20181200531 

ထိုအခါ အခြေအနေထူးတိုင်း သင့်ထံ message ပို့ပါလိမ့်မည်။

နစ်နာကြေးငွေ ပိုက်ဆံရပြီးပြီဆိုရင် ထို sms ကို ရပ်ဘို့ (unsubscribe) လိုပါလိမ့်မည်။
အောက်ပါ sms ကို 9617 5993 သို့ပို့ပြီး unsubscribe လုပ်ပါ။

UNSUBCS W-20181200531 

အဆင်ပြေကြပါစေ။

အေးငြိမ်း
Tel: 97303027
14 Dec 2018




No comments: