Monday, March 19, 2018

GFCI အကြောင်း သိကောင်းစရာ

နိဒါန်း

            လျှပ်စစ်သည် သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်၏။ အဆင့်မီ ထုတ်လုပ်ထားသော လျှပ်စစ်ပစ္စည်းများ၊ ဝါယာကြိုးများကို သုံးစွဲပါမူ အန္တရာယ် ကင်းနိုင်သရွေ့ ကင်းပေမည်။ သို့သော် မြန်မာပြည်သူလူထု အများစုသုံးနေသည့် ပစ္စည်း များမှာ အပေါစား လျှပ်စစ်ပစ္စည်းများ ဖြစ်သလို ဓာတ်ကြိုးများမှာလည်း အရည်အသွေးမမီသော ကြိုးများဖြစ်၏။ ပို၍ဆိုးသည်မှာ မြန်မာနိုင်ငံမှ လျှပ်စစ်သွယ်တန်းခြင်းများမှာ အတည်ပြုထားသော နိုင်ငံတကာအဆင့်မီ စံနှုန်းများဖြင့် သွယ်တန်းထားတာ မရှိသလောက် ရှားပါသည်။
            ထိုအချက်များ၏ ရလဒ်ကား ဓာတ်လိုက်၍သေခြင်း၊ ဝါယာရှော့ကြောင့် မီးလောင်ခြင်း သတင်းများကို မကြာခဏ ကြားကြရခြင်း ဖြစ်လေ၏။ သို့ဆိုလျှင် ဓာတ်မလိုက်အောင် လုပ်၍ မရတော့ပြီလော။ အဘယ်ကြောင့် ဝါယာရှော့ဖြစ်ခြင်း၊ ဓာတ်လိုက်ခြင်းများ ဖြစ်ကြရသနည်း။ အကြောင်းကား လူများကို လျှပ်စစ်အန္တရာယ်မှ အကာအကွယ်ပေးမည့် စနစ်များကို သေချာကျနစွာ တပ်ဆင်မထားခြင်းကြောင့် ဖြစ်၏။
            လျှပ်စစ်အန္တရာယ်မှ အကာအကွယ်ပေးသည့်စနစ်များမှာ အောက်ပါတို့ ဖြစ်၏။
*       Isolation (Physical) - သီးခြားခွဲထားခြင်း
*       Insulation - လျှပ်ကာအုပ်ခြင်း
*       Double Insulation - လျှပ်ကာ နှစ်ထပ်အုပ်ခြင်း
*       Equipment Grounding - မြေစိုက်ကြိုးချခြင်း
*       GFCI breaker - GFCI ဖြတ်တောက်ကိရိယာ တပ်ခြင်း

            ထိုစနစ်များအနက် ယခု GFCI breaker အကြောင်း တင်ပြပါမည်။

၁။ GFCI ဆိုသည်အဘယ်နည်း

            GFCI ဆိုသည်မှာ Ground Fault Circuit Interrupters ၏ အတိုကောက်ဖြစ်၏။ GFCI Breaker ဟုလည်း ခေါ်ပါသည်။
ထိုကိရိယာက ပြင်းထန်သော လျှပ်စစ်ရှော့ဖြစ်ခြင်းများကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်သည်။ GFCI ကို စိုစွတ်သည့် နေရာများ (ဥပမာ - မီးဖိုချောင်၊ ရေချိုးခန်း စသည်) ၌ တပ်ဆင်ထားသည့် မီးလိုင်းများ၊ ခလုတ်များတွင် တပ်ဆင်အသုံးပြုလေ့ရှိ၏။
            GFCI ကို မြေစိုက်ကြိုးချမထားသည့်အတွက် (သို့မဟုတ်) မြေစိုက်ကြိုးစနစ် ချို့ယွင်းနေသည့်အခါ ဖြစ်တတ်သော ဝါယာရှော့များမှ ကာကွယ်ရန် ဒီဇိုင်းလုပ်ထားသည်။ တစ်ခါတစ်ရံ သင်တို့သည် လျှပ်စစ်ပစ္စည်းများ (ဥပမာ - ရေခဲသေတ္တာ) ကို ကိုင်သည့်အခါ ဓာတ်လိုက်နေသည်ကို ကြုံရပါလိမ့်မည်။ ဤသည်မှာ လျှပ်စစ်သည် သူ့စနစ်အတွင်း ရှိနေသင့်ရာမှ အပြင်သို့ ကျွံထွက်လာပြီး လူ့ကိုယ်ခန္ဓာအတွင်း ဝင်ရောက်လာသောကြောင့် ဖြစ်၏။
            ဤသို့ဖြစ်ခြင်းမှ ကာကွယ်ရန် GFCI ကို တပ်သည်။ အကယ်၍ လျှပ်စစ် အထွက်နှင့် အဝင် ညီနေပါက GFCI သည် အလုပ်မလုပ်။ ငြိမ်နေမည်။ သို့သော် လျှပ်စစ်အထွက်နှင့် အဝင်ကြား (တစ်နည်းအားဖြင့် live မှ neutral သို့ စီးသောလျှပ်စီး) တွင် ၅ မီလီအမ်ပီယာထက်ကျော်ပြီး ကွာခြားခဲ့ပါက GFCI က လျှပ်စစ်စီးဆင်းမှုကို ဖြတ်တောက်ပေးသည်။ ဤသို့ဖြင့် လျှပ်စစ်ရှော့ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ (နောက်ပိုင်းတွင် ပုံဖြင့် ရှင်းပြထားပါသည်။)
            မည်သည့် GFCI breaker အမျိုးအစားကို ရွေးမည်နည်းဆိုသည်မှာ မိမိသုံးမည့် လျှပ်စစ်ပစ္စည်းများအပေါ် မူတည်ပါ သည်။ ၁၅ အမ်ပီယာသုံးသော မီးလိုင်းတွင် 15 amp breaker ဆင်ရပါမည်။ ၁၅ အမ်ပီယာလိုင်းတွင် 20 amp breaker မသုံးရပါ။ မိမိမသိလျှင် နားလည်တတ်ကျွမ်းသူများကို မေးနိုင်ပါသည်။
            GFCI breaker တပ်ဆင်နည်းမှာ Single-pole circuit breaker ဆင်နည်းနှင့် အလားသဏ္ဍာန် တူသည်။ Live ဝါယာဆင်ပုံမှာ standard breaker နှင့် GFCI breaker အတူတူပင်ဖြစ်၏။ ကွာခြားပုံမှာ standard breaker ၌ neutral ဝါယာကို breaker ပေါ်၌မဆက်ဘဲ service panel မှ neutral bus bar ၌ ဆက်ပြီး GFCI breaker ၌ neutral ဝါယာကို breaker ပေါ်မှ neutral terminal ၌ ဆက်ခြင်းဖြစ်သည်။
            Breaker ကို တပ်ဆင်တော့မည်ဆိုလျှင် main circuit breaker ကို ချထားပါ။ ဆင်နည်းမှာ မခက်ပါ။ Live (hot) ဝါယာကြိုးကို L တွင် ဆက်၍ Neutral ဝါယာကြိုးကို N တွင် ဆက်ရုံဖြစ်ပါသည်။ Live (L) နှင့် Neutral (N) မှားမတတ်မိအောင် သတိထားပါ။

၂။ ဓာတ်လိုက်ခြင်းကြောင့် လူကိုယ်ခန္ဓာကိုယ်ပေါ် အကျိုးသက်ရောက်ပုံ




















၇။ စမ်းသပ်ခြင်း

GFCI ကို တပ်ဆင်ပြီးသွားလျှင် အိမ်ပိုင်ရှင် (အသုံးပြုသူများ) အနေနှင့် GFCI ကောင်းကောင်း အလုပ် လုပ်မလုပ် တစ်လတစ်ခါ စမ်းသပ်သင့်ပါသည်။ မိုးကြိုးပစ်ခြင်းကြောင့်သော်လည်းကောင်း၊ မီးအတက်အကျမမှန်၍ သော်လည်းကောင်း၊ GFCI များ ပျက်စီးတတ်၏။ 
GFCI breaker ကို စမ်းသပ်ရာတွင် မှတ်သားစရာ အချက် - 
၁။ ၄ မီလီအမ်ပီယာထက်နည်းသော လျှပ်စီးများအတွက် breaker မကျပါ။ 
၂။ ၆ မီလီအမ်ပီယာတွင် breaker ကျရပါမည်။
၃။ Breaker ကို စမ်းသပ်ရာတွင် breaker တွင်ပါသော test button ဖြင့်သာ စမ်းသင့်ပါသည်။ 


နိဂုံး 

ဤသည်မှာ GFCI breaker နှင့်ပတ်သက်၍ သိသင့်သည်များကို စုဆောင်းဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ GFCI မှာ breaker တစ်မျိုးမျှသာဖြစ်၍ လျှပ်စီးကိုဖြတ်တောက်ပေးသော အခြား breaker အမျိုးအစား များစွာရှိပါသေးသည်။ 

  Arc Fault circuit interrupter (AFCI)
  MCB (Miniature Circuit Breaker)
  MCCB (Moulded Case Circuit Breaker)
  Air Circuit Breaker
  Vacuum Circuit Breaker
  RCD (Residual Current Device) 
  RCCB(Residual Current Circuit Breaker)
  ELCB (Earth Leakage Circuit Breaker)
  RCBO (Residual Circuit Breaker with OverLoad)
ဆက်လက်လေ့လာခြင်းဖြင့် ထူးချွန်ထက်မြက်သော လျှပ်စစ်ပညာရှင်များ ဖြစ်ကြပါစေကုန်သတည်း။

ရည်ညွှန်း -

http://w3.usa.siemens.com/powerdistribution/us/en/product-portfolio/circuit-breakers/residential-circuit-breakers/gfci/pages/gfci.aspx 
https://www.nema.org/Products/Documents/NEMA-GFCI-2012-Field-Representative-Presentation.pdf
https://www.thespruce.com/install-a-ground-fault-circuit-breaker-1152716 
http://electrical-engineering-portal.com/what-is-the-difference-between-mcb-mccb-elcb-and-rccb

No comments: